ေပ်ာ္ရႊင္စရာေန႔ရက္ေတြကို ပိုင္ဆိုင္ေစမယ့္ အဖိုးတန္ နည္းလမ္းေလးမ်ား

ေပ်ာ္ရႊင္စရာေန႔ရက္ေတြကို ပိုင္ဆိုင္ေစမယ့္ အဖိုးတန္ နည္းလမ္းေလးမ်ား

ေပ်ာ္ရႊင္ရတာ လူေတြအားလံုးက ႏွစ္သက္ၾကပါတယ္။ ေပ်ာ္ရႊင္ျခင္းက က်န္းမာျခင္းအတြက္ ရုပ္ရည္ႏုပ်ိဳျခင္းတို႔အတြက္ အေထာက္အကူျပဳေနတဲ့အရာလည္း ျဖစ္ပါတယ္။ အျမဲတမ္းလိုိလို စိတ္္ပူပန္မႈေတြနဲ႔ ျပည့္ေနတဲ့သူမွာ ေရာဂါေတြ ျဖစ္ဖို႔လိုသလို ရုပ္ရည္ရင့္ေရာ္ျခင္းကိုလည္း ျဖစ္ေစပါတယ္ …

ေပ်ာ္ရႊင္ဖို႔အတြက္ဆိုရင္ အလိုအေလ်ာက္ေတာ့ ေပ်ာ္ရႊင္ျခင္းက ကိုယ့္ဆီကို အျမဲ ေရာက္ေနမွာ မဟုတ္ပါဘူး။ ေပ်ာ္ရႊင္ဖို႔အတြက္ ကိုယ္တိုင္ကလည္း နည္းေလးေတြကို သိထားၿပီး လိုက္နာဖို႔ လိုအပ္ပါတယ္။

(၁) ေပ်ာ္ေအာင္ေနပါ

ေပ်ာ္ခ်င္တယ္ဆိုရင္ေတာ့ ေပ်ာ္ေအာင္ေနရမွာပါ။ စိတ္ညစ္တာေတြကို ေတြးေနမိရင္ စိတ္ရႈပ္တဲ့အေၾကာင္းေတြကိုသာ ေတြးေနမိရင္ သင္ ေပ်ာ္ရမွာ မဟုတ္ပါဘူး။ ေပ်ာ္ရတဲ့ အေၾကာင္းေလးေတြကို ေတြးတာကလည္း သင့္ကို ေပ်ာ္ေစသလို ဘာ စိတ္္ညစ္စရာမွ ေလွ်ာက္မေတြးတာကလည္း ေပ်ာ္ရေစပါတယ္။

(၂) ရယ္ရယ္ေမာေမာေနပါ

စိတ္ညစ္ေနတဲ့အခ်ိန္မွာ တစ္ခါေလာက္ ရယ္ၾကည့္ပါ။ ရယ္တာက ဘယ္ေလာက္ လူ႔စိတ္ကို ေပါ့ပါးေစလဲဆိုတာကို အသိသာဆံုး အေျခအေန ျဖစ္ပါတယ္။ ဒါေၾကာင့္ ရယ္စရာ ရွိ ရယ္လိုက္ပါ။ သူငယ္ခ်င္းေတြ မိတ္ေဆြေတြနဲ႔အတူ ေပါ့ေပါ့ပါးပါး ရယ္ေမာ ေပ်ာ္ရႊင္ေအာင္ေနပါ။

(၃) စိတ္ေပါ့ပါးေအာင္ေနပါ

မျဖစ္မေန ႀကံဳရတဲ့ ေလာက အခက္အခဲေတြဆိုရင္ေတာ့ သင္ ခံစားရမွာပါပဲ။ ဒါေပမဲ့ ႀကီးႀကီးက်ယ္က်ယ္မဟုတ္တဲ့အရာေတြကို သိပ္မခံစားပါနဲ႔။ သင့္ကို ခံစားေစလာရၿပီဆိုတာနဲ႔ ေမ့လိုက္ၿပီး အာရံုလႊဲလိုက္ပါ။ စိတ္ေပါ့ပါးဖို႔က ေပ်ာ္ရႊင္သြားဖို႔အတြက္ ေသာ့ခ်က္ တစ္ခုလည္း ျဖစ္ပါတယ္။

