မနက္ခင္းအသုံးျပဳေနတဲ့ သြားတိုက္ေဆးရဲ့ အသုံးဝင္ပုံမ်ား

မနက္ခင္းအသုံးျပဳေနတဲ့ သြားတိုက္ေဆးရဲ့ အသုံးဝင္ပုံမ်ား

ကိုယ္ေတြ ေန႔တိုင္းသုံးေနတဲ့ သြားတိုက္ေဆးဒီလိုအစြမ္းထက္မွန္း မသိခဲ႔ပါဘူး ။ သြားတိုက္ေဆးကို မနက္တိုင္းသြားသန႔္ရွင္း ေတာက္ေျပာင္ဖို႔နဲ႔ ခံတြင္းနံ႕ကင္းစင္ဖို႔အတြက္ပဲ အသုံးျပဳလို႔ရတာမဟုတ္ဘူးေနာ္ …။

သြားတိုက္ေဆးနဲ႔ အျခားေျဖရွင္းလို႔ရမယ့္ နည္းလမ္းအခ်ိဳ႕လည္း ရွိပါေသးတယ္……

(၁) အမဲစက္နဲ႔ အမဲကြက္ျပသာနာမ်ား ”

သြားတိုက္ေဆး ၁ ဇြန္း ႏွင့္ သံပုရာရည္ ၂ စက္ တို႔ကို ေရာေမႊၿပီး ခႏၶာကိုယ္ေပၚမွာရွိတဲ့ အမဲစက္ႏွင့္ အမဲကြက္မ်ားေပၚသို႔ပြတ္လိမ္းေပးၿပီး ၁၀ မိနစ္ (သို႔) ၁၅ မိနစ္ခန႔္ ထားပါ။ ၿပီးလၽွင္ ေရေဆးခ်လိုက္ပါ …။

(၂) ဝက္ၿခံျပသာနာမ်ား ”

သြားတိုက္ေဆးကို နားၾကပ္တံ သို႔ ဂြမ္းတံေလးနဲ႔ ယူၿပီး ဝက္ၿခံေပါက္ေနသည့္ ေနရာမ်ားကို ပါးပါးေလးပြတ္လိမ္းေပးပါ။ နာရီအနည္းငယ္ သို႔ တစ္ညလုံးနီးပါးလိမ္းထားၿပီး ေရနဲ႔ေဆးခ်လိုက္မယ္ဆိုရင္ ဝက္ၿခံေတြ ခ်ပ္သြားတာကို ေတြ႕နိုင္မွာပါ။ဒီနည္းလမ္းဟာ လူတိုင္းနဲ႔ေတာ့အဆင္မေျပနိုင္ပါဘူး၊ အသားအေရ sensitive ျဖစ္တဲ့ သူေတြ ဆိုရင္ေတာ့ မလုပ္သင့္ပါဘူး …။

(၃) အသားအေရေခ်ာေမြ႕ျဖဴနိုင္ျခင္း ”

သြားတိုက္ေဆး ၁ ဇြန္း ႏွင့္ ခရမ္းခ်ဥ္သီးအရည္ ၁ ဇြန္းတို႔ကို ေရာၿပီး သုတ္လိမ္းေပးပါ။ ၁၀ မိနစ္ခန႔္ထားၿပီး ေရေဆးခ်ေပးပါ …။

(၄) ဆားဝက္ၿခံျပသာနာမ်ား ”

သြားတိုက္ေဆးနဲ႔ ဆားနဲ႔ Rose Water အရည္တို႔ကို ေရာေမြၿပီး ဆားဝက္ၿခံရွိတဲ့ ေနရာေတြမွာ ခပ္ပါးပါးေလးလိမ္းၿပီး ၁၀ မိနစ္ခန႔္ စက္ဝိုင္းပုံျဖင့္ ညင္သာစြာ ပြတ္လိမ္းေပးပါ။ ၿပီးလၽွင္ ေရေအးနဲ႔ ေဆးခ်လိုက္တာနဲ႔ ဆားဝက္ၿခံေတြ သိသိသာသာ ေလ်ာ့က်သြားတာပါ ေတြ႕နိုင္မွာပါ …။

