








Unicode

ချစ်ခင်တန်ဖိုးထားရဆုံးလူရဲ့ နောက်ဆုံးဈာပနခရီးလေးမှာ မျက်ရည်မဆယ်နိုင်အောင် ဝမ်းနည်းပက်လက်ငိုကျွေးနေတဲ့ ဘေဘီမောင်

ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး ဘေဘီမောင်ကတော့ သရုပ်ဆောင်ကောင်းမှုတွေအပြင် အေးချမ်းတဲ့အလှတရာလေးတွေနဲ့ ဖြူစင်ပြီး စေတနာပြည့်ဝကာ သဒ္ဒါတရားထက်သန်တဲ့ စိတ်ထားလေးကိုလည်း ပိုင်ဆိုင်ထားသူလေးပါ …။

အနုပညာလောကမှာ ပရိသတ်တွေအခိုင်အမာနဲ့ အောင်မြင်နေသလို အချိုးအစားပြေပြစ်ပြီး လှပလွန်းတဲ့ ခန္ဓာကိုယ် အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားသူလေးမို့ မိန်းကလေးပရိသတ်တွေအပြင် ယောင်္ကျားလေးပရိသတ်တွေရဲ ့ ချစ်ခင်အားပေးမှုတွေကိုပါ အပြည့်အဝ ရရှိထားသူလေးလည်း ဖြစ်ပါတယ် …။

ပရိသတ်ကြီးရေ…မင်းသမီးချောလေး ဘေဘီမောင်ကတော့ သူမချစ်ခင်တန်ဖိုးထားရဆုံးလူတွေထဲက တစ်ဦးဖြစ်တဲ့ အဖိုးဖြစ်သူ ဆုံးပါးကွယ်လွန်သွားလို့ အရမ်းကို စိတ်မကောင်းဖြစ် ဝမ်းနည်းနေပါတယ် …။

ဘေဘီလေးကတော့ အောက်တိုဘာ(၂၀)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အဖိုးဖြစ်သူရဲ့ နောက်ဆုံးဈာပနခရီးလေးကို မိသားစုတွေနဲ့အတူ လိုက်ပါပို့ဆောင်ရင်း မျက်ရည်မဆယ်နိုင်အောင် ဝမ်းနည်းပက်လက် ငိုကျွေးနေခဲ့ပါတယ် …။

ချစ်ရတဲ့အဖိုးဖြဈသူရဲ့ နောက်ဆုံးဈာပနခရီးပုံရိပ်လေးတွေကိုလည်း ဘေဘီလေးက သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ အမှတ်တရသိမ်းဆည်းရင်း ဘဝတစ်ပါးကို ကူးပြောင်းသွားတဲ့ အဖိုးအတွက် ဆုတောင်းစကားလေးတွေလည်း ပြောထားပါသေးတယ် …။

“အဖိုးနောက်ဆုံးခရီး အဖိုးကအလှူဒါန်းအရမ်းလုပ်တာ အဖိုးကောင်းရာမွန်ရာရောက်မှာပါ အဖိုးနောက်ဆုံးခရီးကိုလိုက်ပို့ပေးတဲ့မိတ်ဆွေများဆွေမျိုးများကိုလည်းကျေးဇူးအထူးတင်ပါတယ်ရှင့်..” ဆိုပြီး အဖိုးဖြစ်သူရဲ့ နောက်ဆုံးခရီးအမှတ်တရလေးတွေကို သိမ်းဆည်းရင်း မျှဝေလိုက်တာ ဖြစ်ပါတယ်..။

Photo Credit – Baby Maung’s Facebook

Be the first to comment

Leave a Reply

Your email address will not be published.


*