တစ္ခါၾကဳံဖူး႐ုံျဖင့္ တစ္သက္တာမေမ့နိုင္ေအာင္ ေၾကာက္မက္ဖြယ္ေကာင္းလြန္းတဲ့ ဘီလူးစီးျခင္းအႏုပညာ

တစ္ခါၾကဳံဖူး႐ုံျဖင့္ တစ္သက္တာမေမ့နိုင္ေအာင္ ေၾကာက္မက္ဖြယ္ေကာင္းလြန္းတဲ့ ဘီလူးစီးျခင္းအႏုပညာ

ဘီလူးစီးျခင္းဆိုသည္မွာ ကိုယ္တိုင္မၾကဳံဖူးရင္ေတာင္ လူတိုင္းၾကားေတာ့ ၾကားဖူးလိမ့္မယ္ထင္ပါတယ္ ပရိသတ္ႀကီးေရ….။ လူကနိုးေနရက္ႏွင့္ ေျခေတြလက္ေတြလႈပ္မရ၊ ေအာ္မရဟစ္မရနဲ႔ အေတာ္ႀကီးကို စိတ္ဒုကၡေရာက္ရတဲ့ အခ်ိန္ကိုဆိုလိုတာပါ…။ အဂၤလိပ္လို (Sleep Paralysis) လို႔ေခၚၿပီး ျမန္မာလို ဘီလူးစီးတယ္လို႔ ေခၚတဲ့အေျခအေနတစ္ရပ္ကို တစ္ခါေလာက္ၾကဳံဖူးသြားတာႏွင့္ ေနာက္ထပ္ဘယ္ေတာ့မွ မေတြ႕ၾကဳံခ်င္ေတာ့ေလာက္ေအာင္ပင္ ဆိုးရြားတဲ့ ကိစၥတစ္ရပ္ပဲျဖစ္ပါတယ္ …။

စိတ္ပညာအရ “Sleep Paralysis” ကိုႏွစ္မ်ိဳးခြဲျခားနိုင္ပါတယ္..။ “Isolated Sleep Paralysis (ISP)”ႏွင့္ “Raecurrent Isolated Sleep Paralysis (RISP)” ဆိုၿပီး ျဖစ္ပါတယ္…။ အလြယ္ေျပာရရင္ ISP ဆိုသည္မွာ လူတိုင္းျဖစ္နိုင္ေပမယ့္ RISP ဆိုတာကေတာ့ အိပ္စက္ျခင္းႏွင့္ သက္ဆိုင္ေသာ မူမမွန္သည့္ ေရာဂါတစ္မ်ိဳးမ်ိဳး ရွိေနသူေတြမွာသာ ပိုျဖစ္တတ္ပါတယ္…။ ISP က လူတစ္ေယာက္တစ္သက္မွာ တစ္ခါေလာက္ပဲ ၾကဳံတတ္တယ္ဆိုေပမယ့္ RISP ကေတာ့ခဏခဏ ျပန္ျဖစ္ေနတတ္ပါတယ္။ ျမန္မာလိုေျပာရလ်င္ ဘီလူးစီးတယ္လို႔ ဆိုရမွာျဖစ္ၿပီး၊ သာမန္လူမွာဆိုရင္ တစ္သက္မွာတစ္ခါေလာက္ပဲၾကဳံေတြ႕နိုင္ေပမယ့္ အိပ္စက္ျခင္းႏွင့္ သက္ဆိုင္ေသာ ေရာဂါရွိသူေတြမွာဆိုလ်င္ ခဏခဏျဖစ္နိုင္ပါတယ္..။ တစ္ညတည္းမွာပဲ ႏွစ္ခါ သုံးခါျပန္ျဖစ္နိုင္ေခ်ရွိပါတယ္ …။

ဘီလူးစီးတာ ဘာျဖစ္လို႔ျဖစ္ရတာလဲဆိုတာကို ေျဖရွင္းဖို႔ကေတာ့ အေတာ္လက္ဝင္တဲ့ ကိစၥရပ္တစ္ခုလို႔ဆိုရမွာပါပဲ….။ ဒါေပမယ့္လည္း ဘာေၾကာင့္လည္းဆိုတဲ့ အေျဖအတိအက်ေတာ့မရွိဘဲ သီအိုရီသေဘာတရားအရပဲရွိပါေသးတယ္….။ အဓိကကေတာ့ ေလဝင္ေလထြက္မေကာင္းတာမ်ိဳး၊ ကာဘြန္ဒိုင္ေအာက္ဆိုက္ဒ္ အရမ္းမ်ားေနတဲ့အခန္းထဲမွာအိပ္တာမ်ိဳးဆိုရင္ ပိုျဖစ္ဖို႔လြယ္ကူပါတယ္…။ ဘီလူးစီးျခင္း “Sleep paralysis” က အသက္အႏၲရာယ္ျဖစ္ေလာက္ေအာင္ ဒုကၡမေပးနိုင္ေပမယ့္ ခံစားခဲ့ရတဲ့သူအတြက္ေတာ့ တစ္သက္တာမေမ့နိုင္ေအာင္ ေၾကာက္မက္ဖြယ္ေကာင္းလြန္းပါတယ္ …။

