ေပါေတာေတာေနတဲ့သူေတြကို လံုးဝေလွ်ာ့မတြက္သင့္တဲ့ အေၾကာင္းအရင္း (၅) ခ်က္

ေပါေတာေတာေနတဲ့သူေတြကို လံုးဝေလွ်ာ့မတြက္သင့္တဲ့ အေၾကာင္းအရင္း (၅) ခ်က္

တစ္ခါတေလမွာ ေပါေတာေတာေနတတ္တဲ့သူေတြဟာ ဘဝကိုေလးေလးနက္နက္မရွိဘူး၊ ခံစားခ်က္မရွိဘူးလို႔အထင္ခံရတတ္ပါတယ္။ ဒါေပမယ့္လည္း ဒီလုိမဟုတ္ပါဘူး။ ေပါေတာေတာေနတဲ့သူေတြကို လံုးဝေလွ်ာ့မတြက္သင့္တဲ့ အေၾကာင္းရင္းေတြကိုေဖာ္ျပ ေပးလိုက္ပါတယ္ ေနာ္ …..

(၁) လူေတြရဲ႕စိတ္ကုိ အလြယ္တကူျမင္ႏိုင္တယ္ ”

ေပါေတာေတာေနတတ္တဲ့သူေတြဟာ ဘာကိုမွမစဥ္းစားပဲ ေနတတ္တဲ့သူေတြလို႔ ထင္ရတတ္ပါတယ္။ ဒါေပမယ့္လည္း မဟုတ္ပါဘူး။ အေသးစိတ္ကအစ ေကာင္းေကာင္းေဝဖန္သံုးသပ္တတ္တဲ့ သူေတြပါ။ ဒါေၾကာင့္လူေတြရဲ႕ စိတ္ကုိ အလြယ္တကူျမင္ႏိုင္ပါတယ္။ မ်က္ႏွာဖံုးေတြ ေနာက္ကြယ္မွာ ဘယ္သူေကာင္းလဲ၊ ဘယ္သူဆိုးလဲဆိုတာကို ေကာင္းေကာင္းသိႏိုင္တဲ့သူေလး ေတြပါ …။

(၂) ဖံုးကြယ္ထားတဲ့စိတ္ခံစားခ်က္ေတြရွိတယ္ ”

ေပါေတာေတာေနတတ္တဲ့သူေတြမွာ ဖံုးကြယ္ထားတဲ့ စိတ္ခံစားခ်က္ေတြ ရွိပါတယ္။ သူတို႔ရဲ႕ ဘဝမွာ ဒီလိုေပါေတာေတာေနလိုက္ဖို႔ ဆံုးျဖတ္လိုက္ရတဲ့ အေၾကာင္းရင္းေတြလည္း ရွိေနတတ္ပါတယ္။ သာမန္လူေတြေတာင္ မခံစားႏိုင္ေလာက္တဲ့ စိတ္ဒဏ္ရာေတြလည္း ရိွေနတတတ္ပါ တယ္ …။

(၃) လူေတြကုိေပ်ာ္ရႊင္ေစႏိုင္တယ္ ”

ေပါေတာေတာေနတဲ့သူေတြဟာ လူေတြကို ေပ်ာ္ရႊင္ေစခ်င္တဲ့သူေတြျဖစ္ျပီး ေပ်ာ္ေအာင္လည္း တကယ္လုပ္ႏိုင္တဲ့သူေတြပါ။ လူေတြကိုေပ်ာ္ရႊင္ေစခ်င္တဲ့အတြက္ ကိုယ့္ရဲ႕ ခံစားခ်က္ေတြကုိ ဖံုးကြယ္ျပီး ေပါေတာေတာေနေပးတာျဖစ္ပါတယ္။ တစ္ဖက္တလမး္ကေန လူသားေတြကုိ အက်ိဳးျပဳေနတဲ့သူေတြပါ …။

(၄) တစ္ေယာက္တည္းၾကိတ္ခံစားတတ္တယ္ ”

ေပါေတာေတာေနတတ္တဲ့သူေတြဟာ ခံစားခ်က္ေတြကုိ ထုတ္မျပတတ္တဲ့သူေတြပါ။ ဘယ္ေလာက္ပဲ ဝမး္နည္းေနပါေစ တစ္ေယာက္တည္း ၾကိတ္ခံစားမယ့္သူေတြ ျဖစ္ပါတယ္။ လူေတြနဲ႔ေဝးရာမွာတစ္ေယာက္တည္း ခံစားတတ္တဲ့သူေတြျဖစ္ပါတယ္။ အရာရာကိုေပါ့ပ်က္ပ်က္ေတြးတတ္တဲ့သူေတြလို႔မထင္ပါနဲ႔ အရမး္ကုိထိခိုက္ခံစားလြယ္တဲ့သူ ေလးေတြပါ …။

(၅) ၾကီးမားတဲ့အနာဂတ္အစီအစဥ္ေတြရွိတယ္ ”

