“ကားထဲမွာ မေတာ္တေရာ္ေတြလုပ္ေနၾကတာကို ရဲကမိသြားခဲ့လို႔ ထြက္ေျပးတိမ္းေ႐ွာင္ရာမွ ျပစ္မႈေတြတိုးသြားခဲ့ရတဲ့စံုတြဲ”

“ကားထဲမွာ မေတာ္တေရာ္ေတြလုပ္ေနၾကတာကို ရဲကမိသြားခဲ့လို႔ ထြက္ေျပးတိမ္းေ႐ွာင္ရာမွ ျပစ္မႈေတြတိုးသြားခဲ့ရတဲ့စံုတြဲ”

ဒီအျဖစ္အပ်က္ကေတာ့ မၾကာေသးတဲ့ရက္ပိုင္းအတြင္းကမွ မေလး႐ွားႏိုင္ငံမွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ၊ ျဖစ္စဥ္ကေတာ့ အသက္ 19ႏွစ္အရြယ္ေကာင္ေလး ႏွင့္ သူ၏ခ်စ္သူျဖစ္တဲ့ အသက္ 25 ႏွစ္အရြယ္ေကာင္မေလးတို႔ဟာ သူတို႔၏ကားေပၚမွာ ခ်စ္သူအဆင့္ထက္ပိုတဲ့ အေျခအေနသို႔ က်ဴးလြန္ေနၾကစဥ္ ရဲအရာ႐ွိတစ္ဦးက ကားတံခါးကိုလာေခါက္ေသာေၾကာင့္ ေကာင္ေလးဟာအေတာ္ေလးကို ေၾကာက္လန္႔သြားခဲ့ၿပီး ကားကိုေမာင္းေျပးခဲ့ပါတယ္ …။

ထို႔ေၾကာင့္ ရဲအရာ႐ွိမ်ားက အဆိုပါကားထဲ႐ွိစံုတြဲဟာကားေမာင္းေျပးသြားခဲ့သျဖင့္ အျခားႀကီးႀကီးမားမားျပစ္မႈမ်ားက်ဴ းလြန္ခဲ့ၾကတယ္လို႔ သံသယဝင္ရင္းအဆိုပါကားကို အေနာက္ကေနလိုက္ဖမ္းခဲ့ၾကပါတယ္ …။

ထို႔ေနာက္ အဆိုပါစံုတြဲ၏ကားမွာ Bagan Ajam Toll Plaza သို႔ဦးတည္ၿပီးေမာင္းသြားခဲ့စဥ္ အ႐ွိန္မထိန္းႏိုင္ေတာ့ဘဲ ဆိုင္ကယ္တစ္စီးကိုဝင္တိုက္ခဲ့ၿပီးေနာက္ ၊ လမ္းေဘး႐ွိ ေရမ်ားျဖင့္ျပည့္ႏွက္ေနေသာ ေရေျမာင္းအတြင္းသို႔ ျပဳတ္က်သြားခဲ့ပါတယ္ …။

ကံေကာင္းစြာနဲ႔ပဲ ကားအတြင္း႐ွိစံုတြဲဟာ ျပင္းထန္သည့္ထိခိုက္ဒဏ္ရာရ႐ွိခဲ့ျခင္းမ်ိဳးမ႐ွိခဲ့ေပမဲ့လည္း ၊ အတိုက္ခံခဲ့ရတဲ့ဆိုင္ကယ္သမားမွာေတာ့ ေျခေထာက္က်ိဳးသြားခဲ့ကာ ေဆးရံုသို႔အလ်င္အျမန္ပို႔ေဆာင္ခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။

