Unicode
ကြုံတွေ့ခဲ့ရတဲ့အခက်အခဲမှန်သမျှအတွက် အားပြည့်စေမယ့်စကားလေးနဲ့ ချစ်ဇနီးလေးကို အားပေးလိုက်တဲ့ ပိုင်ဇေရဲထွန်း
ပရိသတ်ကြီးရေ ဟိုးအရင်တုန်းက သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ မင်းသားချောလေး ပိုင်ဇေရဲထွန်းကတော့ အခုချိန်မှာဆိုရင် အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီး ချစ်ဇနီးလေးရယ် ကလေးသုံးယောက်ရယ်နဲ့အတူ ပျော်ရွှင်စရာမိသားစုဘဝလေးကို ဖြတ်သန်းနေကြပါတယ်နော်။ပိုင်ဇေရဲထွန်းနဲ့ဇင်သဲနိုင်တို့ဇနီးမောင်နှံက နှစ်ယောက်လုံး ချောကြလှကြလို့ နေနဲ့လရွှေနဲ့မြလို လိုက်ဖက်ညီတင့်တယ်လှတဲ့ ဇနီးမောင်နှံပဲဖြစ်ပါတယ် …။
ဇင်သဲနိုင်ကလည်း ချစ်ခင်ပွန်းနဲ့ သားသမီးသုံးယောက်အပေါ်ကို မိခင်ကောင်းတစ်ယောက်ပီသစွာနဲ့ လိုလေသေးမရှိအောင် ဂရုတစိုက်စောင့်ရှောက်တဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်သလို အခုဆိုရင်လည်း ကိုယ်ပိုင်စီးပွားရေးကိုလည်းလုပ်ဆောင်နေပြီဖြစ်လို့ ထက်မြက်တဲ့အမျိုးသမီးတစ်ယောက်လည်းဖြစ်ပါတယ်။ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံက မကြာသေးတဲ့အချိန်လေးတုန်းက လောကဓံရဲ့အလှည့်အပြောင်းလေးကို နည်းနည်းလေးကြုံခဲ့ရပါတယ် …။
ချစ်ခင်ပွန်းပိုင်ဇေရဲထွန်းကတော့ ချစ်ဇနီးလေးကို “ပင်လယ်ဆိုတာလေတွေလဲတိုက်မှာပေါ့ လှိုင်းတွေလဲ ထန်မှာပေါ့ လှိုင်းတွေလေတွေကိုကျော်ဖြတ်နိုင်မှလဲ လိုရာရောက်မှာပေါ့ သဲလေးရယ်”ဆိုပြီး အခက်အခဲမှန်သမျှကို စိတ်ဓာတ်ကြံ့ကြံ့ခိုင်အောင်လို့ အားပေးစကားတွေဆိုထားပြီး ကြည်နူးစရာကောင်းတဲ့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော် … ။ ။
Source:Paing Zay Ye Tun,credit – myanmarload
Be the first to comment
Leave a Reply
Your email address will not be published.
*