ဆက္သြယ္ေရးခက္ခဲလြန္းတဲ့ ေတာင္ေပၚေဒသေတြ တာဝန္က်လို႔ ဒုကၡႀကဳံရတဲ့ အပ်ိဳ႐ြယ္ ဆရာမေလးေတြရဲ႕ အျဖစ္ဆိုး

ဆက္သြယ္ေရးခက္ခဲလြန္းတဲ့ ေတာင္ေပၚေဒသေတြ တာဝန္က်လို႔ ဒုကၡႀကဳံရတဲ့ အပ်ိဳ႐ြယ္ ဆရာမေလးေတြရဲ႕ အျဖစ္ဆိုး

ဆရာဝန္ႀကီးတစ္ေယာက္ ေရးထားတဲ့ေဆာင္းပါးတစ္ပုဒ္ ဖတ္ဖူးတယ္ …။

တစ္ရက္…သူ႔ဆီကို ကိုယ္ဝန္ဖ်က္ခ်ဖို႔မိန္းမငယ္တစ္ေယာက္ေရာက္လာတယ္။

ဂဃနဏ ေမးၾကည့္ေတာ့ ေတာင္တန္းေဒသတစ္ခုမွာ တာဝန္က်ေနတဲ့ ေက်ာင္းဆရာမေလး ။ ဒါနဲ႔.. ဆရာဝန္ႀကီးက..သမီးခ်စ္သူ က ခ်စ္သူတို႔ ဘာသာဘာဝလြန္က်ဴးၿပီးမွ တာဝန္မယူလို႔လား ေမးေတာ့…ဆရာမေလး မွာ ငိုေတာ့သတဲ့ …။

ဘာခ်စ္သူမွလည္း မရွိဘူး ၊ အခု ရတဲ့ကိုယ္ဝန္ကလည္း.. ခေလးဖေအ ဘယ္သူမွန္းေတာင္ မသိဘူး ။ မိုးေတြ အရမ္း႐ြာတဲ့ညကသူ တာဝန္က်တဲ့ ႐ြာကေပးတဲ့ အိမ္ေလးမွာအိပ္ေပ်ာ္ေနတုန္း အိမ္ေပၚတက္ အေစာ္ကားခံလိုက္ရတာတဲ႔ ။ ရပ္႐ြာကို တိုင္ရေအာင္…ေမွာင္ထဲမဲထဲ ကိုယ့္ေစာ္ကားတဲ့သူ ဘယ္သူမွန္းမသိရတဲ့အျပင္ ၊ ေၾကာက္စိတ္ရယ္…ရွက္စိတ္ရယ္က ႀကီးစိုးေနေတာ့ ဘယ္သူ႔ကိုမွ မေျပာရဲရွာဘူး …။

အဲ့ဒီမွာ.. ဆရာဝန္ႀကီး က ျဖစ္မွ ျဖစ္ရေလသမီးေလးရယ္ လို႔ပဲ…သူလည္း ညည္းတြားႏိုင္ရွာတယ္လို႔ ေရးထားတယ္ ။ က်ေနာ့္သမီးေလးသာဆိုရင္ က်ေနာ္ ဘယ္ေလာက္ေတာင္ ရင္က်ိဳးရမလဲ…တဲ့

၂၀၀၉ ေလာက္က ေျခလ်င္မွာေနတဲ့ အခ်ိန္စစ္ဆင္ေရးထြက္ေတာ့ ေရွ႕တန္းျပန္ဝင္ခါနီး႐ြာတစ္႐ြာမွာ ညအိပ္ရတယ္ ။ ကိုယ္တည္းတဲ့အိမ္က အိမ္ရွင္နဲ႔ စကားစျမည္ထိုင္ေျပာေနရင္း၊စာသင္ေက်ာင္း ရွိတာပဲ၊ ႐ြာက ခေလးေတြပညာေရးအတြက္ ခမ်ားတို႔ မပူရဘူးေပါ့ လို႔ …၊

ဒါေပမယ့္..ဒီေလာက္ လမ္းပန္းအဆက္အသြယ္ေဝး၊ ေသနတ္သံတဖုံးဖုံးနဲ႔ ေဒသမွာ အဲ့ဒီ ဆရာ ဆရာမေတြ ေရရွည္ေရာ ၿမဲပါ့မလား ဆိုေတာ့…အဲ့႐ြာသား ျပန္ေျပာတာၾကားၿပီး ကိုယ္ေတြ ပါးစပ္ပါ အေဟာင္းသား ျဖစ္သြားရတယ္ …။

