ကိုယ့္ကိုယ္ကို ေလးစားၿပီးတန္ဖိုးထားတတ္တဲ့မိန္းကေလးေတြဟာ ဒီလိုပါ

ကိုယ့္ကိုယ္ကို ေလးစားၿပီးတန္ဖိုးထားတတ္တဲ့မိန္းကေလးေတြဟာ ဒီလိုပါ

ကိုယ့္ကိုယ္ကို ေလးစားတတ္ျခင္းဆိုတာ ဘယ္လိုမ်ိဳးလဲလုိ႔ အခ်ိန္္ေပး ေတြးမိဖူးလား။ မိန္းကေလးတစ္ေယာက္ရဲ႕ ဘဝမွာ တစ္ျခားသူေတြဆီက ေလးစားမႈကို ရဖုိ႔ထက္ ကိုယ့္ကိုယ္ကို အရင္ဆံုး ေလးစားတတ္ဖို႔ အေရးႀကီးပါတယ္။ ကိုယ့္ကိုယ္ကို ေလးစားတတ္တဲ့ မိန္းကေလးတစ္္ေယာက္ကို ဘယ္ေတာ့မွ တစ္ျခားသူေတြက အထင္အျမင္မေသးတတ္ပါဘူးေနာ္။ ကိုယ့္ကိုယ္ကို ေလးစားတတ္တဲ့ မိန္းကေလးတစ္ေယာက္ဆီမွာ ဒီလိုတန္ဖိုးေတြကို ေတြ႔ရတတ္ပါတယ္။

(1) တည္ၿငိမ္သင့္တဲ့အခ်ိိန္မွာ တည္ၿငိမ္တတ္တာ

ေပ်ာ္ေပ်ာ္ေနတတ္တဲ့ မိန္းကေလးေတြဟာ ခ်စ္စရာေကာင္းပါတယ္ ဒါေပမယ့္္္ ေပ်ာ္ေပ်ာ္ေနတတ္တာက ေပါတာနဲ႔ေတာ့ မဆိုင္ပါဘူး။ တစ္ခါတစ္ေလမွာသာ သူမ်ားေတြ ေပ်ာ္ေစခ်င္လုိ႔ ေပါတာက ဘာမွမျဖစ္ေပမယ့္ ေနရာတကာမွာ လုိက္ေပါေနရင္ေတာ့ ကိုယ့္ကိုယ္တုိင္က ေပါသြားတတ္ပါတယ္။ ဒါေၾကာင့္ တည္ၿငိမ္မႈက ကိုယ္ဆီမွာ ႐ွိေနသင့္ပါတယ္။ တည္တည္ၿငိမ္ၿငိမ္ေနတာက ကိုယ့္ကိုယ္ကို ေလးစားရာေရာက္ၿပီး တစ္ျခားသူေတြကလည္း ကိုယ့္ကိုုယ္ ေလးစားလာေစပါတယ္္။

(2) ကိုယ့္ကိုယ္ကို လက္လႊတ္မခံတာ

မိန္းကေလးဆိုတာ စိတ္ထိခိုက္လြယ္တယ္၊ အားနည္းတယ္လုိ႔ သတ္မွတ္တတ္ၾကပါတယ္။ ဒါကို လက္ခံၿပီး အ႐ံႈးနဲဲ႔ၾကံဳလာတဲ့အခ်ိန္ ဘာဆိုဘာမွ မႀကိဳးစားၾကည့္ပဲ ကိုယ့္ကိုယ္ကို အ႐ံႈးေပးလုိက္ေတာ့မလုိ႔လား။ လံုးဝမလုပ္သင့္ဘူးေနာ္ ကိုယ့္ကိုယ္ကို လက္လႊတ္လုိက္တဲဲ့အခါ ကိုယ္ဟာ ဘာေကာင္မွ မဟုတ္ပဲ ဘဝႀကီးက စိတ္ပ်က္ဖြယ္အတိ ျဖစ္လာမွာပါ။ ဒါေၾကာင့္ ဘယ္ေသာအခါမွ ကိုယ့္ကိုယ္ကို လက္မလႊတ္ပါနဲ႔။

