ထက္ျမက္တဲ့အမ်ိဳးသမီးေတြ ဘယ္ေတာ့မွ စိတ္မဝင္စားတဲ့ အေၾကာငး္အရာ (၅) ခု

ထက္ျမက္တဲ့အမ်ိဳးသမီးေတြ ဘယ္ေတာ့မွ စိတ္မဝင္စားတဲ့ အေၾကာငး္အရာ (၅) ခု

စိတ္ဝင္စားသင့္တဲ့အရာတစ္ခုကို စိတ္ဝင္စားတာဟာ ထက္ျမက္ျခင္းရဲ႕လက​ၡဏာျဖစ္သလို စိတ္ဝင္စားဖို႔၊ ေရၿကီး ခြင္က်ယ္လုပ္ဖို႔ မလိုအပ္တဲ့အရာတစ္ခုကုိ လ်စ္လွ်ဴရႈႏိုင္တာဟာလည္း ထက္ျမက္ျခင္းပါပဲ။ ခုေဖာျ္ပေပးမွာ ကေတာ့ ထက္ျမက္တဲ့ အမ်ိဳးသမီးေတြ ဘယ္ေတာ့မွ စိတ္ဝင္စားေလ့မရွိတဲ့ အေၾကာင္းအရာ (၅) ခုပဲျဖစ္ပါတယ္ေနာ္ …

(၁) ခႏၶာကုိယ္အရြယ္အစား ”

 

ထက္ျမက္တဲ့အမ်ိဳးသမီးတစ္ေယာက္ဟာ ရင္သားၾကီးတာ ေသးတာ၊ တင္ပါးၾကီးတာေသးတာ၊ ေျခသလံုးတုတ္တာ သြယ္တာမ်ိဳးေတြ၊ မ်က္လံုးေမွးတာေတြ ျပဴးတာေတြစသျဖင့္ ခႏၶာကိုယ္ရဲ႕ အျပစ္အနာအဆာေတြကို ရွာၾကံျပီး စိတ္ဖိစီးေနတတ္တဲ့သူေတြမဟုတ္ပါဘူး။ ေမြးရာပါ အားနည္းခ်က္အားသာခ်က္ အားလံုးကို အရွိအတိုင္းလက္ခံျပီး စိတ္တိုင္းက်တဲ့ သူေလးေတြပါ …။

(၂) အလွျပင္ျခင္း ”

ထက္ျမက္တဲ့အမ်ိဳးသမီးေတြဆိုတာ အလွျပင္ခ်င္တဲ့ေန႔မွာ အလွျပင္တယ္၊ မျပင္ခ်င္တဲ့ေန႔မ်ိဳးမွာလည္း မ်က္ႏွာေျပာင္နဲ႔ ေပါ့ေပါ့ပါးပါးေနတတ္ၾကတဲ့သူေတြပါ။ အလွျပင္ျခငး္၊ မျပင္ျခင္းဆိုတာ ကိုိယ့္ရဲ႕စိတ္အေပၚသာမူတည္ပါတယ္။ အလွျပင္ ထားရင္ေတာ့ ၾကည့္ေကာငး္ျပီး၊ အလွမျပင္ထားရင္ေတာ့ လူေရွ႕မထြက္ရဲ႕တဲ့သူမ်ိဳးေတာ့ လံုးဝမဟုတ္ပါဘူး …။

(၃) အဝတ္အစား ”

အဝတ္အစားကို စမတ္က်က်ဝတ္ဆင္တာဟာ တကယ္ေကာငး္တဲ့ အေလ့အက်င့္ပါ။ ဒါေပမယ့္လည္း ထက္ျမက္တဲ့ အမ်ိဳးသမီးေတြဆိုတာ တန္ဖိုးၾကီး၊ ဇိမ္ခံပစၥည္းေတြ၊ အေကာင္းစားပစၥည္းေတြအျမဲသံုးေနမယ့္သူေတြ မဟုတ္ပါဘူး။ အခ်ိန္အခါ၊ ေနရာေဒသကိုလုိက္ျပီး သင့္ေတာ္တဲ့ အဝတ္အစားေတြကို ဝတ္ဆင္မယ့္သူေတြျဖစ္ပါတယ္။ အေကာင္း စားေတြမဝတ္ထားလို႔ သိမ္ငယ္ေနမယ့္သူေတြထဲမွာ လံုးဝမပါပါဘူး …။

