မိန္းကေလးမ်ား အထူးသတိထားၾကပါ YBS ေပၚမွာဖင္ခြဲခံလိုက္ရတာတဲ႔ (Video)

မိန္းကေလးမ်ား အထူးသတိထားၾကပါ YBS ေပၚမွာဖင္ခြဲခံလိုက္ရတာတဲ႔ (Video)

YBS 14 ေပၚမွာ ဖင္ခြဲ ခံလိုက္ရတဲ့ ေကာင္မေလး ရုပ္သံ

ဒီေန႔ ညီမ YBS (14) ေပၚမွာ ေဘာင္းဘီ ဖင္ခြဲ ခံလိုက္ ရပါတယ္ (ဖင္ေနရာပဲ ေရြးခြဲ ခံရတာမို႔ ဖင္ခြဲတယ္လို႔ပဲ ေရးျခင္း ျဖစ္ပါတယ္…။)

ေဘာင္းဘီ အရွည္ ၀တ္ထားျခင္း ျဖစ္ၿပီး ရုံး Uniform Sport Shirt ကို Jean ေဘာင္းဘီရွည္ထဲ ထည့္၀တ္ တာ ျဖစ္ပါတယ္ …။

ၾကားဖူး ျမင္ဖူး ေနတာမို႔ သတိနဲ႔စီး သတိနဲ႔ သြားေပမဲ့ ကိုယ္ေတြ႕ၾကံဳမွ ခံျပင္းသိနဲ႔ သိပါေတာ့တယ္ ။ ရုံးအျပန္ဆို Ferry စီးေနက် ေပမဲ့…. ရုံးအသြားဆို ထမင္းခ်ိဳင့္မမီမွားစိုးၿပီး Ferry မစီးပဲ YBS (14) ကို 8 နာရီေလာက္ဆို စီးေလ့ ရွိပါတယ္ …။

အစ္မေတြ ညီမေတြ အားလံုးကို ပို၍ ပို၍ သတိထားေစ ခ်င္လို႔ ညီမ အရွက္ အကြဲခံၿပီး Sharing လုပ္ျခင္းပဲ ျဖစ္ပါတယ္ …. ညီမလိုမ်ိဳး ေဘာင္းဘီအခြဲ ခံရတာ ညီမတို႔ ရုံးမွာ ညီမ အပါအ၀င္ နဲ႔ဆို ေလးေယာက္ေျမာက္ ျဖစ္ပါတယ္ …။

ညီမ ရုံးက အစ္မ သံုးေယာက္လဲ ေရွ႕ဆင့္ ေနာက္ဆင့္ အခြဲခံရတာ အစ္မ တေယာက္ဆို အထဲက အတြင္းခံ ေဘာင္းဘီထိ ၿပဲပါတယ္ (အသားမထိသြားတာပဲ ေတာ္လွၿပီ ေျပာရမဲ့ ပံုပါ)

ဒီေနရာမွာ ညီမ ေျပာခ်င္တာက ကိုယ့္အနားမွာ ကပ္စီးတဲ့ ေယာက်္ားမွန္သမၽွ ငယ္ငယ္ ႀကီးႀကီး သတိထား ပါလို႔ပဲ ေျပာပါရေစေနာ္ ….။

ညီမ မနက္ ရုံးသြားလို႔ YBS (14) စီးတိုင္း ခါးပိုက္ႏႈိက္ ႏႈိက္သြားလို႔ ဆိုၿပီး ေျပာၾက ျမင္ရတာရယ္ ၊ ဆံပင္အရွည္ႀကီးကို အေနာက္ကေန ျဖတ္သြားလို႔ဆိုၿပီး ေျပာၾက ျမင္ရတာရယ္ မနည္းပါဘူး …။

