လူ သားေတြ ေနာက္ ထပ္ ကပ္ေဘးၾကီး တစ္ခု ၾကံုေတြ႕ရေတာ့မွာလား

လူ သားေတြ ေနာက္ ထပ္ ကပ္ေဘးၾကီး တစ္ခု ၾကံုေတြ႕ရေတာ့မွာလား

Zawgyi

က မၻာ့ အျပင္း ထန္ဆံုး ေပါက္ကြဲမွဳ သမိုင္း၀င္ အင္ဒိုနီးရွား ကရာကာတိုအာ မီးေတာင္ၾကီး မွ ျပာပူႏွင့္ ေခ်ာ္ရည္မ်ား မွဳတ္ထုတ္ေန ။ ဒုတိယကမၻာ စစ္ဟီရိုရွီးမား န်ဴကလီယာေပါက္ ကြဲ အားထက္ အဆေပါင္း ၁၃,၀၀၀ ပိုမိုျပင္း ထန္ စြာ ေပါက္ ကြဲ ခဲ့ဖူး ။

အင္ဒိုနီးရွားႏိုင္ငံ ရွိ ကရာကာ တိုအာ မီးေတာင္ သည္ ျပာပူႏွင့္ ေခ်ာ္ရည္မ်ား ကို ေလထု အတြင္း မွဳတ္ထုတ္လွ်က္ရွိရာ ဆူနာမီေရလွိဳင္းေၾကာင့္ လူေပါင္း ၄၀၀ ေသဆံုးခဲ့ရသည့္ ၂၀၁၈- ခုႏွစ္ ေနာက္ပိုင္း မီးေတာင္ၾကီး ၏ ေနာက္ဆံုး လွဳပ္ရွားမွဳျဖစ္သည္ ဟု Russia Today က ယေန႔ေရးသားသည္ … ။

အင္ဒိုနီးရွား အာဏာပိုင္မ်ား အဆိုအရ ေတာင္ထိပ္တြင္ျဖစ္ပြားေသာ ေျမငလ်င္ လႈပ္ခတ္မႈ မွာ ေသာၾကာေန႔ ညေႏွာင္းပိုင္းမွ စတင္၍ စေနေန႔နံနက္အထိျဖစ္ေၾကာင္း သိရွိရပါတယ္။

မီးေတာင္ၾကီးမွ အနက္ေရာင္ျပာပူမ်ားကို ေလထုအတြင္း ထူထဲေသာတိမ္ထုဖြယ္ မွဳတ္ထုတ္လွ်က္ရွိရာ ပင္လယ္ေရမ်က္ႏွာျပင္အထက္ အနည္းဆုံး ၂,၁၅၅ ေပခန္႔အထိ ျမင့္တက္ခဲ့ေၾကာင္း ၀န္ၾကီးဌာန၏ သတင္းထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္ … ။

ထို အတြက္ လိေမၼာ္ေရာင္အဆင့္သတိေပးခ်က္ ထုတ္ျပန္ထားၿပီး မီးေတာင္ႏွင့္ ပတ္သက္၍ ဒုတိယအျမင့္ဆုံး ေလေၾကာင္းဆိုင္ရာ သတိေပးခ်က္ျဖစ္ ပါတယ္ ။

ကမၻာတဝွမ္းမီးေတာင္လႈပ္ရွားမႈမ်ားကိုေျခရာခံသည့္ Volcanodiscovery ၏ ခန႔္မွန္းတြက္ခ်က္မႈ အရ ကရာကာတိုအာသည္ “အျပင္းထန္ဆုံးမီးေတာင္ေပါက္ကြဲမႈအဆင့္” သို႔ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ၌ စတင္ေရာက္ ရွိခဲ့သည္ … ။

