အားလုံးရဲ့ ပစ္မွတ္က မႏၲေလးၿမိဳ႕ျဖစ္သြားၿပီလား?

အားလုံးရဲ့ ပစ္မွတ္က မႏၲေလးၿမိဳ႕ျဖစ္သြားၿပီလား?

Zawgyi

မႏၲေလးၿမိဳ႕ ႏွင့္ အတူ အျခားၿမိဳ႕မ်ား ရြာမ်ားကို အိမ္စီးကား၊ ဆိုင္ကယ္၊ လမ္းေလၽွာက္ကစၿပီး အဝင္အထြက္ အားလုံး ပိတ္ေပးပါ။ ေတာင္းဆိုလိုသူမ်ား ေတာင္းဆိုေပးၾကပါ။

အျပင္က ဝင္လာလူျဖစ္ျဖစ္ အျပင္ကျပန္လာသူျဖစ္ျဖစ္ ထိုလူနည္းစုကို ငဲ့ညႇာရင္ အတြင္းမွာရွိတဲ့ လူအမ်ားစုပါ ဒုကၡေရာက္နိုင္ပါတယ္။

ျပည္ပကဝင္လာတဲ့ လူနည္းစုကို ငဲ့ညႇာခဲ့လို႔ ျပည္တြင္းမွာ ဒုကၡေရာက္ေနတဲ့ အျဖစ္ကို သာဓက ယူၿပီး အျမန္ဆုံး ပိတ္ေပးၾကပါ။ ၿမိဳ႕အသီးသီး ရြာအသီးသီးေတြမွာ ျမန္ျမန္သာ Lock Down လုပ္ၾကပါေတာ့…။

လူနည္းစုအေပၚကို ငဲ့ညႇာေနရင္ လူအမ်ားစုေတြ ဒုကၡေရာက္ရပါလိမ့္မယ္။ ကိုယ့္နိုင္ငံသားေတြမို႔ဆိုၿပီး လူနည္းစုေတြကို ငဲ့ညႇာၿပီး ျပည္တြင္းကို ဝင္ခြင့္ေပးခဲ့လို႔ ျပည္တြင္းေန ျပည္သူအမ်ားစု ဒုကၡေတြ ႀကီးေနပါၿပီ။

ကိုယ့္ၿမိဳ႕သူ ကိုယ့္ၿမိဳ႕သားေတြမို႔ဆိုၿပီး အျခားၿမိဳ႕က ျပန္လာတဲ့ လူနည္းစုေတြကို ငဲ့ညႇာၿပီး ဝင္ခြင့္ေပးရင္ ၿမိဳ႕တြင္းေန လူအမ်ားစု ဒုကၡေတြ ႀကီးၾကပါလိမ့္မည္။

ကိုယ့္ရြာသူ ကိုယ့္ရြာသားေတြမို႔ဆိုၿပီး အျခား ေဒသကျပန္လာတဲ့ လူနည္းစုေတြကို ငဲ့ညႇာၿပီး ဝင္ခြင့္ေပးရင္ ရြာတြင္းေန လူအမ်ားစုေတြ ဒုကၡေတြ ႀကီးၾကပါလိမ့္မည္။

ျပည္သူအမ်ားစုအေပၚ ဒုကၡမက်ေရာက္ေစဖို႔အတြက္ ျပည္သူအနည္းစုကို ရက္စက္ရာက်ခ်င္လည္းက်မွာေပါ့… အကုန္လုံး ဒုကၡေရာက္ရမွာနဲ႔ စာရင္ အနည္းစုကိုပဲ ဒုကၡသည္အျဖစ္ စေတးသင့္ပါေၾကာင္း….။

ျပည္သူတစ္ေယာက္ရဲ့ အျမင္ျဖင့္…

credit

Unicode

အားလုံးရဲ့ ပစ်မှတ်က မန္တလေးမြို့ဖြစ်သွားပြီလား?

မန္တလေးမြို့ နှင့် အတူ အခြားမြို့များ ရွာများကို အိမ်စီးကား၊ ဆိုင်ကယ်၊ လမ်းလျှောက်ကစပြီး အဝင်အထွက် အားလုံး ပိတ်ပေးပါ။ တောင်းဆိုလိုသူများ တောင်းဆိုပေးကြပါ။

အပြင်က ဝင်လာလူဖြစ်ဖြစ် အပြင်ကပြန်လာသူဖြစ်ဖြစ် ထိုလူနည်းစုကို ငဲ့ညှာရင် အတွင်းမှာရှိတဲ့ လူအများစုပါ ဒုက္ခရောက်နိုင်ပါတယ်။

ပြည်ပကဝင်လာတဲ့ လူနည်းစုကို ငဲ့ညှာခဲ့လို့ ပြည်တွင်းမှာ ဒုက္ခရောက်နေတဲ့ အဖြစ်ကို သာဓက ယူပြီး အမြန်ဆုံး ပိတ်ပေးကြပါ။ မြို့အသီးသီး ရွာအသီးသီးတွေမှာ မြန်မြန်သာ Lock Down လုပ်ကြပါတော့…။

လူနည်းစုအပေါ်ကို ငဲ့ညှာနေရင် လူအများစုတွေ ဒုက္ခရောက်ရပါလိမ့်မယ်။ ကိုယ့်နိုင်ငံသားတွေမို့ဆိုပြီး လူနည်းစုတွေကို ငဲ့ညှာပြီး ပြည်တွင်းကို ဝင်ခွင့်ပေးခဲ့လို့ ပြည်တွင်းနေ ပြည်သူအများစု ဒုက္ခတွေ ကြီးနေပါပြီ။

ကိုယ့်မြို့သူ ကိုယ့်မြို့သားတွေမို့ဆိုပြီး အခြားမြို့က ပြန်လာတဲ့ လူနည်းစုတွေကို ငဲ့ညှာပြီး ဝင်ခွင့်ပေးရင် မြို့တွင်းနေ လူအများစု ဒုက္ခတွေ ကြီးကြပါလိမ့်မည်။

ကိုယ့်ရွာသူ ကိုယ့်ရွာသားတွေမို့ဆိုပြီး အခြား ဒေသကပြန်လာတဲ့ လူနည်းစုတွေကို ငဲ့ညှာပြီး ဝင်ခွင့်ပေးရင် ရွာတွင်းနေ လူအများစုတွေ ဒုက္ခတွေ ကြီးကြပါလိမ့်မည်။

ပြည်သူအများစုအပေါ် ဒုက္ခမကျရောက်စေဖို့အတွက် ပြည်သူအနည်းစုကို ရက်စက်ရာကျချင်လည်းကျမှာပေါ့… အကုန်လုံး ဒုက္ခရောက်ရမှာနဲ့ စာရင် အနည်းစုကိုပဲ ဒုက္ခသည်အဖြစ် စတေးသင့်ပါကြောင်း….။

ပြည်သူတစ်ယောက်ရဲ့ အမြင်ဖြင့်…

credit