ဘီလူးစီးတာဟာ အိပ္မေပ်ာ္တဲ့သူေတြ၊ အိပ္ခ်ိန္မမွန္တဲ့သူေတြ၊ ပက္လက္အိပ္တတ္သူေတြ၊ ဖိအားမ်ားလြန္းတဲ့သူေတြ၊ အရမ္းကိုပင္ပန္းႏြမ္းနယ္ေနတဲ့သူေတြ၊ ေဆးသုံးတဲ့သူေတြမွာ ပိုျဖစ္နိုင္ပါတယ္။ ဒီေနရာမွာေတာ့ ေရွးေခတ္ လူႀကီးေတြ ပက္လက္မအိပ္နဲ႔လို႔ ေျပာခဲ့တာက အခုသိပၸံနည္းက် ရွင္းတဲ့အခါမွာလည္း အင္မတန္မွန္ေနတာကို သြားေတြ႕ရမွာပါ..။ ပက္လက္အိပ္တဲ့အခါမွာ ခႏၶာကိုယ္အေနအထားေၾကာင့္ လၽွာ ဒါမွမဟုတ္ အာေခါင္ေပ်ာ့တို႔ရဲ့ဖိအားေၾကာင့္ အသက္ရႉလမ္းေၾကာင္းပိတ္ၿပီး ေလသိပ္မဝင္ေတာ့တဲ့အခါ ဘီလူးစီးတာျဖစ္ေပၚလာနိုင္တယ္လို႔ ဆိုပါတယ္။ ပုံမွန္အိပ္တာ၊ ေလဝင္ေလထြက္ေကာင္းေအာင္လုပ္ရမွာျဖစ္ၿပီး…၊ အိပ္ရာ ကုတင္သန႔္သန႔္ရွင္းရွင္းနဲ႔ လူလည္း သန႔္သန႔္ရွင္းရွင္းအိပ္မယ္ဆိုရင္ “Sleep Paralysis” ေခၚ ဘီလူးစီးျခင္းကိုကာကြယ္နိုင္မွာပါ ေနာ္ …။ ။

Source ဝီကီပီးဒီးယား

Unicode

တစ်ခါကြုံဖူးရုံဖြင့် တစ်သက်တာမမေ့နိုင်အောင် ကြောက်မက်ဖွယ်ကောင်းလွန်းတဲ့ ဘီလူးစီးခြင်းအနုပညာ

ဘီလူးစီးခြင်းဆိုသည်မှာ ကိုယ်တိုင်မကြုံဖူးရင်တောင် လူတိုင်းကြားတော့ ကြားဖူးလိမ့်မယ်ထင်ပါတယ် ပရိသတ်ကြီးရေ….။ လူကနိုးနေရက်နှင့် ခြေတွေလက်တွေလှုပ်မရ၊ အော်မရဟစ်မရနဲ့ အတော်ကြီးကို စိတ်ဒုက္ခရောက်ရတဲ့ အချိန်ကိုဆိုလိုတာပါ…။ အင်္ဂလိပ်လို (Sleep Paralysis) လို့ခေါ်ပြီး မြန်မာလို ဘီလူးစီးတယ်လို့ ခေါ်တဲ့အခြေအနေတစ်ရပ်ကို တစ်ခါလောက်ကြုံဖူးသွားတာနှင့် နောက်ထပ်ဘယ်တော့မှ မတွေ့ကြုံချင်တော့လောက်အောင်ပင် ဆိုးရွားတဲ့ ကိစ္စတစ်ရပ်ပဲဖြစ်ပါတယ် …။