(၄) အလုပ္အကိုင္ ”

ထက္ျမက္တဲ့ အမ်ိ္ဳးသမီးေတြဆိုတာ အလုပ္အကိုင္၊ ဘဝရဲ႕လမး္ေၾကာင္း ေရြးခ်ယ္မႈနဲ႔ပတ္သက္ျပီး လူေတြရဲ႕ အျမင္ကုိ အရမး္ၾကီး ဂရုစိုက္ေနမယ့္သူေတြ မဟုတ္ပါဘူး။ အလုပ္လက္မဲ့ျဖစ္ေနတယ္၊ အလုပ္အကိုင္ရွာေဖြေနဆဲျဖစ္ေနတ ယ္ ရင္ေတာင္ ကုိယ့္ကိုယ္ကိုလံုးဝမသိမ္ငယ္ပါဘူး။ ကုိယ့္ရဲ႕အရည္အခ်င္း၊ ကိုယ့္ရဲ႕အစြမး္အစေတြကို ယံုၾကည္မႈအျပည္႕ အ၀ရိွလို႔ ျဖစ္ပါတယ္ …။

(၅) အမူအက်င့္ေတြ ”

ထက္ျမက္တဲ့အမ်ိဳးသမီးေတြဆိုတာ ကိုယ့္ရဲ႕ဝါသနာ၊ ကိုယ့္ရဲ႕အမူအက်င့္ေတြနဲ႔ ပတ္သက္ရင္ လြတ္္လြတ္လပ္လပ္ လႈပ္ရွားတတ္တဲ့သူေတြပါ။ ဥပမာ- ေကာ္ဖီအရမး္ၾကိဳက္လုိ႔ ၂ခြက္၊ ၃ ခြက္ေလာက္ ေသာက္မိေနတာမ်ိဳးေပါ့။ လူေတြရဲ႕အျမင္မွာ သင့္ကိုဘယ္လိုပဲ ထင္ေနပါေစ ပတ္ဝန္းက်င္နဲ႔ အျခားသူေတြကို မထိခိုက္သေရြ႕ သင့္ရဲ႕ ဝါသနာ၊ အမူအက်င့္ေတြကို ေျပာင္းလဲမွာ မဟုတ္ပါဘူး ေနာ္ … ။ ။

Em Em

Unicode

ထက်မြက်တဲ့အမျိုးသမီးတွေ ဘယ်တော့မှ စိတ်မဝင်စားတဲ့ အကြောငး်အရာ (၅) ခု

စိတ်ဝင်စားသင့်တဲ့အရာတစ်ခုကို စိတ်ဝင်စားတာဟာ ထက်မြက်ခြင်းရဲ့လက​္ခဏာဖြစ်သလို စိတ်ဝင်စားဖို့၊ ရေကြီး ခွင်ကျယ်လုပ်ဖို့ မလိုအပ်တဲ့အရာတစ်ခုကို လျစ်လျှူရှုနိုင်တာဟာလည်း ထက်မြက်ခြင်းပါပဲ။ ခုဖောြ်ပပေးမှာ ကတော့ ထက်မြက်တဲ့ အမျိုးသမီးတွေ ဘယ်တော့မှ စိတ်ဝင်စားလေ့မရှိတဲ့ အကြောင်းအရာ (၅) ခုပဲဖြစ်ပါတယ်နော် …

(၁) ခန္ဓာကိုယ်အရွယ်အစား ”

ထက်မြက်တဲ့အမျိုးသမီးတစ်ယောက်ဟာ ရင်သားကြီးတာ သေးတာ၊ တင်ပါးကြီးတာသေးတာ၊ ခြေသလုံးတုတ်တာ သွယ်တာမျိုးတွေ၊ မျက်လုံးမှေးတာတွေ ပြူးတာတွေစသဖြင့် ခန္ဓာကိုယ်ရဲ့ အပြစ်အနာအဆာတွေကို ရှာကြံပြီး စိတ်ဖိစီးနေတတ်တဲ့သူတွေမဟုတ်ပါဘူး။ မွေးရာပါ အားနည်းချက်အားသာချက် အားလုံးကို အရှိအတိုင်းလက်ခံပြီး စိတ်တိုင်းကျတဲ့ သူလေးတွေပါ …။

