ပိုက္ဆံမရွိဘူးလို႔ ပါးစပ္က အျမဲေျပာေနသူေတြအတြက္ မၽွေဝေပးလိုက္ပါၿပီ…

ပိုက္ဆံမရွိဘူးလို႔ ပါးစပ္က အျမဲေျပာေနသူေတြအတြက္ မၽွေဝေပးလိုက္ပါၿပီ…

” ပိုက္ဆံမရွိဘူးလို႔ ပါးစပ္ကအျမဲေျပာေနသူေတြအတြက္ ”

ပိုက္ဆံမရွိဘူးလို႔ ပါးစပ္က အျမဲေျပာေနရင္ တေန႔တျခား ၾကပ္တည္းလာတာ ပို သိသာလာတယ္ …။

အဆင္မေျပဘူးလို႔ ခနခနေတြးေနရင္ ပိုၿပီး အဆင္မေျပ ျဖစ္လာတယ္။ ဒါ အယူအဆမဟုတ္ဘူး။ ဘာသာေရး အေတြးမဟုတ္ဘူး Psycho သေဘာပဲ …။

ၾကားရဖန္မ်ားရင္ အေတြးေတြျဖစ္လာတယ္။ေျပာပါမ်ားရင္ အာ့အတိုင္းယုံၾကည္လာတယ္။ ၾကာေတာ့ ကိုယ့္စိတ္ကူးထဲက အတိုင္း ကိုယ့္ႏႈတ္ထြက္စကားေတြအတိုင္း ကိုယ့္ဘဝက ေျပာင္းသြားတယ္ …။

ဒါ့ေၾကာင့္ အျမဲတမ္း အေကာင္းဘက္ကေတြးပါ။ အေကာင္းဘက္ကို ေတြးပါ။ေအာင္ျမင္သူလိုေတြးပါ။ ေအာင္ျမင္သူေတြနား ခ်ဥ္းကပ္ပါ လို႔ ေျပာၾကတာေပါ့ …။

လဲက်တာဟာ ျပႆနာ မဟုတ္ဖူးေလ ျပန္မထခ်င္ေတာ့တာ ဒါမွမဟုတ္ ငါ ျပန္မထ နိုင္ေလာက္ပါဘူးလို႔ေတြးတာ …

လက္ေလၽွာ့လိုက္ေတာ့မယ္ဆိုတာကသာ ျပသနာႀကီးပါ… မျဖစ္နိုင္ဘူးဆိုတာထက္ ျဖစ္ေအာင္ဘယ္လိုလုပ္ရမလဲဆိုတာကိုဘဲ ေတြးဖို႔ ပိုလိုတာပါ …။

လူတိုင္းမွာ ခက္ခဲတဲ့ အခိုက္အတန႔္ေတြရွိတယ္။ေျဖရွင္းပုံေပၚမူတည္ၿပီး လူေတြရဲ့ ဘဝ အေျခအေနေတြ ကြာသြားတာ ပါ …။ ။

Orginal writer

———————

Unicode

ပိုက်ဆံမရှိဘူးလို့ ပါးစပ်က အမြဲပြောနေသူတွေအတွက် မျှဝေပေးလိုက်ပါပြီ…

” ပိုက်ဆံမရှိဘူးလို့ ပါးစပ်ကအမြဲပြောနေသူတွေအတွက် ”

ပိုက်ဆံမရှိဘူးလို့ ပါးစပ်က အမြဲပြောနေရင် တနေ့တခြား ကြပ်တည်းလာတာ ပို သိသာလာတယ် …။

အဆင်မပြေဘူးလို့ ခနခနတွေးနေရင် ပိုပြီး အဆင်မပြေ ဖြစ်လာတယ်။ ဒါ အယူအဆမဟုတ်ဘူး။ ဘာသာရေး အတွေးမဟုတ်ဘူး Psycho သဘောပဲ …။

ကြားရဖန်များရင် အတွေးတွေဖြစ်လာတယ်။ပြောပါများရင် အာ့အတိုင်းယုံကြည်လာတယ်။ ကြာတော့ ကိုယ့်စိတ်ကူးထဲက အတိုင်း ကိုယ့်နှုတ်ထွက်စကားတွေအတိုင်း ကိုယ့်ဘဝက ပြောင်းသွားတယ် …။

ဒါ့ကြောင့် အမြဲတမ်း အကောင်းဘက်ကတွေးပါ။ အကောင်းဘက်ကို တွေးပါ။အောင်မြင်သူလိုတွေးပါ။ အောင်မြင်သူတွေနား ချဉ်းကပ်ပါ လို့ ပြောကြတာပေါ့ …။

လဲကျတာဟာ ပြဿနာ မဟုတ်ဖူးလေ ပြန်မထချင်တော့တာ ဒါမှမဟုတ် ငါ ပြန်မထ နိုင်လောက်ပါဘူးလို့တွေးတာ …

လက်လျှော့လိုက်တော့မယ်ဆိုတာကသာ ပြသနာကြီးပါ… မဖြစ်နိုင်ဘူးဆိုတာထက် ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုဘဲ တွေးဖို့ ပိုလိုတာပါ …။

လူတိုင်းမှာ ခက်ခဲတဲ့ အခိုက်အတန့်တွေရှိတယ်။ဖြေရှင်းပုံပေါ်မူတည်ပြီး လူတွေရဲ့ ဘဝ အခြေအနေတွေ ကွာသွားတာ ပါ …။ ။

Orginal writer

———————