မ်က္ႏွာအလွဖ်က္ေနတဲ့ ေခြ်းေပါက္က်ယ္ေတြကို လံုးဝေလ်ာ့ပါးသြားေစမယ့္ နည္းလမ္း (၆) ခု

မ်က္ႏွာအလွဖ်က္ေနတဲ့ ေခြ်းေပါက္က်ယ္ေတြကို လံုးဝေလ်ာ့ပါးသြားေစမယ့္ နည္းလမ္း (၆) ခု

မ်က္္နွာအေရျပားေအာက္က အဆီဂလင္းကေန ထုတ္လႊတ္လိုက္တဲ့ အဆီေတြနဲ႕ေခြ်း၊ ဖုန္မႈန္႕ မိတ္ကပ္ေတြနဲ႕ေရာျပီး ေခြ်းေပါက္ထဲမွာ ပိတ္သြားျပီး ဆားဝက္ျခံ၊အဆီဖုေတြျဖစ္လာပါတယ္။ အဲ့ဒါေတြကိုညွစ္ထုတ္လုိိက္ျပီးရင္လည္း ေခြ်းေပါက္ကနဂိုထက္ပိုက်ယ္သြားျပီး ျပန္မက်ဉ္းသြားဘဲ ဆားဝက္ျခံျပန္ျဖစ္ဖို႕ပိုလြယ္ပါတယ္။ ျပီးေတာ့ ေခြ်းေပါက္က်ယ္ေတြကျဖစ္ျပီးသြားရင္ ျပန္ေပ်ာက္ဖို႕မလြယ္ေတာ့ပါဘူး၊ ပိုဆိုးမသြားေအာင္ရယ္၊ ေလ်ာ့နည္းသြားေအာင္ရယ္ပဲလုပ္နိုင္တာပါ။ ဒါဆို ဆားဝက္ျခံ၊အဆီဖုေတြ အျမဲမျပတ္ျဖစ္ေစတဲ့ ေခြ်းေပါက္က်ယ္ေတြကို ဘယ္လိုမ်ားေလွ်ာ့ခ်ရပါ့မလဲ။ အခုေဖာ္ျပမယ့္ skin care အဆင့္ေလးေတြကိုသာ ပံုမွန္ျပဳလုပ္ေပးပါေနာ္ …။

(1) မိတ္ကပ္ဖ်က္ဖို႕မေမ့ပါနဲ႕

ည ၁၀ နာရီမတိုင္ခင္မွာ မိတ္ကပ္ဖ်က္ေပးမွ ေခြ်းေပါက္ပိတ္ေစမယ့္ အညစ္အေၾကးနဲ႕အဆီပိုေတြကို ဖယ္ရွားေပးျပီး အသားအေရက်ံဳ႕ဆန္႕မႈကိုေကာင္းမြန္ေစတာေၾကာင့္ ေခြ်းေပါက္ေတြ ပိုမက်ယ္သြားေအာင္ ထိန္းညွိေပးနိုင္မွာပါ။ ဒါေၾကာင့္ မိတ္ကပ္နည္းနည္းပဲ လိမ္းလိမ္း၊ မ်ားမ်ားပဲလိမ္းလိမ္း ညအိပ္ရာမဝင္ခင္မွာ မျဖစ္မေန ဖ်က္ေပးဖို႕ လိုအပ္ပါတယ္ …။

(2) နည္းလမ္းမွန္ကန္စြာမ်က္နွာသစ္ေပးပါ

မနက္တစ္ၾကိမ္၊ညတစ္ၾကိမ္ တစ္ေန႕ႏွစ္ၾကိမ္ပံုမွန္မ်က္ႏွာသစ္ေပးဖို႕လိုပါတယ္။ မ်က္ႏွာသစ္တဲ့အခါမွာလည္း အရင္ဆံုးမိတ္ကပ္ဖ်က္ပါ၊ တဘက္သန္႕သန္႕တစ္ထည္ကိုေရေႏြးဆူဆူထဲစိမ္၊ေရစင္ေအာင္ညွစ္ကာ မ်က္ႏွာေပၚမွာခဏေလာက္အုပ္တင္ထားေပးျပီးမွ မ်က္ႏွာသစ္ေဆးသံုးျပီး မ်က္ႏွာသစ္ေပးပါ။ ျပီးရင္ မ်က္ႏွာကိုေရသုတ္ျပီး ေရအရမ္းမေျခာက္ခင္မွာ တိုနာနဲ႕ အစိုဓာတ္ျဖည့္ခရင္လိမ္းေပးပါ။ ဒါက ေခြ်းေပါက္က်ယ္တဲ့သူေတြအတြက္ အေကာင္းဆံုး မ်က္ႏွာသစ္နည္း ျဖစ္ပါတယ္ …။