ႏႈိက္တဲ့လူ ၊ ျဖတ္တဲ့လူ လို႔ သတိထားလိုက္ မိတဲ့ အခ်ိန္တိုင္း မမိလိုက္ပဲ ဆင္းေျပးသြားတာ မနည္း ပါဘူး….. ၾကားဖူး သိဖူးေနတာ ရယ္ေၾကာင့္ မလႊဲသာလို႔ YBS (14) စီးေနရေပမဲ့ ကားလာတိုင္း တက္ခါနီးတိုင္း ညီမ လိုရမယ္ရ ကားနံပါတ္ၾကည့္ၿပီး မွတ္ၿပီး တတ္စီးေလ့ ရွိပါတယ္ …။

ကံဆိုးခ်င္ေတာ့ ဒီေန႔ ကားနံပါတ္လဲ မမွတ္မိပဲ မိနစ္ အနည္းငယ္ေနာက္ က်ေနတယ္ ဆိုၿပီး အေနာက္ေပါက္ ကေနပဲ တက္စီးပါတယ္ …။

(ဘာမွေတာ့ လုပ္လို႔ရမယ္ မထင္ေပမဲ့ CCTV ကို သြားၾကည့္ခ်င္ ရင္ေတာင္ ကားနံပါတ္ မမွတ္မိေတာ့ ဆိုးတာေပါ့) ျဖစ္ခ်င္ေတာ့ ဘယ္တုန္းကမွ ထည့္ေလ့ ထည့္ထ မရွိတဲ့ မွတ္ပံုတင္ရယ္ ATM Card ေတြရယ္ Bank စာအုပ္ေတြရယ္ ထည့္လာပါတယ္ …။( 5 ရက္ေန႔မွ လခထုတ္ ထာမို႔ တခါထဲ ထုတ္ဖို႔ ယူ လာျခင္းျဖစ္ပါတယ္)

ညီမ ပိုက္ဆံအိတ္က အလယ္အလတ္ ဆိုဒ္မို႔ စလြယ္ လြယ္ေလ့ ရွိတာေၾကာင့္ ေရွ႕ပို႔ထားၿပီး လက္တစ္ဖက္က ဖိကိုင္ထား ပါတယ္ ေနာက္တစ္ဖက္က တန္းကို ကိုင္ထားပါတယ္၊ ဆံပင္ကလဲ ခါးေက်ာ္ အရွည္ႀကီးကို စီးထားၿပီး ဂ်ိဳင္းၾကားနဲ႔ ညႇပ္ၿပီး ေရွ႕ပို႔ထား ပါတယ္….. ထမင္းခ်ိဳင့္နဲ႔ ထီးကေတာ့ ညီမရပ္ေနတဲ့ ခံုနားက ကေလးမေလး တစ္ေယာက္ ကိုင္ေပးထား ပါတယ္ …။

ကားက အရမ္း အၾကပ္ႀကီး မဟုတ္ေပမဲ့ မၾကပ္တစ္ၾကပ္ အေနအထား မ်ိဳးပါ ညီမ အနားမွာ သတိထားၾကည့္ေနသမၽွ ေယာက်္ား ႀကီးငယ္ ရပ္စီးေနတာ သတိထားမိ ပါတယ္ …။

ပိုၿပီး သတိထားမိ တာကေတာ့ ေက်ာက္ကုန္း အေက်ာ္ေလာက္မွာ ကားေပၚတက္လာတဲ့ မိန္းမက ခပ္၀၀ ညီမ ညာဘက္ေဘးမွာ ရပ္ပါတယ္ သူ႔ေယာက်္ား ကေတာ့ အသားညိဳညိဳ မ်က္မွန္နဲ႔ အရပ္မနိမ့္မျမင့္ အသက္ ၄၀ စြန္းစြန္းေလာက္ ရွိႏိုင္ပါတယ္ ညီမခႏၶာကိုယ္နဲ႔ အတင္းကပ္ၿပီး အေနာက္တည့္တည့္မွာ လာရပ္ပါတယ္ …။

