ဆားရည္နဲ႔ ကို႐ိုနာပိုးသတ္ၾကမယ္ ….ႏွင့္ေပါက္ကရမ်ား ရွင္းတမ္း ( အခ်ဳ့ိဆုိ ကြမ္းစားရင္း ေပ်ာက္တယ္ေတာင္ပါေသး )

ဆားရည္နဲ႔ ကို႐ိုနာပိုးသတ္ၾကမယ္ ….ႏွင့္ေပါက္ကရမ်ား ရွင္းတမ္း ( အခ်ဳ့ိဆုိ ကြမ္းစားရင္း ေပ်ာက္တယ္ေတာင္ပါေသး )

Zawagyi

ဆားရည္နဲ႔ ကို႐ိုနာပိုးသတ္ၾကမယ္ …. ႏွင့္ေပါက္ကရမ်ား ရွင္းတမ္း

ကို႐ိုနာပိုးကို ကေလးအေတြးနဲ႔ ေတြးၾကည့္ရင္ ၿပဳံးခ်င္ခ်င္ ျဖစ္စရာတစ္ခု ရွိပါေလေရာ….။ တစ္ကမာၻလုံးမွာ အေတာ္ဆုံးပါဆိုတဲ့ သိပၸံပညာရွင္‌ေတြ ေဒၚလာသန္းခ်ီသုံးကာ research လုပ္ၿပီး အသည္းအသန္ ရွာေနၾကတာ….ဗိုင္းရပ္စ္ကိုသတ္ႏိုင္တဲ့ေဆးပါ။

ဒီေန႔အထိ ေလာက္ေလာက္လားလား မေတြ႕ၾကေသး‌ေပမယ့္လည္း… ကိုယ့္အိမ္ေဘစင္ေပၚက ေပါေပါပဲပဲ ဆပ္ျပာတုံး ပန္းေရာင္ေလးက ဒီပိုးကို သတ္ႏိုင္ေနတဲ့ အ‌ျဖစ္က စဥ္းစားၾကည့္ရင္ သေဘာက်စရာပါ.. ။ ဆပ္ျပာတုံးေလးတင္ မကပါဘူး …. Alcohol ပါ၀င္မႈ 60% ထက္မ်ားတဲ့ Hand sanitizer ေတြလည္း … ဒီပိုးကို သတ္ႏိုင္တဲ့ အထဲမွာ ပါပါတယ္။

ဆပ္ျပာရည္ေတြ…. Alcohol အရက္ပါတဲ့ လက္သန္႔ေဆးရည္ေတြကေတာင္ ပိုးသတ္ႏိုင္ေသးတာပဲကြယ္ …. ပိုးရွိေနရင္ အရက္ျပန္လည္း ပိုးသတ္ႏိုင္တာေပါ့… ဆိုၿပီး ေတြးမိတဲ့သူေတြ ရွိပါတယ္ ။အဲလိုေတြးမိတဲ့အျပင္ အေကာင္အထည္ေဖာ္ခဲ့ၾကတဲ့သူေတြ တကယ္ရွိခဲ့ပါတယ္။ အီရန္ႏိုင္ငံမွာ လူအစုလိုက္ အၿပဳံလိုက္ တကယ္ “အရက္ျပန္” ေသာက္ခဲ့ၾကပါတယ္ … ဘာျဖစ္သြားလဲဆိုေတာ့ ….။ စိတ္မေကာင္းစရာ … အဲဒီလူေတြ အစုလိုက္ အၿပဳံလိုက္ပဲ ကြယ္လြန္သြားခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ အရက္ျပန္ေသာက္ၿပီး ပိုးသတ္မယ္ဆိုတဲ့သူေတြ မၾကားမိပါဘူး…။ ဒါေပမယ့္လည္း…. ကြမ္းထဲမွာ ထုံးပါလို႔ ပိုးသတ္ႏိုင္တယ္ … ကြမ္းစားသူမ်ားအတြက္ ၀မ္းသာစရာ သတင္းေကာင္းဆိုတဲ့ ပို႔စ္ေတြ…. ရွာလကာရည္နဲ႔ ပလုတ္က်င္းရင္ အခ်ဥ္ဓာတ္အက္ဆစ္ျဖစ္လို႔ ကို႐ိုနာပိုးေသပါတယ္ဆိုတဲ့ ပို႔စ္ေတြ…. ဆားရည္နဲ႔ ပလုတ္က်င္းရင္ ပိုးေသတယ္ ကာကြယ္ႏိုင္တယ္ဆိုတဲ့ ပို႔စ္ေတြ… ကို႐ိုနာပိုးက ေအးရင္ ပိုျဖစ္တယ္ …အဲဒါေၾကာင့္ ေရခဲမုန႔္ေရွာင္ပါ ဆိုတဲ့ပို႔စ္ေတြ… ဖြဘုတ္မွာ ပလူပ်ံေနပါေတာ့တယ္ ။

တကယ္ေတာ့…. အဲဒီလိုပို႔စ္ေတြ…. အဲဒီလို အယူအဆေတြကို လူေတြဘာလို႔ ယုံသြားၾကတာလဲဆိုၿပီး ေသေသခ်ာခ်ာ စဥ္းစားၾကည့္ရင္ …သူတို႔ Experts ေတြ သင္ေပးခဲ့ၾကတာေတြက စတာပါပဲ။ ဆပ္ျပာနဲ႔ ပိုးသတ္ပါ… လက္သန္႔ေဆးရည္နဲ႔ ပိုးသတ္ပါ … ပိုးေသပါတယ္လို႔ သင္ေပးခဲ့ၾကတာကိုး ။ မမွားပါဘူး …. တကယ္လည္း ပိုးေသပါတယ္ …။

ဒါေပမယ့္ ရွာလကာရည္ ၊ ထုံးရည္ ၊ ဆားရည္ ၊ အရက္ျပန္ေတြ ေသာက္ေန… ပလုတ္က်င္းေနရင္ေတာ့… ကို႐ိုနာပိုး မေသႏိုင္ပါဘူး…မကာကြယ္ႏိုင္ပါဘူး ။ ဘာျဖစ္လို႔ပါလိမ့္? ဘာျဖစ္လို႔လဲဆိုေတာ့ တစ္ခြန္းတည္း ေျဖရရင္ … လူကိုယ္ခႏၶာ အတြင္းမွာနဲ႔ အျပင္မွာနဲ႔ ကြာလို႔ပါ ….။ နည္းနည္းပိုသိခ်င္မယ့္ လူေတြရွိႏိုင္လို႔ နည္းနည္းပိုခ်ဲ႕ၿပီး ေျဖပါရေစ။

သူ႔အေၾကာင္း ေျပာေတာ့မယ္ဆိုေတာ့ သူ႔ရဲ႕ ႐ုပ္ရည္႐ူပကာကို အရင္ မိတ္ဆက္ေပးမွာပါ ။ ️ဇာတ္လိုက္ေက်ာ္ ကို႐ိုနာဗိုင္းရပ္စ္ဟာ RNA လို႔ေခၚတဲ့ အမွ်င္ေလးတစ္မွ်င္ ျဖစ္ပါတယ္ ။ အဲဒီအမွ်င္ေပၚမွာ အဆီေမာ္လီက်ဴးႏွစ္လႊာထပ္ထားတဲ့ အခြံ (lipid bilayer) နဲ႔ အုပ္ထားပါတယ္ ။ လြယ္လြယ္ေျပာရရင္ အမွ်င္တစ္မွ်င္ေပၚမွာ အဆီအုပ္ထားတဲ့ အေကာင္ပါ ….။

