အိမ္ေထာင္မျပဳဘဲ မိဘအိမ္မွာပဲ ေပ်ာ္ေပ်ာ္ႀကီးေနသင့္တဲ့ အေၾကာင္းအရင္း (၅)ခ်က္

အိမ္ေထာင္မျပဳဘဲ မိဘအိမ္မွာပဲ ေပ်ာ္ေပ်ာ္ႀကီးေနသင့္တဲ့ အေၾကာင္းအရင္း (၅)ခ်က္

အသက္အရြယ္တစ္ခုရလာရင္ အိမ္ေထာင္ျပဳ၊ သားသမီးယူျပီး ေပ်ာ္ရႊင္တဲ့ မိသားစုဘ၀ေလး တည္ေဆာက္ျကမယ္ဆိုတဲ့ စိတ္ေလး လူတိုင္းမွာ ရွိျကမွာပါ ။ ဒါေပမယ့္ တကယ္တမ္း လက္ထပ္လို္က္ျပီဆိုရင္ သင္ထင္ထားတာနဲ႕အမ်ားႀကီးကြာဟေနတာကိုေတြ႕ရပါလိမ့္မယ္ ။ တစ္ကိုယ္တည္းဘ၀မွာေတာ့ မသိခဲ့ေပမယ့္ အိမ္ေထာင္ျပဳရင္ ႀကံဳေတြ႕လာရမယ့္ အခ်က္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ …

(၁) တာ၀န္ေတြပိုလာမယ္ ”

မိဘအိမ္မွာ ေနတုန္းေတာ့ သင္ေနခ်င္သလုိ (အမွိုက္ေတြ ဆိုဖာေပၚမွာ ပံုေနမယ္၊ တေနကုန္ ဘာမွမလုပ္ပဲ TV ထိုင္ျကည့္ခ်င္ျကည့္မယ္ ၊ ေကာ္ဖီဆိုလဲ သင္တစ္ေယာက္တည္းအတြက္ပဲ ေဖ်ာ္ေသာက္မယ္)ေနလို႕ရေပမယ့္ အိမ္ေထာင္ျပဳျပီးတဲ့အခါမွာေတာ့ ဒီလိုအခြင့္အေရးေတြ လံုး၀ရမွာမဟုတ္ပါဘူး ။ အလုပ္က ျပန္ေရာက္ရင္ေတာင္ ဟင္းခ်က္ဖို႕ စျပင္ဆင္ ၊ အိမ္သန္႕ရွင္းေရးလုပ္ ၊ အ၀တ္ေလ်ာ္ အိုး …. အလုပ္ေတြမွေတာင္ပံုရာပံု ပါပဲေနာ္ …။

(၂)အခ်စ္ေတြေပ်ာက္ဆံုးလာမယ္ ”

ရည္းစားျဖစ္စအခ်ိန္ေတြမွာ ခ်စ္သူနွစ္ေယာက္ တစ္ပတ္ကို ၃၊ ၄ ရက္ေလာက္ေတြ႕ျဖစ္ျကရင္ေတာင္ တစ္ေယာက္နဲ႕တစ္ေယာက္မေတြ႕ရမေနနိုင္ လြမ္းၾက ၊ ဖုန္းေတြဆက္ၾကနဲ႕သာယာခဲ့သေလာက္ အိမ္ေထာင္က်ျပီးရင္ေတာ့ ဒီမ်က္နွာျကီးပဲေန႕တိုင္းေတြ႕ ၊ ရန္ေတြျဖစ္ၾကနဲ႕ ငါတို႕အရင္က ခ်စ္ခဲ့ျကတာေရာဟုတ္ရဲ႕လားလုိ႕ေတာင္ ေတြးမိလာပါလိမ့္မယ္ …။

(၃)ေငြေျကးအတြက္ မွီခိုရမယ္ ”

တစ္ကိုယ္တည္းသမားဘ၀မွာေတာ့ ကိုယ္ရွာတာကိုယ္သံုး ၊ သူငယ္ခ်င္းေတြနဲ႕ TGIF ခဲ့ေပမယ့္ လက္ထပ္ျပီးရင္ေတာ့ နွစ္ေယာက္ဘ၀ေရွ႕ေရးအတြက္ စုရ၊ ေဆာင္းရ ၊ ခင္ပြန္းမ်က္နွာ ၾကည့္ရနဲ႕ သူုငယ္ခ်င္းေတြၾကားမွာေတာင္ ကပ္စီးကုပ္ၾကီး ျဖစ္လာနိုင္ပါတယ္ …။