(3) ကိုယ့္ရဲ႕ တန္ဖိုးကို နားလည္တယ္

လူတုိင္းမွာ တန္ဖိုးကိုယ္စီ ႐ွိၾကပါတယ္။ တစ္ခ်ိဳ႕ေတြက ကိုယ့္တန္ဖိုးကို နားလည္ၿပီး တန္ဖိုးျမွင့္တယ္၊ တစ္္ခ်ိဳ႕ေတြက်ေတာ့ ကိုယ့္ကိုယ္ကို ယံုၾကည္မႈနည္းၿပီး ကိုယ့္တန္ဖိုးကို ေလ်ာ့ခ်ပစ္လုိက္တတ္ၾကတယ္။ ကိုယ့္တန္ဖိုးကို နားလည္တဲ့ မိန္းကေလးတစ္ေယာက္ဟာ ဆံုးျဖတ္ခ်က္ေလးတစ္္ခုကိုေတာင္ ေသခ်ာစဥ္းစားၿပီးမွ ဆံုးျဖတ္တတ္တယ္၊ စိတ္လုိက္မာန္ပါ ကိုယ္ထိခုိက္မယ့္ အလုပ္ေတြ မလုပ္တတ္ဘူး။ ေနာက္ၿပီး စိတ္အလိုလုိက္ၿပီး ကိုယ့္တန္ဖိုးကို မခ်တတ္ဘူး။

(4) သင့္ေလ်ာ္တဲ့ ေနရာမွာ မာနကို ထုတ္သံုးတယ္တယ္

မိန္္းကေလးတစ္ေယာက္မွာ မာနက လက္နက္တစ္မ်ိဳးပါပဲ။ ဒါကို မွန္ကန္တဲ့ေနရာမွာ အသံုးခ်တတ္ဖို႔ အေရးႀကီးပါတယ္။ ဒါေပမယ့္လုိ႔ ဘာမွမဟုတ္ပဲ မာနေတြ ဇြတ္ႀကီးေနဖို႔ကို ဆိုလုိတာမဟုတ္ဘူးေနာ္။ ကိုယ့္ရဲ႕မာနကို ထိပါးလာတဲ့အခ်ိန္မွာ ေကာင္းေကာင္း အသံုးခ်တတ္္ဖုိ႔ကို ေျပာတာပါ။ ကိုယ့္ကုိ မတရားလာလုပ္လာတဲ့အခါ ကိုယ္ဟာ အဆိပ္႐ွိတဲ့ ေျမႊေပြးတစ္ေကာင္္ဆိုတဲ့ ကိုယ့္ရဲ႕မာနကို သင့္ေလ်ာ္တဲ့ေနရာမွာ အသံုးျပဳတတ္ဖုိ႔ကုိ ဆိုလုိခ်င္တာ ျဖစ္ပါတယ္။

(5) ကိုယ့္ကိုယ္ကို ခ်စ္တတ္တယ္

တစ္စံုတစ္ေယာက္က ကိုယ့္ကိုယ္လာခ်စ္မွ အခ်စ္လုိ႔ မည္တာမဟုတ္ပါဘူး။ ကိုယ့္ကိုယ္ကို ခ်စ္တတ္တာက တစ္ျခားလူဆီက အခ်စ္ထက္ အမ်ားႀကီး ပိုေကာင္းမြန္ပါတယ္။ ကိုယ့္ကိုယ္ကို ခ်စ္တတ္လာတဲ့အခါ ကိုယ့္ကိုယ္ကို ပိုဂ႐ုစိုက္တတ္လာမယ္၊ ဘယ္သူအတြက္မွ မဟုတ္ပဲ ကိုယ္ကိုယ္တုိင္အတြက္ လွေအာင္ေနတတ္လာမယ္၊ ကိုယ့္ကိုယ္ကို တန္ဖိုးထားမယ္ တစ္ဆက္တည္းမွာပဲ တစ္ျခားသူေတြကိုလည္း ကိုယ္ခ်င္းစာတတ္လာမယ္။ ဒါဟာ အရမ္းကို ၿပီးျပည့္စံုတဲ့ ကိုယ့္ကိုယ္ကို ခ်စ္တတ္ျခင္းပါပဲေနာ္။ ဒီလုိအခ်က္ေတြက ကိုယ့္ကိုယ္ကို ေလးစားတတ္တဲ့ မိန္းကေလးေတြဆီမွာ ေတြ႔ရတတ္တဲ့ အခ်က္ေလးေတြ ျဖစ္ပါတယ္။