ဘယ္ၿမဲမလဲ ဗိုလ္ႀကီးရာ.. ဒါေပမယ့္ ၿမဲေအာင္လုပ္ရတာေပါ့ ။ ဆရာမေလးက အညာဖက္ ဇာတိက၊႐ြာက အရင္လူေတြလို ျပန္မသြားေအာင္ဆိုၿပီး…ခေလးဖေအ တစ္ခုလပ္ ကို ဆရာမေလး အိမ္ေပၚတက္လုံးခိုင္းၿပီး.. ေပးစားျပစ္တာ ။ ၿပီးရင္.. ျဖစ္လည္း ျဖစ္ၿပီးသြားၿပီ.. ဇြတ္ျပန္မယ္ဆိုရင္ ေတာထဲကေကာင္ေတြ ဆီ လက္တို႔မယ္ ။ ကိုယ္ စကားစျမည္ေမးတဲ့အခ်ိန္မွာ အဲ့ဆရာမေလး…အဲ့႐ြာကခေလးဖေအ တစ္ခုလပ္နဲ႔ ရတဲ့ ခေလးတစ္ေယာက္ေတာင္ ရေနၿပီ …။

ဘယ္ေဒသပါ လို႔ မေရးခ်င္ဘူး ၊ ဒါေပမယ့္.. သိပ္႐ိုးသားပါတယ္ ဆိုတဲ့ တိုင္းရင္းသားေဒသေတြမွာ တကယ္လက္ေတြ႕ အမ်ားတကာမသိ ျဖစ္ခဲ့ရတဲ့ေျမျပင္အမွန္တရားေတြ….

႐ြာမွာ ဆရာမ ၿမဲခ်င္ရင္..အဲ့႐ြာမွာ တာဝန္က်တဲ့ေက်ာင္းဆရာမေတြ ကို ႐ြာက လူနဲ႔ ရည္းစားထား၊အိမ္ေထာင္ျပဳ..အဲ့႐ြာမွာ အေျခခ်ေပါ့ ဆိုၿပီး..စကားကို လက္လြတ္စပယ္ေျပာတဲ့ ဝန္ႀကီးခ်ဳပ္ကိုေမးခြန္းထုတ္ခ်င္တာ တစ္ခုပဲ ရွိတယ္ …။

အေပၚမွာေရးထားတဲ့ ျဖစ္စဥ္ေတြထဲ က ဆရာမတစ္ေယာက္ေယာက္သာ ဝန္ႀကီးခ်ဳပ္ရဲ႕ ေသြးသားရင္းျခာ သမီးရင္း ျဖစ္ေနရင္ ဘယ္လို စကားမ်ိဳးေျပာမလဲ ဆိုတာပဲ …။ ။

Credit to Linn Thu Paing

Unicode

ဆက်သွယ်ရေးခက်ခဲလွန်းတဲ့ တောင်ပေါ်ဒေသတွေ တာဝန်ကျလို့ ဒုက္ခကြုံရတဲ့ အပျိုရွယ် ဆရာမလေးတွေရဲ့ အဖြစ်ဆိုး

ဆရာဝန်ကြီးတစ်ယောက် ရေးထားတဲ့ဆောင်းပါးတစ်ပုဒ် ဖတ်ဖူးတယ် …။

တစ်ရက်…သူ့ဆီကို ကိုယ်ဝန်ဖျက်ချဖို့မိန်းမငယ်တစ်ယောက်ရောက်လာတယ်။

ဂဃနဏ မေးကြည့်တော့ တောင်တန်းဒေသတစ်ခုမှာ တာဝန်ကျနေတဲ့ ကျောင်းဆရာမလေး ။ ဒါနဲ့.. ဆရာဝန်ကြီးက..သမီးချစ်သူ က ချစ်သူတို့ ဘာသာဘာဝလွန်ကျူးပြီးမှ တာဝန်မယူလို့လား မေးတော့…ဆရာမလေး မှာ ငိုတော့သတဲ့ …။

ဘာချစ်သူမှလည်း မရှိဘူး ၊ အခု ရတဲ့ကိုယ်ဝန်ကလည်း.. ခလေးဖအေ ဘယ်သူမှန်းတောင် မသိဘူး ။ မိုးတွေ အရမ်းရွာတဲ့ညကသူ တာဝန်ကျတဲ့ ရွာကပေးတဲ့ အိမ်လေးမှာအိပ်ပျော်နေတုန်း အိမ်ပေါ်တက် အစော်ကားခံလိုက်ရတာတဲ့ ။ ရပ်ရွာကို တိုင်ရအောင်…မှောင်ထဲမဲထဲ ကိုယ့်စော်ကားတဲ့သူ ဘယ်သူမှန်းမသိရတဲ့အပြင် ၊ ကြောက်စိတ်ရယ်…ရှက်စိတ်ရယ်က ကြီးစိုးနေတော့ ဘယ်သူ့ကိုမှ မပြောရဲရှာဘူး …။

