သၾကၤန္အႀကိဳေန႕ ပါတီက်င္းပသူမ်ားကို အမႈဖြင့္ကာ ဖမ္းဆီးအေရးယူပါၿပီ…

သၾကၤန္အႀကိဳေန႕ ပါတီက်င္းပသူမ်ားကို အမႈဖြင့္ကာ ဖမ္းဆီးအေရးယူပါၿပီ…

တာခ်ီလိတ္ၿမိဳ႕တြင္ ေဒသႏၱရအမိန္ ့ထုတ္ျပန္ထားသည္ကို ခ်ိဳးေဖာက္ကာ Mr. CRUSH Bar တြင္ သၾကၤန္အႀကိဳေန႕ပါတီ က်င္းပေနမႈ(႐ုပ္သံ)ပါဝင္သူမ်ားကို ေထာင္ဒဏ္တစ္ႏွစ္အထိ ခ်မွတ္နိုင္ေသာ ဉပေဒျဖင့္ အမႈဖြင့္ကာ ဖမ္းဆီး အေရးယူပါျပီ …။

ျမန္မာ – ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ KTV၊ Bar ၊ Club မ်ားပိတ္ထားရန္ ေဒသႏၱရ အမိန္႔ထုတ္ျပန္ထားသည္ကို ခ်ိဳးေဖာက္သည့္ အတြက္ Bar ဆိုင္တစ္ဆိုင္မွ ဆိုင္ရွင္ႏွင့္အတူ ပါဝင္ ဆင္ႏႊဲသူမ်ားကို ေထာင္ဒဏ္ တစ္ႏွစ္ အထိ ခ်မွတ္နိုင္သည့္ ဉပေဒျဖင့္ အမႈဖြင့္ ဖမ္းဆီးအေရးယူ ထားသည္ …။

“ေဒသႏၱရအမိန့္က ထုတ္ထားၿပီးသား ျဖစ္တယ္။ ဒီကာလမွာ ေရာဂါကာကြယ္ေရးအတြက္ အေရးႀကီးေနတဲ့အတြက္ ခြင့္ျပဳမထားဘူး။ သူတို႔ ညေန (၃)နာရီေလာက္က စက်င္းပတယ္လို႔ သိရတယ္။ ညေန (၅)နာရီေလာက္မွ ပိတ္သြားတယ္လို႔ သိရတယ္။ အခုအားလုံးကို စုံစမ္းေဖၚထုတ္ဖို႔ ရဲတပ္ဖြဲ႕က လုပ္ေနပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးခ်မ္းေျမ့ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဧၿပီလ(၁၂)ရက္ေန႕ ညပိုင္းက ေျပာပါသည္ …။

တာခ်ီလိတ္ၿမိဳ႕၊ ဝမ္ေကာင္းရပ္ကြက္၊ ကံ့ေကာ္လမ္းရွိ Mr. CRUSH Bar တြင္ သၾကၤန္အႀကိဳေန႕၌ က်င္းပသည့္ သၾကၤန္ပါတီပြဲအတြင္း ထိုင္းနိုင္ငံသားလည္း ပါဝင္ေၾကာင္းသိရၿပီး သၾကၤန္ပါတီတြင္ ပါဝင္သူမ်ားအားလုံး ဖမ္းဆီးအေရးယူေရးအတြက္ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနမွ တာဝန္ရွိသူမ်ား၊ ရဲတပ္ဖြဲ႕၊ လဝကႏွင့္ သက္ဆိုင္ရာ ရပ္ေက်းအဖြဲ႕ပါဝင္သည့္ တာဝန္ရွိသူမ်ားမွ ပူးေပါင္းေဆာင္႐ြက္ေနသည္ကို ေတြ႕ရပါသည္ …။

လက္ရွိတြင္ သၾကၤန္ပါတီပြဲတြင္ ပါဝင္သူ (၄)ဦးကို ထိန္းသိမ္းစစ္ေဆးေနၿပီး ထိုင္းနိုင္ငံသားမ်ားကို လူဝင္မႈႀကီးၾကပ္ေရး အက္ဥပေဒျဖင့္ပါ အေရးယူမည္ျဖစ္ေၾကာင္း သိရိွရပါသည္ …။