အသက္ႀကီးၿပီး မထင္ရေလာက္တဲ့ လူႀကီးက အတင္းေတြ ၾကပ္သေယာင္နဲ႔ တိုးေနၿပီး ညီမ တင္ပါးနားကို ကပ္ၿပီး မထိတတိ လာလုပ္ေနသလို ျဖစ္မိတာေၾကာင့္ ရိပ္မိမိျခင္း ေအာက္ငံု႔ ၾကည့္တဲ့ အခါ ညီမ ေျခေထာက္ေနာက္မွာ သူ႔ေျခေထာက္မို႔ တက္နင္းၿပီး ဘယ္ဘက္အတင္း တိုးထြက္ ပါတယ္ (ဒီခ်ိန္ထိ မထိတတိ လာလုပ္ေနတာ ကလြဲရင္ ေဘာင္းဘီ ဖင္ခြဲခံရမွန္း ညီမ မသိေသးပါဘူး)

ညီမဆင္းရမဲ့ တစ္မွတ္တိုင္ အလိုမွာ ညီမ ဆင္းတဲ့အေပါက္၀နားကို ထမင္းခ်ိဳင့္ေတြေကာ ထီးေတြေကာ အ့လူႀကီးကို အတင္း ေက်ာ္ယူၿပီး အျမန္ ဆင္းပါတယ္ …။(ဆင္းတဲ့အထိ ေသခ်င္းဇိုးႀကီးက ညီမလွည့္အၾကည့္အထိ ညီမကို မ်က္စိ တစ္ဆံုး လိုက္ၾကည့္ပါတယ္)

ရုံးေရာက္တဲ့ အခါမွပဲ ရုံးက ညီမေလးေတြ အစ္မေတြ ေျပာေတာ့မွ “ဟယ္ အေနာက္မွာ ေဘာင္းဘီက ျပဲေနတာလား? ၊ အခြဲ ခံလိုက္ရၿပီလား?” ဆိုၿပီး ၀ိုင္းၾကည့္ေတာ့မွ အခြဲပါ ခံလိုက္ရမွန္း သိပါေတာ့တယ္ …။

ဒါေတာင္ ဆင္းရတဲ့ မွတ္တိုင္နဲ႔ ရုံးနဲ႔က မလွမ္းမကမ္းေလးမို႔…. ႏို႔မို႔ဆို ကိုယ္မသိေတာ့ အျခားသူေတြ ျမင္ရင္ ေတာ္ေတာ္ ရွက္စရာႀကီးရယ္ …။

ညီမ သူငယ္ခ်င္းကို ညီမ အျဖစ္အပ်က္ကို ေျပာျပေတာ့ ညီမသူငယ္ခ်င္းက အ့လူႀကီးနဲ႔ အ့မိန္းမ ပံုစံကို ညီမ မေျပာရေသးခင္

” သူတို႔ပံုစံကို ငါေျပာျပမယ္ လင္မယား ႏွစ္ေယာက္လား ဘာလား ထင္ရတဲ့ ေယာက်္ားက အသားညိဳညိဳ အရပ္မနိမ့္မျမင့္ မ်က္မွန္နဲ႔ ၊ မိန္းမက ခပ္၀၀ ” ညီမ ၾကံဳလာတဲ့ ထိုသူႏွစ္ေယာက္နဲ႔ ကြက္တိပါပဲ YBS (14)မွာ သူျဖစ္မလာခဲ့ ေပမဲ့ သတိထားမိေနတာ ေတြ႕တာ ႏွစ္ခါ သံုးခါ ရွိပါၿပီတဲ့ ထိုလူႀကီးက မသကၤာစရာ မိန္းကေလးေတြ ကိုပဲ သတိထားၿပီး အတင္း ေတြၾကည့္ပါတယ္ တဲ့ေလ …။

ဒါဆိုရင္ေတာ့ ခါးပိုက္ႏႈိက္လို႔ ရရင္ႏႈိက္ ၊ ႏႈိက္လို႔မရရင္ ဟိုလို မထိတစ္ထိေတြ လိုက္လုပ္ ၊ မရတဲ့အဆံုး ေဘာင္းဘီ ခြဲတယ္ပဲ ယူဆရ ေလာက္ပါတယ္ …။