(၄)မလြတ္လပ္ေတာ့ပါဘူး ”

သင့္ရဲ႕လြတ္လပ္မွဳေတြ ဆံုးရွံဳးလာမွာကေတာ့ အေသခ်ာပါပဲ။ တစ္ခ်ိဳ႕အိမ္ေထာင္ရွင္အမ်ိဳးသမီးေတြဆို လမ္းထိိပ္မွာေကာ္ဖီေလး ထြက္ေသာက္ဖို႕ေတာင္ ခြင့္ျပဳခ်က္ေတာင္းတဲ့သူေတြရွိပါတယ္ ။ Night out ဖို႕ေ၀း ၊ သူငယ္ခ်င္းေတြနဲ႕ တစ္လတစ္ခါေလာက္ ဆံုဖို႕အေရး တစ္နွစ္ေလာက္ ခ်ိန္းရတာေတြပါျဖစ္လာမွာပါ …။

(၅)မ်က္နွာၾကည့္ရမယ့္သူေတြမ်ားလာမယ္ ”

အရင္တုန္းကေတာ့ သင့္မိဘေတြ မႀကိဳက္တာမလုပ္ရင္ကိုပဲ တာ၀န္ေက်တဲ့ သမီးတစ္ေယာက္ျဖစ္ခဲ့ေပမယ့္ ခုေတာ့ သင့္ခင္ပြန္း ၊ သင့္ရဲ႕ ေယာကၡမေတြ ၊ သင့္ခင္ပြန္းဘက္က ေမာင္ႏွမေတြ ၊ သူ႕ေဆြမ်ိဳးေတြရဲ႕ ထိန္းခ်ဳပ္မွဳေအာက္ကိုပါ ေရာက္သြားမွာပါ ။ သင့္ခင္ပြန္းကခြင့္ျပဳရင္ေတာင္ သူ႕မိဘေတြက မႀကိဳက္လို႕ ၊ ေဆြမ်ိဳးေတြကကဲ႕ရဲ႕မွာမို႕လုိ႕ စတဲ့အေျကာင္းျပခ်က္ေတြနဲ႕မို႕ ျမိဳသိပ္ရမယ့္ သင့္ဆႏၵေတြ ၊ လက္လႊတ္လုိက္ရတဲ့ အခြင့္အေရးေတြ ၊ ဆံုးရံႈးလုိက္ရတဲ့ ခင္မင္မွဳေတြ မ်ားလာပါလိမ္႔မယ္ ေနာ္ …။ ။

Kay Khine

Unicode

အိမ်ထောင်မပြုဘဲ မိဘအိမ်မှာပဲ ပျော်ပျော်ကြီးနေသင့်တဲ့ အကြောင်းအရင်း (၅)ချက်

အသက်အရွယ်တစ်ခုရလာရင် အိမ်ထောင်ပြု၊ သားသမီးယူပြီး ပျော်ရွှင်တဲ့ မိသားစုဘဝလေး တည်ဆောက်ကြမယ်ဆိုတဲ့ စိတ်လေး လူတိုင်းမှာ ရှိကြမှာပါ ။ ဒါပေမယ့် တကယ်တမ်း လက်ထပ်လို်က်ပြီဆိုရင် သင်ထင်ထားတာနဲ့အများကြီးကွာဟနေတာကိုတွေ့ရပါလိမ့်မယ် ။ တစ်ကိုယ်တည်းဘဝမှာတော့ မသိခဲ့ပေမယ့် အိမ်ထောင်ပြုရင် ကြုံတွေ့လာရမယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …

(၁) တာဝန်တွေပိုလာမယ် ”

မိဘအိမ်မှာ နေတုန်းတော့ သင်နေချင်သလို (အမှိုက်တွေ ဆိုဖာပေါ်မှာ ပုံနေမယ်၊ တနေကုန် ဘာမှမလုပ်ပဲ TV ထိုင်ကြည့်ချင်ကြည့်မယ် ၊ ကော်ဖီဆိုလဲ သင်တစ်ယောက်တည်းအတွက်ပဲ ဖျော်သောက်မယ်)နေလို့ရပေမယ့် အိမ်ထောင်ပြုပြီးတဲ့အခါမှာတော့ ဒီလိုအခွင့်အရေးတွေ လုံးဝရမှာမဟုတ်ပါဘူး ။ အလုပ်က ပြန်ရောက်ရင်တောင် ဟင်းချက်ဖို့ စပြင်ဆင် ၊ အိမ်သန့်ရှင်းရေးလုပ် ၊ အဝတ်လျော် အိုး …. အလုပ်တွေမှတောင်ပုံရာပုံ ပါပဲနော် …။

