ဒုတိယကမာၻစစ္က ခ်စ္ကြၽမ္းဝင္ခဲ့တဲ့ အမ်ိဳးသမီးကို (၇၅) ႏွစ္အၾကာမွာ ျပန္ရွာေတြ႕

ဒုတိယကမာၻစစ္က ခ်စ္ကြၽမ္းဝင္ခဲ့တဲ့ အမ်ိဳးသမီးကို (၇၅) ႏွစ္အၾကာမွာ ျပန္ရွာေတြ႕

အသက္ ၉၈ ႏွစ္ ရွိၿပီျဖစ္တဲ့ အေမရိကန္ အဘိုးအိုဟာ ဒုတိယကမာၻစစ္ျဖစ္ခဲ့စဥ္က ခ်စ္ကြၽမ္းဝင္ခဲ့တဲ့ အမ်ိဳးသမီးကို ႏွစ္ေပါင္း ၇၅ ႏွစ္အၾကာမွာ ျပန္လည္ေတြ႕ရွိခဲ့ပါတယ္ …. ။ ၁၉၄၄ ခုႏွစ္က ျပင္သစ္နိုင္ငံေျမာက္ပိုင္းမွာ စစ္မႈထမ္းခဲ့ရတဲ့ K.T. Robbins ဟာ Jeannine လို႔ အမည္ရတဲ့ အသက္ ၁၈ ႏွစ္အ႐ြယ္ ျပင္သစ္နိုင္ငံသူ တေယာက္နဲ႕ ႀကိဳက္ႏွစ္သက္ခဲ့တယ္လို႔ ဆိုပါတယ္။ ခ်စ္သူသက္တမ္း ၂ လအၾကာမွာ အမိန႔္ေၾကာင့္ ေရွ႕တန္းကို ထြက္ခဲ့ရၿပီးေနာက္ သူတို႔ ႏွစ္ဦး ကြဲကြာခဲ့ရတယ္လို႔ သိရပါတယ္ …. ။

႐ုပ္သံလိုင္းတခုက ဒုတိယကမာၻစစ္မွာ စစ္မႈထမ္းခဲ့တဲ့ စစ္သားေတြရဲ႕ ဓာတ္ပုံေတြကို ျပန္လည္ ၾကည့္ရႈတဲ့ အစီအစဥ္မွာ အဘိုးအို K.T. Robbins ရဲ႕ ဓာတ္ပုံေတြထဲမွာ အဲဒီအမ်ိဳးသမီးရဲ႕ ဓာတ္ပုံ ပါလာတာ ျဖစ္ပါတယ္ ….. ။ ႐ုပ္သံအစီအစဥ္က တာဝန္ရွိသူေတြဟာ အမ်ိဳးသမီးရဲ႕ က်န္ရစ္သူ မိသားစုေတြကို ရွာေဖြဖို႔ ျပဳလုပ္ခဲ့ၿပီး အဘိုးအိုကေတာ့ “သူ အသက္ဆက္ရွင္ဖို႔ မေသခ်ာဘူး”လို႔ ေျပာခဲ့ေပမယ့္ အသက္ ၉၂ ႏွစ္ ရွိၿပီျဖစ္တဲ့ အဘြား Jeannine ကို ကံေကာင္းစြာနဲ႕ ေတြ႕ရခဲ့တာ ျဖစ္ပါတယ္ …. ။

“စစ္ႀကီးတုန္းက သူထြက္သြားေတာ့ က်မ အရမ္းငိုခဲ့ရတယ္။ တကယ္ပါ။ က်မ အရမ္းကို ဝမ္းနည္းခဲ့ရတာ။ သူ႕ကို အေမရိကန္ ျပန္မသြားေစခ်င္ခဲ့ဘူး”လို႔ Jeannine က ေျပာပါတယ္ ….. ။ စစ္မႈထမ္းခဲ့ဖူးတဲ့ အဘိုးအို K.T. Robbins ကေတာ့ “က်ေနာ္ သူ႕ကို အခုခ်ိန္ထိ ခ်စ္ေနဆဲပါပဲ”လို႔ ေျပာဆိုခဲ့ပါတယ္။ သူတို႔ႏွစ္ဦး ျပန္ေတြ႕တဲ့ ဓာတ္ပုံေတြဟာ လူမႈကြန္ရက္မွာ ပ်ံ့ႏွံ႕ေနၿပီး အရမ္းကို ေပ်ာ္႐ႊင္ေနၾကပံုေပၚပါတယ္ေနာ္ …. ။