အဲ့ဒီမှာ.. ဆရာဝန်ကြီး က ဖြစ်မှ ဖြစ်ရလေသမီးလေးရယ် လို့ပဲ…သူလည်း ညည်းတွားနိုင်ရှာတယ်လို့ ရေးထားတယ် ။ ကျနော့်သမီးလေးသာဆိုရင် ကျနော် ဘယ်လောက်တောင် ရင်ကျိုးရမလဲ…တဲ့

၂၀၀၉ လောက်က ခြေလျင်မှာနေတဲ့ အချိန်စစ်ဆင်ရေးထွက်တော့ ရှေ့တန်းပြန်ဝင်ခါနီးရွာတစ်ရွာမှာ ညအိပ်ရတယ် ။ ကိုယ်တည်းတဲ့အိမ်က အိမ်ရှင်နဲ့ စကားစမြည်ထိုင်ပြောနေရင်း၊စာသင်ကျောင်း ရှိတာပဲ၊ ရွာက ခလေးတွေပညာရေးအတွက် ခများတို့ မပူရဘူးပေါ့ လို့ …၊

ဒါပေမယ့်..ဒီလောက် လမ်းပန်းအဆက်အသွယ်ဝေး၊ သေနတ်သံတဖုံးဖုံးနဲ့ ဒေသမှာ အဲ့ဒီ ဆရာ ဆရာမတွေ ရေရှည်ရော မြဲပါ့မလား ဆိုတော့…အဲ့ရွာသား ပြန်ပြောတာကြားပြီး ကိုယ်တွေ ပါးစပ်ပါ အဟောင်းသား ဖြစ်သွားရတယ် …။

ဘယ်မြဲမလဲ ဗိုလ်ကြီးရာ.. ဒါပေမယ့် မြဲအောင်လုပ်ရတာပေါ့ ။ ဆရာမလေးက အညာဖက် ဇာတိက၊ရွာက အရင်လူတွေလို ပြန်မသွားအောင်ဆိုပြီး…ခလေးဖအေ တစ်ခုလပ် ကို ဆရာမလေး အိမ်ပေါ်တက်လုံးခိုင်းပြီး.. ပေးစားပြစ်တာ ။ ပြီးရင်.. ဖြစ်လည်း ဖြစ်ပြီးသွားပြီ.. ဇွတ်ပြန်မယ်ဆိုရင် တောထဲကကောင်တွေ ဆီ လက်တို့မယ် ။ ကိုယ် စကားစမြည်မေးတဲ့အချိန်မှာ အဲ့ဆရာမလေး…အဲ့ရွာကခလေးဖအေ တစ်ခုလပ်နဲ့ ရတဲ့ ခလေးတစ်ယောက်တောင် ရနေပြီ …။

ဘယ်ဒေသပါ လို့ မရေးချင်ဘူး ၊ ဒါပေမယ့်.. သိပ်ရိုးသားပါတယ် ဆိုတဲ့ တိုင်းရင်းသားဒေသတွေမှာ တကယ်လက်တွေ့ အများတကာမသိ ဖြစ်ခဲ့ရတဲ့မြေပြင်အမှန်တရားတွေ….

ရွာမှာ ဆရာမ မြဲချင်ရင်..အဲ့ရွာမှာ တာဝန်ကျတဲ့ကျောင်းဆရာမတွေ ကို ရွာက လူနဲ့ ရည်းစားထား၊အိမ်ထောင်ပြု..အဲ့ရွာမှာ အခြေချပေါ့ ဆိုပြီး..စကားကို လက်လွတ်စပယ်ပြောတဲ့ ဝန်ကြီးချုပ်ကိုမေးခွန်းထုတ်ချင်တာ တစ်ခုပဲ ရှိတယ် …။

အပေါ်မှာရေးထားတဲ့ ဖြစ်စဉ်တွေထဲ က ဆရာမတစ်ယောက်ယောက်သာ ဝန်ကြီးချုပ်ရဲ့ သွေးသားရင်းခြာ သမီးရင်း ဖြစ်နေရင် ဘယ်လို စကားမျိုးပြောမလဲ ဆိုတာပဲ …။ ။

Credit to Linn Thu Paing

Be the first to comment

Leave a Reply

Your email address will not be published.


*