ေသကံမေရာက္ စက္ေလွကားထဲညပ္ပါသြားတဲ့ ၂ ႏွစ္သားကေလးေလး (႐ုပ္သံ)

ေသကံမေရာက္ စက္ေလွကားထဲညပ္ပါသြားတဲ့ ၂ ႏွစ္သားကေလးေလး (႐ုပ္သံ)

အသက္ ၂ ႏွစ္အရြယ္ ကေလးေလးတစ္ဦး ေစ်းဝယ္စင္တာတစ္ခုက စက္ေလွကား အထစ္မ်ားၾကားမွာ လက္ေမာင္းအရင္းကေန ညပ္ေနတဲ့ စီစီတီဗီ႐ုပ္သံဟာ တစ္ကယ့္ကို တုန္လွုပ္ေျခာက္ျခားစရာေကာင္းပါတယ္။သနားစရာေကာင္းတဲ့ ကေလးေလးက နာက်င္မွုေၾကာင့္ ေအာ္ဟစ္ငိုယိုေနတဲ့အသံဟာ ေစ်းဝယ္စင္တာႀကီးတစ္ခုလုံးက လူေတြ စိတ္မေကာင္းျဖစ္ခဲ့ရပါတယ္။ ဇူလိုင္လ ၅ ရက္ေန႔က တ႐ုတ္နိုင္ငံ ယန္ဂ်င္းျပည္နယ္က စီတီးစတား ေစ်းဝယ္စင္တာႀကီးမွာ ျဖစ္ပြားခဲ့ပါတယ္ …။

မိခင္ျဖစ္သူဟာ စက္ေလွကားထစ္ေတြၾကားမွာ လက္တစ္ေခ်ာင္းလုံးညပ္ေနတဲ့ သားေလးကို ၾကည့္ရင္း ေအာ္ဟစ္ကာ ေဆာက္တည္ရာမရ ဝမ္းနည္းပူေဆြးေသာကေရာက္ေနပါတယ္။ ညပ္ေနတဲ့ လက္ကို ဆြဲထုတ္ဖို႔ ႀကိဳးစားေပမယ့္ ကေလးရဲ့ လက္တစ္ေခ်ာင္းလုံး က်ိဳးသြားနိုင္တဲ့ အေျခအေနေၾကာင့္ လက္မွိုင္ခ်ၿပီး ကယ္ဆယ္ေရး အဖြဲ႕ကို ေစာင့္ဆိုင္းေနခဲ႔ရပါတယ္ …။

ျဖစ္စဥ္မွာ စီစီတီဗီ႐ုပ္သံအရ အနီေရာင္အကၤ်ီ ေဘာင္းဘီ ဝတ္ဆင္ထားတဲ့ ကေလးေလးဟ မိခင္နဲ႔အတူ စက္ေလွကားနဲ႔ ေအာက္ထပ္ကို ဆင္းလာပါတယ္။ စက္ေလွကားမွာ အျခားလူေတြလည္း ပါပါတယ္။ အဲဒီအခ်ိန္မွာ ကေလးေခ်ာ္လဲၿပီး စက္ေလွကားထစ္နဲ႔ နံရံၾကားထဲ လက္ဝင္သြားခဲ့ပါတယ္။ မိခင္က ဆြဲထုတ္ဖို႔ ႀကိဳးစားေပမယ့္ ထုတ္လို႔မရခဲ့ပါဘူး …။

စက္ေလွကားက ေအာက္ဆုံးကို ေရာက္လုနီးေနပါၿပီ၊ ေအာက္ဆုံး ေရာက္လို႔မွ ကေလးလက္ မလြတ္သြားရင္ က်ိဳးသြား ျပတ္သြားနိုင္တဲ့ အေျခအေနဆိုး ၾကဳံနိုင္ပါတယ္။ ကံေကာင္းတယ္လို႔ ဆိုရမလား၊ ဒီအျဖစ္ပ်က္ကို ျမင္တဲ့ စင္တာလုံျခဳံေရးက အလၽွင္အျမန္ စက္ေလွကားကို အေရးေပၚခလုပ္ႏွပ္ၿပီး ရပ္တန႔္ခဲ့ပါတယ္။ ကေလးဟာ ေအာက္ဆုံးေရာက္ခါနီးမွာ စက္ေလွကား အခ်ိန္ကိုက္ ရပ္တန႔္သြားတာဟာ ရင္ဖိုစရာေကာင္းပါတယ္ …။