ထိုစဥ္က မီးေတာင္၏တစ္စိတ္တစ္ပိုင္းၿပိဳက်ျခင္းေၾကာင့္ ဆူနာမီေရလွိဳင္းမ်ားျဖစ္ေပၚသျဖင့္ လူ ၄၀၀ ေက်ာ္ေသဆုံးၿပီး ၄၀,၀၀၀ ေက်ာ္အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရ ပါတယ္ ။

အင္ဒိုနီးရွားႏိုင္ငံ ဂ်ာဗားကၽြန္း လန္ပန္းျပည္နယ္ႏွင့္ ဆူမားၾတားကၽြန္းအၾကား ဆြန္ဒါေရလက္ၾကား ရွိ ကရာကာတိုအာသည္ လူ႔သမိုင္းတြင္ အျပင္းထန္ဆံုးႏွင့္ အဆိုးရြားဆံုး မီးေတာင္ေပါက္ကြဲမွဳေၾကာင့္ ႏိုင္ငံတကာ ထင္ရွားေက်ာ္ၾကား ပါတယ္ ။

၁၈၈၃ ခုႏွစ္ၾသဂုတ္လ ၂၆-၂၇ ရက္မ်ားတြင္ ဆက္တိုက္ ျဖစ္ပြားခဲ့ေသာ ျပင္းထန္သည့္ မီးေတာင္ေပါက္ကြဲသံကို မိုင္ ၂,၂၀၀ အကြာအေ၀းရွိ ၾသစေတးလ်ႏွင့္ အိႏၵိယသမုဒၵရာအတြင္း မိုင္ ၃,၀၀၀ နီးပါး အကြာအေ၀းရွိ ေမာ္ေရးရွားကၽြန္းမွပင္ ၾကားၾက ရသည္ … ။

ယမ္းအား ၂၀၀ မီဂါတန္ႏွင့္ ညီမွ်ေသာ ေပါက္ကြဲမွဳမွာ ဒုတိယကမၻာစစ္ ဟီရိုရွီးမားကို ဖ်က္ဆီးခဲ့ေသာ န်ဴကလီယာေပါက္ကြဲအားထက္ အဆေပါင္း ၁၃,၀၀၀ ပိုမိုျပင္းထန္ခဲ့ ပါတယ္ ။

ခန႔္မွန္းေျခအားျဖင့္ ၆ ကုဗမိုင္ ထုထည္ရွိေသာ ေက်ာက္တုံး ကို ထုတ္လႊတ္ ခဲ့သည္ ။ မီးေတာင္ပတ္လည္ ရွိ အနီးရွိရြာေပါင္း ၁၆၅ ရြာ ထိခိုက္ခဲ့ရာ ၁၃၂ ရြာမွာအႀကီး အက်ယ္ပ်က္စီး ခဲ့သည္။ အနည္းဆုံးလူေပါင္း ၃၆,၄၁၇ ဦး ေသဆုံးၿပီး ေထာင္ေပါင္းမ်ားစြာဒဏ္ရာရခဲ့ရာ အမ်ားစုမွာေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ ဆူနာမီေရလွိဳင္းလံုးေၾကာင့္ျဖစ္သည္ … ။

မီးေတာင္ေပါက္ကြဲမႈသည္ ကရာကြာေတးကၽြန္း၏ သုံးပုံႏွစ္ပုံကို ဖ်က္ဆီးခဲ့ျပီး ေပါက္ကြဲမွဳအက်ိဳးသက္ေရာက္ျခင္းကို ကမၻာအႏွ႔ံရက္သတၱခ်ီ၍ ၾကာျမင့္စြာ ခံစားခဲ့ ရပါ တယ္ ။

