သရက္ေခ်ာင္းျမိဳ႕နယ္တြင္အမ်ိဳးသားတစ္ဦးက ဇနီးႏွင့္ သားသမီး ၂ ဦးအား ဓါးျဖင့္ခုတ္သတ္မႈ (ရုပ္သံ)

သရက္ေခ်ာင္းျမိဳ႕နယ္တြင္အမ်ိဳးသားတစ္ဦးက ဇနီးႏွင့္ သားသမီး ၂ ဦးအား ဓါးျဖင့္ခုတ္သတ္မႈ (ရုပ္သံ)

တနသၤာရီတိုင္္္းေဒၾကီး ထား၀ယ္ခ႐ိုင္၊ သရက္္ေခ်ာင္းၿမိဳ႕နယ္ရွိ ကၽြဲၿခံေက်းရြာတြင္ စိတ္က်န္းမာေရးခ်ိဳ ့တဲ့သည့္ ခင္ပြန္းျဖစ္သူက ဇနီးႏွင့္သား သမီး ၂ ဦးကို ကြမ္းသီးခြဲသည့္ ဓားမျဖင့္ခုတ္သတ္မွု ့ျဖစ္ပြားခဲ့ ပါတယ္ …။

ယေန ့ နံနက္ ၁၁ နာရီခြဲခန္႔တြင္ အဆိုပါကၽြဲျခံရြာရွိ ၎တို႔ေနထိုင္သည့္အိမ္တြင္ အခင္းျဖစ္ပြားခဲ့ျခင္းျဖစ္ျပီး ရုပ္ အေလာင္းမ်ားကို ရငဲတိုက္နယ္ေဆး႐ံုသို႔ ပို ့ေဆာင္ထားကာ ခင္ပြန္းျဖစ္သူကို၀င္း၀နယ္ေျမရဲစခန္း၌ ဖမ္းဆီးထားေၾကာင္း သိရ ပါတယ္ …။

ခင္ပြန္းျဖစ္သူ အမ်ိဳးသားမွာ အသက္ ၄၀ ႏွစ္၀န္းက်င္ရွိၿပီး အသက္ ၃၆ ႏွစ္အရြယ္ဇနီးသည္ မက်င္စန္း၊ ၆ ႏွစ္အရြယ္ သားႏွင့္ ၂ ႏွစ္အရြယ္သမီးငယ္တို ့ကို ကြမ္းသီးခြဲသည့္ ဓားမျဖင့္ခုတ္ခဲ့ျခင္းျဖစ္ ပါတယ္ …။

အဆိုပါအမ်ိဳးသားမွာ အရက္ေသစာလည္း မေသာက္တတ္ ေၾကာင္းႏွင့္ စိတ္က်န္းမာေရးမေကာင္း၍ ရန္ကုန္တြင္ကုသမွု ့ခံယူခဲ့သူျဖစ္ေၾကာင္း၊ ယခုကဲ့သို ့အျဖစ္မ်ိဳးကို ေဒသခံမ်ားက တစ္ၾကိမ္မွ မၾကံဳ ေတြ ့ဖူးသလို ျဖစ္ရပ္ဆိုးႏွင့္ၾကံဳေတြ ့ခဲ့သည့္ မိသားစုဝင္မ်ားအတြက္ စာနာဝမ္းနည္းေနေၾကာင္း သရက္ေခ်ာင္းေဒသခံမ်ားထံမွ သိရပါတယ္ …။

က်ြဲျခံရြာတြင္ေနထိုင္သည့္ က်ြဲျခံလူငယ္ ပရဟိတအသင္း၏ ဥကၠဌျဖစ္သူကိုေက်ာ္မင္းထိုက္ကလည္း ကြမ္းသီးဓါးျဖင့္ခုတ္ ခဲ့သည့္ ခင္ပြန္းျဖစ္သူမွာ အလြန္တရာေအးေဆးသူျဖစ္ေၾကာင္း The Ladies News သို ့ေျပာၾကားခဲ့တယ္လို႕ သိရိွရပါ တယ္ …။

” ကိုေဇာ္က အရမ္းေအးတဲ့သူပါ။ ဒီလိုျဖစ္သြားတာ မယံုႏိုင္ၾကဘူး။ မက်င္စန္းတို ့ေနတဲ့အိမ္နဲ ့ သူမရဲ ့မိဘေတြေနတဲ့အိမ္က ကိုက္ ၅၀ ေလာက္ပဲ ကြာတယ္။ အစ္မျဖစ္သူရဲ ့ေအာ္သံၾကားလို ့ ေမာင္ျဖစ္သူကေျပးသြားျပီးၾကည့္ေတာ့ ကေလး၂ ေယာက္က အသက္မရွိေတာ့ဘူး။ အစ္မကေတာ့ အသက္ငင္ေနတာေပါ့။ ေမာင္ျဖစ္သူကအတတ္ႏိုင္ဆံုးေသြး ပိတ္ေအာင္လုပ္ေပမယ့္ မရေတာ့ဘူး” ဟု The Ladies News သို ့ေျပာၾကားသည္။ ခင္ပြန္းျဖစ္သူကိုေဇာ္မွာ အခင္း ျဖစ္ျပီးေနာက္ သူမဟုတ္သလို ပံုစံျဖင့္ ရီရီေမာေမာပံုစံမ်ိဳးသာရွိခဲ့သည္ဟုလည္း ကိုေက်ာ္မင္းထိုက္က ေျပာ ပါတယ္ …။