အ႐ြယ္အစားက ဘယ္ေလာက္ေသးလဲဆိုရင္ … ေပတံေပၚမွာပါတဲ့ 1 mm ကိုျမင္ၾကည့္ပါ ။ အဲဒီ 1 mm ကို ေနာက္ထပ္ အပုံတစ္ေသာင္း ထပ္ပုံၾကည့္ပါ ။ဒီအေကာင္ဟာ အဲဒီအပုံတစ္ေသာင္းရဲ႕ တစ္ပုံေက်ာ္ေက်ာ္ေလးပဲ အ႐ြယ္အစားရွိပါတယ္ ။ စာလို ေျပာမယ္ဆိုရင္ေတာ့ viral particle ဟာ 120 nm ရွိပါတယ္ … ။

အမွန္ေတာ့ သူ႔ကို သက္ရွိအေကာင္လို႔ေတာင္ ေခၚဖို႔က ခက္ပါတယ္ ။ သူဟာ အမွ်င္တစ္မွ်င္ အဆင့္ပဲရွိတဲ့အတြက္ သူဘာသာသူ အသက္ရွင္ မရပ္တည္ႏိုင္ပါဘူး ။သူမွီခိုစားေသာက္ရမယ့္ အျခား ပိုအဆင့္ျမင့္တဲ့ သက္ရွိတစ္ေကာင္ေကာင္ရဲ႕ cell ဆဲလ္လိုပါတယ္။ အဲေတာ့ လူေတြ တိရစာၦန္ေတြရဲ႕ cell ေတြထဲ ၀င္ၿပီး အသက္ဆက္ပါတယ္ ။ပြားပါတယ္ ။ မူရင္း cell ကို ပ်က္စီး ေသဆုံးေစပါတယ္ ။အရိပ္ေနေန အခက္ခ်ိဳးခ်ိဳး အေကာင္လို႔ ျမင္ထားရင္ ရပါၿပီ ။

သူနဲ႔ ပတ္သတ္ၿပီး ဒီ ၂ ခ်က္ကို တီးမိေခါက္မိ ေျဖႏိုင္ရင္ သူမ်ား ေျပာတိုင္းယုံစရာ မလိုေတာ့ပါဘူး … ကိုယ့္ဟာကိုယ္ ဆန္းစစ္ၾကည့္လို႔ ရပါၿပီ။ နံပါတ္ (၁) က ပိုးဟာ လူကိုယ္ထဲ ဘယ္လို၀င္တာလဲ ?? ပိုးရွိတဲ့သူက ေခ်ာင္းဆိုးလိုက္ရင္ ႏွာေခ်လိုက္ရင္ … ႏွာရည္/တံေတြး /ႏွပ္ အမႈန္အမြားေတြဟာ … သူ႔ရဲ႕အသက္ရႈလမ္းေၾကာင္း တစ္ေလွ်ာက္ကေန လြင့္ထြက္လာပါတယ္ ။

သုံးေပခြာပါလို႔ WHO က အလုပ္သေဘာအရ က်ယ္က်ယ္ျပန႔္ျပန႔္ ေျပာေနေပမယ့္ တကယ္ေရာက္ႏိုင္တဲ့ အကြာအေဝးဟာ ဒီထက္အမ်ားႀကီးပိုပါတယ္ …. အားအျပည့္နဲ႔ ေခ်ာင္းဆိုးရင္ အေဝးဆုံး 6 မီတာ ( ေပ ၂၀ နီးပါး ) နဲ႔ ႏွာေခ်ရင္ အေဝးဆုံး 8 မီတာ ( ၂၆ ေပခန႔္) ေရာက္ရွိႏိုင္ပါတယ္ … ။

ဆိုၾကပါစို႔… ပိုးရွိတဲ့သူတစ္ေယာက္ဟာ လမ္းမေပၚမွာ လမ္းေလွ်ာက္ေနရင္း လက္နဲ႔ျဖစ္ျဖစ္ ပုဝါနဲ႔ျဖစ္ျဖစ္ ဘာနဲ႔မွ မအုပ္ဘဲ လြတ္လြတ္လပ္လပ္ ႏွာေခ်ပစ္လိုက္ပါၿပီတဲ့ … အဲဒီကလြင့္လာတဲ့ ပိုးပါတဲ့ ႏွာရည္အမႈန္အမြားဟာ သူ႔နားက ဓာတ္တိုင္ေပၚ သြားတင္ေနႏိုင္ပါတယ္ …။ေနာက္ငါးမိနစ္ေလာက္အၾကာမွာ မသိတဲ့လူတစ္ေယာက္က အဲဒီဓာတ္တိုင္ကို ကိုင္မိတယ္ ဆိုပါေတာ့ ….။

ကိုင္မိတဲ့သူလက္မွာ အေရျပားပြန္းပဲ့ျခင္း ေပါက္ၿပဲေနျခင္း မရွိဘူးဆိုရင္ …ပိုးဟာ လက္အသားကိုေဖာက္ၿပီး ကိုယ္ထဲကို တန္းမဝင္ႏိုင္ပါဘူး ။ ဒါဟာ လူ႔အေရျပားရဲ႕အစြမ္းပါ ။ အျပင္ပိုးေတြ ရန္ကေန ကာကြယ္ေပးထားတာပါ ။ ဒါေပမယ့္ … ႏွစ္မိနစ္ကေန ငါးမိနစ္ကို တစ္ႀကိမ္လူအမ်ားစုဟာ ကိုယ့္မ်က္ႏွာကိုယ္ ကိုင္မိၾကပါသတဲ့ ။

မ်က္ႏွာမွာရွိတဲ့ ႏွာေခါင္းအတြင္းသား၊ ႏႈတ္ခမ္းအတြင္းသား ၊ မ်က္လုံးရဲ႕ မ်က္ၾကည္လႊာ …စတဲ့ အဲဒီလိုေနရာေတြဟာ အေရျပား အုပ္ထားျခင္းမရွိပါဘူး ။စာလိုေျပာရရင္ေတာ့ mucous membrane ေနရာေတြလို႔ ေခၚပါတယ္ ။ အဲဒီအခါမွာကို႐ိုနာပိုးဟာ လူကိုယ္ထဲ ၀င္ဖို႔ အခြင့္အေရး ရပါေတာ့တယ္ ။ ️လူကိုယ္ထဲဝင္တယ္ဆိုလို႔ … ကြၽန္မတို႔ ေန႔တိုင္း ေရေသာက္၊ ထမင္းစားသလို ပါးစပ္ေပါက္ကေန လည္ေခ်ာင္းထဲေရာက္ ၿပီးေတာ့ ရင္ေခါင္းထဲ၊ ဗိုက္‌ေခါင္းထဲ ၀င္သြားတာမ်ိဳး မျမင္ေယာင္ေစခ်င္ပါဘူး ။

