ေအာင္ျမင္သူေတြရဲ့ အေကာင္းဆုံးေငြစုနည္း (၃) မ်ိဳး

ေအာင္ျမင္သူေတြရဲ့ အေကာင္းဆုံးေငြစုနည္း (၃) မ်ိဳး

ေငြေၾကးျပႆနာေတြကို သင္ ဘာလို႔ရင္ဆိုင္ေနရလဲ သိပါသလား။ လကုန္တာနဲ႔ လက္ထဲမွာ ေငြဘာလို႔ မက်န္ေတာ့တာလဲဆိုတာကိုေကာ သင္သိပါသလား။ ေအာင္ျမင္သူေတြမွာ အမ်ားနဲ႔ လုံးဝမတူတဲ့ ေငြစုနည္းေတြ ရွိၾကပါတယ္။ ဒီေန႔မွာ စာခ်စ္သူတို႔အတြက္ ေအာင္ျမင္သူေတြ လက္ေတြ႕က်င့္သုံးတဲ့ ေငြစုနည္း (၃) မ်ိဳးကို ေျပာျပေပးခ်င္ပါတယ္ …။

(1) ပထမဆုံးနည္းကေတာ့ ေအာင္ျမင္သူေတြဟာ ေငြကို ေရတြက္ၾကပါတယ္။ သာမန္လူေတြက လစာရတယ္။ ေငြစုတယ္။ ေငြသုံးတယ္။ အသုံးစရိတ္ကို မတြက္ခ်က္ဘူး။ အပိုဝင္ေငြ မရွာဘူး။ အလုပ္ရွိေပမဲ့ တစ္ႏွစ္ၾကာတဲ့အခါ အခြန္အခေတြေၾကာင့္ အေႂကြးေတြတင္လာၾကတယ္။ ေအာင္ျမင္သူေတြကေတာ့ တစ္ႏွစ္တစ္ႀကိမ္ ေပးရမယ့္အခြန္အခေတြကို ပုံမွန္တြက္ၾကတယ္။ ေငြေၾကးကို စနစ္တက် စီမံၾကပါတယ္ …။

– သင္ေရာ ဘဏ္အေကာင့္ကို ဘယ္ႏွႀကိမ္စစ္ေဆးျဖစ္ပါသလဲ?

– ေန႔စဥ္အသုံးစရိတ္ေတြကိုေရာ တြက္ၾကည့္ဖူးပါသလား?

– ဝင္ေငြတိုးေအာင္ ဘယ္လိုရွာရမလဲဆိုတာေရာ သိပါသလား? ဘာကို ဆက္လုပ္သင့္သလဲ?

– ဝင္ေငြတိုးမယ့္ လမ္းေၾကာင္းေတြက ဘာေတြလဲ? ဒီေမးခြန္းေတြဟာ ေအာင္ျမင္သူေတြ က်င့္သုံးတဲ့ ပထမဆုံးေငြစုနည္းမွာ ပါဝင္တဲ့ အခ်က္ေတြပါပဲ …။

(2) ဒုတိယနည္းကေတာ့ ေအာင္ျမင္သူေတြဟာ သူတို႔ကိုယ္သူတို႔ အရင္ဆုံးလစာေပးၾကတယ္။ ကိုယ့္ကိုယ္ကိုယ္ လစာေပးတယ္ဆိုတာ ကားဝယ္တာ၊ အားလပ္ရက္ယူတာ၊ အေပ်ာ္အပါးအတြက္ သုံးျဖဳန္းတာေတြကို ဆိုလိုတာမဟုတ္ဘဲ ကိုယ့္အတြက္ ေငြကို သက္သက္ခြဲခ်န္ၿပီး ရင္းႏွီးျမဳပ္ႏွံထားတာကို ဆိုလိုပါတယ္။ လူေတာ္ေတာ္မ်ားမ်ား ဖတ္ဖူးၾကတဲ့ “ ေဘဘီလုံမွာ အခ်မ္းသာဆုံးပုဂၢိဳလ္ ” ဆိုတဲ့ စာအုပ္မွာ ဝင္ေငြရဲ့ ၁ဝ%ကို ခြဲခ်န္ၿပီး စုတတ္ဖို႔ ေျပာျပထားပါတယ္ …။

ဒီေန႔ေခတ္ ေငြေၾကးေဖာင္းပြမႈေတြေၾကာင့္ အရာရာေဈးႀကီးေနခ်ိန္မွာ ဝင္ေငြရဲ့ ၁ဝ% စုေန႐ုံနဲ႔ မလုံေလာက္ေတာ့ပါဘူး။ ဒါေၾကာင့္ တစ္လကို သင့္ဝင္ေငြ ဘယ္ေလာက္ပဲရရ၊ ဝင္ေငြမ်ားေလေလ ၁၅%၊ ၂ဝ%၊ ၃ဝ% စသျဖင့္ အသီးသီးတိုးစုသြားရပါမယ္။ ၿပီးေတာ့ သင့္ဝင္ေငြရဲ့% အနည္းဆုံးကိုပဲ သုံးစြဲပါ။ ဒါဟာ ကိုယ့္ကိုယ္ကိုယ္ လစာေပးျခင္း ပါပဲ …။