ရဲအရာ႐ွိမ်ား၏ ထုတ္ေဖာ္ခ်က္အရ အဆိုပါစံုတြဲဟာ MARA College မွေက်ာင္းသား၊ သူ မ်ားျဖစ္ၾကၿပီး မူးယစ္ေဆးဝါးသံုးစြဲထားျခင္းမ်ိဳးမ႐ွိေၾကာင္း ထုတ္ေဖာ္ခဲ့ပါတယ္ ။ ယခုခ်ိန္မွာေတာ့ အဆိုပါအမႈအခင္းအတြက္ စံုစမ္းစစ္ေဆးမႈမ်ား ဆက္လက္ျပဳလုပ္ေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ …။ ။

Jasmine (Mckzone Daily)

Unicode

“ကားထဲမှာ မတော်တရော်တွေလုပ်နေကြတာကို ရဲကမိသွားခဲ့လို့ ထွက်ပြေးတိမ်းရှောင်ရာမှ ပြစ်မှုတွေတိုးသွားခဲ့ရတဲ့စုံတွဲ”

ဒီအဖြစ်အပျက်ကတော့ မကြာသေးတဲ့ရက်ပိုင်းအတွင်းကမှ မလေးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ၊ ဖြစ်စဉ်ကတော့ အသက် 19နှစ်အရွယ်ကောင်လေး နှင့် သူ၏ချစ်သူဖြစ်တဲ့ အသက် 25 နှစ်အရွယ်ကောင်မလေးတို့ဟာ သူတို့၏ကားပေါ်မှာ ချစ်သူအဆင့်ထက်ပိုတဲ့ အခြေအနေသို့ ကျူးလွန်နေကြစဉ် ရဲအရာရှိတစ်ဦးက ကားတံခါးကိုလာခေါက်သောကြောင့် ကောင်လေးဟာအတော်လေးကို ကြောက်လန့်သွားခဲ့ပြီး ကားကိုမောင်းပြေးခဲ့ပါတယ် …။

ထို့ကြောင့် ရဲအရာရှိများက အဆိုပါကားထဲရှိစုံတွဲဟာကားမောင်းပြေးသွားခဲ့သဖြင့် အခြားကြီးကြီးမားမားပြစ်မှုများကျူ းလွန်ခဲ့ကြတယ်လို့ သံသယဝင်ရင်းအဆိုပါကားကို အနောက်ကနေလိုက်ဖမ်းခဲ့ကြပါတယ် …။

ထို့နောက် အဆိုပါစုံတွဲ၏ကားမှာ Bagan Ajam Toll Plaza သို့ဦးတည်ပြီးမောင်းသွားခဲ့စဉ် အရှိန်မထိန်းနိုင်တော့ဘဲ ဆိုင်ကယ်တစ်စီးကိုဝင်တိုက်ခဲ့ပြီးနောက် ၊ လမ်းဘေးရှိ ရေများဖြင့်ပြည့်နှက်နေသော ရေမြောင်းအတွင်းသို့ ပြုတ်ကျသွားခဲ့ပါတယ် …။

ကံကောင်းစွာနဲ့ပဲ ကားအတွင်းရှိစုံတွဲဟာ ပြင်းထန်သည့်ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမျိုးမရှိခဲ့ပေမဲ့လည်း ၊ အတိုက်ခံခဲ့ရတဲ့ဆိုင်ကယ်သမားမှာတော့ ခြေထောက်ကျိုးသွားခဲ့ကာ ဆေးရုံသို့အလျင်အမြန်ပို့ဆောင်ခဲ့ရကြောင်း သိရှိရပါတယ် ။

ရဲအရာရှိများ၏ ထုတ်ဖော်ချက်အရ အဆိုပါစုံတွဲဟာ MARA College မှကျောင်းသား၊ သူ များဖြစ်ကြပြီး မူးယစ်ဆေးဝါးသုံးစွဲထားခြင်းမျိုးမရှိကြောင်း ထုတ်ဖော်ခဲ့ပါတယ် ။ ယခုချိန်မှာတော့ အဆိုပါအမှုအခင်းအတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေလျက်ရှိကြောင်း သိရှိရပါတယ် …။ ။

Jasmine (Mckzone Daily)

Be the first to comment

Leave a Reply

Your email address will not be published.


*