ပိုးဟာ သူထိေတြ႕လိုက္ရတဲ့ ဆဲလ္ေလးတစ္ခုထဲကို ၀င္တာပါ ။ လူ႔ကိုယ္ထဲ ပိုးဘယ္လို၀င္လဲဆိုေတာ့…. ပိုးအခြံမွာရွိတဲ့ S-protein (spike protein) လို႔ေခၚတဲ့ ပ႐ိုတိန္းပစၥည္းေလးဟာ …သူ၀င္ခ်င္တဲ့ အသက္ရႉလမ္းေၾကာင္းက ဆဲလ္ေပၚမွာရွိတဲ့ ACE-2 လို႔ေခၚတဲ့ receptor (လက္ခံတဲ့ေနရာ) ကို သြားခ်ိတ္ပါတယ္ ။

ကြၽန္မတို႔ အခန္းတံခါးဖြင့္ၿပီး အခန္းထဲ၀င္သလိုပဲ …ACE-2 လက္ခံတံခါးကေန ပိုးဟာ လူ႔ ‌ဆဲလ္ထဲ ေအာင္ျမင္စြာေရာက္ရွိသြားပါေတာ့တယ္း ။ လူ႔ဆဲလ္ဟာ သူ႔အတြက္ေတာ့ အသက္ရွင္ရပ္တည္႐ုံမက သူ႔လိုပုံစံတူေလးေတြ ထပ္ၿပီးပြားဖို႔ ေမြးဖို႔ အစာေရစာ ေပါႂကြယ္ဝရာ ေနရာႀကီးပါ ။ သူ႔လို RNA copies အမွ်င္ေလးေတြ တည္ေဆာက္ဖို႔ လိုအပ္တဲ့ nucleic acid ‌ေတြ၊ protein ေတြ ၊ အဆီေတြ လူ႔ cell ထဲမွာ ေပါမွေပါပါ ။ အဲေတာ့ သူပြားပါၿပီ… အမွ်င္ေတြ ေထာင္နဲ႔ ေသာင္းနဲ႔ခ်ီၿပီး ။ ထပ္ေပါက္လာတဲ့ ေနာက္ေပါက္ RNA ေလးေတြ မ်ားလာတဲ့အခ်ိန္မွာ မူရင္း ဆဲလ္ဟာပ်က္စီးၿပီး ပြင့္ထြက္သြားပါတယ္။

အဲဒီမွာ ထြက္လာတဲ့ ပိုးေတြဟာ အနီးအနားက ေနာက္ထပ္ ေသာင္းနဲ႔ သိန္းနဲ႔ခ်ီတဲ့ ဆဲလ္ေတြကို ထပ္က်ဳးေက်ာ္ဝင္ေရာက္ပါတယ္ …. အနီးအနားက ဆဲလ္ေတြထဲ ၀င္႐ုံမက cell နားမွာရွိတဲ့ … capillary လို႔ေခၚတဲ့ ဆံျခည္မွ်င္ေသြးေၾကာေတြထဲ လိုက္သြားၿပီး ေသြးစီးဆင္းရာ လမ္းေၾကာင္းအတိုင္း တစ္ကိုယ္လုံး သူႀကိဳက္တဲ့ေနရာကို သြားလို႔ရသြားပါၿပီ … ။

ဒါကို သေဘာေပါက္ၿပီဆိုရင္ …. လည္ေခ်ာင္းမွာ ေလးရက္ေနတယ္ / ၿပီးရင္အဆုတ္ထဲဆင္းသြားတယ္ / အဲဒါေၾကာင့္ လည္ေခ်ာင္းကို ဆားရည္နဲ႔ ရွာလကာရည္နဲ႔ ေဆးေပးရင္ ပိုးေသပါတယ္ …ကို႐ိုနာကာကြယ္ပါတယ္”ဆိုတဲ့ပို႔စ္ေတြကို / အေျပာေတြကို မွန္မမွန္ ဆန္းစစ္ဖို႔ ဗဟုသုတ ရွိသြားပါၿပီ ။

ဆားရည္နဲ႔… ထုံးနဲ႔… ရွာလကာရည္နဲ႔ … အရက္ျပန္နဲ႔…. ပလုတ္က်င္းရင္ အေပၚယံ ပါးေစာင္က ဆဲလ္ အနည္းငယ္နဲ႔ ထိေတြ႕မိေကာင္းမိႏိုင္ပါလိမ့္မယ္ ။ဒါေပမယ့္ ေရာဂါကို ကာကြယ္ဖို႔ကေတာ့ အေဝးႀကီးပါ ။ ႏွာေခါင္းက စတဲ့ အသက္ရႉလမ္းေၾကာင္း ေတာက္ေလွ်ာက္က သိန္းနဲ႔ခ်ီတဲ့ cell ေတြမွာ၊ မ်က္ၾကည္လႊာက cell ေတြမွာ၊ေသြးကတစ္ဆင့္ သြားမယ့္ေနရာေတြမွာ ၊အဆုတ္ထဲက cell ေတြမွာ ပြားေနဖို႔ ….ပြားရင္း လုံေလာက္တဲ့ ပိုးပမာဏတစ္ခုကိုေရာက္ရင္ ေရာဂါျဖစ္ေစဖို႔….အခြင့္အလမ္းေတြ ဗိုင္းရပ္စ္ပိုးမွာ အမ်ားႀကီးက်န္ပါေသးတယ္ ။ လူကိုယ္ထဲ ဘယ္လို၀င္သလဲဆိုတဲ့ ပထမေမးခြန္းေတာ့ ေျဖၿပီးပါၿပီ ။

အဲေတာ့….ဒုတိယေမးခြန္းေလး ဆက္ရေအာင္ပါ။ နံပါတ္ (၂) က ဆပ္ျပာဟာ ပိုးကိုဘယ္လို သတ္တာလဲ?? ဆီေပေနတဲ့လက္ကို ဆပ္ျပာနဲ႔ေဆးမွ ေျပာင္တာ ဘာလို႔လဲလို႔ ငယ္ငယ္က ကြၽန္မတို႔ စဥ္းစားဖူးၾကမွာပါ။

အခုေတာ့ အေျဖ သိပါၿပီ ။ ဆပ္ျပာေတြမွာ အဆီကိုေဖ်ာ္ႏိုင္စြမ္း ရွိတဲ့ပစၥည္း amphiphilic substance ေတြ ပါပါတယ္ ။ ဗိုင္းရပ္စ္ဟာ RNA အမွ်င္ကို အဆီအုပ္ထားတဲ့ အေကာင္ဆိုတာ မွတ္မိၾကဦးမယ္ ထင္ပါတယ္…။ အဲေတာ့ဆပ္ျပာနဲ႔ လက္ေဆးလိုက္ရင္ ပိုးရဲ႕ အဆီခြံဟာ ဆပ္ျပာမွာ ေပ်ာ္ၿပီးကြၽတ္သြားပါတယ္ ။အခြံကြၽတ္ရင္ အထဲက RNA အမွ်င္ရဲ႕ဘ၀ဟာလည္း နိတၳိတံပါၿပီ ။