(၅) မလိုခ်င္တဲ့ အေမႊးအမၽွင္ေတြဖယ္ရွားနိုင္ျခင္း ”

သြားတိုက္ေဆး၊ သံပုရာရည္ ႏွင့္ သၾကားတို႔ကို ေရာေမႊၿပီး လိမ္းေပးပါ။ ေျခာက္လၽွင္ ေရေအးနဲ႔ ေဆးခ် လိုက္ပါ …။

(၆) အနံ့အသက္စြဲျခင္းမ်ားကို ဖယ္ရွားနိုင္ျခင္း ”

အကယ္၍ လက္မွာ အနံ့အသက္ျပင္းတာေတြကိုင္မိလို႔ စြဲေနမယ္ဆိုရင္လည္း သြားတိုက္ေဆးနဲ႔ ေဆးေၾကာသန႔္စင္လိုက္တာနဲ႔ အနံ႕အသက္ကင္းစင္နိုင္မွာ ျဖစ္ပါတယ္ …။

(၇) လက္သည္း၊ ေျခသည္းမ်ားအား သန႔္ရွင္းနိုင္ျခင္း ”

လူတစ္ေယာက္မွာ မ်က္ႏွာၿပီးရင္ လက္သည္း၊ ေျခသည္းေတြဟာလည္း လွပေနဖို႔ အေရးႀကီးဆုံးထဲမွာ ပါပါတယ္။သြားတိုက္ေဆးနဲ႔ လက္သည္း၊ ေျခသည္းတို႔ကို သြားပြတ္တံ (သို႔) ဂြမ္းစေလးနဲ႔ ၅ မိနစ္ခန႔္ ပြတ္တိုက္ေပးၿပီး ေရေဆးခ်လိုက္မယ္ဆိုရင္ ပိုမိုလွပေတာက္ေျပာင္တဲ့ လက္သည္း၊ ေျခသည္းေလးေတြကို ပိုင္ဆိုင္နိုင္မွာပဲ ျဖစ္ပါတယ္ …။

(၈) မ်က္ႏွာအဆီျပန္ျခင္းကို ေလၽွာ့နည္းေစျခင္း ”

သြားတိုက္ေဆးနဲ႔ ဆားနဲ႔ကို ေရနဲ႔ေဖ်ာ္ၿပီး မနက္တိုင္း မ်က္ႏွာသစ္ရင္း သစ္ေပးရင္ တစ္ေန႔လုံးအဆီျပန္တာကို ေလၽွာ့နည္းလာတာကို ေတြ႕ရမွာပါ …။

(၉) ႏႈတ္ခမ္းသားေလးေတြ ႏူးညံ့ေအာင္ျပဳလုပ္နိုင္ျခင္း ”

သြားတိုက္ေဆးကို ႏႈတ္ခမ္းသားေလးေတြ ႏူးညံ့အိစက္နိုင္ေအာင္လည္း ဆဲလ္ေသေတြကို ဖယ္ရွားတဲ့ ေနရာမွာလည္း အသုံးျပဳနိုင္မွာျဖစ္ပါတယ္ …။ သြားတိုက္ေဆးနဲ႔ မုန႔္ဖုတ္ဆိုဒါနဲ႔ေရာၿပီး ႏႈတ္ခမ္းသားကို သြားတိုက္တံ သို႔မဟုတ္ ဂြမ္းစေလးနဲ႔ ညင္ညင္သာသာေလး ပြတ္တိုက္ေပးရမွာပါ။ သြားတိုက္ေဆးကို အမ်ားႀကီးေတာ့ မသုံးရပါဘူး။ အဲလိုေလး ျပဳလုပ္ေပးမယ္ဆိုရင္ သင့္ႏႈတ္ခမ္းသားမွ ဆဲလ္ေသေတြ ကင္းစင္ၿပီး ႏူးညံ့တဲ့ႏႈတ္ခမ္းတစ္စုံကို ပိုင္ဆိုင္နိုင္မွာပဲ ျဖစ္ပါတယ္ …။