(3) Water Based skin care products ေလးေတြသံုးပါ

skin care products နဲ႕ cosmetics ေတြကို တတ္နိုုင္သေလာက္ Oil based ေတြမသံုးပါနဲ႕၊ water based products ေလးေတြ ေရြးခ်ယ္သံုးေပးပါ။ Oil based products ေတြက ေခြ်းေပါက္က်ယ္ေတြကို ပိုဆိုးေစနိုင္တာေၾကာင့္ ေရွာင္သင္႔ပါတယ္ …။

(4) ေနေရာင္ကာလိမ္းေဆးလိမ္းပါ

ေနေရာင္ျခည္မွာ ပါဝင္တဲ့ ခရမ္းလြန္ေရာင္ျခည္က အသားအေရျပႆနာအမ်ိဳးမ်ိဳးအတြက္ တရားခံျဖစ္ျပီး ေခြ်းေပါက္က်ယ္ေတကိုလည္း ပိုဆိုးေစပါတယ္။ ဒါေၾကာင့္ ေခြ်းေပါက္က်ယ္ေတြ ေလ်ာ့နည္းသက္သာခ်င္ရင္ ေနေရာင္ကာလိမ္းေဆးကို မျဖစ္မေန လိမ္းေပးဖို႕လိုအပ္ပါတယ္ …။

(5) အပတ္စဉ္မွန္မွန္ေၾကးခြ်တ္ပါ

ေခြ်းေပါက္ထဲမွာ အညစ္အေၾကးေတြ ပိတ္ဆို႕ေနတာက ေခြ်းေပါက္ေတြကို ပိိုက်ယ္ေစပါတယ္။ ဒါေၾကာင့္ တစ္ပတ္တစ္ခါပံုမွန္ေၾကးခြ်တ္ေပးဖို႕ လိုပါတယ္။ အထူးသတိထားရမွာက တစ္ပတ္မွာ တစ္ခါထက္ပိုျပီးေၾကးခြ်တ္မယ္ဆိုရင္လည္း ေခြ်းေပါက္က်ယ္တာကိုပိုဆိုးေစနိုင္တယ္ဆိုတာပါပဲ။ ဒါေၾကာင့္ ပံုမွန္ တစ္ပတ္ကိုတစ္ခါပဲ ေၾကးခြ်တ္ေပးပါ …။

(6) Clay mask သံုးပါ

ေခြ်းေပါက္က်ယ္တဲ့သူေတြက မ်က္နွာေပါင္းတင္ေပးတဲ့အခါ Clay mask ကို သံုးဖို႕လိုပါတယ္။ မ်က္နွာေပါင္းတင္ေဆးကို ကိုယ္တိုင္လုပ္မယ္ဆိုရင္လည္း မ်က္နွာေပါင္းတင္ရာမွာ သံုးတဲ့ရႊံ႕ေစးမႈန္႕ကိုယ္ဝယ္သံုးနိုင္ျပီး ready made ကိုသံုးမယ္ဆိုရင္လည္း Ready made clay mask ကို သံုးေပးသင့္ပါတယ္ …။

MAY THAZINHTOO

Unicode

မျက်နှာအလှဖျက်နေတဲ့ ချွေးပေါက်ကျယ်တွေကို လုံးဝလျော့ပါးသွားစေမယ့် နည်းလမ်း (၆) ခု

မျက််နှာအရေပြားအောက်က အဆီဂလင်းကနေ ထုတ်လွှတ်လိုက်တဲ့ အဆီတွေနဲ့ချွေး၊ ဖုန်မှုန့် မိတ်ကပ်တွေနဲ့ရောပြီး ချွေးပေါက်ထဲမှာ ပိတ်သွားပြီး ဆားဝက်ခြံ၊အဆီဖုတွေဖြစ်လာပါတယ်။ အဲ့ဒါတွေကိုညှစ်ထုတ်လိုိက်ပြီးရင်လည်း ချွေးပေါက်ကနဂိုထက်ပိုကျယ်သွားပြီး ပြန်မကျဉ်းသွားဘဲ ဆားဝက်ခြံပြန်ဖြစ်ဖို့ပိုလွယ်ပါတယ်။ ပြီးတော့ ချွေးပေါက်ကျယ်တွေကဖြစ်ပြီးသွားရင် ပြန်ပျောက်ဖို့မလွယ်တော့ပါဘူး၊ ပိုဆိုးမသွားအောင်ရယ်၊ လျော့နည်းသွားအောင်ရယ်ပဲလုပ်နိုင်တာပါ။ ဒါဆို ဆားဝက်ခြံ၊အဆီဖုတွေ အမြဲမပြတ်ဖြစ်စေတဲ့ ချွေးပေါက်ကျယ်တွေကို ဘယ်လိုများလျှော့ချရပါ့မလဲ။ အခုဖော်ပြမယ့် skin care အဆင့်လေးတွေကိုသာ ပုံမှန်ပြုလုပ်ပေးပါနော် …။

