ကားေပၚေရာက္ရင္အိပ္တတ္တာေၾကာင့္အသက္ ၅၀ ဝင္းက်င္ခန္႔အေဒၚႀကီးတေယာက္

ကားေပၚေရာက္ရင္အိပ္တတ္တာေၾကာင့္အသက္ ၅၀ ဝင္းက်င္ခန္႔အေဒၚႀကီးတေယာက္

ရန္ကုန္-ျပည္- မႏၲေလး Express ကားေပၚတြင္ျဖစ္သည္

ကားေပၚေရာက္ရင္ အိပ္တတ္တာေၾကာင့္အသက္ ၅၀ ဝင္းက်င္ခန္႔ အေဒၚႀကီးတေယာက္မွ ယဥ္ေမာင္းအားကား စတင္ထြက္ခ်ိန္တြင္ ေအာ္ေျပာေလသည္ ….။

” ကားဆရာေရ အုတ္ဖိုတာဆံုေရာက္ရင္အေဒၚ႔ကိုေျပာပါကြယ္ ”

” ဟုတ္ကဲ႔ ဂ်ီးေဒၚေရ ”

ထိုသို႔ျဖင့္ ကားစီးလာရင္း အေဒၚႀကီးမွာ အိပ္ငိုက္ပါလာေတာ့သည္ နာရီအနဲငယ္အႀကာတြင္ေတာ့ အေဒၚႀကီး အသံဟိန္းထြက္လာသည္ …။

” ကားဆရာေရ အုတ္ဖိုတာဆံုေရာက္ျပီလားကြဲ႕ ”

ယဥ္ေမာင္းေရာ စပါယ္ယာပါအခက္ေတြ႔ကုန္ႀကေလသည္ …။ အုတ္ဖိုတာဆံုကိုအေတာ္ေလးေက်ာ္လြန္သြားတာကိုး …..

အျခားခရီးသယ္မ်ားကလည္း ဒရိုင္ဘာကို ဝိုင္းဝန္း အျပစ္တင္ ေျပာဆိုေနႀကေတာ့သည္ ဒရိုင္ဘာလဲ မေနသာေတာ့ပဲ ….

” ကဲ ကဲက်ေနာ့အျပစ္ပါဗ်ာ ေတာင္းပန္ပါတယ္ေနာက္ကိုျပန္ေမာင္းေပးပါ့မယ္ ဂ်ီးေဒၚေရ ”

ထို႔ေနာက္ကားကို ေလးဆယ့္ငါးမိနစ္ခန္႕ ေနာက္ေႀကာင္းျပန္လွည္႕ ေမာင္းခဲ႔ရေလသည္ …။

” ကဲ ဂ်ီးေဒၚေရ အုတ္ဖိုတာဆံု ေရာက္ပါျပီဗ် ဆင္းလို႔ရပါျပီ ”

” အို ဆင္းမလို႕မဟုတ္ပါဘူး ငါ့တူရယ္ …ကားစထြက္ေတာ့ သမီးကမွာလိုက္လို႕ပါ အုတ္ဖိုတာဆံုေရာက္ရင္ ေနာက္ထပ္ ေဆးတခြက္ထပ္ေသာက္ဖို႕ မေမ႔နဲ႕ဆိုလို႕ပါကြယ္ ”

ရယ္ေမာျခင္းျဖင့္ ဘဝအေမာေတြေျပပါေစ … ။ ။

Ganabia

Credit to Orginal Uploder

………………………………..

Unicode

ကားပေါ်ရောက်ရင်အိပ်တတ်တာကြောင့်အသက် ၅၀ ဝင်းကျင်ခန့်အဒေါ်ကြီးတယောက်

ရန်ကုန်-ပြည်- မန္တလေး Express ကားပေါ်တွင်ဖြစ်သည်

ကားပေါ်ရောက်ရင် အိပ်တတ်တာကြောင့်အသက် ၅၀ ဝင်းကျင်ခန့် အဒေါ်ကြီးတယောက်မှ ယဉ်မောင်းအားကား စတင်ထွက်ချိန်တွင် အော်ပြောလေသည် ….။

” ကားဆရာရေ အုတ်ဖိုတာဆုံရောက်ရင်အဒေါ့်ကိုပြောပါကွယ် ”

” ဟုတ်ကဲ့ ဂျီးဒေါ်ရေ ”

ထိုသို့ဖြင့် ကားစီးလာရင်း အဒေါ်ကြီးမှာ အိပ်ငိုက်ပါလာတော့သည် နာရီအနဲငယ်အကြာတွင်တော့ အဒေါ်ကြီး အသံဟိန်းထွက်လာသည် …။

” ကားဆရာရေ အုတ်ဖိုတာဆုံရောက်ပြီလားကွဲ့ ”

ယဉ်မောင်းရော စပါယ်ယာပါအခက်တွေ့ကုန်ကြလေသည် …။ အုတ်ဖိုတာဆုံကိုအတော်လေးကျော်လွန်သွားတာကိုး …..

အခြားခရီးသယ်များကလည်း ဒရိုင်ဘာကို ဝိုင်းဝန်း အပြစ်တင် ပြောဆိုနေကြတော့သည် ဒရိုင်ဘာလဲ မနေသာတော့ပဲ ….

” ကဲ ကဲကျနော့အပြစ်ပါဗျာ တောင်းပန်ပါတယ်နောက်ကိုပြန်မောင်းပေးပါ့မယ် ဂျီးဒေါ်ရေ ”

ထို့နောက်ကားကို လေးဆယ့်ငါးမိနစ်ခန့် နောက်ကြောင်းပြန်လှည့် မောင်းခဲ့ရလေသည် …။

” ကဲ ဂျီးဒေါ်ရေ အုတ်ဖိုတာဆုံ ရောက်ပါပြီဗျ ဆင်းလို့ရပါပြီ ”

” အို ဆင်းမလို့မဟုတ်ပါဘူး ငါ့တူရယ် …ကားစထွက်တော့ သမီးကမှာလိုက်လို့ပါ အုတ်ဖိုတာဆုံရောက်ရင် နောက်ထပ် ဆေးတခွက်ထပ်သောက်ဖို့ မမေ့နဲ့ဆိုလို့ပါကွယ် ”

ရယ်မောခြင်းဖြင့် ဘဝအမောတွေပြေပါစေ … ။ ။

Ganabia

Credit to Orginal Uploder

………………………………..