စိတ္က်န္းမားေရး မေကာင္းပင္မဲ့ ေငြ ၇ေထာင္နဲ႔ ေျမးျဖစ္သူကို ရွင္ျပဳေပးခဲ့ အဖြား

စိတ္က်န္းမားေရး မေကာင္းပင္မဲ့ ေငြ ၇ေထာင္နဲ႔ ေျမးျဖစ္သူကို ရွင္ျပဳေပးခဲ့ အဖြား

သားေယာက္က်ားေလးေတြ ေမြးဖြားထားၾကတဲ့ အေမေတြ အဘြားေတြအတြက္ သူတို႔ကို ရွင္ျပဳရဟန္းခံေပးလိုၾကပါတယ္….ဒါေပမဲ့ တခ်ိဳ႕က မတတ္နိုင္တာေၾကာင့္ ရွိတဲ့ပိုက္ဆံေလးေတြ စုၿပီး တစ္ေန႔က်ရင္ ငါ့သား ငါ့ေျမးကို ရွင္ျပဳေပးရမယ္ဆိုတဲ့ မိဘေတြ အဘိုးအဘြားေတြ ရွိပါတယ္…

ခုေဖာ္ျပခ်င္တာက လက္ထဲမွာ ပိုက္ဆံ ၇၀၀၀ တည္းသာရွိေပမဲ့ ခ်စ္ရတဲ့ ေျမးေလးကို အဲဒီ မရွိမဲ့ရွိမဲ့ ေငြေလးနဲ႔ ရွင္ျပဳေပးခဲ့တဲ့ အဘြားတစ္ေယာက္ရဲ့ ခ်စ္ျခင္းေမတၱာအေၾကာင္းေလးျဖစ္ပါတယ္ …. ။

ေတာင္ငူၿမိဳ႕နယ္၊ ကင္းဆိပ္အုပ္စု ၊ ဖိုးနီဆိပ္ေက်းရြာမွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၀ ရက္ေန႔က အသက္ ၅၇ ႏွစ္အရြယ္ ေဒၚစိန္တင့္ ဆိုတဲ့ မုဆိုးမတစ္ေယာက္က ေျမးျဖစ္သူေလးကို ေငြက်ပ္ ရဝဝဝ နဲ႔အတူ သကၤန္း ၁ စုံ၊ ပုတီး ၁ ကုံး ၊ သပိတ္ ၁ လုံးကို ယူလာၿပီး ေက်းရြာ ရာအိမ္မႉးထံသို႔ လာေရာက္ကာ သူ႔ေျမးေလးအတြက္ ရွင္ျပဳခ်င္ေၾကာင္း ေျပာၾကားလာတယ္လို႔ သိရပါတယ္…။

အဲတာေၾကာင့္ ရြာလူႀကီးမွတဆင့္ ေက်းရြာသားမ်ားစုေပါင္းၿပီး ရွင္ျပဳအလႉေတာ္မဂၤလာပြဲ က်င္းပခဲ့ပါတယ္ … ။

ရြာလူႀကီးက ရြာဦးေက်ာင္းဆရာေတာ္ထံ ေလၽွာက္ထားၿပီးေနာက္ ေက်းရြာသားမ်ား စုေပါင္းကာ ေဖေဖာ္ဝါရီ ၁၉ ရက္ေန႔ ည ၈ နာရီမွာ အားခ်င္း အလႉဝတ္လွည့္ကာ ၂၀ ရက္ေန႔မွာ အလႉႀကီးက်င္းပေပးခဲ့ပါတယ္။ အခုလို မရွိတဲ့သူကို လႉခ်င္တဲ့ ဆႏၵျပည့္သြားေအာင္ ဝိုင္းဝန္းကူညီေပးၾကတဲ့ ရြာကလူေတြအားလုံးရဲ့ စိတ္ဓာတ္ကေတာ့ ေလးစားစရာပါ … ။

အေမႀကီး ေဒၚစိန္တင့္က စိတ္က်န္းမာေရး အနည္းငယ္မေကာင္းသူ တစ္ဦးျဖစ္ၿပီး အဲဒီေန႔ အလႉပြဲအၿပီး ရလာတဲ့ ေငြတစ္ခ်ိ့ကိုလည္း ေက်းရြာထဲမွာရွိတဲ့ ကေလးေတြအတြက္ အဟာရဒါန အျဖစ္ ျပန္လည္လို႔ လႉဒါန္းေပးခဲ့ပါေသးတယ္ …. ။

စိတ္က်န္းမာေရးအနည္းငယ္ခ်ိဳ႕ယြင္းေနေပမယ့္ စိတ္ထားျမင့္ျမတ္လွတဲ့ အေမႀကီး က်န္းမာပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္… ပရိသတ္ႀကီးတို႔လည္း ဆုေတာင္းေပးခဲ့ၾကပါအုံးေနာ္..