(1) မိတ်ကပ်ဖျက်ဖို့မမေ့ပါနဲ့

ည ၁၀ နာရီမတိုင်ခင်မှာ မိတ်ကပ်ဖျက်ပေးမှ ချွေးပေါက်ပိတ်စေမယ့် အညစ်အကြေးနဲ့အဆီပိုတွေကို ဖယ်ရှားပေးပြီး အသားအရေကျုံ့ဆန့်မှုကိုကောင်းမွန်စေတာကြောင့် ချွေးပေါက်တွေ ပိုမကျယ်သွားအောင် ထိန်းညှိပေးနိုင်မှာပါ။ ဒါကြောင့် မိတ်ကပ်နည်းနည်းပဲ လိမ်းလိမ်း၊ များများပဲလိမ်းလိမ်း ညအိပ်ရာမဝင်ခင်မှာ မဖြစ်မနေ ဖျက်ပေးဖို့ လိုအပ်ပါတယ် …။

(2) နည်းလမ်းမှန်ကန်စွာမျက်နှာသစ်ပေးပါ

မနက်တစ်ကြိမ်၊ညတစ်ကြိမ် တစ်နေ့နှစ်ကြိမ်ပုံမှန်မျက်နှာသစ်ပေးဖို့လိုပါတယ်။ မျက်နှာသစ်တဲ့အခါမှာလည်း အရင်ဆုံးမိတ်ကပ်ဖျက်ပါ၊ တဘက်သန့်သန့်တစ်ထည်ကိုရေနွေးဆူဆူထဲစိမ်၊ရေစင်အောင်ညှစ်ကာ မျက်နှာပေါ်မှာခဏလောက်အုပ်တင်ထားပေးပြီးမှ မျက်နှာသစ်ဆေးသုံးပြီး မျက်နှာသစ်ပေးပါ။ ပြီးရင် မျက်နှာကိုရေသုတ်ပြီး ရေအရမ်းမခြောက်ခင်မှာ တိုနာနဲ့ အစိုဓာတ်ဖြည့်ခရင်လိမ်းပေးပါ။ ဒါက ချွေးပေါက်ကျယ်တဲ့သူတွေအတွက် အကောင်းဆုံး မျက်နှာသစ်နည်း ဖြစ်ပါတယ် …။

(3) Water Based skin care products လေးတွေသုံးပါ

skin care products နဲ့ cosmetics တွေကို တတ်နိုုင်သလောက် Oil based တွေမသုံးပါနဲ့၊ water based products လေးတွေ ရွေးချယ်သုံးပေးပါ။ Oil based products တွေက ချွေးပေါက်ကျယ်တွေကို ပိုဆိုးစေနိုင်တာကြောင့် ရှောင်သင့်ပါတယ် …။

(4) နေရောင်ကာလိမ်းဆေးလိမ်းပါ

နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်က အသားအရေပြဿနာအမျိုးမျိုးအတွက် တရားခံဖြစ်ပြီး ချွေးပေါက်ကျယ်တေကိုလည်း ပိုဆိုးစေပါတယ်။ ဒါကြောင့် ချွေးပေါက်ကျယ်တွေ လျော့နည်းသက်သာချင်ရင် နေရောင်ကာလိမ်းဆေးကို မဖြစ်မနေ လိမ်းပေးဖို့လိုအပ်ပါတယ် …။

(5) အပတ်စဉ်မှန်မှန်ကြေးချွတ်ပါ

ချွေးပေါက်ထဲမှာ အညစ်အကြေးတွေ ပိတ်ဆို့နေတာက ချွေးပေါက်တွေကို ပိိုကျယ်စေပါတယ်။ ဒါကြောင့် တစ်ပတ်တစ်ခါပုံမှန်ကြေးချွတ်ပေးဖို့ လိုပါတယ်။ အထူးသတိထားရမှာက တစ်ပတ်မှာ တစ်ခါထက်ပိုပြီးကြေးချွတ်မယ်ဆိုရင်လည်း ချွေးပေါက်ကျယ်တာကိုပိုဆိုးစေနိုင်တယ်ဆိုတာပါပဲ။ ဒါကြောင့် ပုံမှန် တစ်ပတ်ကိုတစ်ခါပဲ ကြေးချွတ်ပေးပါ …။

(6) Clay mask သုံးပါ

ချွေးပေါက်ကျယ်တဲ့သူတွေက မျက်နှာပေါင်းတင်ပေးတဲ့အခါ Clay mask ကို သုံးဖို့လိုပါတယ်။ မျက်နှာပေါင်းတင်ဆေးကို ကိုယ်တိုင်လုပ်မယ်ဆိုရင်လည်း မျက်နှာပေါင်းတင်ရာမှာ သုံးတဲ့ရွှံ့စေးမှုန့်ကိုယ်ဝယ်သုံးနိုင်ပြီး ready made ကိုသုံးမယ်ဆိုရင်လည်း Ready made clay mask ကို သုံးပေးသင့်ပါတယ် …။

MAY THAZINHTOO

Be the first to comment

Leave a Reply

Your email address will not be published.


*