(၂) အလှပြင်ခြင်း ”

ထက်မြက်တဲ့အမျိုးသမီးတွေဆိုတာ အလှပြင်ချင်တဲ့နေ့မှာ အလှပြင်တယ်၊ မပြင်ချင်တဲ့နေ့မျိုးမှာလည်း မျက်နှာပြောင်နဲ့ ပေါ့ပေါ့ပါးပါးနေတတ်ကြတဲ့သူတွေပါ။ အလှပြင်ခြငး်၊ မပြင်ခြင်းဆိုတာ ကိိုယ့်ရဲ့စိတ်အပေါ်သာမူတည်ပါတယ်။ အလှပြင် ထားရင်တော့ ကြည့်ကောငး်ပြီး၊ အလှမပြင်ထားရင်တော့ လူရှေ့မထွက်ရဲ့တဲ့သူမျိုးတော့ လုံးဝမဟုတ်ပါဘူး …။

(၃) အဝတ်အစား ”

အဝတ်အစားကို စမတ်ကျကျဝတ်ဆင်တာဟာ တကယ်ကောငး်တဲ့ အလေ့အကျင့်ပါ။ ဒါပေမယ့်လည်း ထက်မြက်တဲ့ အမျိုးသမီးတွေဆိုတာ တန်ဖိုးကြီး၊ ဇိမ်ခံပစ္စည်းတွေ၊ အကောင်းစားပစ္စည်းတွေအမြဲသုံးနေမယ့်သူတွေ မဟုတ်ပါဘူး။ အချိန်အခါ၊ နေရာဒေသကိုလိုက်ပြီး သင့်တော်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်မယ့်သူတွေဖြစ်ပါတယ်။ အကောင်း စားတွေမဝတ်ထားလို့ သိမ်ငယ်နေမယ့်သူတွေထဲမှာ လုံးဝမပါပါဘူး …။

(၄) အလုပ်အကိုင် ”

ထက်မြက်တဲ့ အမျိ်ုးသမီးတွေဆိုတာ အလုပ်အကိုင်၊ ဘဝရဲ့လမး်ကြောင်း ရွေးချယ်မှုနဲ့ပတ်သက်ပြီး လူတွေရဲ့ အမြင်ကို အရမး်ကြီး ဂရုစိုက်နေမယ့်သူတွေ မဟုတ်ပါဘူး။ အလုပ်လက်မဲ့ဖြစ်နေတယ်၊ အလုပ်အကိုင်ရှာဖွေနေဆဲဖြစ်နေတ ယ် ရင်တောင် ကိုယ့်ကိုယ်ကိုလုံးဝမသိမ်ငယ်ပါဘူး။ ကိုယ့်ရဲ့အရည်အချင်း၊ ကိုယ့်ရဲ့အစွမး်အစတွေကို ယုံကြည်မှုအပြည့် အဝရှိလို့ ဖြစ်ပါတယ် …။

(၅) အမူအကျင့်တွေ ”

ထက်မြက်တဲ့အမျိုးသမီးတွေဆိုတာ ကိုယ့်ရဲ့ဝါသနာ၊ ကိုယ့်ရဲ့အမူအကျင့်တွေနဲ့ ပတ်သက်ရင် လွတ််လွတ်လပ်လပ် လှုပ်ရှားတတ်တဲ့သူတွေပါ။ ဥပမာ- ကော်ဖီအရမး်ကြိုက်လို့ ၂ခွက်၊ ၃ ခွက်လောက် သောက်မိနေတာမျိုးပေါ့။ လူတွေရဲ့အမြင်မှာ သင့်ကိုဘယ်လိုပဲ ထင်နေပါစေ ပတ်ဝန်းကျင်နဲ့ အခြားသူတွေကို မထိခိုက်သရွေ့ သင့်ရဲ့ ဝါသနာ၊ အမူအကျင့်တွေကို ပြောင်းလဲမှာ မဟုတ်ပါဘူး နော် … ။ ။

Em Em