Credit to Burmese Asia

Unicode

သရက်ချောင်းမြို့နယ်တွင်အမျိုးသားတစ်ဦးက ဇနီးနှင့် သားသမီး ၂ ဦးအား ဓါးဖြင့်ခုတ်သတ်မှု (ရုပ်သံ)

တနင်္သာရီတိုင်််းဒေကြီး ထားဝယ်ခရိုင်၊ သရက််ချောင်းမြို့နယ်ရှိ ကျွဲခြံကျေးရွာတွင် စိတ်ကျန်းမာရေးချို ့တဲ့သည့် ခင်ပွန်းဖြစ်သူက ဇနီးနှင့်သား သမီး ၂ ဦးကို ကွမ်းသီးခွဲသည့် ဓားမဖြင့်ခုတ်သတ်မှု ့ဖြစ်ပွားခဲ့ ပါတယ် …။

ယနေ ့ နံနက် ၁၁ နာရီခွဲခန့်တွင် အဆိုပါကျွဲခြံရွာရှိ ၎င်းတို့နေထိုင်သည့်အိမ်တွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရုပ် အလောင်းများကို ရငဲတိုက်နယ်ဆေးရုံသို့ ပို ့ဆောင်ထားကာ ခင်ပွန်းဖြစ်သူကိုဝင်းဝနယ်မြေရဲစခန်း၌ ဖမ်းဆီးထားကြောင်း သိရ ပါတယ် …။

ခင်ပွန်းဖြစ်သူ အမျိုးသားမှာ အသက် ၄၀ နှစ်ဝန်းကျင်ရှိပြီး အသက် ၃၆ နှစ်အရွယ်ဇနီးသည် မကျင်စန်း၊ ၆ နှစ်အရွယ် သားနှင့် ၂ နှစ်အရွယ်သမီးငယ်တို ့ကို ကွမ်းသီးခွဲသည့် ဓားမဖြင့်ခုတ်ခဲ့ခြင်းဖြစ် ပါတယ် …။

အဆိုပါအမျိုးသားမှာ အရက်သေစာလည်း မသောက်တတ် ကြောင်းနှင့် စိတ်ကျန်းမာရေးမကောင်း၍ ရန်ကုန်တွင်ကုသမှု ့ခံယူခဲ့သူဖြစ်ကြောင်း၊ ယခုကဲ့သို ့အဖြစ်မျိုးကို ဒေသခံများက တစ်ကြိမ်မှ မကြုံ တွေ ့ဖူးသလို ဖြစ်ရပ်ဆိုးနှင့်ကြုံတွေ ့ခဲ့သည့် မိသားစုဝင်များအတွက် စာနာဝမ်းနည်းနေကြောင်း သရက်ချောင်းဒေသခံများထံမှ သိရပါတယ် …။

ကျွဲခြံရွာတွင်နေထိုင်သည့် ကျွဲခြံလူငယ် ပရဟိတအသင်း၏ ဥက္ကဌဖြစ်သူကိုကျော်မင်းထိုက်ကလည်း ကွမ်းသီးဓါးဖြင့်ခုတ် ခဲ့သည့် ခင်ပွန်းဖြစ်သူမှာ အလွန်တရာအေးဆေးသူဖြစ်ကြောင်း The Ladies News သို ့ပြောကြားခဲ့တယ်လို့ သိရှိရပါ တယ် …။

” ကိုဇော်က အရမ်းအေးတဲ့သူပါ။ ဒီလိုဖြစ်သွားတာ မယုံနိုင်ကြဘူး။ မကျင်စန်းတို ့နေတဲ့အိမ်နဲ ့ သူမရဲ ့မိဘတွေနေတဲ့အိမ်က ကိုက် ၅၀ လောက်ပဲ ကွာတယ်။ အစ်မဖြစ်သူရဲ ့အော်သံကြားလို ့ မောင်ဖြစ်သူကပြေးသွားပြီးကြည့်တော့ ကလေး၂ ယောက်က အသက်မရှိတော့ဘူး။ အစ်မကတော့ အသက်ငင်နေတာပေါ့။ မောင်ဖြစ်သူကအတတ်နိုင်ဆုံးသွေး ပိတ်အောင်လုပ်ပေမယ့် မရတော့ဘူး” ဟု The Ladies News သို ့ပြောကြားသည်။ ခင်ပွန်းဖြစ်သူကိုဇော်မှာ အခင်း ဖြစ်ပြီးနောက် သူမဟုတ်သလို ပုံစံဖြင့် ရီရီမောမောပုံစံမျိုးသာရှိခဲ့သည်ဟုလည်း ကိုကျော်မင်းထိုက်က ပြော ပါတယ် …။

Credit to Burmese Asia

Be the first to comment

Leave a Reply

Your email address will not be published.


*