Unicode

စိတ်ကျန်းမားရေး မကောင်းပင်မဲ့ ငွေ ရထောင်နဲ့ မြေးဖြစ်သူကို ရှင်ပြုပေးခဲ့ အဖွား

သားယောက်ကျားလေးတွေ မွေးဖွားထားကြတဲ့ အမေတွေ အဘွားတွေအတွက် သူတို့ကို ရှင်ပြုရဟန်းခံပေးလိုကြပါတယ်….ဒါပေမဲ့ တချို့က မတတ်နိုင်တာကြောင့် ရှိတဲ့ပိုက်ဆံလေးတွေ စုပြီး တစ်နေ့ကျရင် ငါ့သား ငါ့မြေးကို ရှင်ပြုပေးရမယ်ဆိုတဲ့ မိဘတွေ အဘိုးအဘွားတွေ ရှိပါတယ်…

ခုဖော်ပြချင်တာက လက်ထဲမှာ ပိုက်ဆံ ၇၀၀၀ တည်းသာရှိပေမဲ့ ချစ်ရတဲ့ မြေးလေးကို အဲဒီ မရှိမဲ့ရှိမဲ့ ငွေလေးနဲ့ ရှင်ပြုပေးခဲ့တဲ့ အဘွားတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာအကြောင်းလေးဖြစ်ပါတယ် …. ။

တောင်ငူမြို့နယ်၊ ကင်းဆိပ်အုပ်စု ၊ ဖိုးနီဆိပ်ကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က အသက် ၅၇ နှစ်အရွယ် ဒေါ်စိန်တင့် ဆိုတဲ့ မုဆိုးမတစ်ယောက်က မြေးဖြစ်သူလေးကို ငွေကျပ် ရဝဝဝ နဲ့အတူ သင်္ကန်း ၁ စုံ၊ ပုတီး ၁ ကုံး ၊ သပိတ် ၁ လုံးကို ယူလာပြီး ကျေးရွာ ရာအိမ်မှူးထံသို့ လာရောက်ကာ သူ့မြေးလေးအတွက် ရှင်ပြုချင်ကြောင်း ပြောကြားလာတယ်လို့ သိရပါတယ်…။

အဲတာကြောင့် ရွာလူကြီးမှတဆင့် ကျေးရွာသားများစုပေါင်းပြီး ရှင်ပြုအလှူတော်မင်္ဂလာပွဲ ကျင်းပခဲ့ပါတယ် … ။

ရွာလူကြီးက ရွာဦးကျောင်းဆရာတော်ထံ လျှောက်ထားပြီးနောက် ကျေးရွာသားများ စုပေါင်းကာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ည ၈ နာရီမှာ အားချင်း အလှူဝတ်လှည့်ကာ ၂၀ ရက်နေ့မှာ အလှူကြီးကျင်းပပေးခဲ့ပါတယ်။ အခုလို မရှိတဲ့သူကို လှူချင်တဲ့ ဆန္ဒပြည့်သွားအောင် ဝိုင်းဝန်းကူညီပေးကြတဲ့ ရွာကလူတွေအားလုံးရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာပါ … ။

အမေကြီး ဒေါ်စိန်တင့်က စိတ်ကျန်းမာရေး အနည်းငယ်မကောင်းသူ တစ်ဦးဖြစ်ပြီး အဲဒီနေ့ အလှူပွဲအပြီး ရလာတဲ့ ငွေတစ်ချိ့ကိုလည်း ကျေးရွာထဲမှာရှိတဲ့ ကလေးတွေအတွက် အဟာရဒါန အဖြစ် ပြန်လည်လို့ လှူဒါန်းပေးခဲ့ပါသေးတယ် …. ။

စိတ်ကျန်းမာရေးအနည်းငယ်ချို့ယွင်းနေပေမယ့် စိတ်ထားမြင့်မြတ်လှတဲ့ အမေကြီး ကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်… ပရိသတ်ကြီးတို့လည်း ဆုတောင်းပေးခဲ့ကြပါအုံးနော်..

Be the first to comment

Leave a Reply

Your email address will not be published.


*