တစ္မိနစ္အတြင္း အိပ္ေပ်ာ္ေစမယ့္ နည္းလမ္း

တစ္မိနစ္အတြင္း အိပ္ေပ်ာ္ေစမယ့္ နည္းလမ္း

စိတ္ဖိစီးမႈေတြ မ်ားေနတယ္ ဆိုရင္၊ စိုးရိမ္စိတ္ေတြ မ်ားေနတယ္ဆိုရင္ အိပ္ေပ်ာ္ဖို႔ မလြယ္ေတာ့ပါဘူး။ အိပ္ေပ်ာ္ဖို႔ ဆိုရင္ စိတ္ကို ၿငိမ္ၿငိမ္ထားဖို႔ လိုအပ္လာပါၿပီ။ တစ္မိနစ္အတြင္း အိပ္ေပ်ာ္ေစမယ့္ နည္းလမ္းကို 4-7-8 နည္းလမ္းလို႔ ေခၚပါတယ္ …။

1. ေလကို 4 စကၠန႔္ၾကာေအာင္ ရွဴသြင္းပါ …။

2.7 စကၠန႔္ၾကာေအာင္ အသက္ေအာင့္ ထားပါ …။

3.8 စကၠန႔္ၾကာေအာင္ ေလကို ျဖည္းျဖည္းခ်င္း ရွဴထုတ္ပါ …။

ဒီနည္းလမ္းက ႐ိုးစင္းေပမယ့္ အလုပ္ ျဖစ္ပါတယ္။ စိတ္ပူပန္မႈေတြမ်ားလာရင္ ေသြးထဲမွာ အဒရီနလင္းေဟာ္မုန္းေတြ ျမင့္လာပါတယ္။ အဲဒီအခါ အသက္ရွဴႏႈန္းေတြလည္း ျမန္လာပါတယ္။ 4-7-8 နည္းလမ္းက စိတ္ၿငိမ္ေဆး တစ္မ်ိဳးပါပဲ …။

အသက္ကို မွန္မွန္ရွဴသြင္း၊ ရွဴထုတ္ျခင္းက ႏွလုံးခုန္ႏႈန္း ျမန္တာကို ေႏွးသြားေစၿပီး စိတ္ကို ျမန္ျမန္ တည္ၿငိမ္ေစပါတယ္။ အသက္ရွဴျခင္းကိုသာ အာ႐ုံစိုက္ ရတဲ့အတြက္ စိတ္က မပ်ံ႕လြင့္ေတာ့ပါဘူး …။

အဲဒီအခ်ိန္မွာ အာ႐ုံေၾကာ အဖြဲ႕အစည္းမွာ စိုးရိမ္မႈေတြ ၊စိတ္ဖိစီးမႈေတြကို တျဖည္းျဖည္း ေလွ်ာ့ခ်ေပး သြားပါတယ္။ အသက္ မွန္မွန္ရွဴျခင္းက ခႏၶာကိုယ္ တစ္ခုလုံးကို တည္ၿငိမ္သြားေစပါတယ္။ 4-7-8 နည္းလမ္းကို Harvard တကၠသိုလ္ရဲ႕ Dr.Andrew Weil က ရာစုႏွစ္ မ်ားစြာၾကာၿပီျဖစ္တဲ့ အိႏၵိယေယာဂ ပညာကေန ေတြ႕ရွိခဲ့ၿပီး သုေတသနျပဳခဲ့ ၾကပါတယ္ …။

အိႏၵိယေတြက အသက္ရွဴေလ့က်င့္ခန္းကို တရားထိုင္ေနစဥ္မွာ စိတ္ၿငိမ္ဖို႔ ျပဳလုပ္ၾကပါတယ္။ ညပိုင္းမွာ ႏိုးလာခဲ့ရင္လည္း 4-7-8 အသက္ရွဴေလ့က်င့္ခန္းကို လုပ္ေပးရင္ ျပန္ၿပီး အိပ္ေပ်ာ္ေစပါတယ္ …။

ၿပိဳင္ပြဲတစ္ခုခု ဒါမွမဟုတ္ အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်ေတာ့မယ္ ဆိုရင္လည္း 4-7-8 နည္းလမ္းက အသုံးဝင္ပါတယ္ေနာ္ …။

(ပိုၿပီးထိေရာက္ေစေသာ နည္းလမ္း..)

ညဖက္မွာ ေကာင္းေကာင္း အိပ္စက္ အနားယူဖို႔ဆိုရင္…..