ဒါေၾကာင့္မို႔ ညီမလို ညီမတို႔ရုံးက အစ္မေတြလို ထပ္ျဖစ္မွာ ထပ္ၾကံဳမွာ မလိုလားလို႔ ပို၍ ပို၍ သတိထားေစခ်င္ ပါတယ္ …။

ထိုလူႀကီးကိုလဲ ကိုယ္ျပဳသမၽွေတြရဲ႕ အက်ိဳးဆက္ကို ဘ၀ဆက္တိုင္း ဘ၀ဆက္တိုင္း ခံစားရပါေစလို႔ က်ိန္ဆိုရင္း ……🙏

ရုပ္သံ

Love အတိုအစေလးမ်ား , source Gue FB

Unicode

မိန်းကလေးများ အထူးသတိထားကြပါ YBS ပေါ်မှာဖင်ခွဲခံလိုက်ရတာတဲ့ (Video)

YBS 14 ပေါ်မှာ ဖင်ခွဲ ခံလိုက်ရတဲ့ ကောင်မလေး ရုပ်သံ

ဒီနေ့ ညီမ YBS (14) ပေါ်မှာ ဘောင်းဘီ ဖင်ခွဲ ခံလိုက် ရပါတယ် (ဖင်နေရာပဲ ရွေးခွဲ ခံရတာမို့ ဖင်ခွဲတယ်လို့ပဲ ရေးခြင်း ဖြစ်ပါတယ်…။)

ဘောင်းဘီ အရှည် ဝတ်ထားခြင်း ဖြစ်ပြီး ရုံး Uniform Sport Shirt ကို Jean ဘောင်းဘီရှည်ထဲ ထည့်ဝတ် တာ ဖြစ်ပါတယ် …။

ကြားဖူး မြင်ဖူး နေတာမို့ သတိနဲ့စီး သတိနဲ့ သွားပေမဲ့ ကိုယ်တွေ့ကြုံမှ ခံပြင်းသိနဲ့ သိပါတော့တယ် ။ ရုံးအပြန်ဆို Ferry စီးနေကျ ပေမဲ့…. ရုံးအသွားဆို ထမင်းချိုင့်မမီမှားစိုးပြီး Ferry မစီးပဲ YBS (14) ကို 8 နာရီလောက်ဆို စီးလေ့ ရှိပါတယ် …။

အစ်မတွေ ညီမတွေ အားလုံးကို ပို၍ ပို၍ သတိထားစေ ချင်လို့ ညီမ အရှက် အကွဲခံပြီး Sharing လုပ်ခြင်းပဲ ဖြစ်ပါတယ် …. ညီမလိုမျိုး ဘောင်းဘီအခွဲ ခံရတာ ညီမတို့ ရုံးမှာ ညီမ အပါအဝင် နဲ့ဆို လေးယောက်မြောက် ဖြစ်ပါတယ် …။

ညီမ ရုံးက အစ်မ သုံးယောက်လဲ ရှေ့ဆင့် နောက်ဆင့် အခွဲခံရတာ အစ်မ တယောက်ဆို အထဲက အတွင်းခံ ဘောင်းဘီထိ ပြဲပါတယ် (အသားမထိသွားတာပဲ တော်လှပြီ ပြောရမဲ့ ပုံပါ)

ဒီနေရာမှာ ညီမ ပြောချင်တာက ကိုယ့်အနားမှာ ကပ်စီးတဲ့ ယောကျ်ားမှန်သမျှ ငယ်ငယ် ကြီးကြီး သတိထား ပါလို့ပဲ ပြောပါရစေနော် ….။

ညီမ မနက် ရုံးသွားလို့ YBS (14) စီးတိုင်း ခါးပိုက်နှိုက် နှိုက်သွားလို့ ဆိုပြီး ပြောကြ မြင်ရတာရယ် ၊ ဆံပင်အရှည်ကြီးကို အနောက်ကနေ ဖြတ်သွားလို့ဆိုပြီး ပြောကြ မြင်ရတာရယ် မနည်းပါဘူး …။