Alcohol 60% နဲ႔ အထက္ပါတဲ့ hand sanitizer ေတြရဲ႕ သေဘာဟာလည္း ဆပ္ျပာအတိုင္းပါပဲ ။ Alcohol ထဲမွာ ေပ်ာ္၀င္ၿပီး ပိုးရဲ႕ အဆီခြံကြၽတ္သြားတာေၾကာင့္ပါ။ ဒါဆို …. အရက္ျပန္ေသာက္ရင္ ဆားရည္နဲ႔ ပလုတ္က်င္းရင္ ထုံးရည္နဲ႔ထိဖို႔ ကြမ္းယာစားရင္ ဘာလို႔ လူကိုယ္ထဲက ကို႐ိုနာပိုးကို မသတ္ႏိုင္လဲဆိုတာ ေတြးၾကည့္ၾကရေအာင္ပါ … ။

ျမင္ေအာင္ေျပာရရင္ ဗိုင္းရပ္စ္ပိုးဟာ လူကိုယ္ထဲမွာ…. ဆိုပါစို႔…. ပါးစပ္ထဲမွာ/လည္ေခ်ာင္းထဲမွာ ဒီအတိုင္း ေလးရက္တိတိေနပါမယ္လို႔ စာခ်ဳပ္ခ်ဳပ္ၿပီး ငုတ္တုတ္ထိုင္ ေစာင့္ေနတာမဟုတ္ပါဘူး ။ လူ႔ဆဲလ္တစ္လုံးခ်င္းစီရဲ႕ အလယ္ေခါင္က nucleus အထဲမွာ ၀င္ပုန္းၿပီး စားေသာက္ၿပီး ကေလးအသစ္ေတြ ေမြးေနတာပါ ။

သူ႔ကို ကာကြယ္ေပးထားတာ (ဓာတ္တိုင္မွာ/လက္မွာ ကပ္ေနရတဲ့ မ်က္ႏွာမြဲပိုးဘဝတုန္းကလို) သူ႔ရဲ႕ အဆီခြံတစ္ခုထဲ မဟုတ္ေတာ့ပါဘူး ။ သူ႔ကို စပြန္ဆာေပးေနတဲ့ လူ႔ဆဲလ္ရဲ႕ ကိုယ္ပိုင္အခြံတစ္ထပ္အျပင္ nucleus ရဲ႕ အခြံတစ္ထပ္ကပါ ပိုးကို ကာကြယ္ေပးေနပါၿပီ ။ ျမန္မာဘုရင္ေတြ လက္ထက္က စစ္တိုက္တဲ့ ဥပမာနဲ႔ ေျပာရရင္ ပိုရွင္းမယ္ ထင္ပါတယ္။

လူရဲ႕ cell အခြံက ၿမိဳ႕႐ိုးနဲ႔ အလားတူပါတယ္…ပိုးကေတာ့ ၿမိဳ႕ရဲ႕အလယ္ နန္းေတာ္ထဲ ထိုင္ေနတာပါ ။ ပိုးကို ဆားရည္စိမ္/ထုံးရည္စိမ္ သတ္ခ်င္ရင္ … ၿမိဳ႕႐ိုးနဲ႔တူတဲ့ လူ႔ဆဲလ္ရဲ႕ နံရံကို အရင္ဖ်က္ဆီးရပါမယ္ ။️ၿပီးရင္ နန္းေတာ္ရဲ႕ တံတိုင္းနဲ႔ တူတဲ့ nucleus ရဲ႕နံရံကို ထပ္ဖ်က္ဆီးရပါမယ္ … ။

အဲဒါၿပီးမွ RNA အမွ်င္ေတြဆီကို ေရာက္မွာပါ … ဆိုလိုတာက ပိုးကို ရွာလကာရည္စိမ္/ဆားရည္စိမ္ သတ္ခ်င္ရင္ ပုံမွန္ ပါးစပ္ထဲ ထည့္လို႔ရတဲ့ ရွာလကာရည္ျပင္းအားနဲ႔ မတိုးပါဘူး ။လူဆဲလ္နံရံပါ ပ်က္စီးေအာင္ ျပင္းအားရွိမွ ဆဲလ္အထဲက ပိုးေသမွာပါ ။

အဲလိုျပင္းအားရွိရင္ လူ‌လဲေသပါၿပီ ။ အဲဒါေၾကာင့္ ကမာၻရပ္ရပ္မွာ သိပၸံပညာရွင္ေတြက လူဆဲလ္မေသဘဲ အထဲက ပိုးကိုပဲ ေ႐ြးၿပီးေသေစႏိုင္တဲ့ ကုသမႈနည္းလမ္းေတြကို ေဒၚလာသန္းခ်ီအကုန္ခံၿပီး ရွာေနၾကတာပါ ။ ( ဆားရည္နဲ႔ ပလုတ္မက်င္းတတ္လို႔ မဟုတ္ပါဘူး ) ခုန အေပၚမွာ ေျပာခဲ့တဲ့…. S-protein ေတြ ၊ lungs ရဲ႕ type-2 cells ေတြက ACE-2 receptors ေတြကို တားႏိုင္တဲ့ ေဆးေတြ ရွာေနၾကပါတယ္ … ။

အခုထက္ထိေတာ့ လက္ဆုပ္လက္ကိုင္ ျပႏိုင္ေလာက္ေအာင္ မေအာင္ျမင္ေသးပါဘူး ။ ေကာင္းသလိုလိုရွိလို႔ မွန္းၿပီး သတိနဲ႔သုံးေနရတဲ့ေဆးေတြပဲ ရွိပါေသးတယ္ ။ စာဖတ္သူေတြလည္း သတင္းထဲမွာ ျမင္ဖူးၾကမွာပါ ။

ငွက္ဖ်ားေဆးတို႔၊ HIV မွာ သုံးတဲ့ေဆးတို႔ကို စမ္းသုံးၿပီး ကုေနတဲ့ ႏိုင္ငံေတြရွိပါတယ္ ။ အႏွစ္ခ်ဳပ္ျပန္ေျပာရရင္…. လူ႔ဆဲလ္ထဲ ေရာက္သြားၿပီျဖစ္တဲ့ ကို႐ိုနာပိုးကို သတ္ဖို႔ဟာ အျပင္မွာရွိတဲ့ ပိုးကိုသတ္ဖို႔ေလာက္ မ႐ိုးရွင္းပါဘူး ။ အခု ေတာ္ေတာ္တီးမိေခါက္မိသိသြားၿပီဆိုေတာ့ ဖြဘုတ္မွာ ပ်ံ႕ေနတဲ့ ဒီအယူအဆေတြကို ျပန္ဖတ္ၾကည့္ပါ။