Khin

Unicode

ကိုယ့်ကိုယ်ကို လေးစားပြီးတန်ဖိုးထားတတ်တဲ့မိန်းကလေးတွေဟာ ဒီလိုပါ

ကိုယ့်ကိုယ်ကို လေးစားတတ်ခြင်းဆိုတာ ဘယ်လိုမျိုးလဲလို့ အချိန််ပေး တွေးမိဖူးလား။ မိန်းကလေးတစ်ယောက်ရဲ့ ဘဝမှာ တစ်ခြားသူတွေဆီက လေးစားမှုကို ရဖို့ထက် ကိုယ့်ကိုယ်ကို အရင်ဆုံး လေးစားတတ်ဖို့ အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို လေးစားတတ်တဲ့ မိန်းကလေးတစ််ယောက်ကို ဘယ်တော့မှ တစ်ခြားသူတွေက အထင်အမြင်မသေးတတ်ပါဘူးနော်။ ကိုယ့်ကိုယ်ကို လေးစားတတ်တဲ့ မိန်းကလေးတစ်ယောက်ဆီမှာ ဒီလိုတန်ဖိုးတွေကို တွေ့ရတတ်ပါတယ်။

(1) တည်ငြိမ်သင့်တဲ့အချိိန်မှာ တည်ငြိမ်တတ်တာ

ပျော်ပျော်နေတတ်တဲ့ မိန်းကလေးတွေဟာ ချစ်စရာကောင်းပါတယ် ဒါပေမယ့််် ပျော်ပျော်နေတတ်တာက ပေါတာနဲ့တော့ မဆိုင်ပါဘူး။ တစ်ခါတစ်လေမှာသာ သူများတွေ ပျော်စေချင်လို့ ပေါတာက ဘာမှမဖြစ်ပေမယ့် နေရာတကာမှာ လိုက်ပေါနေရင်တော့ ကိုယ့်ကိုယ်တိုင်က ပေါသွားတတ်ပါတယ်။ ဒါကြောင့် တည်ငြိမ်မှုက ကိုယ်ဆီမှာ ရှိနေသင့်ပါတယ်။ တည်တည်ငြိမ်ငြိမ်နေတာက ကိုယ့်ကိုယ်ကို လေးစားရာရောက်ပြီး တစ်ခြားသူတွေကလည်း ကိုယ့်ကိုုယ် လေးစားလာစေပါတယ််။

(2) ကိုယ့်ကိုယ်ကို လက်လွှတ်မခံတာ

မိန်းကလေးဆိုတာ စိတ်ထိခိုက်လွယ်တယ်၊ အားနည်းတယ်လို့ သတ်မှတ်တတ်ကြပါတယ်။ ဒါကို လက်ခံပြီး အရှုံးနဲဲ့ကြုံလာတဲ့အချိန် ဘာဆိုဘာမှ မကြိုးစားကြည့်ပဲ ကိုယ့်ကိုယ်ကို အရှုံးပေးလိုက်တော့မလို့လား။ လုံးဝမလုပ်သင့်ဘူးနော် ကိုယ့်ကိုယ်ကို လက်လွှတ်လိုက်တဲဲ့အခါ ကိုယ်ဟာ ဘာကောင်မှ မဟုတ်ပဲ ဘဝကြီးက စိတ်ပျက်ဖွယ်အတိ ဖြစ်လာမှာပါ။ ဒါကြောင့် ဘယ်သောအခါမှ ကိုယ့်ကိုယ်ကို လက်မလွှတ်ပါနဲ့။