(၂)အချစ်တွေပျောက်ဆုံးလာမယ် ”

ရည်းစားဖြစ်စအချိန်တွေမှာ ချစ်သူနှစ်ယောက် တစ်ပတ်ကို ၃၊ ၄ ရက်လောက်တွေ့ဖြစ်ကြရင်တောင် တစ်ယောက်နဲ့တစ်ယောက်မတွေ့ရမနေနိုင် လွမ်းကြ ၊ ဖုန်းတွေဆက်ကြနဲ့သာယာခဲ့သလောက် အိမ်ထောင်ကျပြီးရင်တော့ ဒီမျက်နှာကြီးပဲနေ့တိုင်းတွေ့ ၊ ရန်တွေဖြစ်ကြနဲ့ ငါတို့အရင်က ချစ်ခဲ့ကြတာရောဟုတ်ရဲ့လားလို့တောင် တွေးမိလာပါလိမ့်မယ် …။

(၃)ငွေကြေးအတွက် မှီခိုရမယ် ”

တစ်ကိုယ်တည်းသမားဘဝမှာတော့ ကိုယ်ရှာတာကိုယ်သုံး ၊ သူငယ်ချင်းတွေနဲ့ TGIF ခဲ့ပေမယ့် လက်ထပ်ပြီးရင်တော့ နှစ်ယောက်ဘဝရှေ့ရေးအတွက် စုရ၊ ဆောင်းရ ၊ ခင်ပွန်းမျက်နှာ ကြည့်ရနဲ့ သူုငယ်ချင်းတွေကြားမှာတောင် ကပ်စီးကုပ်ကြီး ဖြစ်လာနိုင်ပါတယ် …။

(၄)မလွတ်လပ်တော့ပါဘူး ”

သင့်ရဲ့လွတ်လပ်မှုတွေ ဆုံးရှုံးလာမှာကတော့ အသေချာပါပဲ။ တစ်ချို့အိမ်ထောင်ရှင်အမျိုးသမီးတွေဆို လမ်းထိိပ်မှာကော်ဖီလေး ထွက်သောက်ဖို့တောင် ခွင့်ပြုချက်တောင်းတဲ့သူတွေရှိပါတယ် ။ Night out ဖို့ဝေး ၊ သူငယ်ချင်းတွေနဲ့ တစ်လတစ်ခါလောက် ဆုံဖို့အရေး တစ်နှစ်လောက် ချိန်းရတာတွေပါဖြစ်လာမှာပါ …။

(၅)မျက်နှာကြည့်ရမယ့်သူတွေများလာမယ် ”

အရင်တုန်းကတော့ သင့်မိဘတွေ မကြိုက်တာမလုပ်ရင်ကိုပဲ တာဝန်ကျေတဲ့ သမီးတစ်ယောက်ဖြစ်ခဲ့ပေမယ့် ခုတော့ သင့်ခင်ပွန်း ၊ သင့်ရဲ့ ယောက္ခမတွေ ၊ သင့်ခင်ပွန်းဘက်က မောင်နှမတွေ ၊ သူ့ဆွေမျိုးတွေရဲ့ ထိန်းချုပ်မှုအောက်ကိုပါ ရောက်သွားမှာပါ ။ သင့်ခင်ပွန်းကခွင့်ပြုရင်တောင် သူ့မိဘတွေက မကြိုက်လို့ ၊ ဆွေမျိုးတွေကကဲ့ရဲ့မှာမို့လို့ စတဲ့အကြောင်းပြချက်တွေနဲ့မို့ မြိုသိပ်ရမယ့် သင့်ဆန္ဒတွေ ၊ လက်လွှတ်လိုက်ရတဲ့ အခွင့်အရေးတွေ ၊ ဆုံးရှုံးလိုက်ရတဲ့ ခင်မင်မှုတွေ များလာပါလိမ့်မယ် နော် …။ ။

Kay Khine