ကြမ္းထဲမွာ ထုံးပါလို႔ ပိုးသတ္ႏိုင္… ရွာလကာရည္နဲ႔ ပလုတ္က်င္းရင္ အခ်ဥ္ဓာတ္အက္ဆစ္ျဖစ္လို႔ ကို႐ိုနာပိုးကာကြယ္ႏိုင္…. ဆားရည္နဲ႔ ပလုတ္က်င္းရင္ ကို႐ိုနာပိုး ကာကြယ္ႏိုင္… လည္ေခ်ာင္းမွာ ေလးရက္ေနတယ္ …။ ၿပီးရင္အဆုတ္ထဲဆင္းသြားတယ္ … ။

အဲဒါေၾကာင့္ လည္ေခ်ာင္းကို ဆားရည္နဲ႔ ရွာလကာရည္နဲ႔ ေဆးေပးရင္ ပိုးကာကြယ္ႏိုင္…. ကို႐ိုနာပိုးက ေအးရင္ ပိုျဖစ္လို႔ လည္ေခ်ာင္းေအးသြားေအာင္ ေရခဲမုန႔္ မစားရ… နိဂုံးခ်ဳပ္ရရင္… လူသားတစ္ေယာက္ရဲ႕ ျဖစ္တည္မႈမွာ အသိဉာဏ္ဟာ ဘ၀ရဲ႕ တန္ဖိုးအရွိဆုံး asset ပါ ….။ အဲဒီ အသိဉာဏ္ကို အဆိပ္လာခတ္သူမ်ားကို ျပတ္ျပတ္သားသား ျငင္းဆိုႏိုင္ပါရေစလား ။

ေလးစားစြာျဖင့္ ခရစ္ဒက္ ——စုျမ၀င္း

Unicode

ဆားရည်နဲ့ ကိုရိုနာပိုးသတ်ကြမယ် ….နှင့်ပေါက်ကရများ ရှင်းတမ်း ( အချို့ဆို ကွမ်းစားရင်း ပျောက်တယ်တောင်ပါသေး )

ဆားရည်နဲ့ ကိုရိုနာပိုးသတ်ကြမယ် …. နှင့်ပေါက်ကရများ ရှင်းတမ်း

ကိုရိုနာပိုးကို ကလေးအတွေးနဲ့ တွေးကြည့်ရင် ပြုံးချင်ချင် ဖြစ်စရာတစ်ခု ရှိပါလေရော….။ တစ်ကမ္ဘာလုံးမှာ အတော်ဆုံးပါဆိုတဲ့ သိပ္ပံပညာရှင်‌တွေ ဒေါ်လာသန်းချီသုံးကာ research လုပ်ပြီး အသည်းအသန် ရှာနေကြတာ….ဗိုင်းရပ်စ်ကိုသတ်နိုင်တဲ့ဆေးပါ။

ဒီနေ့အထိ လောက်လောက်လားလား မတွေ့ကြသေး‌ပေမယ့်လည်း… ကိုယ့်အိမ်ဘေစင်ပေါ်က ပေါပေါပဲပဲ ဆပ်ပြာတုံး ပန်းရောင်လေးက ဒီပိုးကို သတ်နိုင်နေတဲ့ အ‌ဖြစ်က စဉ်းစားကြည့်ရင် သဘောကျစရာပါ.. ။ ဆပ်ပြာတုံးလေးတင် မကပါဘူး …. Alcohol ပါဝင်မှု 60% ထက်များတဲ့ Hand sanitizer တွေလည်း … ဒီပိုးကို သတ်နိုင်တဲ့ အထဲမှာ ပါပါတယ်။

ဆပ်ပြာရည်တွေ…. Alcohol အရက်ပါတဲ့ လက်သန့်ဆေးရည်တွေကတောင် ပိုးသတ်နိုင်သေးတာပဲကွယ် …. ပိုးရှိနေရင် အရက်ပြန်လည်း ပိုးသတ်နိုင်တာပေါ့… ဆိုပြီး တွေးမိတဲ့သူတွေ ရှိပါတယ် ။အဲလိုတွေးမိတဲ့အပြင် အကောင်အထည်ဖော်ခဲ့ကြတဲ့သူတွေ တကယ်ရှိခဲ့ပါတယ်။ အီရန်နိုင်ငံမှာ လူအစုလိုက် အပြုံလိုက် တကယ် “အရက်ပြန်” သောက်ခဲ့ကြပါတယ် … ဘာဖြစ်သွားလဲဆိုတော့ ….။ စိတ်မကောင်းစရာ … အဲဒီလူတွေ အစုလိုက် အပြုံလိုက်ပဲ ကွယ်လွန်သွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာတော့ အရက်ပြန်သောက်ပြီး ပိုးသတ်မယ်ဆိုတဲ့သူတွေ မကြားမိပါဘူး…။ ဒါပေမယ့်လည်း…. ကွမ်းထဲမှာ ထုံးပါလို့ ပိုးသတ်နိုင်တယ် … ကွမ်းစားသူများအတွက် ဝမ်းသာစရာ သတင်းကောင်းဆိုတဲ့ ပို့စ်တွေ…. ရှာလကာရည်နဲ့ ပလုတ်ကျင်းရင် အချဉ်ဓာတ်အက်ဆစ်ဖြစ်လို့ ကိုရိုနာပိုးသေပါတယ်ဆိုတဲ့ ပို့စ်တွေ…. ဆားရည်နဲ့ ပလုတ်ကျင်းရင် ပိုးသေတယ် ကာကွယ်နိုင်တယ်ဆိုတဲ့ ပို့စ်တွေ… ကိုရိုနာပိုးက အေးရင် ပိုဖြစ်တယ် …အဲဒါကြောင့် ရေခဲမုန့်ရှောင်ပါ ဆိုတဲ့ပို့စ်တွေ… ဖွဘုတ်မှာ ပလူပျံနေပါတော့တယ် ။

တကယ်တော့…. အဲဒီလိုပို့စ်တွေ…. အဲဒီလို အယူအဆတွေကို လူတွေဘာလို့ ယုံသွားကြတာလဲဆိုပြီး သေသေချာချာ စဉ်းစားကြည့်ရင် …သူတို့ Experts တွေ သင်ပေးခဲ့ကြတာတွေက စတာပါပဲ။ ဆပ်ပြာနဲ့ ပိုးသတ်ပါ… လက်သန့်ဆေးရည်နဲ့ ပိုးသတ်ပါ … ပိုးသေပါတယ်လို့ သင်ပေးခဲ့ကြတာကိုး ။ မမှားပါဘူး …. တကယ်လည်း ပိုးသေပါတယ် …။

ဒါပေမယ့် ရှာလကာရည် ၊ ထုံးရည် ၊ ဆားရည် ၊ အရက်ပြန်တွေ သောက်နေ… ပလုတ်ကျင်းနေရင်တော့… ကိုရိုနာပိုး မသေနိုင်ပါဘူး…မကာကွယ်နိုင်ပါဘူး ။ ဘာဖြစ်လို့ပါလိမ့်? ဘာဖြစ်လို့လဲဆိုတော့ တစ်ခွန်းတည်း ဖြေရရင် … လူကိုယ်ခန္ဓာ အတွင်းမှာနဲ့ အပြင်မှာနဲ့ ကွာလို့ပါ ….။ နည်းနည်းပိုသိချင်မယ့် လူတွေရှိနိုင်လို့ နည်းနည်းပိုချဲ့ပြီး ဖြေပါရစေ။

