


ဖြစ်စဉ်မှာ အတူနေသမီးဖြစ်သူမြို့မ(၃)အနောက်စုရပ်ကွက်ပြွန်တန်ဆာမြို့နေသူမှာ ဗိုက်ပူနေသဖြင့် မသင်္ကာ၍ညောင်လေးပင်မြို့ရှိ အထူးကုဆေးခန်းတွင်ဓါတ်မှန်ရိုက်ကြည့်ခဲ့ရာ ကိုယ်ဝန်မှာ(၄)လရှိနေသည်ကို သိရှိရပြီး သမီးဖြစ်သူအားမေးမြန်းရာ၂၀၁၉နိုဝင်ဘာလကတရားလိုသည်မြို့ချောင်းသို့ဈေးရောင်းသွားနေစဉ်နေအိမ်၌ အတူနေအစ်မ၏




ကိုမျိုး(ညောင်လေးပင်)

Credit

Unicode

အတူနေအစ်မ၏ ခင်ပွန်းဖြစ်သူမှ အကြိမ်ကြိမ် သားမယားပြုကျင့်၍ ကိုယ်ဝန် (၄)လ ရရှိနေမှုဖြစ်ရပ်ဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး‌ပြွန်တန်ဆာမြို့တွင်၂၀၂ဝမတ်လ၁၈ရက်နေ့ကပြွန်တန်ဆာမြို့ မြို့မ(၃)အနောက်စုရပ်ကွက်နေသူမှ သားမယားပြုကျင့်မ ှုတခုဖြစ်စဉ်နှင့် ပတ်သက်၍ ပြွန်တန်ဆာနယ်မြေရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့‌ကြောင်းသိရသည် … ။

ဖြစ်စဉ်မှာ အတူနေသမီးဖြစ်သူမြို့မ(၃)အနောက်စုရပ်ကွက်ပြွန်တန်ဆာမြို့နေသူမှာ ဗိုက်ပူနေသဖြင့် မသင်္ကာ၍ညောင်လေးပင်မြို့ရှိ အထူးကုဆေးခန်းတွင်ဓါတ်မှန်ရိုက်ကြည့်ခဲ့ရာ ကိုယ်ဝန်မှာ(၄)လရှိနေသည်ကို သိရှိရပြီး သမီးဖြစ်သူအားမေးမြန်းရာ၂၀၁၉နိူဝင်ဘာလကတရားလိုသည်မြို့ချောင်းသို့ဈေးရောင်းသွားနေစဉ်နေအိမ်၌ အတူနေအစ်မ၏

ခင်ပွန်းဖြစ်သူ ချမ်းမြေ့အောင်(၂၂)နှစ်မြို့မ(၃)အနောက်စုရပ်ကွက်ပြွန်တန်ဆာမြို့နေသူတို့(၃)ဦးအိပ်ပျော်နေစဉ်ခဲအိုတော်စပ်သူချမ်းမြေ့အောင်မှ ၎င်း၏ခြင်ထောင်အတွင်း သို့ဝင်ရောက်၍ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း ပြောပြသည် … ။

ထို့နည်းအတူနေအိမ်တွင် မိဘများမရှိခိုက်သားမယားအဖြစ်(၂)ကြိမ်ထပ်မံပြုကျင့်ခဲ့ကြောင်းပြောပြသိရှိရပြီး အမှုအားယခုမှလာရောက်တိုင်တန်းရခြင်းမှာ မိသားစုဝင်များနှင့်ညှိနှိုင်းတိုင်ပင်‌နေရ၍ဖြစ်ကြောင်းရဲမှတ်တမ်းအရသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍သမီးဖြစ်သူအားသားမယားအဖြစ်ပြုကျင့်သူချမ်းမြေ့အောင်အားဥပဒေအရအ‌ရေးယူပေးပါရန်မိခင်ဖြစ်သူမှတရားလိုပြုလုပ်တိုင်တန်းလာသဖြင့်ပြွန်တန်ဆာနယ်မြေရဲစခန်းမှ(ပ ၃၃/၂၀၂ဝရာဇသတ်ကြီး ပုဒ်မ၃၇၆ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။

ကိုမျိုး(ညောင်လေးပင်)

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*