အဆင္မေျပတဲ့အခ်စ္ေရးကို မိန္းကေလးအမ်ားစု လက္မလႊတ္နိုင္ၾကတဲ႔ အေၾကာင္းအရင္း(၄)ခ်က္

အဆင္မေျပတဲ့အခ်စ္ေရးကို မိန္းကေလးအမ်ားစု လက္မလႊတ္နိုင္ၾကတဲ႔ အေၾကာင္းအရင္း(၄)ခ်က္

မိန္းကေလးေတြဟာ တကယ္ခ်စ္သြားၿပီဆိုရင္ သူတို႔ခ်စ္တဲ့သူက ဘယ္ေလာက္ဆိုးတဲ့သူျဖစ္ျဖစ္ လြယ္လြယ္နဲ႔လက္တြဲမျဖဳတ္တတ္၊ ေက်ာမခိုင္းတတ္ၾကပါဘူး။ ကိုယ့္ကိုစိတ္ဆင္းရဲေစတဲ့အခ်စ္ေရးကို စိတ္ညစ္ခံၿပီး ဖက္တြယ္ထားတတ္ၾကပါတယ္။ မိန္းကေလးအမ်ားစု ဘာလို႔မ်ား ကိုယ့္အတြက္မေကာင္းတဲ့အခ်စ္ေရးကိုလက္မလႊတ္ဘဲ ေရွ႕ဆက္ေနတာလဲဆိုေတာ့ ဒီအေၾကာင္းရင္းေတြေၾကာင့္ ျဖစ္ပါတယ္ေနာ္ …

(၁) အထီးက်န္မွာေၾကာက္လို႔

မိန္းကေလးတိုင္းက အထီးက်န္မွာေၾကာက္လို႔ အဆင္မေျပတဲ့အခ်စ္ေရးကို ေရွ႕ဆက္ၾကတာမဟုတ္ေပမယ့္ အမ်ားစုကေတာ့ ဒီခ်စ္သူနဲ႔ျပတ္ၿပီးရင္ အထီးက်န္ရမွာကိုေၾကာက္လို႔ စိတ္ဆင္းရဲခံၿပီး ဆက္တြဲေနၾကတာပါတဲ့ …။

(၂) ကိုယ့္ကိုယ္ကိုယုံၾကည္မႈေလ်ာ့နည္းေနလို႔

ကိုယ့္ကိုယ္ကိုယုံၾကည္မႈရွိတဲ့မိန္းကေလးေတြက ဒီခ်စ္သူနဲ႔ျပတ္သြားလည္း ကိုယ္အဆင္ေျပေအာင္ေနနိုင္လိမ့္မယ္လို႔ ယုံၾကည္တယ္။ ကိုယ့္ကိုယ္ကိုအဆင္ေျပေအာင္ ဘယ္လိုေနရမလဲေကာင္းေကာင္းသိတယ္။ ဒါေၾကာင့္ စိတ္ဒုကၡေပးတဲ့ခ်စ္သူကိုျဖတ္ဖို႔ ဝန္မေလးဘူး။ ဒါေပမယ့္ ကိုယ့္ကိုယ္ကိုယုံၾကည္မႈေလ်ာ့နည္းေနတဲ့မိန္းကေလးေတြကေတာ့ ဒီခ်စ္သူနဲ႔ျပတ္ၿပီးရင္ ကိုယ္အဆင္ေျပပါ့မလားဆိုတာ မေသခ်ာဘူး။ ကိုယ္အဆင္ေျပေအာင္ဘယ္လိုေနရမလဲမသိဘူး။ ဒါေၾကာင့္ လမ္းခြဲဖို႔ မဝံ့ရဲဘူးျဖစ္ေနတာပါ …။

(၃) တကယ္ခ်စ္ၿပီး အဆုံးရႈံးမခံနိုင္လို႔

တခ်ိဳ႕မိန္းကေလးေတြက်ေတာ့လည္း တကယ္ခ်စ္လြန္းလို႔ ကိုယ္တကယ္ခ်စ္တဲ့သူကို အဆုံးရႈံးမခံနိုင္လြန္းလို႔ စိတ္ညစ္စရာ အခ်စ္ေရးကို လက္မလႊတ္နိုင္ဘဲ ေရွ႕ဆက္သြားေနၾကတာပါ …။

(၄) သူကတန္ဖိုးမထားေပမယ့္ ကိုယ္ကတန္ဖိုးထားလို႔

ကိုယ့္ကိုစိတ္ဆင္းရဲမႈေတြကိုပဲေပးတဲ့ အခ်စ္ေရးမ်ိဳးက ဘာေတြမ်ားအဖိုးတန္ေနလို႔ တန္ဖိုးထားေနရတာလဲလို႔ ေမးစရာရွိပါတယ္။ ဒါကေတာ့ တကယ္ခ်စ္ဖူးတဲ့သူေတြနားလည္ပါလိမ့္မယ္။ ကိုယ္တကယ္ခ်စ္ေတာ့ ဘယ္ေလာက္ပဲအဆင္မေျပဘူးဆိုေပမယ့္ ဒီအခ်စ္ေရးေလး ပ်က္စီးသြားမွာကို ႏွေျမာတသျဖစ္ေနတတ္တာပါ။ သူနဲ႔ကိုယ့္ၾကားက ဒီဆက္ဆံေရးကို သူကတန္ဖိုးမထားေပမယ့္ ကိုယ္ကတန္ဖိုးထားလို႔ လမ္းမခြဲနိုင္တာပဲ ျဖစ္ပါတယ္ …။ ။