ကေလးဟာ ၄၅ မိနစ္ခန့္ နာက်င္စြာေဝဒနာခံစားရင္း ညပ္ေနခဲ့ၿပီး မီးသတ္အေရးေပၚကယ္ဆယ္ေရးအဖြဲ႕မ်ားက ဟိုက္ဒေရာလစ္စက္မ်ားနဲ႔ တူးဆြၿပီးမွ ျပန္လည္ကယ္တင္နိုင္ခဲ႔ ပါ တယ္ …။

ကယ္ဆယ္ေရးမီးသတ္သမား ‘လုခ်န္း’ က “ကၽြန္ေတာ္တို႔ ေရာက္သြားနဲ႔အခ်ိန္မွာ ကေလးရဲ့ မိသားစုေတြ အရမ္းထိတ္လန႔္ေနၾကတယ္ ဘယ္လိုျဖစ္လဲဆိုတာကိုေတာင္ ေတာ္ေတာ္ေလး ေမးယူရတယ္။ ကေလးကလည္း ေတာက္ေလ်ာက္ငိုေနတယ္။ ကၽြန္ေတာ္တို႔ ကေလးကို ေခ်ာ့ေမာ့ၿပီး သူအတြက္အသက္သာဆုံးျဖစ္ေအာင္ လုပ္ေပးၿပီးမွ ဟိုက္ဒေရာလစ္စက္ေတြနဲ႔ တူးၿပီး ကယ္တင္နိုင္ခဲ့ပါတယ္” လို႔ ဆိုပါတယ္ …။

အဲဒီေနာက္ ကေလးကို လူနာတင္ကားနဲ႔ ေဆး႐ုံပို႔ေပးခဲ့ပါတယ္။ ကေလးမွာ က်ိဳးပဲ့ဒဏ္ရာ၊ အသက္အႏၲရာယ္ရွိေလာက္တဲ့ အနာတရေတြ မရဖို႔ ေမၽွာ္လင့္ေနၾကပါတယ္။ ဒါေပမယ့္ ကေလးရဲ့ လက္နဲ႔ ပက္သက္ၿပီး ဘယ္လိုအေျခအေနရွိတယ္ဆိုတာကိုေတာ့ မသိရွိရေသးပါ ဘူး …။

မိဘေတြအေနနဲ႔ ကေလးငယ္ေတြနဲ႔အတူ စက္ေလွကားစီးတဲ့အခါ အထူးသတိရွိၾကပါလို႔ တိုက္တြန္းအပ္ပါတယ္ေနာ္ … ။ ။

credit – popolay.com

Unicode

သေကံမရောက် စက်လှေကားထဲညပ်ပါသွားတဲ့ ၂ နှစ်သားကလေးလေး (ရုပ်သံ)

အသက် ၂ နှစ်အရွယ် ကလေးလေးတစ်ဦး စျေးဝယ်စင်တာတစ်ခုက စက်လှေကား အထစ်များကြားမှာ လက်မောင်းအရင်းကနေ ညပ်နေတဲ့ စီစီတီဗီရုပ်သံဟာ တစ်ကယ့်ကို တုန်လှုပ်ခြောက်ခြားစရာကောင်းပါတယ်။သနားစရာကောင်းတဲ့ ကလေးလေးက နာကျင်မှုကြောင့် အော်ဟစ်ငိုယိုနေတဲ့အသံဟာ စျေးဝယ်စင်တာကြီးတစ်ခုလုံးက လူတွေ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဇူလိုင်လ ၅ ရက်နေ့က တရုတ်နိုင်ငံ ယန်ဂျင်းပြည်နယ်က စီတီးစတား စျေးဝယ်စင်တာကြီးမှာ ဖြစ်ပွားခဲ့ပါတယ် …။

မိခင်ဖြစ်သူဟာ စက်လှေကားထစ်တွေကြားမှာ လက်တစ်ချောင်းလုံးညပ်နေတဲ့ သားလေးကို ကြည့်ရင်း အော်ဟစ်ကာ ဆောက်တည်ရာမရ ဝမ်းနည်းပူဆွေးသောကရောက်နေပါတယ်။ ညပ်နေတဲ့ လက်ကို ဆွဲထုတ်ဖို့ ကြိုးစားပေမယ့် ကလေးရဲ့ လက်တစ်ချောင်းလုံး ကျိုးသွားနိုင်တဲ့ အခြေအနေကြောင့် လက်မှိုင်ချပြီး ကယ်ဆယ်ရေး အဖွဲ့ကို စောင့်ဆိုင်းနေခဲ့ရပါတယ် …။

