Update ….. Jessica Mozart
…………………………
Unicode
သမီး​လေးဗစ်​တိုရီးယားအ​တွက်​ သီးသန်​့ထားရှိတဲ့ အလှူ​ငွေဘဏ်​အ​ကောင်​့ အပိတ်​​ခံလိုက်​​​ရတဲ့ကိစ္စရှင်​းတမ်​း
သမီး​လေး ဗစ်​တိုးရီယား​လေးရဲ့အမှုမှာ အမှုမှန်​​ပေါ်​ပေါက်​​ရေးအတွက်​ ဝန်​းရံပါဝင်​​ဆောင်​ရွက်​သူ​တွေ၊ အလှူရှင်​​တွေရဲ့ ဝိုင်​းဝန်​းလှူဒါန်​းမှုနဲ့ အလှူ​ငွေလက်​ခံထားရှိတဲ့ သမီး​လေးဗစ်​တိုရီးယားကိုကူညီရန်​ သီးသန်​့ပြုလုပ်​ထားတ​ဲ့ အလှူ​ငွေအ​ကောင်​့တစ်​ခုဖြစ်​တဲ့ ဧရာဝတီ AYA ဘဏ်​့အ​ကောင်​့ဟာ ဗဟိုဘဏ်​ကညွှန်​ကြားချက်​နဲ့ ဒီ​နေ့မနက်​မှာ ယာယီဆိုင်​းငံ့ ပိတ်​ခံထားလိုက်​ရတယ်​လို့ သိရပါတယ်​ …။
ကိုသက္ကမိုးညိုက ဘဏ်​ကို​မေးမြန်​းစုံစမ်​းကြည်​့ရာမှာ​တော့ “​ငွေ​ကြေးဆိုင်​ရာ စုံစမ်​း​ထောက်​လှမ်​း​ရေးအဖွဲ့” ​က အ​ကောင့်​လှမ်​းပိတ်​ခိုင်​းလို့ ပိတ်​ထားရ​လိုက်​ခြင်​းဖြစ်​​ကြောင်​း AYA ဘဏ်​က အ​ကြောင်​းပြန်​လာခဲ့တယ်​လို့ သမီး​လေးဗစ်​တိုးရီးယားအမှုအတွက်​ ပါဝင်​တာဝန်​ယူ​ဆောင်​ရွက်​​နေတဲ့ မ Jessica Mozart ရဲ့ ​ဖေ့စ်​ဘွတ်​ခ်​အ​ကောင်​့မှာ ​ရေးသားထားချက်​အရ သိရှိရ ပါတယ် …။
ဘဏ်​နဲ့ ဒုတိယအကြိမ်​ဖုန်​း​ခေါ်ဆိုမှုပြုလုပ်​ခဲ့ရာမှာ​တော့ ဘဏ်​ရဲ့ မန်​​နေဂျင်​းဒရိုက်​တာ ဦးမြင်​့​ဇော်​နဲ့ ဖုန်​း​ပြောဆိုမှုအရ ဗဟိုဘဏ်​က တရားဝင်​စာ​တော့ မ​ရောက်​​ရှိလာ​သေး​ကြောင်​း၊ တရားဝင်​စာထွက်​လာတဲ့အထိ အ​ကောင်​့ကို ပြန်​လည်​ဖွင်​့​ထားမယ်​့အ​ကြောင်​းကို အကျိုးအ​ကြောင်​းသိရှိခဲ့ရပြီး​နောက်​ လက်ရှိအ​ချိန်​မှာ​တော့ သမီး​လေးအတွက် ​အလှူ​ငွေဘဏ်​အ​ကောင်​့ဟာ ပြန်​ပွင်​့​နေပြီလို့ လည်းသိရပါတယ် …။
လက်​ရှိအချိန်​မှာ သမီး​လေးဗစ်တိုးရီးယားအတွက်​ သီသန့်​​​အလှူ​ငွေအ​ကောင်​့အတွင်​း အလှူ​ငွေအ​နေနဲ့ ၁၉၆ သိန်​း​ကျော်​ရရှိထားခဲ့ပြီဖြစ်​​ကြောင်​း မ Jessica Mozart က ဘဏ်​စာရင်​းအတိအကျနဲ့ ပွင်​့လင်​းစွာ​ရှင်​းပြထားခဲ့တာလည်​း မြင်​​တွေ့ခဲ့ရသလို တစ်​ဆက်​တည်​းမှာပဲ အခုလတ်​တ​လောမှာ​တော့ အလှူရှင်​များဘက်​က အလှူ​ငွေ​တွေကို မလွှဲ​သေးပဲ ​ခေတ္တခဏ ဆိုင်​းငံ့ထား​စေလို​ကြောင်​း၊ ပြသနာ​တွေရှင်​းပြီးမှသာ လှူဒါန်​း​ပေးဖို့ သူက တိုက်​တွန်​းသွားပါတယ်​ …။
