အမ်ိဳးသမီးေတြ အမွတ္တမဲ့ လုပ္မိေနတဲ့ အႏၲရာယ္ရွိတဲ့ အရာမ်ား

အမ်ိဳးသမီးေတြ အမွတ္တမဲ့ လုပ္မိေနတဲ့ အႏၲရာယ္ရွိတဲ့ အရာမ်ား

(1) မိန္းမကိုယ္ကို ဆပ္ျပာျဖင့္ ေဆးေၾကာျခင္း

လုံးဝ ဆပ္ျပာကို မသုံးသင့္ပါဘူး။ ေရသီးသန႔္နဲ႔ ေဆးရင္ လုံေလာက္ပါျပီ။ ဆပ္ျပာမွာ ပါဝင္တဲ့ ဓါတ္ေတြက ျပင္းတာေၾကာင့္ မိန္းမကိုယ္ က်န္းမာေရးအတြက္ မလိုလားအပ္တာေတြ ျဖစ္လာနိုင္ပါတယ္။ အထူးသျဖင့္ အေမႊးနံ႔ပါတဲ့ ဆပ္ျပာမ်ိဳးေတြ လုံး၀မသုံးသင့္ပါဘူး …။

အမ်ိဳးသမီး အဂၤါကို ေဆးေၾကာဖို႔ အတြက္ ေရတစ္ခုတည္းနဲ႔တင္ လုံေလာက္မွု ရွိပါတယ္။ မိန္းမကိုယ္ သန႔္စင္ရည္ေတြကို အသုံးျပဳမယ္ ဆိုရင္လည္း မနက္တစ္ႀကိမ္ ၊ ညတစ္ႀကိမ္သာ သုံးေပးပါ …။

(2) လစဥ္သုံး ပစၥည္းကို မလဲဘဲ တစ္ေန႔လုံး သုံးျခင္း

အမ်ိဳးသမီးမ်ား ဓမၼတာလခ်ိန္တြင္ သုံးတဲ့ လစဥ္သုံးပစၥည္းေတြဟာ အၾကာႀကီး မထားသင့္ပါဘူး။ အနည္းဆုံး ၅နာရီျခား တစ္ခါ လဲဖယ္ေပးသင့္ပါတယ္။ ဓမၼတာလာခ်ိန္မွာ မ်ားစြာေသာ ဘက္တီးရီးယား ပိုးမႊားေတြနဲ႔ ပိုးမႊားကူးစက္မွုေတြ ျဖစ္ေန ႏိုင္ပါတယ္ …။

ဒီလို လစဥ္သုံးပစၥည္းတစ္ခုကို မလဲဖယ္ဘဲ တစ္ေန႔လုံး ခံထားမယ္ဆိုရင္ မိန္းမကိုယ္အတြက္ ထိခိုက္နိုင္ပါတယ္။ သင္ဟာ ရာသီေသြးဆင္းမွု နည္းတတ္ရင္ေတာင္ လဲဖယ္ေပးသင့္ပါတယ္။ မႏွေမ်ာပါႏွင့္ …။

(3) ဘရာဝတ္ၿပီး အိပ္ျခင္း

ဘရာဇီယာ ဝတ္ဆင္ပီး အိပ္ထားျခင္းက အႏၲရာယ္ မ်ားပါတယ္။ သင့္ရဲ့ရင္သား တစ္သၽွဴးေတြကို ထိခိုက္နိုင္ၿပီး ေသြးလည္ပတ္မႈ အေႏွာင့္အယွက္ ျဖစ္ေစနိုင္ပါတယ္ …။

ဒါ့အျပင္ ရင္သား နာၾကင္မွုေတြ ႏွင့္ တင္းက်ပ္လြန္းတဲ့ ဘရာေတြက ရင္သား ကင္ဆာအထိ ျဖစ္နိုင္ပါတယ္ ။ ဒါ့ေၾကာင့္ အိပ္ေနစဥ္မွာ ဘရာခၽြတ္ပီး အိပ္စက္ၾကဖို႔ အႀကံျပဳ တိုက္တြန္းလိုက္ပါတယ္ …။

(4) ဘရာကို တစ္ခါ ဝတ္ၿပီး တစ္ခါေလၽွာ္ျခင္း

သင္ဟာ ဘရာဇီယာကို တစ္ခါဝတ္ပီးတိုင္း ေလၽွာ္တတ္သူလား။ ဒါဆိုရင္ေတာ့ သင့္ရဲ႕ဘရာဟာ ေစာေစာစီးစီး ပ်က္စီးပါလိမ့္မယ္။ အခုေျပာမယ့္ အေၾကာင္းအရာကို လုံးဝ ယုံၾကည္လိုက္ပါ …။