ဒီပို႔ေလးကို ႏွစ္သက္တယ္ဆိုရင္ share သြားလိုက္ပါ…။သင္သိသလို သူမ်ားေတြလဲ သိသြားေတာ့ ကုသိုလ္ရတာေပါ့ …။ ။

Credit: Original Writer

Unicode

မနက်ခင်းအသုံးပြုနေတဲ့ သွားတိုက်ဆေးရဲ့ အသုံးဝင်ပုံများ

ကိုယ်တွေ နေ့တိုင်းသုံးနေတဲ့ သွားတိုက်ဆေးဒီလိုအစွမ်းထက်မှန်း မသိခဲ့ပါဘူး ။ သွားတိုက်ဆေးကို မနက်တိုင်းသွားသန့်ရှင်း တောက်ပြောင်ဖို့နဲ့ ခံတွင်းနံ့ကင်းစင်ဖို့အတွက်ပဲ အသုံးပြုလို့ရတာမဟုတ်ဘူးနော် …။

သွားတိုက်ဆေးနဲ့ အခြားဖြေရှင်းလို့ရမယ့် နည်းလမ်းအချို့လည်း ရှိပါသေးတယ်……

(၁) အမဲစက်နဲ့ အမဲကွက်ပြသာနာများ ”

သွားတိုက်ဆေး ၁ ဇွန်း နှင့် သံပုရာရည် ၂ စက် တို့ကို ရောမွှေပြီး ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အမဲစက်နှင့် အမဲကွက်များပေါ်သို့ပွတ်လိမ်းပေးပြီး ၁၀ မိနစ် (သို့) ၁၅ မိနစ်ခန့် ထားပါ။ ပြီးလျှင် ရေဆေးချလိုက်ပါ …။

(၂) ဝက်ခြံပြသာနာများ ”

သွားတိုက်ဆေးကို နားကြပ်တံ သို့ ဂွမ်းတံလေးနဲ့ ယူပြီး ဝက်ခြံပေါက်နေသည့် နေရာများကို ပါးပါးလေးပွတ်လိမ်းပေးပါ။ နာရီအနည်းငယ် သို့ တစ်ညလုံးနီးပါးလိမ်းထားပြီး ရေနဲ့ဆေးချလိုက်မယ်ဆိုရင် ဝက်ခြံတွေ ချပ်သွားတာကို တွေ့နိုင်မှာပါ။ဒီနည်းလမ်းဟာ လူတိုင်းနဲ့တော့အဆင်မပြေနိုင်ပါဘူး၊ အသားအရေ sensitive ဖြစ်တဲ့ သူတွေ ဆိုရင်တော့ မလုပ်သင့်ပါဘူး …။

(၃) အသားအရေချောမွေ့ဖြူနိုင်ခြင်း ”

သွားတိုက်ဆေး ၁ ဇွန်း နှင့် ခရမ်းချဉ်သီးအရည် ၁ ဇွန်းတို့ကို ရောပြီး သုတ်လိမ်းပေးပါ။ ၁၀ မိနစ်ခန့်ထားပြီး ရေဆေးချပေးပါ …။

(၄) ဆားဝက်ခြံပြသာနာများ ”

သွားတိုက်ဆေးနဲ့ ဆားနဲ့ Rose Water အရည်တို့ကို ရောမွေပြီး ဆားဝက်ခြံရှိတဲ့ နေရာတွေမှာ ခပ်ပါးပါးလေးလိမ်းပြီး ၁၀ မိနစ်ခန့် စက်ဝိုင်းပုံဖြင့် ညင်သာစွာ ပွတ်လိမ်းပေးပါ။ ပြီးလျှင် ရေအေးနဲ့ ဆေးချလိုက်တာနဲ့ ဆားဝက်ခြံတွေ သိသိသာသာ လျော့ကျသွားတာပါ တွေ့နိုင်မှာပါ …။