ဒီနေ့ ၁၁ ရက် ညနေ ၄:၄၇ အထိ သမီးလေး Victoria အတွက် ဝင်​းကိုကိုသိန်​းအမည်​နဲ့ ဖွင်​့လှစ်​ထားတဲ့ AYA ဘဏ်​အ​ကောင်​့မှာ အလှူ​ငွေ တစ်ရာကိုးဆယ့်ခြောက်သိန်း၊ နှစ်သောင်းခုနှစ်ထောင် နှင့် လေးရာ့ရှစ်ဆယ်ကျပ်​ ရှိ​ကြောင်​း Victoria’s Finance Team က တရားဝင်​​ကြေငြာထားပြီး သားဖြစ်ပါတယ် …။
AlinnMyay ချစ်​ပရိသတ်​ကြီးအ​နေနဲ့လည်​း သမီး​လေးဗစ်​တိုးရီးယားအမှုအတွက်​ အလှူ​ငွေအ​နေနဲ့ ထည်​့ဝင်​ချင်​တယ်​ဆိုရင်​ လက်​ရှိအချိန်​မှာ “ဗဟိုဘဏ်က တရားဝင်စာပို့ရင် ဘဏ်အကောင့်ကို ပြန်​အပိတ်​ခံရဦးမှာမို့ အလှူငွေတွေ ဆက်မလွှဲကြပါနဲ့ဦးလို့” သူက တိုက်​တွန်​းနှိုး​ဆော်​ထား​ကြောင်​း ထပ်​မံအသိ​ပေးလိုက်​ပါရ​စေ နော် … ။ ။
EFIL-AlinnMyay(အလင်းမြေ)
Update ….. Jessica Mozart
ဆိုတော့ကာ အခု ၁၁ ရက်နေ့ ည ၉:၂၀ အချိန်မှာ စစ်ကြည့်တော့ Ks 19,765,480/- (ငွေကျပ် တစ်ရာကိုးဆယ့်ခုနှစ်သိန်း၊ ခြောက်သောင်းငါးထောင် နှင့် လေးရာ့ရှစ်ဆယ်) ဖြစ်ပါတယ် …။
1 July 2019 – Bank အကောင့်ဖွင့်ပါတယ်။ 11 July 2019 – 9:20 pm အထိ လက်ခံရရှိငွေကတော့ … Ks 19,765,480/- ဖြစ်ပါတယ်။ တစ်ပြားတစ်ချပ်မှ မထုတ်ယူ၊ မသုံးစွဲရသေးပါဘူး …။
မနက်ဖြန်လောက်ဆိုရင် အကောင့်က ဝင်လို့ရမရ မသေချာတော့ဘူး။ ဘာပဲဖြစ်ဖြစ် AYA Bank နဲ့ နောက်ဆုံးပြောဆိုချက်များအရ …
#အခု သူတို့ဆီမှာ Suspend လုပ်ဖို့ စာရွက်ရောက်နေပြီ ။
#ဘဏ်အကောင့်ထဲက ငွေတွေကို AYA က အပြည့်အဝ တာဝန်ယူမယ် ။
#အဲ့ဒီငွေတွေ တစုံတရာဖြစ်ခဲ့ရင် အဲ့ဒီပမာဏမက ပြန်လှုမယ် ။
ဆိုတော့ကာ … ချစ်သူတို့ကို ပြောချင်တာက … ငွေလွှဲတာတွေ ရပ်ကြပါတော့။ ဘာလို့ဆက်လွှဲနေသေးတုန်း။ ပြီးရင် ထုတ်လို့မရ၊ သုံးလို့မရနဲ့ဟာ။ ဒီပမာဏလောက်နဲ့ပဲ မှတ်ထားကြမယ် …။
Credit..AlinnMyay(အလင်းမြေ)
…………………………
Be the first to comment
Leave a Reply
Your email address will not be published.
*