Credit To Burmese.Asia
Unicode
တာဝန်မယူရဲတဲ့စိတ်ကြောင့် မောင်းထုတ်ခံခဲ့တဲ့ The Model Academy က တေဇလင်းရောင်(ရုပ်သံ)
ပရိသတ်ကြီးရေ ၊ အားလုံး စိတ်ဝင်စားကြတဲ့ The Model Academy အစီအစဉ်ဟာ အောင်မြင် တဲ့ မော်ဒယ် တွေကို မွေးထုတ်ပေးနေတာ နှစ်အတိုင်းအတာတစ်ခုရှိခဲ့ပါပြီ ။ အခုတစ်ခေါက်မှာတော့ ပြိုင်ပွဲဝင်တွေကြားထဲမှာ ဖြစ်နေတဲ့ အရှုပ်တော်ပုံတစ်ခုကို အစီအစဉ် ရိုက်ကူးထားတဲ့အချိန်မှာ ဒိုင်တွေက ဖွင့်ချခဲ့ကြတာ ဖြစ်ပါတယ် …။
ပြိုင်ပွဲဝင်တွေကို သီးသန့်ထားတဲ့ အိမ်မှာရှိတဲ့ CCTVမှတ်တမ်းတွေကနေတဆင့် ပြိုင်ပွဲဝင်ဂျက်ဆီ နဲ့ တေဇလင်းရောင်တို့ရဲ့ ရည်ငံနေတဲ့ မှတ်တမ်းတွေကို ဒိုင်တွေက ဖော်ထုတ်ခဲ့ကြတာပါ …။
ဂျက်ဆီကတော့ တေဇလင်းရောင်ကို နောက်တဆင့်ကို တက်လှမ်းနိုင်ဖို့ အကာအကွယ်ပေးခဲ့ပေမယ့် တေဇလင်းရောင်ကတော့ ရည်းစားမဟုတ်ကြောင်း နောက်ဆုံးအချိန်ထိ ငြင်းခဲ့တာလည်းဖြစ်ပါတယ်။
ဂျက်ဆီကတော့ မိန်းကလေး တစ်ယောက်ရဲ့ အရှက်နဲ့ သိက္ခာကို ကာကွယ်ဖို့ ဖြစ်ရပ်တစ်ခုလုံးကိုပြောဆိုခဲ့တာပါ …။
တေဇလင်းရောင်ကတော့ ဂျက်ဆီကို အမတစ်ယောက်လိုသဘောထားပြီး ပွတ်သီးပွတ်သပ်နေခဲ့ခြင်း ပဲလို့ နောက်ဆုံးအချိန် ထိငြင်းဆိုခဲ့ပါတယ် …။
တေဇလင်းရောင်နဲ့ ဂျက်ဆီတို့ နှစ်ဦးသဘောတူနမ်းခဲ့တဲ့ဗီဒီယိုကို ဒိုင်တွေက နောက်ဆုံးမှာ ဖွင့်ကြည့်ခဲ့ကြပါတယ်။
ဂျက်ဆီ့ကို နောက်ဆုံးမှာ သူ့ရည်းစားကောင်မလေးနဲ့ မိတ်ဆက်ပေးလိုက်တယ်လို့လည်းသိရပါတယ် ။ စာရိတ္တမကောင်းလို့ ပညာသားပါပါ နှင်ထုတ်ခံခဲ့ရတဲ့ တေဇလင်းရောင် အတွက် မှတ်ချက်ကနေ တစ်ခုခုပြောပေးခဲ့ကြပါအုံးနော် …။ ။
Credit To Burmese.Asia
Be the first to comment
Leave a Reply
Your email address will not be published.
*