ညဘက္ေကာင္းေကာင္း အိပ္မေပ်ာ္သူမ်ားအတြက္ ပညာရွင္ေတြရဲ႕ အၾကံျပဳခ်က္ (၈)ခ်က္

ညဘက္ေကာင္းေကာင္း အိပ္မေပ်ာ္သူမ်ားအတြက္ ပညာရွင္ေတြရဲ႕ အၾကံျပဳခ်က္ (၈)ခ်က္

ဒီေန႕ေခတ္ထဲမွာ အိပ္မေပ်ာ္တဲ့ေရာဂါခံစားေနရတဲ့သူေတြ မ်ားသထက္မ်ားလာျပီး အိပ္ေရးမဝျခင္း၊ အိပ္စက္ပံုမမွန္ကန္ျခင္းတို႕ေၾကာင့္ က်န္းမာေရးထိခိုက္တာေတြလည္း မ်ားလာပါတယ္။ ဒါေၾကာင့္ ပညာရွင္ေတြက ညဘက္ေကာင္းေကာင္းအိပ္ေပ်ာ္ေစမယ့္နည္းေတြနဲ႕ က်န္းမာေရးကိုအေထာက္အကူျပဳမယ့္အိပ္စက္နည္းေတြကို အခုလို မွ်ေဝခဲ့ပါတယ္ ေနာ္ …

(၁) ငွက္ေပ်ာသီးျပဳတ္ရည္ေသာက္ေပးပါ ”

ငွက္ေပ်ာသီးကို ထိပ္နွစ္ဖက္ျဖတ္ျပီး ေရေႏြးထဲမွာ ၁၀ မိနစ္ေလာက္ ျပဳတ္ေပးပါ။ အရည္စစ္ထုတ္ျပီး အေအးခံကာ တစ္ခြက္စာေလာက္ေသာက္ေပးပါ။ ေကာင္းေကာင္းအိပ္ေပ်ာ္ေအာင္ ကူညီေပးပါလိမ့္မယ္ …။

(၂) ဆပ္ျပာပူေဖာင္းမႈတ္ပါ ”

အိပ္မေပ်ာ္တဲ့အခါ လုပ္မိလုပ္ရာေတြ လုပ္ျပီး အိပ္ေပ်ာ္ေအာင္ ႀကိဳးစားတတ္ၾကပါတယ္။ ေနာက္ဆံုးေလ့လာေတြ႕ရွိမႈေတြအရ စိတ္ဖိစီးမႈေၾကာင့္ အိပ္မေပ်ာ္တဲ့သူပိုမ်ားလာတာျဖစ္ေၾကာင္း သိရွိခဲ့ရပါတယ္။ ပညာရွင္ေတြက စိတ္ဖိစီးမႈေၾကာင့္ အိပ္မေပ်ာ္တာကိုေျဖရွင္းဖို႕ ဆပ္ျပာပူေဖာင္းမႈတ္ဖို႕ အၾကံေပးထားပါတယ္။ ဆပ္ျပာပူေဖာင္းမႈတ္တာက ပ်ံ႕လြင့္ေနတဲ့ စိတ္ေတြကို ျပန္လည္စုစည္းေပးျပီး ျမန္ျမန္အိပ္ေပ်ာ္ေစပါတယ္ …။

(၃) နာရီတၾကည့္ၾကည့္ လုပ္မေနပါနဲ႕”

အိပ္မေပ်ာ္တဲ့အခါ နာရီတၾကည့္ၾကည့္ လုပ္ေနတာက စိုးရိမ္စိတ္ကို ပိုတိုးေစျပီး အိပ္မေပ်ာ္ေအာင္ လႈံ႕ေဆာ္ေပးသလိုျဖစ္ေနပါတယ္။ ဒါေၾကာင့္ အိပ္မေပ်ာ္ရင္ နာရီတၾကည့္ၾကည့္ မလုပ္ပါနဲ႕၊ နာရီကို အိပ္ရာနဲ႕ေဝးေဝးထားဖို႕ ေတာ႔လိုပါတယ္ …။

(၄) ဘယ္ဘက္ကိုေစာင္းျပီးအိပ္ပါ ”

အိပ္တဲ့အခါ ဘယ္ဘက္ကိုေစာင္းျပီးအိပ္တာက ပိုျပီး လြယ္လြယ္နဲ႕ အိပ္ေပ်ာ္ေစနိုင္ျပီး ခႏၶာကိုယ္တြင္းအဂၤါေတြကို ေနရာမွန္ျဖစ္ေစျပီး က်န္းမာေရးအတြက္ အမ်ားၾကီးအေထာက္အကူျဖစ္ေစပါတယ္ …။