ဘရာတစ္ထည္ကို ၃ခါ ဝတ္ၿပီးမွ ေလၽွာ္တာ အေကာင္းဆုံးပါပဲ။ မၾကာခဏ ေလၽွာ္ေနရင္ သင့္ရဲ႕ဘရာ ပုံပန္းသ႑န္ဟာ ပ်က္ယြင္းၿပီး သင့္ရဲ႕ ရင္သားအလွကို ထိခိုက္လာေစနိုင္ပါတယ္ …။

(5) ေႏြရာသီမွာ ဘရာအမဲေရာင္ ဝတ္ဆင္ျခင္း

အေၾကာင္းျပခ်က္ ကေတာ့ ရိုးရွင္းပါတယ္။ အမဲေရာင္ ဘရာဇီယာကို ပူတဲ့ရာသီမွာ ဝတ္ဆင္ျခင္းက သင့္ကို ပိုပီး ပူေလာင္ေစနိုင္ပါတယ္။ ဒါ့ေၾကာင့္ အျဖဴေရာင္ (သို႔) အျခားေသာ အေရာင္ေဖ်ာ့၊ ပန္းပြင့္ ဘရာေတြကို ဝတ္ဆင္ေပးတာက ပိုပီး ေကာင္းပါတယ္ …။

(6) ေအာက္ခံ သံကြင္း (or) ဝါယာပါတဲ့ ဘရာမ်ား ဝတ္ဆင္ျခင္း

အမ်ိဳးသမီး အမ်ားစုဟာ ေအာက္ခံသံကြင္း ပါတဲ့ ဘရာေတြကို ဝတ္ရတာ ပိုၿပီး ႏွစ္သက္ သေဘာက် ၾကပါတယ္။ ဒီလို ဘရာေတြဟာ ဝတ္ဆင္လၽွင္ ပိုၿပီး ပုံက် လွပေပမယ့္ က်န္းမာေရး ရွုေထာင့္ အရေတာ့ မေကာင္းမြန္ပါဘူး …။

မၾကာခဏ ဝတ္ဆင္မယ္ ဆိုရင္ေတာ့ အေရျပား ယားယံျခင္း၊ နာၾကင္ျခင္း၊ ေသြးလွည့္ပတ္မွု မေကာင္းျခင္း၊ ရင္သားမွာ မွိုျဖစ္ျခင္း စသည္တို႔ ျဖစ္တတ္ပါတယ္။ ေန႔စဥ္ ဝတ္တတ္တဲ့ အက်င့္ကို ေရွာင္ၾကဥ္ၿပီး သင့္ရင္သားကို ေကာင္းမြန္စြာ အသက္ရႈ႕ခြင့္ ေပးလိုက္ပါ …။

(7) ခ်ိဳင္းလိမ္းဆီ သုံးျခင္း

ခ်ိဳင္းလိမ္းဆီ သုံးစြဲမွုမ်ားျခင္းက ရင္သား ကင္ဆာအထိ ျဖစ္နိုင္ပါတယ္။ ခ်ိဳင္းလိမ္းဆီေတြဟာ အႏၲရာယ္မ်ားတဲ့ ဓာတု အဆိပ္အေတာက္ ေတြနဲ႔ ျပဳလုပ္ထားတာေၾကာင့္ အေရျပားေပၚ တိုက္ရိုက္ ထိေတြ႕လိုက္လၽွင္ သင့္ရဲ့ေသြးတြင္းမွာ အဆိပ္အေတာက္ေတြ ျဖစ္ေပၚလာႏိုင္ပါတယ္ …။

ဒါေ့ၾကာင့္ လိမ္းမယ္ ဆိုရင္ အဝတ္အစားဝတ္ၿပီးမွ အျပင္ဘက္ လိမ္းပါ ။ ဘယ္ေလာက္ပဲ အႏၲရာယ္မရွိပါဘူး ဆိုဆို အဝတ္အစား ဝတ္ၿပီးမွသာ အျပင္ဘက္ အသုံးျပဳေပးပါ …။

(8) ေနပူထဲသို႔ အကာအကြယ္မဲ့ ထြက္ျခင္း

အမ်ားအားျဖင့္ ေနပူထဲ ထြက္တဲ့အခါ ေခါင္းနဲ႔ လက္ေတြကို ေနမထိေအာင္ ဖုံးအုပ္ထား တတ္ၾကပါတယ္။ သို႔ေသာ္လည္း ခရမ္းလြန္ ေရာင္ျခည္ဟာ အေရျပားကို ေလာင္ကၽြမ္းၿပီး အေရျပားကင္ဆာအထိ ျဖစ္လာနိုင္ပါတယ္ …။

ဒါ့ေၾကာင့္ ေနပူထဲ ထြက္တဲ့အခါမွာ sunscreen လိမ္းပါ။ ခႏၶာကိုယ္အႏွံ့ ေနေရာင္ မထိေအာင္ အတတ္နိုင္ဆုံး ဖုံးအုပ္ထားေပးပါ …။