နှိုက်တဲ့လူ ၊ ဖြတ်တဲ့လူ လို့ သတိထားလိုက် မိတဲ့ အချိန်တိုင်း မမိလိုက်ပဲ ဆင်းပြေးသွားတာ မနည်း ပါဘူး….. ကြားဖူး သိဖူးနေတာ ရယ်ကြောင့် မလွှဲသာလို့ YBS (14) စီးနေရပေမဲ့ ကားလာတိုင်း တက်ခါနီးတိုင်း ညီမ လိုရမယ်ရ ကားနံပါတ်ကြည့်ပြီး မှတ်ပြီး တတ်စီးလေ့ ရှိပါတယ် …။

ကံဆိုးချင်တော့ ဒီနေ့ ကားနံပါတ်လဲ မမှတ်မိပဲ မိနစ် အနည်းငယ်နောက် ကျနေတယ် ဆိုပြီး အနောက်ပေါက် ကနေပဲ တက်စီးပါတယ် …။

(ဘာမှတော့ လုပ်လို့ရမယ် မထင်ပေမဲ့ CCTV ကို သွားကြည့်ချင် ရင်တောင် ကားနံပါတ် မမှတ်မိတော့ ဆိုးတာပေါ့) ဖြစ်ချင်တော့ ဘယ်တုန်းကမှ ထည့်လေ့ ထည့်ထ မရှိတဲ့ မှတ်ပုံတင်ရယ် ATM Card တွေရယ် Bank စာအုပ်တွေရယ် ထည့်လာပါတယ် …။( 5 ရက်နေ့မှ လခထုတ် ထာမို့ တခါထဲ ထုတ်ဖို့ ယူ လာခြင်းဖြစ်ပါတယ်)

ညီမ ပိုက်ဆံအိတ်က အလယ်အလတ် ဆိုဒ်မို့ စလွယ် လွယ်လေ့ ရှိတာကြောင့် ရှေ့ပို့ထားပြီး လက်တစ်ဖက်က ဖိကိုင်ထား ပါတယ် နောက်တစ်ဖက်က တန်းကို ကိုင်ထားပါတယ်၊ ဆံပင်ကလဲ ခါးကျော် အရှည်ကြီးကို စီးထားပြီး ဂျိုင်းကြားနဲ့ ညှပ်ပြီး ရှေ့ပို့ထား ပါတယ်….. ထမင်းချိုင့်နဲ့ ထီးကတော့ ညီမရပ်နေတဲ့ ခုံနားက ကလေးမလေး တစ်ယောက် ကိုင်ပေးထား ပါတယ် …။

ကားက အရမ်း အကြပ်ကြီး မဟုတ်ပေမဲ့ မကြပ်တစ်ကြပ် အနေအထား မျိုးပါ ညီမ အနားမှာ သတိထားကြည့်နေသမျှ ယောကျ်ား ကြီးငယ် ရပ်စီးနေတာ သတိထားမိ ပါတယ် …။

ပိုပြီး သတိထားမိ တာကတော့ ကျောက်ကုန်း အကျော်လောက်မှာ ကားပေါ်တက်လာတဲ့ မိန်းမက ခပ်ဝ၀ ညီမ ညာဘက်ဘေးမှာ ရပ်ပါတယ် သူ့ယောကျ်ား ကတော့ အသားညိုညို မျက်မှန်နဲ့ အရပ်မနိမ့်မမြင့် အသက် ၄၀ စွန်းစွန်းလောက် ရှိနိုင်ပါတယ် ညီမခန္ဓာကိုယ်နဲ့ အတင်းကပ်ပြီး အနောက်တည့်တည့်မှာ လာရပ်ပါတယ် …။

အသက်ကြီးပြီး မထင်ရလောက်တဲ့ လူကြီးက အတင်းတွေ ကြပ်သယောင်နဲ့ တိုးနေပြီး ညီမ တင်ပါးနားကို ကပ်ပြီး မထိတတိ လာလုပ်နေသလို ဖြစ်မိတာကြောင့် ရိပ်မိမိခြင်း အောက်ငုံ့ ကြည့်တဲ့ အခါ ညီမ ခြေထောက်နောက်မှာ သူ့ခြေထောက်မို့ တက်နင်းပြီး ဘယ်ဘက်အတင်း တိုးထွက် ပါတယ် (ဒီချိန်ထိ မထိတတိ လာလုပ်နေတာ ကလွဲရင် ဘောင်းဘီ ဖင်ခွဲခံရမှန်း ညီမ မသိသေးပါဘူး)