မူရင္းတင္သူအား ေလးစားစြာျဖင္႔ Credit

Unicode

အဆင်မပြေတဲ့အချစ်ရေးကို မိန်းကလေးအများစု လက်မလွှတ်နိုင်ကြတဲ့ အကြောင်းအရင်း(၄)ချက်

မိန်းကလေးတွေဟာ တကယ်ချစ်သွားပြီဆိုရင် သူတို့ချစ်တဲ့သူက ဘယ်လောက်ဆိုးတဲ့သူဖြစ်ဖြစ် လွယ်လွယ်နဲ့လက်တွဲမဖြုတ်တတ်၊ ကျောမခိုင်းတတ်ကြပါဘူး။ ကိုယ့်ကိုစိတ်ဆင်းရဲစေတဲ့အချစ်ရေးကို စိတ်ညစ်ခံပြီး ဖက်တွယ်ထားတတ်ကြပါတယ်။ မိန်းကလေးအများစု ဘာလို့များ ကိုယ့်အတွက်မကောင်းတဲ့အချစ်ရေးကိုလက်မလွှတ်ဘဲ ရှေ့ဆက်နေတာလဲဆိုတော့ ဒီအကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်နော် …

(၁) အထီးကျန်မှာကြောက်လို့

မိန်းကလေးတိုင်းက အထီးကျန်မှာကြောက်လို့ အဆင်မပြေတဲ့အချစ်ရေးကို ရှေ့ဆက်ကြတာမဟုတ်ပေမယ့် အများစုကတော့ ဒီချစ်သူနဲ့ပြတ်ပြီးရင် အထီးကျန်ရမှာကိုကြောက်လို့ စိတ်ဆင်းရဲခံပြီး ဆက်တွဲနေကြတာပါတဲ့ …။

(၂) ကိုယ့်ကိုယ်ကိုယုံကြည်မှုလျော့နည်းနေလို့

ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့မိန်းကလေးတွေက ဒီချစ်သူနဲ့ပြတ်သွားလည်း ကိုယ်အဆင်ပြေအောင်နေနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ ကိုယ့်ကိုယ်ကိုအဆင်ပြေအောင် ဘယ်လိုနေရမလဲကောင်းကောင်းသိတယ်။ ဒါကြောင့် စိတ်ဒုက္ခပေးတဲ့ချစ်သူကိုဖြတ်ဖို့ ဝန်မလေးဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယုံကြည်မှုလျော့နည်းနေတဲ့မိန်းကလေးတွေကတော့ ဒီချစ်သူနဲ့ပြတ်ပြီးရင် ကိုယ်အဆင်ပြေပါ့မလားဆိုတာ မသေချာဘူး။ ကိုယ်အဆင်ပြေအောင်ဘယ်လိုနေရမလဲမသိဘူး။ ဒါကြောင့် လမ်းခွဲဖို့ မဝံ့ရဲဘူးဖြစ်နေတာပါ …။

(၃) တကယ်ချစ်ပြီး အဆုံးရှုံးမခံနိုင်လို့

တချို့မိန်းကလေးတွေကျတော့လည်း တကယ်ချစ်လွန်းလို့ ကိုယ်တကယ်ချစ်တဲ့သူကို အဆုံးရှုံးမခံနိုင်လွန်းလို့ စိတ်ညစ်စရာ အချစ်ရေးကို လက်မလွှတ်နိုင်ဘဲ ရှေ့ဆက်သွားနေကြတာပါ …။

(၄) သူကတန်ဖိုးမထားပေမယ့် ကိုယ်ကတန်ဖိုးထားလို့

ကိုယ့်ကိုစိတ်ဆင်းရဲမှုတွေကိုပဲပေးတဲ့ အချစ်ရေးမျိုးက ဘာတွေများအဖိုးတန်နေလို့ တန်ဖိုးထားနေရတာလဲလို့ မေးစရာရှိပါတယ်။ ဒါကတော့ တကယ်ချစ်ဖူးတဲ့သူတွေနားလည်ပါလိမ့်မယ်။ ကိုယ်တကယ်ချစ်တော့ ဘယ်လောက်ပဲအဆင်မပြေဘူးဆိုပေမယ့် ဒီအချစ်ရေးလေး ပျက်စီးသွားမှာကို နှမြောတသဖြစ်နေတတ်တာပါ။ သူနဲ့ကိုယ့်ကြားက ဒီဆက်ဆံရေးကို သူကတန်ဖိုးမထားပေမယ့် ကိုယ်ကတန်ဖိုးထားလို့ လမ်းမခွဲနိုင်တာပဲ ဖြစ်ပါတယ် …။ ။

မူရင်းတင်သူအား လေးစားစွာဖြင့် Credit

Be the first to comment

Leave a Reply

Your email address will not be published.


*