ယခုလက္ရွိမီးေတာင္မွာ ၁၉၂၇ ခုႏွစ္၌ ေဒသ အတြင္းေပါက္ကြဲမႈမ်ားျဖစ္ပြားခဲ့ျပီး ေနာက္ ေပၚေပါက္လာေသာ အန္နက္ကရာကာတိုအာ (ကရာကာတိုအာ၏ကေလး) ျဖစ္ပါတယ္။ ၂၀၁၁ ခုႏွစ္၊ ၂၀၁၀၊ ၂၀၁၁ ႏွင့္ ၂၀၁၂ ခုႏွစ္တို ႔တြင္ အခ်ိန္ကာလၾကာျမင့္စြာေပါက္ကြဲျခင္းမ်ားျဖစ္ေပၚခဲ့ျပီး ၂၀၁၈ ခုႏွစ္တြင္ မီးေတာင္၏ အဓိကအစိတ္အပိုင္းမ်ားၿပိဳက်ျခင္းတို႔ ဆက္တိုက္ျဖစ္ပြားခဲ့ ပါတယ္ ။

Oung Marine

Unicode

လူ သားတွေ နောက် ထပ် ကပ်ဘေးကြီး တစ်ခု ကြုံတွေ့ရတော့မှာလား

က မ္ဘာ့ အပြင်း ထန်ဆုံး ပေါက်ကွဲမှု သမိုင်းဝင် အင်ဒိုနီးရှား ကရာကာတိုအာ မီးတောင်ကြီး မှ ပြာပူနှင့် ချော်ရည်များ မှုတ်ထုတ်နေ ။ ဒုတိယကမ္ဘာ စစ်ဟီရိုရှီးမား နျူကလီယာပေါက် ကွဲ အားထက် အဆပေါင်း ၁၃,၀၀၀ ပိုမိုပြင်း ထန် စွာ ပေါက် ကွဲ ခဲ့ဖူး ။

အင်ဒိုနီးရှားနိုင်ငံ ရှိ ကရာကာ တိုအာ မီးတောင် သည် ပြာပူနှင့် ချော်ရည်များ ကို လေထု အတွင်း မှုတ်ထုတ်လျှက်ရှိရာ ဆူနာမီရေလှိုင်းကြောင့် လူပေါင်း ၄၀၀ သေဆုံးခဲ့ရသည့် ၂၀၁၈- ခုနှစ် နောက်ပိုင်း မီးတောင်ကြီး ၏ နောက်ဆုံး လှုပ်ရှားမှုဖြစ်သည် ဟု Russia Today က ယနေ့ရေးသားသည် … ။

အင်ဒိုနီးရှား အာဏာပိုင်များ အဆိုအရ တောင်ထိပ်တွင်ဖြစ်ပွားသော မြေငလျင် လှုပ်ခတ်မှု မှာ သောကြာနေ့ ညနှောင်းပိုင်းမှ စတင်၍ စနေနေ့နံနက်အထိဖြစ်ကြောင်း သိရှိရပါတယ်။

မီးတောင်ကြီးမှ အနက်ရောင်ပြာပူများကို လေထုအတွင်း ထူထဲသောတိမ်ထုဖွယ် မှုတ်ထုတ်လျှက်ရှိရာ ပင်လယ်ရေမျက်နှာပြင်အထက် အနည်းဆုံး ၂,၁၅၅ ပေခန့်အထိ မြင့်တက်ခဲ့ကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည် … ။

ထို အတွက် လိမ္မော်ရောင်အဆင့်သတိပေးချက် ထုတ်ပြန်ထားပြီး မီးတောင်နှင့် ပတ်သက်၍ ဒုတိယအမြင့်ဆုံး လေကြောင်းဆိုင်ရာ သတိပေးချက်ဖြစ် ပါတယ် ။

ကမ္ဘာတဝှမ်းမီးတောင်လှုပ်ရှားမှုများကိုခြေရာခံသည့် Volcanodiscovery ၏ ခန့်မှန်းတွက်ချက်မှု အရ ကရာကာတိုအာသည် “အပြင်းထန်ဆုံးမီးတောင်ပေါက်ကွဲမှုအဆင့်” သို့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ၌ စတင်ရောက် ရှိခဲ့သည် … ။

