Source Ref : ABS-CBN News
Unicode
ဘွဲ့ရခဲ့တာ ဖခင်ဖြစ်သူ ဆိုက်ကားသမားကြောင့်ပါလို့ မရှက်မရွံ့ ဂုဏ်ယူစွာပြောဆိုခဲ့တဲ့ မိန်းကလေး
ပညာသာ အမှန်တစ်ကယ်လိုချင်တယ်ဆိုရင် ချမ်းသာတာ ဆင်းရဲတာက အရေးမကြီးဘူးဆိုတာကို Sandra Estefani Ramos က သက်သေပြခဲ့တာပဲဖြစ်ပါတယ် … ။ ချမ်းသာတဲ့လူတစ်ယောက်အဖြစ်မွေးဖွာလာဖို့ဆိုတာ လူတိုင်းမဖြစ်နိုင်ပါဘူးနော် … ။.
စာရင်းများအရ ကမ္ဘာပေါ်မှာကြီးပြင်းလာတဲ့သူများတွေ အများစုဟာ ဆင်းရဲတဲ့သူတွေဖြစ်ကြပြီး ကိုယ့်ဘဝရဲ့အောင်မြင်မှုအတွက် ကိုယ်တိုင်လမ်းဖောက်ကြပါတာပဲဖြစ်ပါတယ် … ။
အဲဒီထဲကမှ ဖိလစ်ပိုင်နိုင်ငံသူလေးဟာ ဆင်းရဲတဲ့မိသားစုကနေ ပေါက်ဖွားလာခဲ့ပြီး လက်ရှိမှာနည်းပညာသိပ္ပံကျောင်းကနေ ဘွဲ့ရရှိထားပါတယ် … ။ သူမရဲ့ကျောင်းစရိတ်နဲ့ ဘွဲ့ရအောင်ကြိုးစားခဲ့တဲ့နေရာမှာ အရေးအကြီးဆုံးက သူမရဲ့ ဖခင်ဆိုက္ကားသမားဖြစ်တယ်ဆိုတာ ထုတ်ဖော်ပြောခဲ့ပါတယ် … ။
ဖခင်ဆင်းရဲတာဟာ ရှက်စရာမဟုတ်တဲ့အကြောင်းနဲ့ ဖခင်ရဲ့ ဆိုက္ကားခကနေ ရဲတဲ့ငွေနဲ့ ခုလို ဘွဲ့ရအောင်တက်ခဲ့ရတာလို့လည်း သူမက ပြောပါတယ် … ။ လူချမ်းသာတာ ဆင်းရဲ့တာထက် စိတ်ဓာတ်ချမ်းသာဖို့က ပိုပြီးအရေကြီးပါတယ်…. ကိုယ့်မိဘဟာ ဘယ်လိုအခြေအနေပဲရောက်နေပါစေ..
ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ဖော်ပြသခဲ့တဲ့ သူမရဲ့လုပ်ရပ်ကိုကမ္ဘာတစ်ဝှမ်းချီးကျူးနေကြတာပဲဖြစ်ပါတယ် … ။
Writer – SHN (Shwe Yaung Lan)
Source Ref : ABS-CBN News
Be the first to comment
Leave a Reply
Your email address will not be published.
*