(၄) စိတ္ဖိစီးမႈေတြကို ျမန္ျမန္ ေျဖရွင္္းပါ

စိတ္ဖိစီးလာရင္ စိတ္ညစ္လာရင္ အေၾကာင္းအရင္းဆိုတာ ရွိစျမဲ ပါပဲ။ စိတ္ဖိစီးေစတဲ့ အေၾကာင္းအရင္းကို ျမန္ျမန္ ရွင္းၿပီး အေျဖထုတ္လိုက္ပါ။ စိတ္ဖိစီးမႈက အခ်ိန္ၾကာေလ သင့္ကို မေပ်ာ္ရႊင္ရေစေလပဲ ျဖစ္မွာပါ။ ေပ်ာ္ရႊင္တာသာ တာရွည္မခံတာ စိတ္ညစ္ရတာေတြက တာရွည္တတ္လို႔ ျမန္ျမန္ ေျဖရွင္းသင့္ပါတယ္ေနာ္။

(၅) စိတ္ညစ္ရင္ သိမ္းမထားပါနဲ႔

စိတ္ညစ္ရင္ ဘယ္ေတာ့မွ တစ္ေယာက္တည္း စိတ္အညစ္မခံပါနဲ႔။ ဒီလို မဟုတ္ေတာင္ ဘာမွ မလုပ္ပဲ အတြင္းထဲမွာပဲ စိတ္ညစ္စရာကို ထည့္ထားၿပီး မေျဖရွင္းဖို႔ လုပ္ထားတာမ်ိဳး မလုပ္လိုက္ပါနဲ႔။ သင့္ကို စိတ္ညစ္မႈေတြ ဝါးမ်ိဳသြားၿပီး မေပ်ာ္ရႊင္မႈေတြ ေရာက္လာေစႏိုင္လို႔ သတိထားသင့္တဲ့ အခ်က္ပါေနာ္။

(၆) စိတ္ထြက္ေပါက္ အျမဲ ထားပါ

လူတိုင္း စိတ္ထြက္ေပါက္ ရွိဖို႔ လိုအပ္ပါတယ္။ ဘယ္သူ႔ကို မွ မထိခိုက္ေစတဲ့ စိတ္ထြက္ေပါက္ေတာ့ ထားထားသင့္ပါတယ္။ စိတ္ၿငိမ္ေစတဲ့ တစ္ေနရာမွာ အိပ္ပစ္လိုက္တာမ်ိဳး၊ ေနရာလြတ္တစ္ခုမွာ ပုလင္းေတြကို ရိုက္ခြဲတာမ်ိဳး၊ ငိုလိုက္တာမ်ိဳး၊ တစ္ေယာက္ေယာက္ကို ရင္ဖြင့္တာမ်ိဳး၊ တစ္ေနရာရာမွာ အက်ယ္ႀကီး ေအာ္လိုက္တာမ်ိဳး စတဲ့ စိတ္ထြက္ေပါက္ေပးလိုက္မႈေတြက လူကို တကယ္သက္သာေစတာမို႔ ေပ်ာ္ရႊင္ဖို႔ အေထာက္အပံ့ေတြလည္း ျဖစ္ပါတယ္။

(၇) သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ပါ

စိတ္ညစ္တဲ့အခါ သူငယ္ခ်င္းေတြက အေကာင္းဆံုးပါ။ ေပ်ာ္စရာ အမွတ္တရေတြ ဖန္တီးဖို႔ကလည္း သူငယ္ခ်င္းေတြက အေကာင္းဆံုးပါပဲ။ ဘာပဲျဖစ္ျဖစ္ သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ေအာင္သာ ေနပါ။