-ပ်ားရည္ 30 ဂရမ္

-ဆား 20 ဂရမ္

-အုန္းဆီ စားပြဲတင္ဇြန္း တစ္ဇြန္း

တို႔ကို ေရာၿပီး ေသာက္လိုက္႐ုံပါပဲ။ ေရတစ္ဖန္ခြက္နဲ႔ ေရာၿပီး ေသာက္လို႔ ရပါတယ္။ အာနိသင္က အတူတူပါပဲ။ ပါဝင္ပစၥည္းေတြက က်န္းမာေရးအတြက္ ေကာင္းမြန္ေစ႐ုံမက ညဖက္မွာလည္း ေကာင္းေကာင္း အိပ္ေပ်ာ္ေစပါတယ္ေနာ္ ….။

Zombie(Loveအတိုအစေလးမ်ား)

Unicode

တစ်မိနစ်အတွင်း အိပ်ပျော်စေမယ့် နည်းလမ်း

စိတ်ဖိစီးမှုတွေ များနေတယ် ဆိုရင်၊ စိုးရိမ်စိတ်တွေ များနေတယ်ဆိုရင် အိပ်ပျော်ဖို့ မလွယ်တော့ပါဘူး။ အိပ်ပျော်ဖို့ ဆိုရင် စိတ်ကို ငြိမ်ငြိမ်ထားဖို့ လိုအပ်လာပါပြီ။ တစ်မိနစ်အတွင်း အိပ်ပျော်စေမယ့် နည်းလမ်းကို 4-7-8 နည်းလမ်းလို့ ခေါ်ပါတယ် …။

1. လေကို 4 စက္ကန့်ကြာအောင် ရှူသွင်းပါ …။

2.7 စက္ကန့်ကြာအောင် အသက်အောင့် ထားပါ …။

3.8 စက္ကန့်ကြာအောင် လေကို ဖြည်းဖြည်းချင်း ရှူထုတ်ပါ …။

ဒီနည်းလမ်းက ရိုးစင်းပေမယ့် အလုပ် ဖြစ်ပါတယ်။ စိတ်ပူပန်မှုတွေများလာရင် သွေးထဲမှာ အဒရီနလင်းဟော်မုန်းတွေ မြင့်လာပါတယ်။ အဲဒီအခါ အသက်ရှူနှုန်းတွေလည်း မြန်လာပါတယ်။ 4-7-8 နည်းလမ်းက စိတ်ငြိမ်ဆေး တစ်မျိုးပါပဲ …။

အသက်ကို မှန်မှန်ရှူသွင်း၊ ရှူထုတ်ခြင်းက နှလုံးခုန်နှုန်း မြန်တာကို နှေးသွားစေပြီး စိတ်ကို မြန်မြန် တည်ငြိမ်စေပါတယ်။ အသက်ရှူခြင်းကိုသာ အာရုံစိုက် ရတဲ့အတွက် စိတ်က မပျံ့လွင့်တော့ပါဘူး …။

အဲဒီအချိန်မှာ အာရုံကြော အဖွဲ့အစည်းမှာ စိုးရိမ်မှုတွေ ၊စိတ်ဖိစီးမှုတွေကို တဖြည်းဖြည်း လျှော့ချပေး သွားပါတယ်။ အသက် မှန်မှန်ရှူခြင်းက ခန္ဓာကိုယ် တစ်ခုလုံးကို တည်ငြိမ်သွားစေပါတယ်။ 4-7-8 နည်းလမ်းကို Harvard တက္ကသိုလ်ရဲ့ Dr.Andrew Weil က ရာစုနှစ် များစွာကြာပြီဖြစ်တဲ့ အိန္ဒိယယောဂ ပညာကနေ တွေ့ရှိခဲ့ပြီး သုတေသနပြုခဲ့ ကြပါတယ် …။

အိန္ဒိယတွေက အသက်ရှူလေ့ကျင့်ခန်းကို တရားထိုင်နေစဉ်မှာ စိတ်ငြိမ်ဖို့ ပြုလုပ်ကြပါတယ်။ ညပိုင်းမှာ နိုးလာခဲ့ရင်လည်း 4-7-8 အသက်ရှူလေ့ကျင့်ခန်းကို လုပ်ပေးရင် ပြန်ပြီး အိပ်ပျော်စေပါတယ် …။

ပြိုင်ပွဲတစ်ခုခု ဒါမှမဟုတ် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချတော့မယ် ဆိုရင်လည်း 4-7-8 နည်းလမ်းက အသုံးဝင်ပါတယ်နော် …။

(ပိုပြီးထိရောက်စေသော နည်းလမ်း..)

ညဖက်မှာ ကောင်းကောင်း အိပ်စက် အနားယူဖို့ဆိုရင်…..

-ပျားရည် 30 ဂရမ်

-ဆား 20 ဂရမ်

-အုန်းဆီ စားပွဲတင်ဇွန်း တစ်ဇွန်း

တို့ကို ရောပြီး သောက်လိုက်ရုံပါပဲ။ ရေတစ်ဖန်ခွက်နဲ့ ရောပြီး သောက်လို့ ရပါတယ်။ အာနိသင်က အတူတူပါပဲ။ ပါဝင်ပစ္စည်းတွေက ကျန်းမာရေးအတွက် ကောင်းမွန်စေရုံမက ညဖက်မှာလည်း ကောင်းကောင်း အိပ်ပျော်စေပါတယ်နော် ….။

Zombie(Loveအတိုအစလေးများ)