Crd to Gyan Pone
သတင်းလွှာ
သူကလေးဘဝက အရိုက်ကြမ်းတဲ့ဆရာကို ကြီးလာချိန်မှာ အချက်ပေါင်းများစွာ ပါးရိုက်ပြီး လက်တုံပြန်တဲ့ အမျိုးသားရုပ်သံ
ကျောင်းသားဘဝတုန်းက စာသင်ခန်းထဲမှာ သူကို ရိုက်နှက်အပြစ်ပေးခဲ့တဲ့ ဆရာကို အငြိုးထားပြီး အသက်ကြီးလာခါမှ လက်တုံ့ပြန်ခဲ့တဲ့ အမျိုးသားကို အာဏာပိုင်တွေက ထောင် ၁၈ လ ချမှတ်ခဲ့ပါတယ်။ အဆိုပါအမှုကို ကျူးလွန်ခဲ့သူ Chang Renyao ဟာ အသက် ၃၃ နှစ်အရွယ်ရှိပြီး သူ့ကို ရုံးတင်ပြီး စစ်ဆေးတဲ့အခါ လွန်ခဲ့တဲ့ အနှစ် ၂၀ သူအလယ်တန်းကျောင်းသားဘဝတုန်းက အဆိုပါဆရာဟာ စာသင်ချိန်အိပ်ငိုက်နေလို့ဆိုပြီး သူကိုရိုက်နှက်အပြစ်ပေးခဲ့ကြောင်း ထွက်ဆို ခဲ့ပါတယ် …။
အခင်းဖြစ်ပွားခဲ့တာကတော့ လွန်ခဲ့တဲ့ ဇွန်လ ၂၀၁၈ က Luoyang, Henan Province လမ်း မှာဖြစ်ပြီး မကြာသေးမီကမှ အမှုကိုအမိန့်ချခဲ့တာဖြစ်ပါတယ်။ အမှုဖြစ်ပွားတဲ့အချိန်မှာ ဘေးနားရှိသူက ဖုန်းနဲ့ဗီဒီယိုမှတ်တမ်းတင်ထားတာကြောင့် အသေးစိတ်ကို သိရှိရတာဖြစ်ပါတယ်။ Changs က ဆရာဖြစ်သူ Zhang ကိုပါးမရိုက်မီအချိန်မှာ သူကိုမှတ်မိလားလို့ မေးခဲ့ပါတယ် …။
ထို့နောက် ဆရာဖြစ်သူကို ပါးရိုက်ပြီး သူဘယ်သူဖြစ်ကြောင်းပြောတဲ့အခါ ဆရာဖြစ်သူက တောင်းပန်တဲ့အကြောင်း ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် ငယ်ငယ်တည်းကရခဲ့တဲ့ စိတ်ဒဏ်ရာကြောင့် သူ့ရဲ့ဆင်ခြင်တုံတရားကို ထိန်းချုပ်နိုင်စွမ်းမရှိပဲ ဆရာရဲ့မျက်နှာကို ပါးရိုက်၊ ထိုးကြိတ်တာတွေ ဆက်လုပ်ခဲ့ပါတယ်။ ဆရာဖြစ်သူက အမှုမဖွင့်ခဲ့ပေမယ့်လည်း အဆိုပါဗီဒီယိုဟာ ဒီဇင်ဘာ ၂၀ ရက်နေ့ အင်တာနက်မှာ ပျံ့နှံ့သွားပြီးနောက် Chang ကိုဖမ်းဆီးအရေးယူခဲ့တာဖြစ်ပါတယ်။ သူ့ကို တရုတ်နိုင်ငံရဲ့ ဥပဒေပုဒ်မ ၂၉၃ ကိုယ်ထိလက်ရောက်နှောက်ယှက်မှု နဲ့ ထောင်ဒဏ် ၅နှစ်ချမှတ်ဖို့ ပြင်ဆင်ခဲ့ကြပေမယ့် တစ်ကြိမ်တခါမှ ပြစ်မှုကျူးလွန်ဖူးခြင်း မရှိတာကြောင့် သက်ညှာတဲ့အနေနဲ့ ရုံးတော်က ထောင်ဒါဏ် ၁၈ လပဲ ချမှတ်ခဲ့ပါတယ်တဲ့ …။
အဆိုပါအမိန်ချမှုအပေါ် အင်တာနက်မှာ လူအမျိုးမျိုးကတော့ ဝေဖန်နေကြပါတယ်နော် …။ ။
Crd to Gyan Pone