ဈေးတွေမှာလည်း တရုံးရုံး.. တအုံးအုံး …။
လေးစားစွာဖြင့် #ပေသီး
Unicode
ဆေးရုံကဆရာဝန်ဆရာမတွေ အံ့ဩတုန်လှုပ်နေကြပီ မတားတော့ဘူးလား…
ဆေးရုံကဆရာဝန်ဆရာမတွေ အံ့ဩတုန်လှုပ်နေကြပါပြီ မတားတော့ဘူးလား
ညီငယ်ဆရာဝန်တစ်ဦးကဒီလို ထင်မြင်ချက် ပေးလာပါတယ် ….။
ဆေးရုံတွေ မျက်ခုံးလှုပ် နေပီတဲ့ …။😢😢
မီတာရုံးမှာ လူအုပ်စုကြီး မီတာဆောင်ဖို့ တန်းစီကြတယ်။ တစ်ပေတောင် မခြားဘူး …။
စျေးတွေမှာလည်း တရုံးရုံး.. တအုံးအုံး …။
ဘဏ်တွေမှာလည်း တိုးကြိတ်.. စိုးစိတ် …။
ပင်စင် လာထုတ်တဲ့ သက်ကြီးရွယ်အိုတွေကလည်း မနည်း …။
စက်ရုံ အဝင်ဝတွေမှာလည်း ရုံးစု.. ရုံးစုနဲ့ …။
ပလက်ဖောင်းတွေမှာလည်း ပခုံးချင်း တိုက်လုမတတ် …။
စတိုးဆိုင်တွေ ထဲမှာလည်း ဖင်ချင်းပေါက်လို့ …။
နယ်မြို့တွေ ကြည့်ပြန်တော့ လမ်းတွေပေါ် ဆိုင်ကယ်တွေ တဝေါဝေါ …။
ကွမ်းယာဆိုင်တွေမှာလည်း တဟီးဟီး.. တဟားဟား Masks တွေ မေးချိတ်လို့ …။
ပိုက်ဆံ စက္ကူတွေကလည်း ဟိုလူ့ဆီ ကနေ ဒီလူ့ လက်ထဲရောက် …။
ဆေးရုံတွေကတော့ မျက်ခုံး လှုပ်နေပီ …။
(ဒေါက်တာ တေဇကျော် … မေမြို့)
အစိုးရအနေနဲ့ စိစစ်ကြပ်မတ်သင့်နေပါပီနော် …။
တိကျသေချာတဲ့ ထုတ်ပြန်ချက်တွေလဲ လုပ်သင့်နေသလို ၊ လုပ်ရမယ့်အချိန် ရောက်နေပါပီ …။
ဟိုလိုလို ဒီလိုလိုနဲ့ မတိကျ မပြတ်သားတဲ့ ကြေညာချက်တွေထုတ်ပြန်လေ အကုန်ပြည်သူတွေ တိုင်ပါတ်လေ ဖြစ်တော့မှာပါ …။
အလုပ်ကတစ်မျိုး ရောဂါကတစ်မျိုးနဲ့ အကုန်ဒုက္ခရောက်နေကြပါပီ …။
ဆေးရုံမှာ ရှေ့တန်းကနေ တိုက်ပွဲဝင်နေတဲ့ ဆရာဝန် ဆရာမတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သနားတယ်ဆိုရင်
အခုလိုမျိုး လူစုလူဝေးတွေမဖြစ်အောင် သေသေချာချာ နဲ့ ကြတ်မတ်ဆောင်ရွက်သင့်နေပါပီလို့ ကျနော်ရဲ့အမြင်လေး တင်ပြပါရစေ …။ ။
လေးစားစွာဖြင့် #ပေသီး