အထက္ပါ အက်င့္ဆိုးေတြ ၊အျပဳအမူေတြကို မလုပ္မိၾကေစဖို႔ အမွန္တကယ္ ေမၽွာ္လင့္ပါတယ္ ။ လုပ္မိေနသူမ်ား အေနျဖင့္လည္း မေကာင္းမွန္း သိသြားလို႔ ဆင္ျခင္နိုင္ၾကမယ္ ထင္ပါတယ္ေနာ္ …။ ။

Credit: ေဒါက္တာသုတ

Unicode

အမျိုးသမီးတွေ အမှတ်တမဲ့ လုပ်မိနေတဲ့ အန္တရာယ်ရှိတဲ့ အရာများ

(1) မိန်းမကိုယ်ကို ဆပ်ပြာဖြင့် ဆေးကြောခြင်း

လုံးဝ ဆပ်ပြာကို မသုံးသင့်ပါဘူး။ ရေသီးသန့်နဲ့ ဆေးရင် လုံလောက်ပါပြီ။ ဆပ်ပြာမှာ ပါဝင်တဲ့ ဓါတ်တွေက ပြင်းတာကြောင့် မိန်းမကိုယ် ကျန်းမာရေးအတွက် မလိုလားအပ်တာတွေ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် အမွှေးနံ့ပါတဲ့ ဆပ်ပြာမျိုးတွေ လုံးဝမသုံးသင့်ပါဘူး …။

အမျိုးသမီး အင်္ဂါကို ဆေးကြောဖို့ အတွက် ရေတစ်ခုတည်းနဲ့တင် လုံလောက်မှု ရှိပါတယ်။ မိန်းမကိုယ် သန့်စင်ရည်တွေကို အသုံးပြုမယ် ဆိုရင်လည်း မနက်တစ်ကြိမ် ၊ ညတစ်ကြိမ်သာ သုံးပေးပါ …။

(2) လစဉ်သုံး ပစ္စည်းကို မလဲဘဲ တစ်နေ့လုံး သုံးခြင်း

အမျိုးသမီးများ ဓမ္မတာလချိန်တွင် သုံးတဲ့ လစဉ်သုံးပစ္စည်းတွေဟာ အကြာကြီး မထားသင့်ပါဘူး။ အနည်းဆုံး ၅နာရီခြား တစ်ခါ လဲဖယ်ပေးသင့်ပါတယ်။ ဓမ္မတာလာချိန်မှာ များစွာသော ဘက်တီးရီးယား ပိုးမွှားတွေနဲ့ ပိုးမွှားကူးစက်မှုတွေ ဖြစ်နေ နိုင်ပါတယ် …။

ဒီလို လစဉ်သုံးပစ္စည်းတစ်ခုကို မလဲဖယ်ဘဲ တစ်နေ့လုံး ခံထားမယ်ဆိုရင် မိန်းမကိုယ်အတွက် ထိခိုက်နိုင်ပါတယ်။ သင်ဟာ ရာသီသွေးဆင်းမှု နည်းတတ်ရင်တောင် လဲဖယ်ပေးသင့်ပါတယ်။ မနှမျောပါနှင့် …။

(3) ဘရာဝတ်ပြီး အိပ်ခြင်း

ဘရာဇီယာ ဝတ်ဆင်ပီး အိပ်ထားခြင်းက အန္တရာယ် များပါတယ်။ သင့်ရဲ့ရင်သား တစ်သျှူးတွေကို ထိခိုက်နိုင်ပြီး သွေးလည်ပတ်မှု အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ် …။

ဒါ့အပြင် ရင်သား နာကြင်မှုတွေ နှင့် တင်းကျပ်လွန်းတဲ့ ဘရာတွေက ရင်သား ကင်ဆာအထိ ဖြစ်နိုင်ပါတယ် ။ ဒါ့ကြောင့် အိပ်နေစဉ်မှာ ဘရာချွတ်ပီး အိပ်စက်ကြဖို့ အကြံပြု တိုက်တွန်းလိုက်ပါတယ် …။

(4) ဘရာကို တစ်ခါ ဝတ်ပြီး တစ်ခါလျှော်ခြင်း

သင်ဟာ ဘရာဇီယာကို တစ်ခါဝတ်ပီးတိုင်း လျှော်တတ်သူလား။ ဒါဆိုရင်တော့ သင့်ရဲ့ဘရာဟာ စောစောစီးစီး ပျက်စီးပါလိမ့်မယ်။ အခုပြောမယ့် အကြောင်းအရာကို လုံးဝ ယုံကြည်လိုက်ပါ …။