သၾကၤန္ပါတီ ဦးေဆာင္က်င္းပသည့္ နန္းစမ္မြမ္းႏွင့္ သၾကၤန္ပါတီဆင္ႏႊဲသူမ်ားအားလုံးကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ေဒသႏၱရအမိန့္၊ သဘာဝေဘးအႏၱရာယ္စီမံခန့္ခြဲမႈဆိုင္ရာဥပေဒ ပုဒ္မ ၃၀(က)ျဖင့္ အမႈဖြင့္ေဆာင္႐ြက္ေနေၾကာင္း သတင္းရရိွပါသည္ …။

သဘာဝေဘးအႏၱရာယ္ဆိုင္ရာ စီမံခန့္ခြဲမႈဆိုင္ရာဥပေဒပုဒ္မ ၃၀(က)အရ ျပစ္မႈထင္ရွားပါက တစ္ႏွစ္ထက္ မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္နိုင္ေၾကာင္း သိရပါသည္ …။ ။

Credit- Tachileik News Agency

Unicode

သင်္ကြန်အကြိုနေ့ ပါတီကျင်းပသူများကို အမှုဖွင့်ကာ ဖမ်းဆီးအရေးယူပါပြီ…

တာချီလိတ်မြို့တွင် ဒေသန္တရအမိန် ့ထုတ်ပြန်ထားသည်ကို ချိုးဖောက်ကာ Mr. CRUSH Bar တွင် သင်္ကြန်အကြိုနေ့ပါတီ ကျင်းပနေမှု(ရုပ်သံ)ပါဝင်သူများကို ထောင်ဒဏ်တစ်နှစ်အထိ ချမှတ်နိုင်သော ဉပဒေဖြင့် အမှုဖွင့်ကာ ဖမ်းဆီး အရေးယူပါပြီ …။

မြန်မာ – ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် KTV၊ Bar ၊ Club များပိတ်ထားရန် ဒေသန္တရ အမိန့်ထုတ်ပြန်ထားသည်ကို ချိုးဖောက်သည့် အတွက် Bar ဆိုင်တစ်ဆိုင်မှ ဆိုင်ရှင်နှင့်အတူ ပါဝင် ဆင်နွှဲသူများကို ထောင်ဒဏ် တစ်နှစ် အထိ ချမှတ်နိုင်သည့် ဉပဒေဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူ ထားသည် …။

“ဒေသန္တရအမိန့်က ထုတ်ထားပြီးသား ဖြစ်တယ်။ ဒီကာလမှာ ရောဂါကာကွယ်ရေးအတွက် အရေးကြီးနေတဲ့အတွက် ခွင့်ပြုမထားဘူး။ သူတို့ ညနေ (၃)နာရီလောက်က စကျင်းပတယ်လို့ သိရတယ်။ ညနေ (၅)နာရီလောက်မှ ပိတ်သွားတယ်လို့ သိရတယ်။ အခုအားလုံးကို စုံစမ်းဖေါ်ထုတ်ဖို့ ရဲတပ်ဖွဲ့က လုပ်နေပါတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၁၂)ရက်နေ့ ညပိုင်းက ပြောပါသည် …။

တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ကံ့ကော်လမ်းရှိ Mr. CRUSH Bar တွင် သင်္ကြန်အကြိုနေ့၌ ကျင်းပသည့် သင်္ကြန်ပါတီပွဲအတွင်း ထိုင်းနိုင်ငံသားလည်း ပါဝင်ကြောင်းသိရပြီး သင်္ကြန်ပါတီတွင် ပါဝင်သူများအားလုံး ဖမ်းဆီးအရေးယူရေးအတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့၊ လဝကနှင့် သက်ဆိုင်ရာ ရပ်ကျေးအဖွဲ့ပါဝင်သည့် တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်နေသည်ကို တွေ့ရပါသည် …။

လက်ရှိတွင် သင်္ကြန်ပါတီပွဲတွင် ပါဝင်သူ (၄)ဦးကို ထိန်းသိမ်းစစ်ဆေးနေပြီး ထိုင်းနိုင်ငံသားများကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဖြင့်ပါ အရေးယူမည်ဖြစ်ကြောင်း သိရှိရပါသည် …။

သင်္ကြန်ပါတီ ဦးဆောင်ကျင်းပသည့် နန်းစမ်မွမ်းနှင့် သင်္ကြန်ပါတီဆင်နွှဲသူများအားလုံးကို တာချီလိတ်မြို့မရဲစခန်းတွင် ဒေသန္တရအမိန့်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သတင်းရရှိပါသည် …။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မ ၃၀(က)အရ ပြစ်မှုထင်ရှားပါက တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရပါသည် …။ ။

Credit- Tachileik News Agency