ပုိက္ဆံေခ်းထားသူဆီကေန အျမန္ဆုံးပုိက္ဆံျပန္ရေစမယ့္ နည္းလမ္း(၅)မ်ိဳး

ပုိက္ဆံေခ်းထားသူဆီကေန အျမန္ဆုံးပုိက္ဆံျပန္ရေစမယ့္ နည္းလမ္း(၅)မ်ိဳး

ဒီလုိအခ်ိန္ဆုိ လက္ထဲမွာ ပုိက္ဆံလည္း သိပ္မရွိေတာ့ဘူး ။ ဒီေတာ့ ကုိယ့္ဆီမွာ ပုိက္ဆံေခ်းထားတဲ့သူေတြဘာေတြ လုိက္ရွာၿပီး အေၾကြးေတာင္းဖုိ႔ ျပင္ဆင္ေနရၿပီ။ အေၾကြးေတာင္းတယ္ဆုိတာကလည္း မလြယ္ဘူးေနာ္။ ကုိယ္က နည္းစနစ္က်က် ေတာင္းတတ္မွ။ မဟုတ္ရင္ ျပန္ရဖုိ႔က လြယ္တာမဟုတ္ဘူး။ ကဲ…ဒီေတာ့ နည္းစနစ္က်က် ဘယ္လုိအကြက္ေတြသုံးၾကမလဲ။ ဒီနည္းလမ္းေလးေတြကုိ ေလ့လာၾကည့္ပါ ေနာ္ ….

(၁) သူ႕ဆီမွာ ပုိက္ဆံရွိ၊မရွိ အရင္ေလ့လာပါ ”

ေခ်းထားတဲ့သူဆီကေန ပုိက္ဆံျပန္ေတာင္းဖုိ႔ဆုိရင္ အေရးႀကီးဆုံးက သူ႕ဆီမွာ ပုိက္ဆံ ရွိ၊မရွိကုိ အရင္စုံစမ္းဖုိ႔ပါ။ သူ႕ဆီမွာ ပုိက္ဆံမရွိဘူးဆုိရင္ ကုိယ္က ျပန္ေတာင္းတာပဲ အဖတ္တင္ၿပီး ပုိက္ဆံရမွာမဟုတ္ဘူးေလ။ ဒီေတာ့ အေၾကြးေတာင္းမယ္လုိ႔ ဆုံးျဖတ္ၿပီးရင္ေတာင္ ပုိက္ဆံအေနအထားကုိ ေလ့လာၾကည့္ပါဦး။ သူ႕မွာ ပုိက္ဆံေတြရွိေနၿပီဆုိတာ ေသခ်ာေတာ့မွ လုပ္ငန္းစတာေပါ့ …။

(၂) တုိက္ရုိက္မေျပာပါနဲ႔ ”

တုိက္ရုိက္မေျပာနဲ႔ဆုိတာ အေၾကြးေတာင္းတဲ့ပုံစံမ်ိဳး ေျပာတာမဟုတ္ပဲနဲ႔ ကုိယ့္မွာ ပုိက္ဆံလုိတဲ့အေၾကာင္း၊ အဆင္မေျပတဲ့အေၾကာင္းေတြ သူ႕ကုိသြယ္၀ုိက္ၿပီး အသိေပးတာမ်ိဳးကုိ ဆုိလုိတာပါ။ လူေတြက အေၾကြးေတာင္းရင္သာ ျပန္ဆပ္ဖုိ႔ စဥ္းစားၾကတာျဖစ္ေပမယ့္ တစ္ဖက္သား ဒုကၡေရာက္ေနတယ္လုိ႔ ထင္မိရင္ေတာ့ သူတုိ႔ တတ္ႏုိင္တာေလးေတြ လုပ္ေပးတတ္ၾကပါတယ္။ ဒီေတာ့ ပုိက္ဆံကုိ တုိက္ရုိက္မေတာင္းပဲ သင့္ရဲ႕အဆင္မေျပတာေလးေတြသာ ေျပာျပပါ။ သူ သင့္ကုိအေၾကြးျပန္ဆပ္ဖုိ႔ စဥ္းစားလာပါလိမ့္မယ္ …။

(၃) ဖိအားမေပးပါနဲ႔ ”