(၅) မလိုချင်တဲ့ အမွှေးအမျှင်တွေဖယ်ရှားနိုင်ခြင်း ”

သွားတိုက်ဆေး၊ သံပုရာရည် နှင့် သကြားတို့ကို ရောမွှေပြီး လိမ်းပေးပါ။ ခြောက်လျှင် ရေအေးနဲ့ ဆေးချ လိုက်ပါ …။

(၆) အနံ့အသက်စွဲခြင်းများကို ဖယ်ရှားနိုင်ခြင်း ”

အကယ်၍ လက်မှာ အနံ့အသက်ပြင်းတာတွေကိုင်မိလို့ စွဲနေမယ်ဆိုရင်လည်း သွားတိုက်ဆေးနဲ့ ဆေးကြောသန့်စင်လိုက်တာနဲ့ အနံ့အသက်ကင်းစင်နိုင်မှာ ဖြစ်ပါတယ် …။

(၇) လက်သည်း၊ ခြေသည်းများအား သန့်ရှင်းနိုင်ခြင်း ”

လူတစ်ယောက်မှာ မျက်နှာပြီးရင် လက်သည်း၊ ခြေသည်းတွေဟာလည်း လှပနေဖို့ အရေးကြီးဆုံးထဲမှာ ပါပါတယ်။သွားတိုက်ဆေးနဲ့ လက်သည်း၊ ခြေသည်းတို့ကို သွားပွတ်တံ (သို့) ဂွမ်းစလေးနဲ့ ၅ မိနစ်ခန့် ပွတ်တိုက်ပေးပြီး ရေဆေးချလိုက်မယ်ဆိုရင် ပိုမိုလှပတောက်ပြောင်တဲ့ လက်သည်း၊ ခြေသည်းလေးတွေကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ် …။

(၈) မျက်နှာအဆီပြန်ခြင်းကို လျှော့နည်းစေခြင်း ”

သွားတိုက်ဆေးနဲ့ ဆားနဲ့ကို ရေနဲ့ဖျော်ပြီး မနက်တိုင်း မျက်နှာသစ်ရင်း သစ်ပေးရင် တစ်နေ့လုံးအဆီပြန်တာကို လျှော့နည်းလာတာကို တွေ့ရမှာပါ …။

(၉) နှုတ်ခမ်းသားလေးတွေ နူးညံ့အောင်ပြုလုပ်နိုင်ခြင်း ”

သွားတိုက်ဆေးကို နှုတ်ခမ်းသားလေးတွေ နူးညံ့အိစက်နိုင်အောင်လည်း ဆဲလ်သေတွေကို ဖယ်ရှားတဲ့ နေရာမှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ် …။ သွားတိုက်ဆေးနဲ့ မုန့်ဖုတ်ဆိုဒါနဲ့ရောပြီး နှုတ်ခမ်းသားကို သွားတိုက်တံ သို့မဟုတ် ဂွမ်းစလေးနဲ့ ညင်ညင်သာသာလေး ပွတ်တိုက်ပေးရမှာပါ။ သွားတိုက်ဆေးကို အများကြီးတော့ မသုံးရပါဘူး။ အဲလိုလေး ပြုလုပ်ပေးမယ်ဆိုရင် သင့်နှုတ်ခမ်းသားမှ ဆဲလ်သေတွေ ကင်းစင်ပြီး နူးညံ့တဲ့နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ် …။

ဒီပို့လေးကို နှစ်သက်တယ်ဆိုရင် share သွားလိုက်ပါ…။သင်သိသလို သူများတွေလဲ သိသွားတော့ ကုသိုလ်ရတာပေါ့ …။ ။

Credit: Original Writer

Be the first to comment

Leave a Reply

Your email address will not be published.


*