သူ့အကြောင်း ပြောတော့မယ်ဆိုတော့ သူ့ရဲ့ ရုပ်ရည်ရူပကာကို အရင် မိတ်ဆက်ပေးမှာပါ ။ ️ဇာတ်လိုက်ကျော် ကိုရိုနာဗိုင်းရပ်စ်ဟာ RNA လို့ခေါ်တဲ့ အမျှင်လေးတစ်မျှင် ဖြစ်ပါတယ် ။ အဲဒီအမျှင်ပေါ်မှာ အဆီမော်လီကျူးနှစ်လွှာထပ်ထားတဲ့ အခွံ (lipid bilayer) နဲ့ အုပ်ထားပါတယ် ။ လွယ်လွယ်ပြောရရင် အမျှင်တစ်မျှင်ပေါ်မှာ အဆီအုပ်ထားတဲ့ အကောင်ပါ ….။

အရွယ်အစားက ဘယ်လောက်သေးလဲဆိုရင် … ပေတံပေါ်မှာပါတဲ့ 1 mm ကိုမြင်ကြည့်ပါ ။ အဲဒီ 1 mm ကို နောက်ထပ် အပုံတစ်သောင်း ထပ်ပုံကြည့်ပါ ။ဒီအကောင်ဟာ အဲဒီအပုံတစ်သောင်းရဲ့ တစ်ပုံကျော်ကျော်လေးပဲ အရွယ်အစားရှိပါတယ် ။ စာလို ပြောမယ်ဆိုရင်တော့ viral particle ဟာ 120 nm ရှိပါတယ် … ။

အမှန်တော့ သူ့ကို သက်ရှိအကောင်လို့တောင် ခေါ်ဖို့က ခက်ပါတယ် ။ သူဟာ အမျှင်တစ်မျှင် အဆင့်ပဲရှိတဲ့အတွက် သူဘာသာသူ အသက်ရှင် မရပ်တည်နိုင်ပါဘူး ။သူမှီခိုစားသောက်ရမယ့် အခြား ပိုအဆင့်မြင့်တဲ့ သက်ရှိတစ်ကောင်ကောင်ရဲ့ cell ဆဲလ်လိုပါတယ်။ အဲတော့ လူတွေ တိရစ္ဆာန်တွေရဲ့ cell တွေထဲ ဝင်ပြီး အသက်ဆက်ပါတယ် ။ပွားပါတယ် ။ မူရင်း cell ကို ပျက်စီး သေဆုံးစေပါတယ် ။အရိပ်နေနေ အခက်ချိုးချိုး အကောင်လို့ မြင်ထားရင် ရပါပြီ ။

သူနဲ့ ပတ်သတ်ပြီး ဒီ ၂ ချက်ကို တီးမိခေါက်မိ ဖြေနိုင်ရင် သူများ ပြောတိုင်းယုံစရာ မလိုတော့ပါဘူး … ကိုယ့်ဟာကိုယ် ဆန်းစစ်ကြည့်လို့ ရပါပြီ။ နံပါတ် (၁) က ပိုးဟာ လူကိုယ်ထဲ ဘယ်လိုဝင်တာလဲ ?? ပိုးရှိတဲ့သူက ချောင်းဆိုးလိုက်ရင် နှာချေလိုက်ရင် … နှာရည်/တံတွေး /နှပ် အမှုန်အမွားတွေဟာ … သူ့ရဲ့အသက်ရှုလမ်းကြောင်း တစ်လျှောက်ကနေ လွင့်ထွက်လာပါတယ် ။

သုံးပေခွာပါလို့ WHO က အလုပ်သဘောအရ ကျယ်ကျယ်ပြန့်ပြန့် ပြောနေပေမယ့် တကယ်ရောက်နိုင်တဲ့ အကွာအဝေးဟာ ဒီထက်အများကြီးပိုပါတယ် …. အားအပြည့်နဲ့ ချောင်းဆိုးရင် အဝေးဆုံး 6 မီတာ ( ပေ ၂၀ နီးပါး ) နဲ့ နှာချေရင် အဝေးဆုံး 8 မီတာ ( ၂၆ ပေခန့်) ရောက်ရှိနိုင်ပါတယ် … ။

ဆိုကြပါစို့… ပိုးရှိတဲ့သူတစ်ယောက်ဟာ လမ်းမပေါ်မှာ လမ်းလျှောက်နေရင်း လက်နဲ့ဖြစ်ဖြစ် ပုဝါနဲ့ဖြစ်ဖြစ် ဘာနဲ့မှ မအုပ်ဘဲ လွတ်လွတ်လပ်လပ် နှာချေပစ်လိုက်ပါပြီတဲ့ … အဲဒီကလွင့်လာတဲ့ ပိုးပါတဲ့ နှာရည်အမှုန်အမွားဟာ သူ့နားက ဓာတ်တိုင်ပေါ် သွားတင်နေနိုင်ပါတယ် …။နောက်ငါးမိနစ်လောက်အကြာမှာ မသိတဲ့လူတစ်ယောက်က အဲဒီဓာတ်တိုင်ကို ကိုင်မိတယ် ဆိုပါတော့ ….။

ကိုင်မိတဲ့သူလက်မှာ အရေပြားပွန်းပဲ့ခြင်း ပေါက်ပြဲနေခြင်း မရှိဘူးဆိုရင် …ပိုးဟာ လက်အသားကိုဖောက်ပြီး ကိုယ်ထဲကို တန်းမဝင်နိုင်ပါဘူး ။ ဒါဟာ လူ့အရေပြားရဲ့အစွမ်းပါ ။ အပြင်ပိုးတွေ ရန်ကနေ ကာကွယ်ပေးထားတာပါ ။ ဒါပေမယ့် … နှစ်မိနစ်ကနေ ငါးမိနစ်ကို တစ်ကြိမ်လူအများစုဟာ ကိုယ့်မျက်နှာကိုယ် ကိုင်မိကြပါသတဲ့ ။

မျက်နှာမှာရှိတဲ့ နှာခေါင်းအတွင်းသား၊ နှုတ်ခမ်းအတွင်းသား ၊ မျက်လုံးရဲ့ မျက်ကြည်လွှာ …စတဲ့ အဲဒီလိုနေရာတွေဟာ အရေပြား အုပ်ထားခြင်းမရှိပါဘူး ။စာလိုပြောရရင်တော့ mucous membrane နေရာတွေလို့ ခေါ်ပါတယ် ။ အဲဒီအခါမှာကိုရိုနာပိုးဟာ လူကိုယ်ထဲ ဝင်ဖို့ အခွင့်အရေး ရပါတော့တယ် ။ ️လူကိုယ်ထဲဝင်တယ်ဆိုလို့ … ကျွန်မတို့ နေ့တိုင်း ရေသောက်၊ ထမင်းစားသလို ပါးစပ်ပေါက်ကနေ လည်ချောင်းထဲရောက် ပြီးတော့ ရင်ခေါင်းထဲ၊ ဗိုက်‌ခေါင်းထဲ ဝင်သွားတာမျိုး မမြင်ယောင်စေချင်ပါဘူး ။

