ျမန္မာအိုင္ေဒါရဲ့ စီစဥ္ထုတ္လႊင့္ပုံကို ေမးခြန္ထုတ္လိုက္ၿပီး ျမန္မာအိုင္ေဒါကို သြားမၿပိဳင္ၾကဖို႔ ေဝဖန္လိုက္တဲ့ ၿပိဳင္ပြဲဝင္ သီရိဝင္းလွိုင္

ျမန္မာအိုင္ေဒါရဲ့ စီစဥ္ထုတ္လႊင့္ပုံကို ေမးခြန္ထုတ္လိုက္ၿပီး ျမန္မာအိုင္ေဒါကို သြားမၿပိဳင္ၾကဖို႔ ေဝဖန္လိုက္တဲ့ ၿပိဳင္ပြဲဝင္ သီရိဝင္းလွိုင္

Myanmar Idol Season 4 ၿပိဳင္ပြဲဝင္ေတြကို ေတာ္ေတာ္မ်ားမ်ားေတာ့ၾကည့္ျဖစ္ၿပီးျဖစ္မယ္ ထင္ပါတယ္ေနာ္ ApannPyay ခ်စ္ပရိသတ္ႀကီးတို႔ေရ … ။ အဲ့ဒီအထဲကမွ ကိုယ္သေဘာက်တဲ့ အသံပိုင္ရွင္တစ္ေယာက္ေရာ ေတြ႕ေနၾကၿပီလားဗ်ိဳ႕ … ။

အၿပိဳင္အဆိုင္လည္း အားေပးေနၾကတာျမင္ရသလို ကိုယ့္ရဲ့ Idol ေလးကို ဝန္းရံမယ့္သူေတြကလည္း အဆင္သင့္ကိုေစာင့္ေမၽွာ္ေနၾကတာလည္း Myanmar Idol ၿပိဳင္ပြဲရဲ့ အစဥ္အလာလိုကို ျဖစ္ေနၿပီး ဒီႏွစ္မွာလည္း ထူးျခားတဲ့ အသံပိုင္ရွင္ နဲ႔ ပါရမီရွင္ ၿပိဳင္ပြဲဝင္ ေတြ တဦးၿပီးတဦး ထြက္ေပၚလာေနျပန္ပါၿပီေနာ္ … ။

Myanmar Idol အဆိုၿပိဳင္ပြဲဟာ ပဏာမအသံစစ္ေဆးျခင္း Judges Audition အဆင့္ကို ၿပီးေျမာက္လို႔ Golden Week အေနနဲ႔ Theatre Round 1 အဆင့္ ယွဥ္ၿပိဳင္မႈကို စတင္ထုတ္လႊင့္ျပသေနၿပီျဖစ္လို႔ ပရိသတ္ေတြ ပိုၿပီးစိတ္လႈပ္ရွားစရာအေျခအေနတစ္ခုကို ေရာက္လာၿပီး ကိုယ္္အားေပးတဲ့ ၿပိဳင္ပြဲဝင္ေတြရဲ့ အဆိုပညာ အရည္အေသြးေတြကိုလည္း ပိုၿပီး ထင္ရွားလာၿပီျဖစ္ပါတယ္ … ။

လတ္တေလာ အားလုံးကိုလႈပ္ခတ္သြားခဲ့တာကေတာ့ Myanmar Idol Season 4 မွာ ဝင္ေရာက္ယွဥ္ၿပိဳင္​ခဲ့တဲ့ ၿပိဳင္ပြဲဝင္ သီရိဝင္းလွိုင္ရဲ့ Myanmar Idol အစီအစဥ္ ထုတ္လႊင့္ပုံကို ေဝဖန္ခ်က္ေၾကာင့္ ပြဲဆူသြားေစခဲ့တာပဲျဖစ္ပါတယ္ … ။

ၿပိဳင္ပြဲဝင္ သီရီဝင္းလွိုင္ရဲ့ Myanmar Idol အစီအစဥ္ အေပၚ ေဝဖန္ထားတဲ့ ပို႔စ္ေလးတစ္ခုကို ေတြ႕ခဲ့ရတာပဲျဖစ္ပါတယ္ …. ။ ၿပိဳင္ပြဲဝင္ သီရိဝင္းလွိုင္ဟာ Judges Auditon အဆင့္မွာ မနက္ ၄ နာရီ မိုးလင္းခ်ိန္မွာ အသံစစ္ခဲ့ရတယ္လို႔ သိရၿပီး ဒိုင္ေတြကေပးတဲ့ Golden Ticket ကို ရရွိခဲ့တယ္ လို႔ ဆိုပါတယ္ … ။

