(၆) ကောင်းကောင်းအိပ်ပါ ….
MAY THAZINHTOO
Unicode
သင့်ကိုရှိရင်းစွဲအသက်ထက် ပိုငယ်တယ်လို့အမြဲတမ်းထင်ရ စေမယ့် လျှို့ဝှက်ချက်(၇)ချက်
ဘယ်သူမဆို အသက်အရွယ်ထက်နုပျိုချင်ကြတာချည်းပါပဲ။ ကိုယ့်လက်ရှိအသက်အရွယ်မှာ ရှိရင်းစွဲအသက်ထက် ရုပ်ပိုင်းဆိုင်ရာလည်း နုပျိုပြီး စိတ်ပိုင်းဆိုင်ရာလည်းတက်ကြွလန်းဆန်းနေချင်တယ်ဆိုရင် ငယ်ရွယ်စဉ်ကတည်းက ဒီအချက်တွေကို အမြဲလုပ်သွားဖို့လိုပါတယ်နော် ….. ။
(၁) ဓာတုဆေးဝါးထိတွေ့မှုနည်းအောင်နေပါ ….
ခန္ဓာကိုယ်ကျန်းမာဖို့၊ အသက်ရလာတဲ့အထိနုပျိုနေဖို့အတွက် ဓာတုဆေးဝါးတွေနဲ့ထိတွေ့မှုနည်းနိုင်သ လောက်နည်းအောင်နေပါ။ သဘာဝအတိုင်းချက်ပြုတ်ထားတဲ့အစားအစာတွေကိုဦးစားပေးစားရပါတယ် ….. ။
(၂) အသီးအနှံနဲ့ပရိုတင်းများများစားပါ ….
အစားအ သောက်စားတဲ့အခါ လတ်ဆတ်တဲ့အော်ဂဲနစ်အသီးအနှံတွေနဲ့ ပရိုတင်းများများစားပေးပါ။ အသီးအနှံတွေက ခန္ဓာကိုယ်ကိုအဆိပ်အ တောက်ကင်းစင်စေပြီး၊ ပရိုတင်းက ကြွက်သားတွေတင်းရင်းနေဖို့အတွက် ကူညီပေးပါတယ် ….. ။
(၃) ပြင်ပ လေနဲ့များများထိတွေ့ပါ ….
အိမ်တွင်းအောင်းနေတာများတဲ့သူတစ်ယောက်က အိုမင်းရင့်ရော်လွယ်ပြီး ပြင်ပ လေနဲ့များများထိတွေ့မှုရှိတဲ့သူက ပိုပြီးကျန်းမာဖျတ်လတ်ပါတယ်၊ နုပျိုလန်းဆန်းပါတယ်။ ဒါကြောင့် အမြဲတမ်းအိမ်တွင်းအောင်းမ နေဘဲ အပြင်ထွက်လမ်းလျှောက်တာ၊ ခရီးတိုလေးတွေထွက်တာမျိုးလုပ်ပေးသင့်ပါတယ်နော် …. ။
(၄) သွားနဲ့မျက်လုံးကိုဂရုစိုက်ပါ ….
သွားနဲ့မျက်လုံးတွေကို ဂရုမစိုက်ခဲ့မိရင် အသက်ကြီးလာတဲ့အခါနောင်တရရပါလိိမ့်မယ်။ ဒါကြောင့်သွားနဲ့မျက်လုံးတွေကို သေချာဂရုစိုက်ဖို့လိုပါတယ် …. ။
(၅) စိတ်ဖိစီးမှုလျော့နည်းအောင်နေပါ ….
စိတ်ထောင်းလို့ကိုယ်ကြေတယ်ဆိုတဲ့စကားလေးကိိုလူတိုင်းကြားဖူးကြမှာပါ။ အဲ့ဒီစကားကအမှန်ပါပဲ။ ဒါကြောင့် ခန္ဓာကိုယ်ကျန်းမာလန်းဆန်းနေဖို့၊ အရွယ်တင်နုပျိုနေဖို့အတွက် စိတ်ဖိစီးမှုနည်းအောင်နေတတ်ဖို့လိုပါတယ်။ အထူးသဖြင့်ကိုယ်မလုပ်နိုင်တဲ့အရာတွေအတွက် ကတိပေးတာမျိုးလုံးဝမလုပ်တာအ ကောင်းဆုံးပါပဲ ….. ။
(၆) ကောင်းကောင်းအိပ်ပါ ….
လူတစ်ယောက်က ဘယ်လောက်ပဲကြိုးစားကြိုးစား အနားမယူတတ်ရင် အလကားပါပဲ။ ပင်ပန်းထားသမျှ တွေအတွက် ကောင်းကောင်းအိပ်စက်အနားယူဖို့လိုပါတယ်။ အိပ်ရေးဝဝအိပ်တာက အရွယ်တင်ခြင်းရဲ့လျှို့ဝှက်ချက်ပါပဲနော် …. ။
(၇) အ ကောင်းမြင်စိတ်ထားပါ …..
အ ကောင်းမြင်စိတ်ရှိခြင်းက စိတ်ခံစားချက်ကိုကောင်းမွန်စေပြီး။ ။အဆိုးတွေကြုံလာရင်လည်း ခံနိုင်ရည်ရှိစေပါတယ်။ ဒါကြောင့် တတ်နိုင်သ လောက် အ ကောင်းမြင်စိတ်ထားကြည့်ပါ …. ။
MAY THAZINHTOO
Be the first to comment
Leave a Reply
Your email address will not be published.
*