(3) တတိယနည္းကေတာ့ ေအာင္ျမင္သူေတြဟာ ဝင္ေငြတိုးရွာနိုင္မယ့္ စြမ္းရည္ကို အဆက္မျပတ္ တိုးတက္ေအာင္ လုပ္ၾကပါတယ္။ “တစ္လမွ ဝင္ေငြက နည္းနည္းပဲရွိတယ္။ အသုံးစရိတ္ေတြက မ်ားလြန္းတယ္။ ေငြဘယ္လို စုနိုင္မွာလဲ။ ” လို႔ သင္ကေတြးေနနိုင္ပါတယ္။ ဒါဆိုရင္ ႏွစ္စဥ္ ေငြကို တိုးသထက္တိုးလာေအာင္ ခြဲခ်န္ၿပီး ရင္းႏွီးျမဳပ္ႏွံထားပါ။ ၿပီးေတာ့ ဝင္ေငြတိုးေအာင္ လုပ္နိုင္တဲ့စြမ္းရည္ကို တိုးတက္ေအာင္ လုပ္ပါ …။

ဒီစြမ္းရည္ကို ရဖို႔ သင့္အရည္အခ်င္းေတြကို ေငြရွာတတ္ဖို႔အတြက္ ထပ္ခါထပ္ခါ အသုံးခ်ပါ။ ဒါဆိုရင္ သင့္ဝင္ေငြဟာ တစ္ႏွစ္ထက္တစ္ႏွစ္ တိုးလာပါမယ္။ ႏွစ္စဥ္ သင့္ဝင္ေငြတိုးလာတယ္ဆိုရင္ သင့္မွာ ဝင္ေငြတိုးေအာင္ လုပ္နိုင္တဲ့စြမ္းရည္ တက္လာတာပါပဲ။ ဒါဟာ တတိယနည္းေၾကာင့္ ရလာမယ့္ အက်ိဳးေက်းဇူးေတြ ျဖစ္ပါတယ္ …။

ဒါေၾကာင့္ …

“ သင့္အနာဂတ္ကို မေရြးခ်ယ္ပါနဲ႔ …၊

သင္သုံးေနတဲ့ နည္းလမ္းေတြကို ေရြးခ်ယ္ပါ …။

သင့္နည္းလမ္းေတြကပဲ သင့္အနာဂတ္ကို ေရြးခ်ယ္ေပးပါလိမ့္မယ္ …။”

ကဲ…သင္လည္း ဒီနည္းလမ္းေလး (၃) ခုနဲ႔ဲ ေငြေၾကးျပႆနာေတြကို ႏုတ္ဆက္လိုက္ပါေနာ္ …။ ။

ဤေဆာင္းပါးကို ဂႏၴဝင္မဂၢဇင္းမွ ေရးသားတင္ဆက္သည္ …။

Unicode

အောင်မြင်သူတွေရဲ့ အကောင်းဆုံးငွေစုနည်း (၃) မျိုး

ငွေကြေးပြဿနာတွေကို သင် ဘာလို့ရင်ဆိုင်နေရလဲ သိပါသလား။ လကုန်တာနဲ့ လက်ထဲမှာ ငွေဘာလို့ မကျန်တော့တာလဲဆိုတာကိုကော သင်သိပါသလား။ အောင်မြင်သူတွေမှာ အများနဲ့ လုံးဝမတူတဲ့ ငွေစုနည်းတွေ ရှိကြပါတယ်။ ဒီနေ့မှာ စာချစ်သူတို့အတွက် အောင်မြင်သူတွေ လက်တွေ့ကျင့်သုံးတဲ့ ငွေစုနည်း (၃) မျိုးကို ပြောပြပေးချင်ပါတယ် …။

(1) ပထမဆုံးနည်းကတော့ အောင်မြင်သူတွေဟာ ငွေကို ရေတွက်ကြပါတယ်။ သာမန်လူတွေက လစာရတယ်။ ငွေစုတယ်။ ငွေသုံးတယ်။ အသုံးစရိတ်ကို မတွက်ချက်ဘူး။ အပိုဝင်ငွေ မရှာဘူး။ အလုပ်ရှိပေမဲ့ တစ်နှစ်ကြာတဲ့အခါ အခွန်အခတွေကြောင့် အကြွေးတွေတင်လာကြတယ်။ အောင်မြင်သူတွေကတော့ တစ်နှစ်တစ်ကြိမ် ပေးရမယ့်အခွန်အခတွေကို ပုံမှန်တွက်ကြတယ်။ ငွေကြေးကို စနစ်တကျ စီမံကြပါတယ် …။

– သင်ရော ဘဏ်အကောင့်ကို ဘယ်နှကြိမ်စစ်ဆေးဖြစ်ပါသလဲ?