စိတ်ပညာအရ “Sleep Paralysis” ကိုနှစ်မျိုးခွဲခြားနိုင်ပါတယ်..။ “Isolated Sleep Paralysis (ISP)”နှင့် “Raecurrent Isolated Sleep Paralysis (RISP)” ဆိုပြီး ဖြစ်ပါတယ်…။ အလွယ်ပြောရရင် ISP ဆိုသည်မှာ လူတိုင်းဖြစ်နိုင်ပေမယ့် RISP ဆိုတာကတော့ အိပ်စက်ခြင်းနှင့် သက်ဆိုင်သော မူမမှန်သည့် ရောဂါတစ်မျိုးမျိုး ရှိနေသူတွေမှာသာ ပိုဖြစ်တတ်ပါတယ်…။ ISP က လူတစ်ယောက်တစ်သက်မှာ တစ်ခါလောက်ပဲ ကြုံတတ်တယ်ဆိုပေမယ့် RISP ကတော့ခဏခဏ ပြန်ဖြစ်နေတတ်ပါတယ်။ မြန်မာလိုပြောရလျင် ဘီလူးစီးတယ်လို့ ဆိုရမှာဖြစ်ပြီး၊ သာမန်လူမှာဆိုရင် တစ်သက်မှာတစ်ခါလောက်ပဲကြုံတွေ့နိုင်ပေမယ့် အိပ်စက်ခြင်းနှင့် သက်ဆိုင်သော ရောဂါရှိသူတွေမှာဆိုလျင် ခဏခဏဖြစ်နိုင်ပါတယ်..။ တစ်ညတည်းမှာပဲ နှစ်ခါ သုံးခါပြန်ဖြစ်နိုင်ချေရှိပါတယ် …။

ဘီလူးစီးတာ ဘာဖြစ်လို့ဖြစ်ရတာလဲဆိုတာကို ဖြေရှင်းဖို့ကတော့ အတော်လက်ဝင်တဲ့ ကိစ္စရပ်တစ်ခုလို့ဆိုရမှာပါပဲ….။ ဒါပေမယ့်လည်း ဘာကြောင့်လည်းဆိုတဲ့ အဖြေအတိအကျတော့မရှိဘဲ သီအိုရီသဘောတရားအရပဲရှိပါသေးတယ်….။ အဓိကကတော့ လေဝင်လေထွက်မကောင်းတာမျိုး၊ ကာဘွန်ဒိုင်အောက်ဆိုက်ဒ် အရမ်းများနေတဲ့အခန်းထဲမှာအိပ်တာမျိုးဆိုရင် ပိုဖြစ်ဖို့လွယ်ကူပါတယ်…။ ဘီလူးစီးခြင်း “Sleep paralysis” က အသက်အန္တရာယ်ဖြစ်လောက်အောင် ဒုက္ခမပေးနိုင်ပေမယ့် ခံစားခဲ့ရတဲ့သူအတွက်တော့ တစ်သက်တာမမေ့နိုင်အောင် ကြောက်မက်ဖွယ်ကောင်းလွန်းပါတယ် …။

ဘီလူးစီးတာဟာ အိပ်မပျော်တဲ့သူတွေ၊ အိပ်ချိန်မမှန်တဲ့သူတွေ၊ ပက်လက်အိပ်တတ်သူတွေ၊ ဖိအားများလွန်းတဲ့သူတွေ၊ အရမ်းကိုပင်ပန်းနွမ်းနယ်နေတဲ့သူတွေ၊ ဆေးသုံးတဲ့သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ ဒီနေရာမှာတော့ ရှေးခေတ် လူကြီးတွေ ပက်လက်မအိပ်နဲ့လို့ ပြောခဲ့တာက အခုသိပ္ပံနည်းကျ ရှင်းတဲ့အခါမှာလည်း အင်မတန်မှန်နေတာကို သွားတွေ့ရမှာပါ..။ ပက်လက်အိပ်တဲ့အခါမှာ ခန္ဓာကိုယ်အနေအထားကြောင့် လျှာ ဒါမှမဟုတ် အာခေါင်ပျော့တို့ရဲ့ဖိအားကြောင့် အသက်ရှူလမ်းကြောင်းပိတ်ပြီး လေသိပ်မဝင်တော့တဲ့အခါ ဘီလူးစီးတာဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။ ပုံမှန်အိပ်တာ၊ လေဝင်လေထွက်ကောင်းအောင်လုပ်ရမှာဖြစ်ပြီး…၊ အိပ်ရာ ကုတင်သန့်သန့်ရှင်းရှင်းနဲ့ လူလည်း သန့်သန့်ရှင်းရှင်းအိပ်မယ်ဆိုရင် “Sleep Paralysis” ခေါ် ဘီလူးစီးခြင်းကိုကာကွယ်နိုင်မှာပါ နော် …။ ။

Source ဝီကီပီးဒီးယား