ပိုးဟာ သူထိတွေ့လိုက်ရတဲ့ ဆဲလ်လေးတစ်ခုထဲကို ဝင်တာပါ ။ လူ့ကိုယ်ထဲ ပိုးဘယ်လိုဝင်လဲဆိုတော့…. ပိုးအခွံမှာရှိတဲ့ S-protein (spike protein) လို့ခေါ်တဲ့ ပရိုတိန်းပစ္စည်းလေးဟာ …သူဝင်ချင်တဲ့ အသက်ရှူလမ်းကြောင်းက ဆဲလ်ပေါ်မှာရှိတဲ့ ACE-2 လို့ခေါ်တဲ့ receptor (လက်ခံတဲ့နေရာ) ကို သွားချိတ်ပါတယ် ။

ကျွန်မတို့ အခန်းတံခါးဖွင့်ပြီး အခန်းထဲဝင်သလိုပဲ …ACE-2 လက်ခံတံခါးကနေ ပိုးဟာ လူ့ ‌ဆဲလ်ထဲ အောင်မြင်စွာရောက်ရှိသွားပါတော့တယ်း ။ လူ့ဆဲလ်ဟာ သူ့အတွက်တော့ အသက်ရှင်ရပ်တည်ရုံမက သူ့လိုပုံစံတူလေးတွေ ထပ်ပြီးပွားဖို့ မွေးဖို့ အစာရေစာ ပေါကြွယ်ဝရာ နေရာကြီးပါ ။ သူ့လို RNA copies အမျှင်လေးတွေ တည်ဆောက်ဖို့ လိုအပ်တဲ့ nucleic acid ‌တွေ၊ protein တွေ ၊ အဆီတွေ လူ့ cell ထဲမှာ ပေါမှပေါပါ ။ အဲတော့ သူပွားပါပြီ… အမျှင်တွေ ထောင်နဲ့ သောင်းနဲ့ချီပြီး ။ ထပ်ပေါက်လာတဲ့ နောက်ပေါက် RNA လေးတွေ များလာတဲ့အချိန်မှာ မူရင်း ဆဲလ်ဟာပျက်စီးပြီး ပွင့်ထွက်သွားပါတယ်။

အဲဒီမှာ ထွက်လာတဲ့ ပိုးတွေဟာ အနီးအနားက နောက်ထပ် သောင်းနဲ့ သိန်းနဲ့ချီတဲ့ ဆဲလ်တွေကို ထပ်ကျုးကျော်ဝင်ရောက်ပါတယ် …. အနီးအနားက ဆဲလ်တွေထဲ ဝင်ရုံမက cell နားမှာရှိတဲ့ … capillary လို့ခေါ်တဲ့ ဆံခြည်မျှင်သွေးကြောတွေထဲ လိုက်သွားပြီး သွေးစီးဆင်းရာ လမ်းကြောင်းအတိုင်း တစ်ကိုယ်လုံး သူကြိုက်တဲ့နေရာကို သွားလို့ရသွားပါပြီ … ။

ဒါကို သဘောပေါက်ပြီဆိုရင် …. လည်ချောင်းမှာ လေးရက်နေတယ် / ပြီးရင်အဆုတ်ထဲဆင်းသွားတယ် / အဲဒါကြောင့် လည်ချောင်းကို ဆားရည်နဲ့ ရှာလကာရည်နဲ့ ဆေးပေးရင် ပိုးသေပါတယ် …ကိုရိုနာကာကွယ်ပါတယ်”ဆိုတဲ့ပို့စ်တွေကို / အပြောတွေကို မှန်မမှန် ဆန်းစစ်ဖို့ ဗဟုသုတ ရှိသွားပါပြီ ။

ဆားရည်နဲ့… ထုံးနဲ့… ရှာလကာရည်နဲ့ … အရက်ပြန်နဲ့…. ပလုတ်ကျင်းရင် အပေါ်ယံ ပါးစောင်က ဆဲလ် အနည်းငယ်နဲ့ ထိတွေ့မိကောင်းမိနိုင်ပါလိမ့်မယ် ။ဒါပေမယ့် ရောဂါကို ကာကွယ်ဖို့ကတော့ အဝေးကြီးပါ ။ နှာခေါင်းက စတဲ့ အသက်ရှူလမ်းကြောင်း တောက်လျှောက်က သိန်းနဲ့ချီတဲ့ cell တွေမှာ၊ မျက်ကြည်လွှာက cell တွေမှာ၊သွေးကတစ်ဆင့် သွားမယ့်နေရာတွေမှာ ၊အဆုတ်ထဲက cell တွေမှာ ပွားနေဖို့ ….ပွားရင်း လုံလောက်တဲ့ ပိုးပမာဏတစ်ခုကိုရောက်ရင် ရောဂါဖြစ်စေဖို့….အခွင့်အလမ်းတွေ ဗိုင်းရပ်စ်ပိုးမှာ အများကြီးကျန်ပါသေးတယ် ။ လူကိုယ်ထဲ ဘယ်လိုဝင်သလဲဆိုတဲ့ ပထမမေးခွန်းတော့ ဖြေပြီးပါပြီ ။

အဲတော့….ဒုတိယမေးခွန်းလေး ဆက်ရအောင်ပါ။ နံပါတ် (၂) က ဆပ်ပြာဟာ ပိုးကိုဘယ်လို သတ်တာလဲ?? ဆီပေနေတဲ့လက်ကို ဆပ်ပြာနဲ့ဆေးမှ ပြောင်တာ ဘာလို့လဲလို့ ငယ်ငယ်က ကျွန်မတို့ စဉ်းစားဖူးကြမှာပါ။

အခုတော့ အဖြေ သိပါပြီ ။ ဆပ်ပြာတွေမှာ အဆီကိုဖျော်နိုင်စွမ်း ရှိတဲ့ပစ္စည်း amphiphilic substance တွေ ပါပါတယ် ။ ဗိုင်းရပ်စ်ဟာ RNA အမျှင်ကို အဆီအုပ်ထားတဲ့ အကောင်ဆိုတာ မှတ်မိကြဦးမယ် ထင်ပါတယ်…။ အဲတော့ဆပ်ပြာနဲ့ လက်ဆေးလိုက်ရင် ပိုးရဲ့ အဆီခွံဟာ ဆပ်ပြာမှာ ပျော်ပြီးကျွတ်သွားပါတယ် ။အခွံကျွတ်ရင် အထဲက RNA အမျှင်ရဲ့ဘဝဟာလည်း နိတ္ထိတံပါပြီ ။

Alcohol 60% နဲ့ အထက်ပါတဲ့ hand sanitizer တွေရဲ့ သဘောဟာလည်း ဆပ်ပြာအတိုင်းပါပဲ ။ Alcohol ထဲမှာ ပျော်ဝင်ပြီး ပိုးရဲ့ အဆီခွံကျွတ်သွားတာကြောင့်ပါ။ ဒါဆို …. အရက်ပြန်သောက်ရင် ဆားရည်နဲ့ ပလုတ်ကျင်းရင် ထုံးရည်နဲ့ထိဖို့ ကွမ်းယာစားရင် ဘာလို့ လူကိုယ်ထဲက ကိုရိုနာပိုးကို မသတ်နိုင်လဲဆိုတာ တွေးကြည့်ကြရအောင်ပါ … ။

