အပူခ်ိန္ဆက္လက္ ျမင့္တက္ေနၿပီး (၄) ရက္အတြင္း အပူခ်ိန္ ျပန္က်မည္ဟု ေဒါက္တာထြန္းလြင္ခန္႔မွန္း

အပူခ်ိန္ဆက္လက္ ျမင့္တက္ေနၿပီး (၄) ရက္အတြင္း အပူခ်ိန္ ျပန္က်မည္ဟု ေဒါက္တာထြန္းလြင္ခန္႔မွန္း

ျမန္မာႏုိင္ငံအလယ္ပိုင္း ေဒသမ်ားတြင္ အပူခ်ိန္ဆက္လက္ ျမင့္တက္ေနၿပီး ၿမိဳ႕သံုးၿမိဳ႕၌ ထပ္မံ၍ အပူခ်ိန္စံခ်ိန္သစ္တင္ခဲ့သည္။ လတ္တေလာ အပူဆံုးေဒသျဖစ္ေသာ မေကြးတိုင္းေဒသႀကီး၊ မႏၲေလးတုိင္းေဒသႀကီးႏွင့္ ကယားျပည္နယ္ရွိ ၿမိဳ႕ေလးၿမိဳ႕တြင္ ေမလ၉ ရက္က အပူခ်ိန္စံခ်ိန္သစ္တင္ ၿပီးေနာက္ ေမလ ၁၀ ရက္၌ ေနာက္ထပ္ၿမိဳ႕သံုးၿမိဳ႕တြင္ စံခ်ိန္ သစ္တင္ျခင္းျဖစ္ပါသည္ …။

ေမလ ၁၀ ရက္က ဂန္႔ေဂါ၊ ေပါက္ႏွင့္ ဖလမ္းၿမိဳ႕တြင္ အပူခ်ိန္ စံခ်ိန္သစ္တင္ၿပီး ဂန္႔ေဂါၿမိဳ႕၌ ၄၆ ဒသမ ၆ ဒီဂရီစင္တီရိတ္အထိ ျမင့္တက္ခဲ့သည္။ လတ္တ ေလာ အပူခ်ိန္အျမင့္ဆံုးေဒသ သည္ မေကြးတုိင္းေဒသႀကီးျဖစ္ သည္။ တုိင္းေဒသႀကီးႏွင့္ ျပည္ နယ္ေလးခု၌ ႏွစ္ရက္အတြင္း ၿမိဳ႕ခုနစ္ၿမိဳ႕တြင္ စံခ်ိန္သစ္တင္ရာ မေကြးတုိင္းေဒသႀကီးမွ ေလးၿမိဳ႕ ပါဝင္သည္ …။

အေနာက္ေတာင္မုတ္သံု ေလ ျမန္မာႏိုင္ငံသုိ႔ စတင္ဝင္ ေရာက္မည့္အေျခအေနေၾကာင့္ လာမည့္ရက္ပိုင္းအတြင္း အပူခ်ိန္ ေလ်ာ့က်လာႏိုင္ေၾကာင္း မိုးေလ ဝသပညာရွင္ ေဒါက္တာထြန္း လြင္က ခန္႔မွန္းထားပါသည္ …။

‘‘ဖန္နီမုန္တုိင္းအလြန္က တည္းက အပူခ်ိန္က ျပန္ျမင့္လာ တာ။ လာမယ့္ သံုး၊ ေလးရက္အ တြင္း အပူခ်ိန္ေတြ ျပန္က်ႏုိင္ပါ တယ္’’ဟု ေဒါက္တာထြန္းလြင္က ေမလ ၁၁ ရက္တြင္ ေျပာသည္ ။ ။

Credit-7DayDaily

Unicode

အပူချိန်ဆက်လက် မြင့်တက်နေပြီး (၄) ရက်အတွင်း အပူချိန် ပြန်ကျမည်ဟု ဒေါက်တာထွန်းလွင်ခန့်မှန်း

မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများတွင် အပူချိန်ဆက်လက် မြင့်တက်နေပြီး မြို့သုံးမြို့၌ ထပ်မံ၍ အပူချိန်စံချိန်သစ်တင်ခဲ့သည်။ လတ်တလော အပူဆုံးဒေသဖြစ်သော မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်ရှိ မြို့လေးမြို့တွင် မေလ၉ ရက်က အပူချိန်စံချိန်သစ်တင် ပြီးနောက် မေလ ၁၀ ရက်၌ နောက်ထပ်မြို့သုံးမြို့တွင် စံချိန် သစ်တင်ခြင်းဖြစ်ပါသည် …။

မေလ ၁၀ ရက်က ဂန့်ဂေါ၊ ပေါက်နှင့် ဖလမ်းမြို့တွင် အပူချိန် စံချိန်သစ်တင်ပြီး ဂန့်ဂေါမြို့၌ ၄၆ ဒသမ ၆ ဒီဂရီစင်တီရိတ်အထိ မြင့်တက်ခဲ့သည်။ လတ်တ လော အပူချိန်အမြင့်ဆုံးဒေသ သည် မကွေးတိုင်းဒေသကြီးဖြစ် သည်။ တိုင်းဒေသကြီးနှင့် ပြည် နယ်လေးခု၌ နှစ်ရက်အတွင်း မြို့ခုနစ်မြို့တွင် စံချိန်သစ်တင်ရာ မကွေးတိုင်းဒေသကြီးမှ လေးမြို့ ပါဝင်သည် …။

အနောက်တောင်မုတ်သုံ လေ မြန်မာနိုင်ငံသို့ စတင်ဝင် ရောက်မည့်အခြေအနေကြောင့် လာမည့်ရက်ပိုင်းအတွင်း အပူချိန် လျော့ကျလာနိုင်ကြောင်း မိုးလေ ဝသပညာရှင် ဒေါက်တာထွန်း လွင်က ခန့်မှန်းထားပါသည် …။

‘‘ဖန်နီမုန်တိုင်းအလွန်က တည်းက အပူချိန်က ပြန်မြင့်လာ တာ။ လာမယ့် သုံး၊ လေးရက်အ တွင်း အပူချိန်တွေ ပြန်ကျနိုင်ပါ တယ်’’ဟု ဒေါက်တာထွန်းလွင်က မေလ ၁၁ ရက်တွင် ပြောသည် ။ ။

Credit-7DayDaily