(၅) အိပ္ရာထဲမွဆက္မေနဘဲ တစ္ခုခုထလုပ္ပါ

အိပ္မေပ်ာ္တဲ့အခါ အိပ္ရာထဲမွာေနျပီး အိပ္မေပ်ာ္ေပ်ာ္ေအာင္ အတင္းၾကိဳးစားေနရင္ ပိုျပီးအိပ္မေပ်ာ္နိုင္ပါဘူး။ ကိုယ္စိတ္ဝင္စားတဲ့အရာတစ္ခုခု ( စာအုပ္ဖတ္တာ၊ ပန္းခ်ီဆြဲတာ၊ ေနာက္ေန႕ဝတ္ဖို႕ အက်ၤ ီတြဲစပ္တာေလးေတြ) လုပ္လိုက္ပါ။ ခဏေလာက္ေနရင္ အိပ္ခ်င္လာပါလိမ္႔မယ္ …။

(၆) ေမႊးရနံ႕ပါတဲ့ဖေယာင္းတိုင္ထြန္းပါ ”

သင္က အိပ္မေပ်ာ္တတ္တဲ့သူျဖစ္ေနရင္ ညဘက္ေတြမွာ မီးလံုးထြန္းတာထက္ ေမႊးရနံ႕ပါတဲ့ ဖေယာင္းတိုင္ေလးေတြထြန္းေပးပါ။ အဲ့ဒါက စိတ္ဖိစီးမႈကို ေျပေပ်ာက္ေစကာ စိတ္ကို သက္ေတာင့္သက္သာျဖစ္ေစျပီး အလြယ္တကူ အိပ္ေပ်ာ္ေအာင္ ကူညီေပးပါလိမ့္မယ္ေနာ္ …။

(၇) ေျခေထာက္ေအာက္မွာ ေစာင္ ဒါမွမဟုတ္ ေခါင္းအံုးထားအိပ္ပါ ”

ေကာင္းေကာင္းအိပ္ေပ်ာ္ဖို႕၊ အိပ္ေနခ်ိန္မွာ က်န္းမာေရးထိခိုက္မႈေတြမျဖစ္ဖို႕အတြက္ ပက္လက္လွန္အိပ္တဲ့အခါ ေျခသလံုးေအာက္မွာ ေခါင္းအံုးထားျပီးအိပ္ပါ။ ေဘးေစာင္းအိပ္မယ္ဆိုရင္ ေခါင္းအံုးအပါးေလးကို ေျခေထာက္နွစ္ဖက္ၾကားမွာ ညွပ္ျပီး အိပ္လိုက္ပါ …။

(၈) ခႏၶာကိုယ္ကိုသက္ေတာင့္သက္သာျဖစ္ေစတဲ့ အိပ္ယာမ်ိဳးသံုးပါ ”

မာလြန္းတဲ့အိပ္ရာ၊ ေပ်ာ့လြန္းတဲ့အိပ္ရာေတြက အိပ္မေပ်ာ္တာကိုျဖစ္ေစျပီး ေနာက္ေက်ာနာတာ၊ ေက်ာရိုးပံုပ်က္တာေတြကို ျဖစ္ေစနိုင္ပါတယ္။ ဒါေၾကာင့္ ခႏၶာကိုယ္အတြက္ သက္ေတာင့္သက္သာျဖစ္မယ့္ အိပ္ရာမ်ိဳးနဲ႕ အိပ္စက္ပါ …။

MAY THAZINHTOO

Unicode

ညဘက်ကောင်းကောင်း အိပ်မပျော်သူများအတွက် ပညာရှင်တွေရဲ့ အကြံပြုချက် (၈)ချက်

ဒီနေ့ခေတ်ထဲမှာ အိပ်မပျော်တဲ့ရောဂါခံစားနေရတဲ့သူတွေ များသထက်များလာပြီး အိပ်ရေးမဝခြင်း၊ အိပ်စက်ပုံမမှန်ကန်ခြင်းတို့ကြောင့် ကျန်းမာရေးထိခိုက်တာတွေလည်း များလာပါတယ်။ ဒါကြောင့် ပညာရှင်တွေက ညဘက်ကောင်းကောင်းအိပ်ပျော်စေမယ့်နည်းတွေနဲ့ ကျန်းမာရေးကိုအထောက်အကူပြုမယ့်အိပ်စက်နည်းတွေကို အခုလို မျှဝေခဲ့ပါတယ် နော် …

(၁) ငှက်ပျောသီးပြုတ်ရည်သောက်ပေးပါ ”

ငှက်ပျောသီးကို ထိပ်နှစ်ဖက်ဖြတ်ပြီး ရေနွေးထဲမှာ ၁၀ မိနစ်လောက် ပြုတ်ပေးပါ။ အရည်စစ်ထုတ်ပြီး အအေးခံကာ တစ်ခွက်စာလောက်သောက်ပေးပါ။ ကောင်းကောင်းအိပ်ပျော်အောင် ကူညီပေးပါလိမ့်မယ် …။

(၂) ဆပ်ပြာပူဖောင်းမှုတ်ပါ ”