ဒါေပမဲ့ Golden Ticket ရရွိသူ အားလုံးရဲ့ သီဆိုယွဥ္ၿပိဳင္ပုံကို ႐ုပ္သံမွာ ထုတ္လႊင့္ျပသခဲ့ေပမဲ့ သူရဲ့သီဆိုပုံကိုေတာ့ ႐ုပ္သံမွာ ထုတ္လႊင့္တင္ဆက္ရာမွာ ထည့္သြင္းေပးခဲ့ျခင္းမရွိတာေၾကာင့္ သူက Myanmar Idol တာဝန္ရွိ လူႀကီးမင္းမ်ားထံ ေမးခြန္းထုတ္သြားခဲ့တာပျျဖစ္ပါတယ္ … ။

ဒါ့အျပင္ Golden Week မွာ သူ ပါဝင္ယွဥ္ၿပိဳင္ခဲ့တဲ့ သီဆိုမႈကိုလည္း ႐ုပ္သံမွာ ထပ္မံ မျပသခဲ့ေၾကာင္း၊ ျမန္မာနိုင္ငံက အႏုပညာပါရမီရွိသူေတြ ဒီလို ၿပိဳင္ပြဲမ်ိဳးကို သြားမၿပိဳင္သင့္ဘူးလို႔ အႀကံေပးလိုေၾကာင္း၊ ဒါဟာ အႏုပညာ ပါရမီရွိသူေတြ နဲ႔ ဝါသနာရွင္ေတြရဲ့ စိတ္ဓာတ္ကို ရိုက္ခ်ိဳးလိုက္ျခင္းသာ ျဖစ္ေၾကာင္း၊ မၽွတမႈမရွိတဲ့ လုပ္ရပ္ကို သူမ်ားေတြလို ၿငိမ္မခံတတ္လို႔ အခုျဖစ္ရပ္ရဲ့ အမွန္တရားကို ထုတ္ေဖာ္ေျပာဆိုျခင္းျဖစ္ေၾကာင္း သူ႔ရဲ့ပို႔စ္ေလးမွာ ေတြ႕ရွိခဲ့ရတာပါ။

ဒါဟာ ဘယ္လို ဂယက္ေတြ ဆက္လက္ထြက္ ေပၚ လာေစဦးမလဲ၊ Myanmar Idol ဘက္ကေရာ ဒီျဖစ္ရပ္အတြက္ ဘယ္လို တုံ႔ျပန္ေျဖရွင္းမႈေတြ ျပဳလုပ္လာမလဲ ဆိုတာကိုလည္း Myanmar Idol ပရိသတ္ေတြက စိတ္ဝင္တစား ေစာင့္ၾကည့္ေနၾကတာျဖစ္ပါတယ္ ပရိတ္သတ္ႀကီးေရ …. ။

EFIL-ApannPyay

Unicode

မြန်မာအိုင်ဒေါရဲ့ စီစဉ်ထုတ်လွှင့်ပုံကို မေးခွန်ထုတ်လိုက်ပြီး မြန်မာအိုင်ဒေါကို သွားမပြိုင်ကြဖို့ ဝေဖန်လိုက်တဲ့ ပြိုင်ပွဲဝင် သီရိဝင်းလှိုင်

Myanmar Idol Season 4 ပြိုင်ပွဲဝင်တွေကို တော်တော်များများတော့ကြည့်ဖြစ်ပြီးဖြစ်မယ် ထင်ပါတယ်နော် ApannPyay ချစ်ပရိသတ်ကြီးတို့ရေ … ။ အဲ့ဒီအထဲကမှ ကိုယ်သဘောကျတဲ့ အသံပိုင်ရှင်တစ်ယောက်ရော တွေ့နေကြပြီလားဗျို့ … ။

အပြိုင်အဆိုင်လည်း အားပေးနေကြတာမြင်ရသလို ကိုယ့်ရဲ့ Idol လေးကို ဝန်းရံမယ့်သူတွေကလည်း အဆင်သင့်ကိုစောင့်မျှော်နေကြတာလည်း Myanmar Idol ပြိုင်ပွဲရဲ့ အစဉ်အလာလိုကို ဖြစ်နေပြီး ဒီနှစ်မှာလည်း ထူးခြားတဲ့ အသံပိုင်ရှင် နဲ့ ပါရမီရှင် ပြိုင်ပွဲဝင် တွေ တဦးပြီးတဦး ထွက်ပေါ်လာနေပြန်ပါပြီနော် … ။