The Irrawaddy Lifestyle

……………………………

Unicode

ဒုတိယကမ္ဘာစစ်က ချစ်ကျွမ်းဝင်ခဲ့တဲ့ အမျိုးသမီးကို (၇၅) နှစ်အကြာမှာ ပြန်ရှာတွေ့

အသက် ၉၈ နှစ် ရှိပြီဖြစ်တဲ့ အမေရိကန် အဘိုးအိုဟာ ဒုတိယကမ္ဘာစစ်ဖြစ်ခဲ့စဉ်က ချစ်ကျွမ်းဝင်ခဲ့တဲ့ အမျိုးသမီးကို နှစ်ပေါင်း ၇၅ နှစ်အကြာမှာ ပြန်လည်တွေ့ရှိခဲ့ပါတယ် …. ။ ၁၉၄၄ ခုနှစ်က ပြင်သစ်နိုင်ငံမြောက်ပိုင်းမှာ စစ်မှုထမ်းခဲ့ရတဲ့ K.T. Robbins ဟာ Jeannine လို့ အမည်ရတဲ့ အသက် ၁၈ နှစ်အရွယ် ပြင်သစ်နိုင်ငံသူ တယောက်နဲ့ ကြိုက်နှစ်သက်ခဲ့တယ်လို့ ဆိုပါတယ်။ ချစ်သူသက်တမ်း ၂ လအကြာမှာ အမိန့်ကြောင့် ရှေ့တန်းကို ထွက်ခဲ့ရပြီးနောက် သူတို့ နှစ်ဦး ကွဲကွာခဲ့ရတယ်လို့ သိရပါတယ် …. ။

ရုပ်သံလိုင်းတခုက ဒုတိယကမ္ဘာစစ်မှာ စစ်မှုထမ်းခဲ့တဲ့ စစ်သားတွေရဲ့ ဓာတ်ပုံတွေကို ပြန်လည် ကြည့်ရှုတဲ့ အစီအစဉ်မှာ အဘိုးအို K.T. Robbins ရဲ့ ဓာတ်ပုံတွေထဲမှာ အဲဒီအမျိုးသမီးရဲ့ ဓာတ်ပုံ ပါလာတာ ဖြစ်ပါတယ် ….. ။ ရုပ်သံအစီအစဉ်က တာဝန်ရှိသူတွေဟာ အမျိုးသမီးရဲ့ ကျန်ရစ်သူ မိသားစုတွေကို ရှာဖွေဖို့ ပြုလုပ်ခဲ့ပြီး အဘိုးအိုကတော့ “သူ အသက်ဆက်ရှင်ဖို့ မသေချာဘူး”လို့ ပြောခဲ့ပေမယ့် အသက် ၉၂ နှစ် ရှိပြီဖြစ်တဲ့ အဘွား Jeannine ကို ကံကောင်းစွာနဲ့ တွေ့ရခဲ့တာ ဖြစ်ပါတယ် …. ။

“စစ်ကြီးတုန်းက သူထွက်သွားတော့ ကျမ အရမ်းငိုခဲ့ရတယ်။ တကယ်ပါ။ ကျမ အရမ်းကို ဝမ်းနည်းခဲ့ရတာ။ သူ့ကို အမေရိကန် ပြန်မသွားစေချင်ခဲ့ဘူး”လို့ Jeannine က ပြောပါတယ် ….. ။ စစ်မှုထမ်းခဲ့ဖူးတဲ့ အဘိုးအို K.T. Robbins ကတော့ “ကျနော် သူ့ကို အခုချိန်ထိ ချစ်နေဆဲပါပဲ”လို့ ပြောဆိုခဲ့ပါတယ်။ သူတို့နှစ်ဦး ပြန်တွေ့တဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး အရမ်းကို ပျော်ရွှင်နေကြပုံပေါ်ပါတယ်နော် …. ။

The Irrawaddy Lifestyle

……………………………