ဖိအားမေပးပါနဲ႔။ အဲဒါကလည္း အေရးႀကီးပါတယ္။ အတင္းေတြ ဖိအားေပးၿပီး အေၾကြးေတာင္းေနရင္ သူက သင့္အေၾကြးကုိ ျပန္မဆပ္ခ်င္တဲ့အျပင္ သင့္ကုိပါ ေရွာင္ေနေတာ့မွာပါ။ ဘယ္ေန႔ေနာက္ဆုံးထားၿပီးေပးတုိ႔၊ ဒီလထဲမွာ အၿပီးေပးတုိ႔ဆုိၿပီး အတင္းဖိအားသြားေပးတဲ့အခ်ိန္၊ သူ႕မွာ ပုိက္ဆံမရွိတာနဲ႔ ႀကဳံေနရင္ သင္ဘာတတ္ႏုိင္မွာလဲ …?

(၄) ေဒါသမႀကီးပါနဲ႔ ”

အေၾကြးေတာင္းလုိ႔ရသည္ျဖစ္ေစ၊ မရသည္ျဖစ္ေစ ေဒါသမႀကီးပါနဲ႔။ အေၾကြးမရလုိ႔ သင္ ေဒါသႀကီးတယ္ဆုိရင္လည္း ႏွစ္ေယာက္ၾကားက ဆက္ဆံေရးက ပ်က္သြားတာပဲ အဖတ္တင္မွာပါ။ ဟုိဖက္ကလည္း သင္စိတ္ဆုိးတာကုိ ခံရတဲ့အတူတူေတာ့ အေၾကြးမေပးေတာ့ဘူးဆုိၿပီး စဥ္းစားေကာင္း၊ စဥ္းစားမွာျဖစ္လုိ႔ တတ္ႏုိင္သေလာက္ ေဒါသမႀကီးတာမေကာင္းဆုံးပါပဲ …။

(၅) မက္လုံးေပးပါ ”

မက္လုံးေပးတယ္ဆုိတာ သိလား။ “ငါ့ကုိအေၾကြးျပန္ေပးရင္ မင္းကုိ Hot Pot လုိက္ေကၽြးမယ္” ဆုိတာမ်ိဳး။ “မင္းအေၾကြးဆပ္မယ့္ပုိက္ဆံနဲ႔ သြားေသာက္္ၾကမယ္ေလ” ဆုိတာမ်ိဳးေတြက မက္လုံးေပးၿပီး အေၾကြးေတာင္းတဲ့အကြက္ေတြပါ။ သင္ရမယ့္ အေၾကြးပမာဏေပၚမူတည္ၿပီး မက္လုံးေပးတဲ့ ပမာဏကုိ အတုိးအေလ်ာ့လုပ္သင့္ပါတယ္ ေနာ္ … ။ ။

Linn

Unicode

ပိုက်ဆံချေးထားသူဆီကနေ အမြန်ဆုံးပိုက်ဆံပြန်ရစေမယ့် နည်းလမ်း(၅)မျိုး

ဒီလိုအချိန်ဆို လက်ထဲမှာ ပိုက်ဆံလည်း သိပ်မရှိတော့ဘူး ။ ဒီတော့ ကိုယ့်ဆီမှာ ပိုက်ဆံချေးထားတဲ့သူတွေဘာတွေ လိုက်ရှာပြီး အကြွေးတောင်းဖို့ ပြင်ဆင်နေရပြီ။ အကြွေးတောင်းတယ်ဆိုတာကလည်း မလွယ်ဘူးနော်။ ကိုယ်က နည်းစနစ်ကျကျ တောင်းတတ်မှ။ မဟုတ်ရင် ပြန်ရဖို့က လွယ်တာမဟုတ်ဘူး။ ကဲ…ဒီတော့ နည်းစနစ်ကျကျ ဘယ်လိုအကွက်တွေသုံးကြမလဲ။ ဒီနည်းလမ်းလေးတွေကို လေ့လာကြည့်ပါ နော် ….

