



 






#စုံစုံလင်လင် – သတင်း

Unicode

တေးသံရှင် ဖြိုးပြည့်စုံပါ ၃ ဦးအား ပြန်လွှတ်လိုက်ပြီ

တေးသံရှင် ဖြိုးပြည့်စုံ အပါအဝင် ၃ ဦးအား ပြန်လွှတ်လိုက်ပြီ ဖြစ်ကြောင်းသတင်းရရှိပါတယ် …။

ဗဟန်းမြို့မရဲစခန်းတွင် တရားစွဲဆိုထားသော တေးသံရှင် ဖြိုးပြည့်စုံပါ ၃ ဦးအား ဓာတုဗေဒဝန်ရုံးမှ ပြန်ကြားချက်အရ

မူးယစ်ဆေးဝါး မဟုတ်ခြင်း အရ လည်းကောင်း ၊ ဥပဒေမှ တရားစွဲဆိုရန် မသင့်ကြောင်း အကြံပြုချက်အရလည်းကောင်း

ယနေ့ ညနေ ၃ နာရီ မိနစ် ၃၀ အချိန်က ကျင့် ၁၆၉ အရ အချုပ်မှ လွှတ် လိုက်ပြီ ဖြစ်ကြောင်း သိရှိရပါတယ် …။

ဝမ်းသာစရာ သတင်းကောင်းပါပဲ….စိတ်ပူနေကြတဲ့ ပရိတ်သတ်များ ၊ ဆုတောင်းပေးနေတဲ့ ပရိတ်သတ်များအတွက် သတင်းကောင်းပါပဲ …။

ကိုဖြိုးပြည့်စုံ ရှေ့လျှောက်အနုပညာခရီးလမ်းကို သာယာချမ်းမြေ့စွာလျှောက်လှမ်းနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ….။

Source – မေငယ် (Pyi Myanmar)

#စုံစုံလင်လင် – သတင်း

Be the first to comment

Leave a Reply

Your email address will not be published.


*