အိပ်မပျော်တဲ့အခါ လုပ်မိလုပ်ရာတွေ လုပ်ပြီး အိပ်ပျော်အောင် ကြိုးစားတတ်ကြပါတယ်။ နောက်ဆုံးလေ့လာတွေ့ရှိမှုတွေအရ စိတ်ဖိစီးမှုကြောင့် အိပ်မပျော်တဲ့သူပိုများလာတာဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ ပညာရှင်တွေက စိတ်ဖိစီးမှုကြောင့် အိပ်မပျော်တာကိုဖြေရှင်းဖို့ ဆပ်ပြာပူဖောင်းမှုတ်ဖို့ အကြံပေးထားပါတယ်။ ဆပ်ပြာပူဖောင်းမှုတ်တာက ပျံ့လွင့်နေတဲ့ စိတ်တွေကို ပြန်လည်စုစည်းပေးပြီး မြန်မြန်အိပ်ပျော်စေပါတယ် …။

(၃) နာရီတကြည့်ကြည့် လုပ်မနေပါနဲ့”

အိပ်မပျော်တဲ့အခါ နာရီတကြည့်ကြည့် လုပ်နေတာက စိုးရိမ်စိတ်ကို ပိုတိုးစေပြီး အိပ်မပျော်အောင် လှုံ့ဆော်ပေးသလိုဖြစ်နေပါတယ်။ ဒါကြောင့် အိပ်မပျော်ရင် နာရီတကြည့်ကြည့် မလုပ်ပါနဲ့၊ နာရီကို အိပ်ရာနဲ့ဝေးဝေးထားဖို့ တော့လိုပါတယ် …။

(၄) ဘယ်ဘက်ကိုစောင်းပြီးအိပ်ပါ ”

အိပ်တဲ့အခါ ဘယ်ဘက်ကိုစောင်းပြီးအိပ်တာက ပိုပြီး လွယ်လွယ်နဲ့ အိပ်ပျော်စေနိုင်ပြီး ခန္ဓာကိုယ်တွင်းအင်္ဂါတွေကို နေရာမှန်ဖြစ်စေပြီး ကျန်းမာရေးအတွက် အများကြီးအထောက်အကူဖြစ်စေပါတယ် …။

(၅) အိပ်ရာထဲမှဆက်မနေဘဲ တစ်ခုခုထလုပ်ပါ

အိပ်မပျော်တဲ့အခါ အိပ်ရာထဲမှာနေပြီး အိပ်မပျော်ပျော်အောင် အတင်းကြိုးစားနေရင် ပိုပြီးအိပ်မပျော်နိုင်ပါဘူး။ ကိုယ်စိတ်ဝင်စားတဲ့အရာတစ်ခုခု ( စာအုပ်ဖတ်တာ၊ ပန်းချီဆွဲတာ၊ နောက်နေ့ဝတ်ဖို့ အကျင်္ ီတွဲစပ်တာလေးတွေ) လုပ်လိုက်ပါ။ ခဏလောက်နေရင် အိပ်ချင်လာပါလိမ့်မယ် …။

(၆) မွှေးရနံ့ပါတဲ့ဖယောင်းတိုင်ထွန်းပါ ”

သင်က အိပ်မပျော်တတ်တဲ့သူဖြစ်နေရင် ညဘက်တွေမှာ မီးလုံးထွန်းတာထက် မွှေးရနံ့ပါတဲ့ ဖယောင်းတိုင်လေးတွေထွန်းပေးပါ။ အဲ့ဒါက စိတ်ဖိစီးမှုကို ပြေပျောက်စေကာ စိတ်ကို သက်တောင့်သက်သာဖြစ်စေပြီး အလွယ်တကူ အိပ်ပျော်အောင် ကူညီပေးပါလိမ့်မယ်နော် …။

(၇) ခြေထောက်အောက်မှာ စောင် ဒါမှမဟုတ် ခေါင်းအုံးထားအိပ်ပါ ”

ကောင်းကောင်းအိပ်ပျော်ဖို့၊ အိပ်နေချိန်မှာ ကျန်းမာရေးထိခိုက်မှုတွေမဖြစ်ဖို့အတွက် ပက်လက်လှန်အိပ်တဲ့အခါ ခြေသလုံးအောက်မှာ ခေါင်းအုံးထားပြီးအိပ်ပါ။ ဘေးစောင်းအိပ်မယ်ဆိုရင် ခေါင်းအုံးအပါးလေးကို ခြေထောက်နှစ်ဖက်ကြားမှာ ညှပ်ပြီး အိပ်လိုက်ပါ …။

(၈) ခန္ဓာကိုယ်ကိုသက်တောင့်သက်သာဖြစ်စေတဲ့ အိပ်ယာမျိုးသုံးပါ ”

မာလွန်းတဲ့အိပ်ရာ၊ ပျော့လွန်းတဲ့အိပ်ရာတွေက အိပ်မပျော်တာကိုဖြစ်စေပြီး နောက်ကျောနာတာ၊ ကျောရိုးပုံပျက်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အတွက် သက်တောင့်သက်သာဖြစ်မယ့် အိပ်ရာမျိုးနဲ့ အိပ်စက်ပါ …။

MAY THAZINHTOO