Myanmar Idol အဆိုပြိုင်ပွဲဟာ ပဏာမအသံစစ်ဆေးခြင်း Judges Audition အဆင့်ကို ပြီးမြောက်လို့ Golden Week အနေနဲ့ Theatre Round 1 အဆင့် ယှဉ်ပြိုင်မှုကို စတင်ထုတ်လွှင့်ပြသနေပြီဖြစ်လို့ ပရိသတ်တွေ ပိုပြီးစိတ်လှုပ်ရှားစရာအခြေအနေတစ်ခုကို ရောက်လာပြီး ကိုယ််အားပေးတဲ့ ပြိုင်ပွဲဝင်တွေရဲ့ အဆိုပညာ အရည်အသွေးတွေကိုလည်း ပိုပြီး ထင်ရှားလာပြီဖြစ်ပါတယ် … ။

လတ်တလော အားလုံးကိုလှုပ်ခတ်သွားခဲ့တာကတော့ Myanmar Idol Season 4 မှာ ဝင်ရောက်ယှဉ်ပြိုင်​ခဲ့တဲ့ ပြိုင်ပွဲဝင် သီရိဝင်းလှိုင်ရဲ့ Myanmar Idol အစီအစဉ် ထုတ်လွှင့်ပုံကို ဝေဖန်ချက်ကြောင့် ပွဲဆူသွားစေခဲ့တာပဲဖြစ်ပါတယ် … ။

ပြိုင်ပွဲဝင် သီရီဝင်းလှိုင်ရဲ့ Myanmar Idol အစီအစဉ် အပေါ် ဝေဖန်ထားတဲ့ ပို့စ်လေးတစ်ခုကို တွေ့ခဲ့ရတာပဲဖြစ်ပါတယ် …. ။ ပြိုင်ပွဲဝင် သီရိဝင်းလှိုင်ဟာ Judges Auditon အဆင့်မှာ မနက် ၄ နာရီ မိုးလင်းချိန်မှာ အသံစစ်ခဲ့ရတယ်လို့ သိရပြီး ဒိုင်တွေကပေးတဲ့ Golden Ticket ကို ရရှိခဲ့တယ် လို့ ဆိုပါတယ် … ။

ဒါပေမဲ့ Golden Ticket ရရှိသူ အားလုံးရဲ့ သီဆိုယှဉ်ပြိုင်ပုံကို ရုပ်သံမှာ ထုတ်လွှင့်ပြသခဲ့ပေမဲ့ သူရဲ့သီဆိုပုံကိုတော့ ရုပ်သံမှာ ထုတ်လွှင့်တင်ဆက်ရာမှာ ထည့်သွင်းပေးခဲ့ခြင်းမရှိတာကြောင့် သူက Myanmar Idol တာဝန်ရှိ လူကြီးမင်းများထံ မေးခွန်းထုတ်သွားခဲ့တာပြဖြစ်ပါတယ် … ။

ဒါ့အပြင် Golden Week မှာ သူ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ သီဆိုမှုကိုလည်း ရုပ်သံမှာ ထပ်မံ မပြသခဲ့ကြောင်း၊ မြန်မာနိုင်ငံက အနုပညာပါရမီရှိသူတွေ ဒီလို ပြိုင်ပွဲမျိုးကို သွားမပြိုင်သင့်ဘူးလို့ အကြံပေးလိုကြောင်း၊ ဒါဟာ အနုပညာ ပါရမီရှိသူတွေ နဲ့ ဝါသနာရှင်တွေရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးလိုက်ခြင်းသာ ဖြစ်ကြောင်း၊ မျှတမှုမရှိတဲ့ လုပ်ရပ်ကို သူများတွေလို ငြိမ်မခံတတ်လို့ အခုဖြစ်ရပ်ရဲ့ အမှန်တရားကို ထုတ်ဖော်ပြောဆိုခြင်းဖြစ်ကြောင်း သူ့ရဲ့ပို့စ်လေးမှာ တွေ့ရှိခဲ့ရတာပါ။

ဒါဟာ ဘယ်လို ဂယက်တွေ ဆက်လက်ထွက် ပေါ် လာစေဦးမလဲ၊ Myanmar Idol ဘက်ကရော ဒီဖြစ်ရပ်အတွက် ဘယ်လို တုံ့ပြန်ဖြေရှင်းမှုတွေ ပြုလုပ်လာမလဲ ဆိုတာကိုလည်း Myanmar Idol ပရိသတ်တွေက စိတ်ဝင်တစား စောင့်ကြည့်နေကြတာဖြစ်ပါတယ် ပရိတ်သတ်ကြီးရေ …. ။

EFIL-ApannPyay

Be the first to comment

Leave a Reply

Your email address will not be published.


*