

တစ်ယောက်ယောက်ဟာ စိတ်အရမ်းပင်ပန်းလာတဲ့အခါ အသေးအမွှားလေးတွေကအစ ခံနိုင်ရည်မရှိနိုင်တော့ပါဘူး။ တကယ်လို့လူတစ်ယောက်ဟာ ဒေါသတွေကြီးနေမယ်၊ ထစ်ခနဲရှိစိတ်တိုစိတ်ဆတ်နေမယ် ဒါ့အပြင် ဒီလိုလက္ခဏာတွေကို တွေ့နေရတယ်ဆိုရင်တော့ အရမ်းစိတ်ပင်ပန်းနေတာဖြစ်လို့ နားလည်ပေးဖို့လိုပါတယ်နော် …. ။

(၁) လူတစ်ယောက်ဟာ ကောင်းကောင်းမွန်မွန်စီစဉ်ထားပြီးသားအရာ တစ်ခုခုကို အနီးကပ်မှဖျက်တယ်ဆိုရင်တော့ ဒါဟာ အရမ်းစိတ်ပင်ပန်းနေလို့ပါပဲ …. ။

(၂) အသေးအမွှားကိစ္စလေးတွေကအစ စိတ်တို၊ စိတ်ဆတ်နေတယ်၊ ဒေါသတွေကြီးနေတယ်ဆိုရင်တော့ စိတ်အရမ်းပင်ပန်းနေလို့ပါနော် …. ။


(၄) လူတစ်ယောက်ဟာ နေရင်းထိုင်ရင်းနဲ့ မဖြစ်သေးတာတွေကိုပဲ တွေးတွေးပြီး စိတ်ပူနေတယ်၊ ဝမ်းနည်းနေတယ်ဆိုရင်တော့ ဒါဟာလည်း စိတ်ပင်ပန်းလွန်းတာကြောင့်ပါ …. ။


(၆) အမြဲလိုလို စိုးရိမ်နေတယ်၊ ပတ်ဝန်းကျင်ကပြောမှာ၊ ကဲ့ရဲ့ခံရမှာ ဝေဖန်ခံရမှာတွေကို အမြဲလိုလို ကြောက်ရွံ့နေတယ်ဆိုတာကလည်း စိတ်ပင်ပန်းလွန်းလို့ဖြစ်တာပါ …. ။


Em Em

လူတစ်ယောက် စိတ်အရမ်းပင်ပန်းနေကြောင်း ဖော်ပြနေတဲ့လက္ခဏာ (၇) ခု

တစ််ယောက်ယောက်ဟာ စိတ်အရမး်ပင်ပန်းလာတဲ့အခါ အသေးအမွှားလေးတွေကအစ ခံနိုင်ရည်မရှိနိုင်တော့ပါဘူး။ တကယ်လို့လူတစ်ယောက်ဟာ ဒေါသတွေကြီးနေမယ်၊ ထစ်ခနဲရှိစိတ်တိုစိတ်ဆတ်နေမယ် ဒါ့အပြင် ဒီလိုလက္ခဏာတွေကို တွေ့နေရတယ်ဆိုရင်တော့ အရမး်စိတ်ပင်ပန်းနေတာဖြစ်လို့ နားလည်ပေးဖို့လိုပါတယ်နော် …. ။

(၁) လူတစ်ယောက်ဟာ ကောင်းကောင်းမွန်မွန်စီစဉ်ထားပြီးသားအရာ တစ်ခုခုကို အနီးကပ်မှဖျက်တယ်ဆိုရင်တော့ ဒါဟာ အရမး်စိတ်ပင်ပန်းနေလို့ပါပဲ …. ။

(၂) အသေးအမွှားကိစ္စလေးတွေကအစ စိတ်တို၊ စိတ်ဆတ်နေတယ်၊ ဒေါသတွေကြီးနေတယ်ဆိုရင်တော့ စိတ်အရမး်ပင်ပန်းနေလို့ပါနော် …. ။

(၃) ညဖက်တွေကျရင် အတွေးတွေများပြီး နောက်ကျမှအိပ်သလို နောက်နေ့မနက် စောစောထပြန်ပါတယ်။ အကြောင်းကတော့ စိတ်ပင်ပန်းစရာ ကိစ္စတွေက ဘယ်လောက်ပဲ အိပ်ရေးပျက်နေပါစေ အိပ်မပျော်နိုင်လောက်အောင် ဖိစီးနေလို့ပါပဲ …. ။

(၄) လူတစ်ယောက်ဟာ နေရငး်ထိုင်ရင်းနဲ့ မဖြစ်သေးတာတွေကိုပဲ တွေးတွေးပြီး စိတ်ပူနေတယ်၊ ဝမး်နည်းနေတယ်ဆိုရင်တော့ ဒါဟာလည်း စိတ်ပင်ပန်းလွန်းတာကြောင့်ပါ …. ။

(၅) သူငယ်ချင်းတွေ၊ ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ ဆုံတဲ့အခါတွေမှာ ပြောပြီးသားစကားကိုပဲ ထပ်ခါထပ်ခါပြောနေမှာပါ။ ဘယ်လိုအကြောင်းအရာကိုပဲပြောပြော နောက်ဆုံးမှာ ပြောပြီးသားစကားကိုပဲ ထပ်ခါတလဲလဲ ပြန်ပြောနေတယ်ဆိုရင်တော့ စိတ်ပင်ပန်းလွန်းလို့ဖြစ်ပါတယ်နော် …. ။

(၆) အမြဲလိိုလို စိုးရိမ်နေတယ်၊ ပတ်ဝန်းကျင်ကပြောမှာ၊ ကဲ့ရဲ့ခံရမှာ ဝေဖန်ခံရမှာတွေကို အမြဲလိုလို ကြောက်ရွံ့နေတယ်ဆိုတာကလည်း စိတ်ပင်ပန်းလွန်းလို့ဖြစ်တာပါ …. ။

(၇) ဘာမှလုပ်ချင်ကိုင်ချင်စိတ်လည်းမရှိဘူး၊ မျှော်လင့်ချက်တွေမဲ့နေတယ်၊ အနာဂတ်တွေပျောက်ဆုံးနေတယ်လို့ ခံစားရတာကလည်း စိတ်ပင်ပန်းလွန်းလို့ဖြစ်ပါတယ် …. ။

Em Em