(3) ကိုယ့်ရဲ့ တန်ဖိုးကို နားလည်တယ်

လူတိုင်းမှာ တန်ဖိုးကိုယ်စီ ရှိကြပါတယ်။ တစ်ချို့တွေက ကိုယ့်တန်ဖိုးကို နားလည်ပြီး တန်ဖိုးမြှင့်တယ်၊ တစ််ချို့တွေကျတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းပြီး ကိုယ့်တန်ဖိုးကို လျော့ချပစ်လိုက်တတ်ကြတယ်။ ကိုယ့်တန်ဖိုးကို နားလည်တဲ့ မိန်းကလေးတစ်ယောက်ဟာ ဆုံးဖြတ်ချက်လေးတစ််ခုကိုတောင် သေချာစဉ်းစားပြီးမှ ဆုံးဖြတ်တတ်တယ်၊ စိတ်လိုက်မာန်ပါ ကိုယ်ထိခိုက်မယ့် အလုပ်တွေ မလုပ်တတ်ဘူး။ နောက်ပြီး စိတ်အလိုလိုက်ပြီး ကိုယ့်တန်ဖိုးကို မချတတ်ဘူး။

(4) သင့်လျော်တဲ့ နေရာမှာ မာနကို ထုတ်သုံးတယ်တယ်

မိန််းကလေးတစ်ယောက်မှာ မာနက လက်နက်တစ်မျိုးပါပဲ။ ဒါကို မှန်ကန်တဲ့နေရာမှာ အသုံးချတတ်ဖို့ အရေးကြီးပါတယ်။ ဒါပေမယ့်လို့ ဘာမှမဟုတ်ပဲ မာနတွေ ဇွတ်ကြီးနေဖို့ကို ဆိုလိုတာမဟုတ်ဘူးနော်။ ကိုယ့်ရဲ့မာနကို ထိပါးလာတဲ့အချိန်မှာ ကောင်းကောင်း အသုံးချတတ််ဖို့ကို ပြောတာပါ။ ကိုယ့်ကို မတရားလာလုပ်လာတဲ့အခါ ကိုယ်ဟာ အဆိပ်ရှိတဲ့ မြွှေပွေးတစ်ကောင််ဆိုတဲ့ ကိုယ့်ရဲ့မာနကို သင့်လျော်တဲ့နေရာမှာ အသုံးပြုတတ်ဖို့ကို ဆိုလိုချင်တာ ဖြစ်ပါတယ်။

(5) ကိုယ့်ကိုယ်ကို ချစ်တတ်တယ်

တစ်စုံတစ်ယောက်က ကိုယ့်ကိုယ်လာချစ်မှ အချစ်လို့ မည်တာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ချစ်တတ်တာက တစ်ခြားလူဆီက အချစ်ထက် အများကြီး ပိုကောင်းမွန်ပါတယ်။ ကိုယ့်ကိုယ်ကို ချစ်တတ်လာတဲ့အခါ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်တတ်လာမယ်၊ ဘယ်သူအတွက်မှ မဟုတ်ပဲ ကိုယ်ကိုယ်တိုင်အတွက် လှအောင်နေတတ်လာမယ်၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားမယ် တစ်ဆက်တည်းမှာပဲ တစ်ခြားသူတွေကိုလည်း ကိုယ်ချင်းစာတတ်လာမယ်။ ဒါဟာ အရမ်းကို ပြီးပြည့်စုံတဲ့ ကိုယ့်ကိုယ်ကို ချစ်တတ်ခြင်းပါပဲနော်။ ဒီလိုအချက်တွေက ကိုယ့်ကိုယ်ကို လေးစားတတ်တဲ့ မိန်းကလေးတွေဆီမှာ တွေ့ရတတ်တဲ့ အချက်လေးတွေ ဖြစ်ပါတယ်။

Khin

Be the first to comment

Leave a Reply

Your email address will not be published.


*