(၁) သူ့ဆီမှာ ပိုက်ဆံရှိ၊မရှိ အရင်လေ့လာပါ ”

ချေးထားတဲ့သူဆီကနေ ပိုက်ဆံပြန်တောင်းဖို့ဆိုရင် အရေးကြီးဆုံးက သူ့ဆီမှာ ပိုက်ဆံ ရှိ၊မရှိကို အရင်စုံစမ်းဖို့ပါ။ သူ့ဆီမှာ ပိုက်ဆံမရှိဘူးဆိုရင် ကိုယ်က ပြန်တောင်းတာပဲ အဖတ်တင်ပြီး ပိုက်ဆံရမှာမဟုတ်ဘူးလေ။ ဒီတော့ အကြွေးတောင်းမယ်လို့ ဆုံးဖြတ်ပြီးရင်တောင် ပိုက်ဆံအနေအထားကို လေ့လာကြည့်ပါဦး။ သူ့မှာ ပိုက်ဆံတွေရှိနေပြီဆိုတာ သေချာတော့မှ လုပ်ငန်းစတာပေါ့ …။

(၂) တိုက်ရိုက်မပြောပါနဲ့ ”

တိုက်ရိုက်မပြောနဲ့ဆိုတာ အကြွေးတောင်းတဲ့ပုံစံမျိုး ပြောတာမဟုတ်ပဲနဲ့ ကိုယ့်မှာ ပိုက်ဆံလိုတဲ့အကြောင်း၊ အဆင်မပြေတဲ့အကြောင်းတွေ သူ့ကိုသွယ်ဝိုက်ပြီး အသိပေးတာမျိုးကို ဆိုလိုတာပါ။ လူတွေက အကြွေးတောင်းရင်သာ ပြန်ဆပ်ဖို့ စဉ်းစားကြတာဖြစ်ပေမယ့် တစ်ဖက်သား ဒုက္ခရောက်နေတယ်လို့ ထင်မိရင်တော့ သူတို့ တတ်နိုင်တာလေးတွေ လုပ်ပေးတတ်ကြပါတယ်။ ဒီတော့ ပိုက်ဆံကို တိုက်ရိုက်မတောင်းပဲ သင့်ရဲ့အဆင်မပြေတာလေးတွေသာ ပြောပြပါ။ သူ သင့်ကိုအကြွေးပြန်ဆပ်ဖို့ စဉ်းစားလာပါလိမ့်မယ် …။

(၃) ဖိအားမပေးပါနဲ့ ”

ဖိအားမပေးပါနဲ့။ အဲဒါကလည်း အရေးကြီးပါတယ်။ အတင်းတွေ ဖိအားပေးပြီး အကြွေးတောင်းနေရင် သူက သင့်အကြွေးကို ပြန်မဆပ်ချင်တဲ့အပြင် သင့်ကိုပါ ရှောင်နေတော့မှာပါ။ ဘယ်နေ့နောက်ဆုံးထားပြီးပေးတို့၊ ဒီလထဲမှာ အပြီးပေးတို့ဆိုပြီး အတင်းဖိအားသွားပေးတဲ့အချိန်၊ သူ့မှာ ပိုက်ဆံမရှိတာနဲ့ ကြုံနေရင် သင်ဘာတတ်နိုင်မှာလဲ …?

(၄) ဒေါသမကြီးပါနဲ့ ”

အကြွေးတောင်းလို့ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဒေါသမကြီးပါနဲ့။ အကြွေးမရလို့ သင် ဒေါသကြီးတယ်ဆိုရင်လည်း နှစ်ယောက်ကြားက ဆက်ဆံရေးက ပျက်သွားတာပဲ အဖတ်တင်မှာပါ။ ဟိုဖက်ကလည်း သင်စိတ်ဆိုးတာကို ခံရတဲ့အတူတူတော့ အကြွေးမပေးတော့ဘူးဆိုပြီး စဉ်းစားကောင်း၊ စဉ်းစားမှာဖြစ်လို့ တတ်နိုင်သလောက် ဒေါသမကြီးတာမကောင်းဆုံးပါပဲ …။

(၅) မက်လုံးပေးပါ ”

မက်လုံးပေးတယ်ဆိုတာ သိလား။ “ငါ့ကိုအကြွေးပြန်ပေးရင် မင်းကို Hot Pot လိုက်ကျွေးမယ်” ဆိုတာမျိုး။ “မင်းအကြွေးဆပ်မယ့်ပိုက်ဆံနဲ့ သွားသောက််ကြမယ်လေ” ဆိုတာမျိုးတွေက မက်လုံးပေးပြီး အကြွေးတောင်းတဲ့အကွက်တွေပါ။ သင်ရမယ့် အကြွေးပမာဏပေါ်မူတည်ပြီး မက်လုံးပေးတဲ့ ပမာဏကို အတိုးအလျော့လုပ်သင့်ပါတယ် နော် … ။ ။

Linn