(၈) ရယ္ေမာစရာေလးေတြကို ၾကည့္ပါ

လူမႈကြန္ယက္ကို မသံုးတဲ့သူဆိုတာ မရွိသေလာက္ပါပဲ။ လူမႈကြန္ယက္မွာ ဟာသေတြ ရယ္ရတဲ့ ဗီဒီယိုဖိုင္အတိုေလးေတြ ရွိပါတယ္။ ဒါေတြကလည္း သင့္ကို စိတ္သက္သာရေစၿပီး ေပ်ာ္ရႊင္ေစပါတယ္။

အားလံုးပဲ ေပ်ာ္ရႊင္စရာ ေန႔ရက္ေလးေတြကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႕ ဆုေတာင္းေပးလိုက္ပါတယ္ …. ။

Kham

Unicoded

ပျော်ရွှင်စရာနေ့ရက်တွေကို ပိုင်ဆိုင်စေမယ့် အဖိုးတန် နည်းလမ်းလေးများ

ပျော်ရွှင်ရတာ လူတွေအားလုံးက နှစ်သက်ကြပါတယ်။ ပျော်ရွှင်ခြင်းက ကျန်းမာခြင်းအတွက် ရုပ်ရည်နုပျိုခြင်းတို့အတွက် အထောက်အကူပြုနေတဲ့အရာလည်း ဖြစ်ပါတယ်။ အမြဲတမ်းလိိုလို စိတ််ပူပန်မှုတွေနဲ့ ပြည့်နေတဲ့သူမှာ ရောဂါတွေ ဖြစ်ဖို့လိုသလို ရုပ်ရည်ရင့်ရော်ခြင်းကိုလည်း ဖြစ်စေပါတယ် …

ပျော်ရွှင်ဖို့အတွက်ဆိုရင် အလိုအလျောက်တော့ ပျော်ရွှင်ခြင်းက ကိုယ့်ဆီကို အမြဲ ရောက်နေမှာ မဟုတ်ပါဘူး။ ပျော်ရွှင်ဖို့အတွက် ကိုယ်တိုင်ကလည်း နည်းလေးတွေကို သိထားပြီး လိုက်နာဖို့ လိုအပ်ပါတယ်။

(၁) ပျော်အောင်နေပါ

ပျော်ချင်တယ်ဆိုရင်တော့ ပျော်အောင်နေရမှာပါ။ စိတ်ညစ်တာတွေကို တွေးနေမိရင် စိတ်ရှုပ်တဲ့အကြောင်းတွေကိုသာ တွေးနေမိရင် သင် ပျော်ရမှာ မဟုတ်ပါဘူး။ ပျော်ရတဲ့ အကြောင်းလေးတွေကို တွေးတာကလည်း သင့်ကို ပျော်စေသလို ဘာ စိတ််ညစ်စရာမှ လျှောက်မတွေးတာကလည်း ပျော်ရစေပါတယ်။

(၂) ရယ်ရယ်မောမောနေပါ

စိတ်ညစ်နေတဲ့အချိန်မှာ တစ်ခါလောက် ရယ်ကြည့်ပါ။ ရယ်တာက ဘယ်လောက် လူ့စိတ်ကို ပေါ့ပါးစေလဲဆိုတာကို အသိသာဆုံး အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် ရယ်စရာ ရှိ ရယ်လိုက်ပါ။ သူငယ်ချင်းတွေ မိတ်ဆွေတွေနဲ့အတူ ပေါ့ပေါ့ပါးပါး ရယ်မော ပျော်ရွှင်အောင်နေပါ။

(၃) စိတ်ပေါ့ပါးအောင်နေပါ

မဖြစ်မနေ ကြုံရတဲ့ လောက အခက်အခဲတွေဆိုရင်တော့ သင် ခံစားရမှာပါပဲ။ ဒါပေမဲ့ ကြီးကြီးကျယ်ကျယ်မဟုတ်တဲ့အရာတွေကို သိပ်မခံစားပါနဲ့။ သင့်ကို ခံစားစေလာရပြီဆိုတာနဲ့ မေ့လိုက်ပြီး အာရုံလွှဲလိုက်ပါ။ စိတ်ပေါ့ပါးဖို့က ပျော်ရွှင်သွားဖို့အတွက် သော့ချက် တစ်ခုလည်း ဖြစ်ပါတယ်။