မြင်အောင်ပြောရရင် ဗိုင်းရပ်စ်ပိုးဟာ လူကိုယ်ထဲမှာ…. ဆိုပါစို့…. ပါးစပ်ထဲမှာ/လည်ချောင်းထဲမှာ ဒီအတိုင်း လေးရက်တိတိနေပါမယ်လို့ စာချုပ်ချုပ်ပြီး ငုတ်တုတ်ထိုင် စောင့်နေတာမဟုတ်ပါဘူး ။ လူ့ဆဲလ်တစ်လုံးချင်းစီရဲ့ အလယ်ခေါင်က nucleus အထဲမှာ ဝင်ပုန်းပြီး စားသောက်ပြီး ကလေးအသစ်တွေ မွေးနေတာပါ ။

သူ့ကို ကာကွယ်ပေးထားတာ (ဓာတ်တိုင်မှာ/လက်မှာ ကပ်နေရတဲ့ မျက်နှာမွဲပိုးဘဝတုန်းကလို) သူ့ရဲ့ အဆီခွံတစ်ခုထဲ မဟုတ်တော့ပါဘူး ။ သူ့ကို စပွန်ဆာပေးနေတဲ့ လူ့ဆဲလ်ရဲ့ ကိုယ်ပိုင်အခွံတစ်ထပ်အပြင် nucleus ရဲ့ အခွံတစ်ထပ်ကပါ ပိုးကို ကာကွယ်ပေးနေပါပြီ ။ မြန်မာဘုရင်တွေ လက်ထက်က စစ်တိုက်တဲ့ ဥပမာနဲ့ ပြောရရင် ပိုရှင်းမယ် ထင်ပါတယ်။

လူရဲ့ cell အခွံက မြို့ရိုးနဲ့ အလားတူပါတယ်…ပိုးကတော့ မြို့ရဲ့အလယ် နန်းတော်ထဲ ထိုင်နေတာပါ ။ ပိုးကို ဆားရည်စိမ်/ထုံးရည်စိမ် သတ်ချင်ရင် … မြို့ရိုးနဲ့တူတဲ့ လူ့ဆဲလ်ရဲ့ နံရံကို အရင်ဖျက်ဆီးရပါမယ် ။️ပြီးရင် နန်းတော်ရဲ့ တံတိုင်းနဲ့ တူတဲ့ nucleus ရဲ့နံရံကို ထပ်ဖျက်ဆီးရပါမယ် … ။

အဲဒါပြီးမှ RNA အမျှင်တွေဆီကို ရောက်မှာပါ … ဆိုလိုတာက ပိုးကို ရှာလကာရည်စိမ်/ဆားရည်စိမ် သတ်ချင်ရင် ပုံမှန် ပါးစပ်ထဲ ထည့်လို့ရတဲ့ ရှာလကာရည်ပြင်းအားနဲ့ မတိုးပါဘူး ။လူဆဲလ်နံရံပါ ပျက်စီးအောင် ပြင်းအားရှိမှ ဆဲလ်အထဲက ပိုးသေမှာပါ ။

အဲလိုပြင်းအားရှိရင် လူ‌လဲသေပါပြီ ။ အဲဒါကြောင့် ကမ္ဘာရပ်ရပ်မှာ သိပ္ပံပညာရှင်တွေက လူဆဲလ်မသေဘဲ အထဲက ပိုးကိုပဲ ရွေးပြီးသေစေနိုင်တဲ့ ကုသမှုနည်းလမ်းတွေကို ဒေါ်လာသန်းချီအကုန်ခံပြီး ရှာနေကြတာပါ ။ ( ဆားရည်နဲ့ ပလုတ်မကျင်းတတ်လို့ မဟုတ်ပါဘူး ) ခုန အပေါ်မှာ ပြောခဲ့တဲ့…. S-protein တွေ ၊ lungs ရဲ့ type-2 cells တွေက ACE-2 receptors တွေကို တားနိုင်တဲ့ ဆေးတွေ ရှာနေကြပါတယ် … ။

အခုထက်ထိတော့ လက်ဆုပ်လက်ကိုင် ပြနိုင်လောက်အောင် မအောင်မြင်သေးပါဘူး ။ ကောင်းသလိုလိုရှိလို့ မှန်းပြီး သတိနဲ့သုံးနေရတဲ့ဆေးတွေပဲ ရှိပါသေးတယ် ။ စာဖတ်သူတွေလည်း သတင်းထဲမှာ မြင်ဖူးကြမှာပါ ။

ငှက်ဖျားဆေးတို့၊ HIV မှာ သုံးတဲ့ဆေးတို့ကို စမ်းသုံးပြီး ကုနေတဲ့ နိုင်ငံတွေရှိပါတယ် ။ အနှစ်ချုပ်ပြန်ပြောရရင်…. လူ့ဆဲလ်ထဲ ရောက်သွားပြီဖြစ်တဲ့ ကိုရိုနာပိုးကို သတ်ဖို့ဟာ အပြင်မှာရှိတဲ့ ပိုးကိုသတ်ဖို့လောက် မရိုးရှင်းပါဘူး ။ အခု တော်တော်တီးမိခေါက်မိသိသွားပြီဆိုတော့ ဖွဘုတ်မှာ ပျံ့နေတဲ့ ဒီအယူအဆတွေကို ပြန်ဖတ်ကြည့်ပါ။

ကွမ်းထဲမှာ ထုံးပါလို့ ပိုးသတ်နိုင်… ရှာလကာရည်နဲ့ ပလုတ်ကျင်းရင် အချဉ်ဓာတ်အက်ဆစ်ဖြစ်လို့ ကိုရိုနာပိုးကာကွယ်နိုင်…. ဆားရည်နဲ့ ပလုတ်ကျင်းရင် ကိုရိုနာပိုး ကာကွယ်နိုင်… လည်ချောင်းမှာ လေးရက်နေတယ် …။ ပြီးရင်အဆုတ်ထဲဆင်းသွားတယ် … ။

အဲဒါကြောင့် လည်ချောင်းကို ဆားရည်နဲ့ ရှာလကာရည်နဲ့ ဆေးပေးရင် ပိုးကာကွယ်နိုင်…. ကိုရိုနာပိုးက အေးရင် ပိုဖြစ်လို့ လည်ချောင်းအေးသွားအောင် ရေခဲမုန့် မစားရ… နိဂုံးချုပ်ရရင်… လူသားတစ်ယောက်ရဲ့ ဖြစ်တည်မှုမှာ အသိဉာဏ်ဟာ ဘဝရဲ့ တန်ဖိုးအရှိဆုံး asset ပါ ….။ အဲဒီ အသိဉာဏ်ကို အဆိပ်လာခတ်သူများကို ပြတ်ပြတ်သားသား ငြင်းဆိုနိုင်ပါရစေလား ။

လေးစားစွာဖြင့် ခရစ်ဒက် ——စုမြဝင်း