ဖြစ်စဉ်မှာ စီစီတီဗီရုပ်သံအရ အနီရောင်အင်္ကျီ ဘောင်းဘီ ဝတ်ဆင်ထားတဲ့ ကလေးလေးဟ မိခင်နဲ့အတူ စက်လှေကားနဲ့ အောက်ထပ်ကို ဆင်းလာပါတယ်။ စက်လှေကားမှာ အခြားလူတွေလည်း ပါပါတယ်။ အဲဒီအချိန်မှာ ကလေးချော်လဲပြီး စက်လှေကားထစ်နဲ့ နံရံကြားထဲ လက်ဝင်သွားခဲ့ပါတယ်။ မိခင်က ဆွဲထုတ်ဖို့ ကြိုးစားပေမယ့် ထုတ်လို့မရခဲ့ပါဘူး …။

စက်လှေကားက အောက်ဆုံးကို ရောက်လုနီးနေပါပြီ၊ အောက်ဆုံး ရောက်လို့မှ ကလေးလက် မလွတ်သွားရင် ကျိုးသွား ပြတ်သွားနိုင်တဲ့ အခြေအနေဆိုး ကြုံနိုင်ပါတယ်။ ကံကောင်းတယ်လို့ ဆိုရမလား၊ ဒီအဖြစ်ပျက်ကို မြင်တဲ့ စင်တာလုံခြုံရေးက အလျှင်အမြန် စက်လှေကားကို အရေးပေါ်ခလုပ်နှပ်ပြီး ရပ်တန့်ခဲ့ပါတယ်။ ကလေးဟာ အောက်ဆုံးရောက်ခါနီးမှာ စက်လှေကား အချိန်ကိုက် ရပ်တန့်သွားတာဟာ ရင်ဖိုစရာကောင်းပါတယ် …။

ကလေးဟာ ၄၅ မိနစ်ခန့် နာကျင်စွာဝေဒနာခံစားရင်း ညပ်နေခဲ့ပြီး မီးသတ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ဟိုက်ဒရောလစ်စက်များနဲ့ တူးဆွပြီးမှ ပြန်လည်ကယ်တင်နိုင်ခဲ့ ပါ တယ် …။

ကယ်ဆယ်ရေးမီးသတ်သမား ‘လုချန်း’ က “ကျွန်တော်တို့ ရောက်သွားနဲ့အချိန်မှာ ကလေးရဲ့ မိသားစုတွေ အရမ်းထိတ်လန့်နေကြတယ် ဘယ်လိုဖြစ်လဲဆိုတာကိုတောင် တော်တော်လေး မေးယူရတယ်။ ကလေးကလည်း တောက်လျောက်ငိုနေတယ်။ ကျွန်တော်တို့ ကလေးကို ချော့မော့ပြီး သူအတွက်အသက်သာဆုံးဖြစ်အောင် လုပ်ပေးပြီးမှ ဟိုက်ဒရောလစ်စက်တွေနဲ့ တူးပြီး ကယ်တင်နိုင်ခဲ့ပါတယ်” လို့ ဆိုပါတယ် …။

အဲဒီနောက် ကလေးကို လူနာတင်ကားနဲ့ ဆေးရုံပို့ပေးခဲ့ပါတယ်။ ကလေးမှာ ကျိုးပဲ့ဒဏ်ရာ၊ အသက်အန္တရာယ်ရှိလောက်တဲ့ အနာတရတွေ မရဖို့ မျှော်လင့်နေကြပါတယ်။ ဒါပေမယ့် ကလေးရဲ့ လက်နဲ့ ပက်သက်ပြီး ဘယ်လိုအခြေအနေရှိတယ်ဆိုတာကိုတော့ မသိရှိရသေးပါ ဘူး …။

မိဘတွေအနေနဲ့ ကလေးငယ်တွေနဲ့အတူ စက်လှေကားစီးတဲ့အခါ အထူးသတိရှိကြပါလို့ တိုက်တွန်းအပ်ပါတယ်နော် … ။ ။

credit – popolay.com