– နေ့စဉ်အသုံးစရိတ်တွေကိုရော တွက်ကြည့်ဖူးပါသလား?

– ဝင်ငွေတိုးအောင် ဘယ်လိုရှာရမလဲဆိုတာရော သိပါသလား? ဘာကို ဆက်လုပ်သင့်သလဲ?

– ဝင်ငွေတိုးမယ့် လမ်းကြောင်းတွေက ဘာတွေလဲ? ဒီမေးခွန်းတွေဟာ အောင်မြင်သူတွေ ကျင့်သုံးတဲ့ ပထမဆုံးငွေစုနည်းမှာ ပါဝင်တဲ့ အချက်တွေပါပဲ …။

(2) ဒုတိယနည်းကတော့ အောင်မြင်သူတွေဟာ သူတို့ကိုယ်သူတို့ အရင်ဆုံးလစာပေးကြတယ်။ ကိုယ့်ကိုယ်ကိုယ် လစာပေးတယ်ဆိုတာ ကားဝယ်တာ၊ အားလပ်ရက်ယူတာ၊ အပျော်အပါးအတွက် သုံးဖြုန်းတာတွေကို ဆိုလိုတာမဟုတ်ဘဲ ကိုယ့်အတွက် ငွေကို သက်သက်ခွဲချန်ပြီး ရင်းနှီးမြုပ်နှံထားတာကို ဆိုလိုပါတယ်။ လူတော်တော်များများ ဖတ်ဖူးကြတဲ့ “ ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ် ” ဆိုတဲ့ စာအုပ်မှာ ဝင်ငွေရဲ့ ၁ဝ%ကို ခွဲချန်ပြီး စုတတ်ဖို့ ပြောပြထားပါတယ် …။

ဒီနေ့ခေတ် ငွေကြေးဖောင်းပွမှုတွေကြောင့် အရာရာဈေးကြီးနေချိန်မှာ ဝင်ငွေရဲ့ ၁ဝ% စုနေရုံနဲ့ မလုံလောက်တော့ပါဘူး။ ဒါကြောင့် တစ်လကို သင့်ဝင်ငွေ ဘယ်လောက်ပဲရရ၊ ဝင်ငွေများလေလေ ၁၅%၊ ၂ဝ%၊ ၃ဝ% စသဖြင့် အသီးသီးတိုးစုသွားရပါမယ်။ ပြီးတော့ သင့်ဝင်ငွေရဲ့% အနည်းဆုံးကိုပဲ သုံးစွဲပါ။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် လစာပေးခြင်း ပါပဲ …။

(3) တတိယနည်းကတော့ အောင်မြင်သူတွေဟာ ဝင်ငွေတိုးရှာနိုင်မယ့် စွမ်းရည်ကို အဆက်မပြတ် တိုးတက်အောင် လုပ်ကြပါတယ်။ “တစ်လမှ ဝင်ငွေက နည်းနည်းပဲရှိတယ်။ အသုံးစရိတ်တွေက များလွန်းတယ်။ ငွေဘယ်လို စုနိုင်မှာလဲ။ ” လို့ သင်ကတွေးနေနိုင်ပါတယ်။ ဒါဆိုရင် နှစ်စဉ် ငွေကို တိုးသထက်တိုးလာအောင် ခွဲချန်ပြီး ရင်းနှီးမြုပ်နှံထားပါ။ ပြီးတော့ ဝင်ငွေတိုးအောင် လုပ်နိုင်တဲ့စွမ်းရည်ကို တိုးတက်အောင် လုပ်ပါ …။

ဒီစွမ်းရည်ကို ရဖို့ သင့်အရည်အချင်းတွေကို ငွေရှာတတ်ဖို့အတွက် ထပ်ခါထပ်ခါ အသုံးချပါ။ ဒါဆိုရင် သင့်ဝင်ငွေဟာ တစ်နှစ်ထက်တစ်နှစ် တိုးလာပါမယ်။ နှစ်စဉ် သင့်ဝင်ငွေတိုးလာတယ်ဆိုရင် သင့်မှာ ဝင်ငွေတိုးအောင် လုပ်နိုင်တဲ့စွမ်းရည် တက်လာတာပါပဲ။ ဒါဟာ တတိယနည်းကြောင့် ရလာမယ့် အကျိုးကျေးဇူးတွေ ဖြစ်ပါတယ် …။

ဒါကြောင့် …

“ သင့်အနာဂတ်ကို မရွေးချယ်ပါနဲ့ …၊

သင်သုံးနေတဲ့ နည်းလမ်းတွေကို ရွေးချယ်ပါ …။

သင့်နည်းလမ်းတွေကပဲ သင့်အနာဂတ်ကို ရွေးချယ်ပေးပါလိမ့်မယ် …။”

ကဲ…သင်လည်း ဒီနည်းလမ်းလေး (၃) ခုနဲဲ့ ငွေကြေးပြဿနာတွေကို နုတ်ဆက်လိုက်ပါနော် …။ ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည် …။

Be the first to comment

Leave a Reply

Your email address will not be published.


*