ထိုစဉ်က မီးတောင်၏တစ်စိတ်တစ်ပိုင်းပြိုကျခြင်းကြောင့် ဆူနာမီရေလှိုင်းများဖြစ်ပေါ်သဖြင့် လူ ၄၀၀ ကျော်သေဆုံးပြီး ၄၀,၀၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ ပါတယ် ။

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း လန်ပန်းပြည်နယ်နှင့် ဆူမားတြားကျွန်းအကြား ဆွန်ဒါရေလက်ကြား ရှိ ကရာကာတိုအာသည် လူ့သမိုင်းတွင် အပြင်းထန်ဆုံးနှင့် အဆိုးရွားဆုံး မီးတောင်ပေါက်ကွဲမှုကြောင့် နိုင်ငံတကာ ထင်ရှားကျော်ကြား ပါတယ် ။

၁၈၈၃ ခုနှစ်သြဂုတ်လ ၂၆-၂၇ ရက်များတွင် ဆက်တိုက် ဖြစ်ပွားခဲ့သော ပြင်းထန်သည့် မီးတောင်ပေါက်ကွဲသံကို မိုင် ၂,၂၀၀ အကွာအဝေးရှိ သြစတေးလျနှင့် အိန္ဒိယသမုဒ္ဒရာအတွင်း မိုင် ၃,၀၀၀ နီးပါး အကွာအဝေးရှိ မော်ရေးရှားကျွန်းမှပင် ကြားကြ ရသည် … ။

ယမ်းအား ၂၀၀ မီဂါတန်နှင့် ညီမျှသော ပေါက်ကွဲမှုမှာ ဒုတိယကမ္ဘာစစ် ဟီရိုရှီးမားကို ဖျက်ဆီးခဲ့သော နျူကလီယာပေါက်ကွဲအားထက် အဆပေါင်း ၁၃,၀၀၀ ပိုမိုပြင်းထန်ခဲ့ ပါတယ် ။

ခန့်မှန်းခြေအားဖြင့် ၆ ကုဗမိုင် ထုထည်ရှိသော ကျောက်တုံး ကို ထုတ်လွှတ် ခဲ့သည် ။ မီးတောင်ပတ်လည် ရှိ အနီးရှိရွာပေါင်း ၁၆၅ ရွာ ထိခိုက်ခဲ့ရာ ၁၃၂ ရွာမှာအကြီး အကျယ်ပျက်စီး ခဲ့သည်။ အနည်းဆုံးလူပေါင်း ၃၆,၄၁၇ ဦး သေဆုံးပြီး ထောင်ပေါင်းများစွာဒဏ်ရာရခဲ့ရာ အများစုမှာပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဆူနာမီရေလှိုင်းလုံးကြောင့်ဖြစ်သည် … ။

မီးတောင်ပေါက်ကွဲမှုသည် ကရာကွာတေးကျွန်း၏ သုံးပုံနှစ်ပုံကို ဖျက်ဆီးခဲ့ပြီး ပေါက်ကွဲမှုအကျိုးသက်ရောက်ခြင်းကို ကမ္ဘာအနှ့ံရက်သတ္တချီ၍ ကြာမြင့်စွာ ခံစားခဲ့ ရပါ တယ် ။

ယခုလက်ရှိမီးတောင်မှာ ၁၉၂၇ ခုနှစ်၌ ဒေသ အတွင်းပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး နောက် ပေါ်ပေါက်လာသော အန်နက်ကရာကာတိုအာ (ကရာကာတိုအာ၏ကလေး) ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်၊ ၂၀၁၀၊ ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်တို ့တွင် အချိန်ကာလကြာမြင့်စွာပေါက်ကွဲခြင်းများဖြစ်ပေါ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် မီးတောင်၏ အဓိကအစိတ်အပိုင်းများပြိုကျခြင်းတို့ ဆက်တိုက်ဖြစ်ပွားခဲ့ ပါတယ် ။

Oung Marine