သူရေး (ApannPyay)
Unicode
တွေ့တာနဲ့ ချက်ချင်းသတ်ပစ်ဖို့ ထုတ်ပြန်ခံထားရတဲ့ငါးမျိုးစိတ်အသစ်
ဂျော်ဂျီယာနို်င်ငံမှာတွေ့ခဲ့တဲ့ ငါးမျိုးစိတ်အသစ်တစ်ခုက အားလုံးကို တုန်လှုပ်စေပါတယ် … ။ ရေထဲမှာပဲ အသက်ရှင်တတ်တဲ့ ငါးတွေဟာ ကုန်းပေါ်မှာ (၅)ရက်လောက် အသက်ရှင်နေသလို အသက်လည်းရှုတဲ့အတွက် တွေ့တာနဲ့ကို သတ်ပစ်ဖို့ နိုင်ငံရဲ့ သားရဲတိရစ္တာန်ထိန်းသိမ်းရေး ဌာနက ထုတ်ပြန်လိုက်ရတဲ့ငါးပါ … ။
ဒီငါးကို စတွေ့တော့ ဂျော်ဂျီယာနိုင်ငံမှာပါ။ Gwinnett County property အနီးမှာရှိတဲ့ ရေကန်တစ်ကန်မှာ ကမ်းတင်နေတဲ့ ငါးတစ်ကောင်ကိုတွေ့ခဲ့ရပြီး၊ နာမည်ကိုတော့ ြမောက်ပိုင်းမြွေးဦးခေါင်းငါးလို့ဆိုပါတယ် … ။ သူ့ကိုသတ်ခိုင်းရတဲ့အကြောင်းထဲက အထူးဆန်းဆုံးတစ်ချက်က ငါးဟာကုန်းပေါ်မှာ နေနေရင်းနဲ့ မြွေတစ်ကောင်လိုသုံးပေလောက်အရှည်ထိရှိလာနိုင်လိုပါပဲ … ။
အဖွဲ့ချုပ်က ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေမှာ လုံးဝပြန်မလွှတ်ပါနဲ့၊ ချက်ချင်းသတ်ပစ်ပါ ဒါမှမဟုတ် အအေးခန်းထဲပစ်ထည့်လိုက်ပါ။ ဖြစ်နိုင်ရင် ငါးရဲ့ပုံကို ဓာတ်ပုံရိုက်ထားပါ … ။ ဘယ်နေရာမှာ ဖမ်းမိခဲ့တယ်ဆိုတာကို အတိအကျမှတ်ထားပေးပါ … ။ ပြီးတာနဲ့ ဂျော်ဂျီယာရဲ့DNR သဘာဝ သားရဲထိန်းသိမ်းရေးကို အကြောင်းကြားပါလို့ ဆိုပါတယ် … ။
ငါးနဲ့ ပတ်သက်တဲ့အကြောင်းက ငါးဟာ ကုန်းမြေပေါ်ရောက်လာတဲ့အခါ ပုံမှန်အသက်ရှုတာမျိုးလုပ်ပြီး ငါးရက်လောက် အသက်ရှင်နိုင်ပါတယ် .. ။ သုံးပေလောက်ရှည်ထွက်လာပြီး၊ မြွေခေါင်းနဲ့ ငါးကနေ တကယ့် မြွေလိုဖြစ်လာပါတယ် … ။ ပြီးရင် သူတို့အသက်ရှင်ဖို့ လိုအပ်တဲ့အစာအတွက် အသားငါးတွေကို ပြန်တိုက်ခိုက်ပါတယ် … ။ နောက်ဆုံးအချင်းချင်းပါပြန်စာပါတယ် … ။
ခန္ဓာကိုယ်မှာ မြွေပွေးကွက်လို အကွက်တွေရှိတဲ့အပြင် ခေါင်းဟာ မြွေတစ်ကောင်နဲ့တူလွန်းပြီး ငါးရဲ့အတွင်းပါးစပ်ဟာ အစွယ်ပါပါတယ်။ ငါးကိုစားလို့လဲမရသလို လူသားတွေကို အကျိုးပြုတဲ့အချက်တစ်ချက်မှမရှိဘဲ သေချာပေါက်ဒုက္ခပဲပေးတာပါ … ။ ဒီတော့ မြောက်ပိုင်း မြွေဦးခေါင်းငါးဆိုတာသေချာပြီဆိုတာနဲ့ သတ်ပစ်ဖို့လိုပြီး၊ အဆင်ပြေရင်တော့ ရေခဲထဲထည့်ထားဖို့ကို DNR က ထုတ်ပြန်ထားပါတယ် .. ။
သူရေး (ApannPyay)
Be the first to comment
Leave a Reply
Your email address will not be published.
*