






Video ကြည့်ရန်

Source-Chit Yin Htoo

Unicode

မလိုအပ်ပဲ ယူသူများကြောင့် ကျုံးအရှေ့ဘက်ရှိ Food Box အတွင်းမှ မုန့်များ နှစ်မိနစ်အတွင်းမှာပင် ကုန်ဆုံး ( Video )

မန္တလေးမြို့ ကျုံးအရှေ့ဘက် ၆၆ လမ်း၊ ၂၂ *၂၃ လမ်းကြားမှာ မည်သူမဆိုအခမဲ့စားသုံးနိုင်တဲ့ Food Box ကို One to One ပြည်သူကူညီရေးပရဟိတအဖွဲ့က စီစဉ်ထားရှိပေးထားတာဖြစ်ပါတယ်။ ဆာလောင်မွတ်သိပ်နေသူတွေအတွက်ရည်ရွယ်ပြီး သောက်ရေသန့်တွေနဲ့ အဆာပြေမုန့်တွေကို ထည့်ထားပေးတဲ့ Food Box ကို လူအတော်များများစိတ်ဝင်စားခဲ့ ကြပါ တယ် …။

Food Box ထဲ မုန့်များ လာရောက်လှူဒါန်းနေသူများ …

င်္Food Box ထဲတွင်လည်း လူမျိုးဘာသာမရွေးစားသုံးနိုင်ဖို့ရည်ရွယ်ထည့်သွင်းပေးထားပြီး အလှူရှင်များလည်း လာရောက်လှူဒါန်းနေကြတာကိုတွေ့ရကြရမှာပါ …။

လာရောက်လှူဒါန်းသူများ …

ထို Food Box ထားရှိပြီးနောက် လာရောက်စားသုံးသူတွေများပြားခဲ့ပြီး Food Box အတွင်းမှ အစားအသောက်များ မိနစ်ပိုင်းအတွင်းမှာပဲ ကုန်ခဲ့တယ်လို့ လူမှုကွန်ယက်ပေါ်မှာ ဗီဒီယိုတွေ ပျံ့နှံ့နေတာပဲ ဖြစ်ပါ တယ် …။

Video ကြည့်ရန်

Source-Chit Yin Htoo

Be the first to comment

Leave a Reply

Your email address will not be published.


*