” မုဒိမ်းမှုခံစားခဲ့ရတဲ့ က​လေးငယ်​အတွက်​လဲ အစိုးရ​ထောက်​ပံ့​ငွေနဲ့ က​လေးရဲ့စိတ်​ပိုင်းဆိုင်​ရာပြန်​လည်​ထူ​ထောင်​နို​င်​ဖို့ Therapy အ​နေနဲ့ ကုသပြုစုမှု​တွေ လုပ်​​ပေးဖို့လိုအပ်​တယ်​လို့ အိမ်​စည်​ထင်​ပါတယ်​ ” လို့ လဲ အလှမယ်​​ရွှေအိမ်​စည်​က က​လေး​ရဲ့​ရေရှည်​ဘဝခရီးလမ်းအတွု​ အ​တွေးအမြင်​ရှင်းရှင်းနဲ့ ရဲရဲဝံ့ဝံ့ ​ပြောပြသွားခဲ့ပါတယ်​နော် … ။ ။
Unicode
အိမ်​စည်​သာဆိုရင်​ တရားခံသိ​အောင်​ က​လေးကိုအရင်​​ဆုံး​မေးမှာပဲ လို့ ရင်ဖွင့်​​လာတဲ့ ​ရွှေအိမ်​စည်​…
သမီး​လေး ဗစ်​တိုးရီယားရဲ့အမှုကိစ္စဟာ မလိုအပ်​ပဲ အရှုပ်​အ​ထွေးများစွာနဲ့ ပြည်​သူအများ ရင်​နဲ့မဆံ့ခံစား​နေရတဲ့ အမှုကိစ္စတစ်​ခုုဖြစ်​သလို နာမည်​ကြီးအနုပညာရှင်​​တွေဟာလဲ ဒီသက်​ငယ်​မုဒိမ်​းမှုနဲ့ပတ်​သက်​ပြီး ပြည်​သူ​တွေ နဲ့ တစ်​သားတည်​းရှိ​နေခဲ့တာ အားလုံးအသိပဲဖြစ်​ပါတယ်​။ အမှုမှန်​ကိုအမြန်​ဆုံး​ပေါ်​ပေါက်​​စေချင်​သူ​တွေရဲ့ အသံများစွာထဲကမှ အလှမယ်​​ရွှေအိမ်​စည်​ရဲ့ အမြင်​နဲ့ ရင်​ဖွင်​့ခံစားမှု​တွေကိုလဲ AlinnMyay ချစ်​ပရိသတ်​ကြီးတို့ ဖတ်​ရှုနိုင်​ကြ​​အောင်​ မျှ​ဝေတင်​ဆက်​​ပေးလိုက်​ရပါတယ်​နော် …။
” အိ်​မ်​စည်​့အမြင်​ဆိုရင်​​တော့ အမှုကိစ္စကြီးကိုအမြန်​ပြီး​စေချင်​တယ်​။ ပြီး​တော့ အဓိကက သူတို့ တရားခံရှာချင်​တယ်​ဆိုရင်​ အိမ်​စည်​ဆိုလို့ရှိရင်​​တော့ အရင်​ဆုံး က​လေးကို​မေးမှာပဲ။ ဒါ အိမ်​စည်​အရှင်​းလင်​းဆုံး​တွေးတာ​ပေါ့​နော်​ ” လို့ ​ရွှေအိမ်​စည်​က သူ့ရဲ့အမြင်​ကို အရိုးရှင်​းဆုံး​ပြောပြသွားခဲ့ပါတယ်​​ …။
” အခုက ဘာဖြစ်​​နေမှန်​း​မသိဘူး။ အမှုက ရှုပ်​သင်​့တာထက်​ပိုရှုပ်​​နေတယ်​။ ဒီအမှုကိစ္စကို အစိုးရ​အ​နေနဲ့ အမြန်ဆုံး ကိုင်​နိုင်​​အောင်​ လုပ်​ရမယ်​။ အမှုကိစ္စကြီး မြန်မြန်လေးကို ပြီးသွားစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖြစ်သွားတုန်းကလည်းခံရသေးတယ်။ အမှုဖြစ်လာပြီဆိုရင်လည်း ဖြစ်ပြီးသားကိစ္စကို တမြုံ့မြုံ့နဲ့ ပြန်ထွက်ဆိုနေရတဲ့သူအတွက်က စိတ်ဒုက္ခရောက်ရောက်ရတယ်လေ ” လို့ သူက မုဒိမ်​းမှုခံစားခဲ့ရတဲ့ သမီး​လေးနဲ့မိသားစုဘက်​က စာနာကာကွယ်​​ပေးခဲ့ သလို ….
” မုဒိမ်​းမှုခံစားခဲ့ရတဲ့ က​လေးငယ်​အတွက်​လဲ အစိုးရ​ထောက်​ပံ့​ငွေနဲ့ က​လေးရဲ့စိတ်​ပိုင်​းဆိုင်​ရာပြန်​လည်​ထူ​ထောင်​နို်​င်​ဖို့ Therapy အ​နေနဲ့ ကုသပြုစုမှု​တွေ လုပ်​​ပေးဖို့လိုအပ်​တယ်​လို့ အိမ်​စည်​ထင်​ပါတယ်​ ” လို့ လဲ အလှမယ်​​ရွှေအိမ်​စည်​က က​လေး​ရဲ့​ရေရှည်​ဘဝခရီးလမ်​းအတွု်​ အ​တွေးအမြင်​ရှင်​းရှင်​းနဲ့ ရဲရဲဝံ့ဝံ့ ​ပြောပြသွားခဲ့ပါတယ်​နော် … ။ ။
EFIL – AlinnMyay(အလင်းမြေ)
Credit..AlinnMyay(အလင်းမြေ)