ညီမဆင်းရမဲ့ တစ်မှတ်တိုင် အလိုမှာ ညီမ ဆင်းတဲ့အပေါက်ဝနားကို ထမင်းချိုင့်တွေကော ထီးတွေကော အ့လူကြီးကို အတင်း ကျော်ယူပြီး အမြန် ဆင်းပါတယ် …။(ဆင်းတဲ့အထိ သေချင်းဇိုးကြီးက ညီမလှည့်အကြည့်အထိ ညီမကို မျက်စိ တစ်ဆုံး လိုက်ကြည့်ပါတယ်)

ရုံးရောက်တဲ့ အခါမှပဲ ရုံးက ညီမလေးတွေ အစ်မတွေ ပြောတော့မှ “ဟယ် အနောက်မှာ ဘောင်းဘီက ပြဲနေတာလား? ၊ အခွဲ ခံလိုက်ရပြီလား?” ဆိုပြီး ၀ိုင်းကြည့်တော့မှ အခွဲပါ ခံလိုက်ရမှန်း သိပါတော့တယ် …။

ဒါတောင် ဆင်းရတဲ့ မှတ်တိုင်နဲ့ ရုံးနဲ့က မလှမ်းမကမ်းလေးမို့…. နို့မို့ဆို ကိုယ်မသိတော့ အခြားသူတွေ မြင်ရင် တော်တော် ရှက်စရာကြီးရယ် …။

ညီမ သူငယ်ချင်းကို ညီမ အဖြစ်အပျက်ကို ပြောပြတော့ ညီမသူငယ်ချင်းက အ့လူကြီးနဲ့ အ့မိန်းမ ပုံစံကို ညီမ မပြောရသေးခင်

” သူတို့ပုံစံကို ငါပြောပြမယ် လင်မယား နှစ်ယောက်လား ဘာလား ထင်ရတဲ့ ယောကျ်ားက အသားညိုညို အရပ်မနိမ့်မမြင့် မျက်မှန်နဲ့ ၊ မိန်းမက ခပ်ဝ၀ ” ညီမ ကြုံလာတဲ့ ထိုသူနှစ်ယောက်နဲ့ ကွက်တိပါပဲ YBS (14)မှာ သူဖြစ်မလာခဲ့ ပေမဲ့ သတိထားမိနေတာ တွေ့တာ နှစ်ခါ သုံးခါ ရှိပါပြီတဲ့ ထိုလူကြီးက မသင်္ကာစရာ မိန်းကလေးတွေ ကိုပဲ သတိထားပြီး အတင်း တွေကြည့်ပါတယ် တဲ့လေ …။

ဒါဆိုရင်တော့ ခါးပိုက်နှိုက်လို့ ရရင်နှိုက် ၊ နှိုက်လို့မရရင် ဟိုလို မထိတစ်ထိတွေ လိုက်လုပ် ၊ မရတဲ့အဆုံး ဘောင်းဘီ ခွဲတယ်ပဲ ယူဆရ လောက်ပါတယ် …။

ဒါကြောင့်မို့ ညီမလို ညီမတို့ရုံးက အစ်မတွေလို ထပ်ဖြစ်မှာ ထပ်ကြုံမှာ မလိုလားလို့ ပို၍ ပို၍ သတိထားစေချင် ပါတယ် …။

ထိုလူကြီးကိုလဲ ကိုယ်ပြုသမျှတွေရဲ့ အကျိုးဆက်ကို ဘဝဆက်တိုင်း ဘဝဆက်တိုင်း ခံစားရပါစေလို့ ကျိန်ဆိုရင်း ……🙏

ရုပ်သံ

Love အတိုအစလေးများ , source Gue FB