ဘရာတစ်ထည်ကို ၃ခါ ဝတ်ပြီးမှ လျှော်တာ အကောင်းဆုံးပါပဲ။ မကြာခဏ လျှော်နေရင် သင့်ရဲ့ဘရာ ပုံပန်းသဏ္ဍန်ဟာ ပျက်ယွင်းပြီး သင့်ရဲ့ ရင်သားအလှကို ထိခိုက်လာစေနိုင်ပါတယ် …။

(5) နွေရာသီမှာ ဘရာအမဲရောင် ဝတ်ဆင်ခြင်း

အကြောင်းပြချက် ကတော့ ရိုးရှင်းပါတယ်။ အမဲရောင် ဘရာဇီယာကို ပူတဲ့ရာသီမှာ ဝတ်ဆင်ခြင်းက သင့်ကို ပိုပီး ပူလောင်စေနိုင်ပါတယ်။ ဒါ့ကြောင့် အဖြူရောင် (သို့) အခြားသော အရောင်ဖျော့၊ ပန်းပွင့် ဘရာတွေကို ဝတ်ဆင်ပေးတာက ပိုပီး ကောင်းပါတယ် …။

(6) အောက်ခံ သံကွင်း (or) ဝါယာပါတဲ့ ဘရာများ ဝတ်ဆင်ခြင်း

အမျိုးသမီး အများစုဟာ အောက်ခံသံကွင်း ပါတဲ့ ဘရာတွေကို ဝတ်ရတာ ပိုပြီး နှစ်သက် သဘောကျ ကြပါတယ်။ ဒီလို ဘရာတွေဟာ ဝတ်ဆင်လျှင် ပိုပြီး ပုံကျ လှပပေမယ့် ကျန်းမာရေး ရှုထောင့် အရတော့ မကောင်းမွန်ပါဘူး …။

မကြာခဏ ဝတ်ဆင်မယ် ဆိုရင်တော့ အရေပြား ယားယံခြင်း၊ နာကြင်ခြင်း၊ သွေးလှည့်ပတ်မှု မကောင်းခြင်း၊ ရင်သားမှာ မှိုဖြစ်ခြင်း စသည်တို့ ဖြစ်တတ်ပါတယ်။ နေ့စဉ် ဝတ်တတ်တဲ့ အကျင့်ကို ရှောင်ကြဉ်ပြီး သင့်ရင်သားကို ကောင်းမွန်စွာ အသက်ရှု့ခွင့် ပေးလိုက်ပါ …။

(7) ချိုင်းလိမ်းဆီ သုံးခြင်း

ချိုင်းလိမ်းဆီ သုံးစွဲမှုများခြင်းက ရင်သား ကင်ဆာအထိ ဖြစ်နိုင်ပါတယ်။ ချိုင်းလိမ်းဆီတွေဟာ အန္တရာယ်များတဲ့ ဓာတု အဆိပ်အတောက် တွေနဲ့ ပြုလုပ်ထားတာကြောင့် အရေပြားပေါ် တိုက်ရိုက် ထိတွေ့လိုက်လျှင် သင့်ရဲ့သွေးတွင်းမှာ အဆိပ်အတောက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ် …။

ဒါေ့ကြာင့် လိမ်းမယ် ဆိုရင် အဝတ်အစားဝတ်ပြီးမှ အပြင်ဘက် လိမ်းပါ ။ ဘယ်လောက်ပဲ အန္တရာယ်မရှိပါဘူး ဆိုဆို အဝတ်အစား ဝတ်ပြီးမှသာ အပြင်ဘက် အသုံးပြုပေးပါ …။

(8) နေပူထဲသို့ အကာအကွယ်မဲ့ ထွက်ခြင်း

အများအားဖြင့် နေပူထဲ ထွက်တဲ့အခါ ခေါင်းနဲ့ လက်တွေကို နေမထိအောင် ဖုံးအုပ်ထား တတ်ကြပါတယ်။ သို့သော်လည်း ခရမ်းလွန် ရောင်ခြည်ဟာ အရေပြားကို လောင်ကျွမ်းပြီး အရေပြားကင်ဆာအထိ ဖြစ်လာနိုင်ပါတယ် …။

ဒါ့ကြောင့် နေပူထဲ ထွက်တဲ့အခါမှာ sunscreen လိမ်းပါ။ ခန္ဓာကိုယ်အနှံ့ နေရောင် မထိအောင် အတတ်နိုင်ဆုံး ဖုံးအုပ်ထားပေးပါ …။

အထက်ပါ အကျင့်ဆိုးတွေ ၊အပြုအမူတွေကို မလုပ်မိကြစေဖို့ အမှန်တကယ် မျှော်လင့်ပါတယ် ။ လုပ်မိနေသူများ အနေဖြင့်လည်း မကောင်းမှန်း သိသွားလို့ ဆင်ခြင်နိုင်ကြမယ် ထင်ပါတယ်နော် …။ ။

Credit: ဒေါက်တာသုတ