(၄) စိတ်ဖိစီးမှုတွေကို မြန်မြန် ဖြေရှင််းပါ

စိတ်ဖိစီးလာရင် စိတ်ညစ်လာရင် အကြောင်းအရင်းဆိုတာ ရှိစမြဲ ပါပဲ။ စိတ်ဖိစီးစေတဲ့ အကြောင်းအရင်းကို မြန်မြန် ရှင်းပြီး အဖြေထုတ်လိုက်ပါ။ စိတ်ဖိစီးမှုက အချိန်ကြာလေ သင့်ကို မပျော်ရွှင်ရစေလေပဲ ဖြစ်မှာပါ။ ပျော်ရွှင်တာသာ တာရှည်မခံတာ စိတ်ညစ်ရတာတွေက တာရှည်တတ်လို့ မြန်မြန် ဖြေရှင်းသင့်ပါတယ်နော်။

(၅) စိတ်ညစ်ရင် သိမ်းမထားပါနဲ့

စိတ်ညစ်ရင် ဘယ်တော့မှ တစ်ယောက်တည်း စိတ်အညစ်မခံပါနဲ့။ ဒီလို မဟုတ်တောင် ဘာမှ မလုပ်ပဲ အတွင်းထဲမှာပဲ စိတ်ညစ်စရာကို ထည့်ထားပြီး မဖြေရှင်းဖို့ လုပ်ထားတာမျိုး မလုပ်လိုက်ပါနဲ့။ သင့်ကို စိတ်ညစ်မှုတွေ ဝါးမျိုသွားပြီး မပျော်ရွှင်မှုတွေ ရောက်လာစေနိုင်လို့ သတိထားသင့်တဲ့ အချက်ပါနော်။

(၆) စိတ်ထွက်ပေါက် အမြဲ ထားပါ

လူတိုင်း စိတ်ထွက်ပေါက် ရှိဖို့ လိုအပ်ပါတယ်။ ဘယ်သူ့ကို မှ မထိခိုက်စေတဲ့ စိတ်ထွက်ပေါက်တော့ ထားထားသင့်ပါတယ်။ စိတ်ငြိမ်စေတဲ့ တစ်နေရာမှာ အိပ်ပစ်လိုက်တာမျိုး၊ နေရာလွတ်တစ်ခုမှာ ပုလင်းတွေကို ရိုက်ခွဲတာမျိုး၊ ငိုလိုက်တာမျိုး၊ တစ်ယောက်ယောက်ကို ရင်ဖွင့်တာမျိုး၊ တစ်နေရာရာမှာ အကျယ်ကြီး အော်လိုက်တာမျိုး စတဲ့ စိတ်ထွက်ပေါက်ပေးလိုက်မှုတွေက လူကို တကယ်သက်သာစေတာမို့ ပျော်ရွှင်ဖို့ အထောက်အပံ့တွေလည်း ဖြစ်ပါတယ်။

(၇) သူငယ်ချင်းတွေနဲ့ ပျော်ပါ

စိတ်ညစ်တဲ့အခါ သူငယ်ချင်းတွေက အကောင်းဆုံးပါ။ ပျော်စရာ အမှတ်တရတွေ ဖန်တီးဖို့ကလည်း သူငယ်ချင်းတွေက အကောင်းဆုံးပါပဲ။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ ပျော်အောင်သာ နေပါ။

(၈) ရယ်မောစရာလေးတွေကို ကြည့်ပါ

လူမှုကွန်ယက်ကို မသုံးတဲ့သူဆိုတာ မရှိသလောက်ပါပဲ။ လူမှုကွန်ယက်မှာ ဟာသတွေ ရယ်ရတဲ့ ဗီဒီယိုဖိုင်အတိုလေးတွေ ရှိပါတယ်။ ဒါတွေကလည်း သင့်ကို စိတ်သက်သာရစေပြီး ပျော်ရွှင်စေပါတယ်။

အားလုံးပဲ ပျော်ရွှင်စရာ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် …. ။

Kham

Be the first to comment

Leave a Reply

Your email address will not be published.


*