ေပါေတာေတာေနတတ္တဲ့သူေတြဟာ မထင္မွတ္ထားေလာက္ေအာင္ ထက္ျမက္ေနတတ္ပါတယ္။ သူတို႔မွာ သူမ်ားနဲ႕မတူတဲ့ အၾကံဥာဏ္ေတြ၊ ဘဝရည္မွန္းခ်က္ေတြ၊ အနာဂတ္အစီအစဥ္ေကာင္းေတြ ရွိေနတတ္ပါတယ္။ မလုပ္ရင္လည္း မလုပ္ဘူး၊ လုပ္ျပီဆိုရင္လည္း လူတိုင္းအံံ့ၾသသြားေလာက္ေအာင္ လုပ္ႏိုင္တဲ့သူေတြပဲ ျဖစ္ပါတယ္ ေနာ္ …။ ။

Em Em

Unicode

ပေါတောတောနေတဲ့သူတွေကို လုံးဝလျှော့မတွက်သင့်တဲ့ အကြောင်းအရင်း (၅) ချက်

တစ်ခါတလေမှာ ပေါတောတောနေတတ်တဲ့သူတွေဟာ ဘဝကိုလေးလေးနက်နက်မရှိဘူး၊ ခံစားချက်မရှိဘူးလို့အထင်ခံရတတ်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုမဟုတ်ပါဘူး။ ပေါတောတောနေတဲ့သူတွေကို လုံးဝလျှော့မတွက်သင့်တဲ့ အကြောင်းရင်းတွေကိုဖော်ပြ ပေးလိုက်ပါတယ် နော် …..

(၁) လူတွေရဲ့စိတ်ကို အလွယ်တကူမြင်နိုင်တယ် ”

ပေါတောတောနေတတ်တဲ့သူတွေဟာ ဘာကိုမှမစဉ်းစားပဲ နေတတ်တဲ့သူတွေလို့ ထင်ရတတ်ပါတယ်။ ဒါပေမယ့်လည်း မဟုတ်ပါဘူး။ အသေးစိတ်ကအစ ကောင်းကောင်းဝေဖန်သုံးသပ်တတ်တဲ့ သူတွေပါ။ ဒါကြောင့်လူတွေရဲ့ စိတ်ကို အလွယ်တကူမြင်နိုင်ပါတယ်။ မျက်နှာဖုံးတွေ နောက်ကွယ်မှာ ဘယ်သူကောင်းလဲ၊ ဘယ်သူဆိုးလဲဆိုတာကို ကောင်းကောင်းသိနိုင်တဲ့သူလေး တွေပါ …။

(၂) ဖုံးကွယ်ထားတဲ့စိတ်ခံစားချက်တွေရှိတယ် ”

ပေါတောတောနေတတ်တဲ့သူတွေမှာ ဖုံးကွယ်ထားတဲ့ စိတ်ခံစားချက်တွေ ရှိပါတယ်။ သူတို့ရဲ့ ဘဝမှာ ဒီလိုပေါတောတောနေလိုက်ဖို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းရင်းတွေလည်း ရှိနေတတ်ပါတယ်။ သာမန်လူတွေတောင် မခံစားနိုင်လောက်တဲ့ စိတ်ဒဏ်ရာတွေလည်း ရှိနေတတတ်ပါ တယ် …။

(၃) လူတွေကိုပျော်ရွှင်စေနိုင်တယ် ”

ပေါတောတောနေတဲ့သူတွေဟာ လူတွေကို ပျော်ရွှင်စေချင်တဲ့သူတွေဖြစ်ပြီး ပျော်အောင်လည်း တကယ်လုပ်နိုင်တဲ့သူတွေပါ။ လူတွေကိုပျော်ရွှင်စေချင်တဲ့အတွက် ကိုယ့်ရဲ့ ခံစားချက်တွေကို ဖုံးကွယ်ပြီး ပေါတောတောနေပေးတာဖြစ်ပါတယ်။ တစ်ဖက်တလမး်ကနေ လူသားတွေကို အကျိုးပြုနေတဲ့သူတွေပါ …။

(၄) တစ်ယောက်တည်းကြိတ်ခံစားတတ်တယ် ”

ပေါတောတောနေတတ်တဲ့သူတွေဟာ ခံစားချက်တွေကို ထုတ်မပြတတ်တဲ့သူတွေပါ။ ဘယ်လောက်ပဲ ဝမး်နည်းနေပါစေ တစ်ယောက်တည်း ကြိတ်ခံစားမယ့်သူတွေ ဖြစ်ပါတယ်။ လူတွေနဲ့ဝေးရာမှာတစ်ယောက်တည်း ခံစားတတ်တဲ့သူတွေဖြစ်ပါတယ်။ အရာရာကိုပေါ့ပျက်ပျက်တွေးတတ်တဲ့သူတွေလို့မထင်ပါနဲ့ အရမး်ကိုထိခိုက်ခံစားလွယ်တဲ့သူ လေးတွေပါ …။

(၅) ကြီးမားတဲ့အနာဂတ်အစီအစဉ်တွေရှိတယ် ”

ပေါတောတောနေတတ်တဲ့သူတွေဟာ မထင်မှတ်ထားလောက်အောင် ထက်မြက်နေတတ်ပါတယ်။ သူတို့မှာ သူများနဲ့မတူတဲ့ အကြံဉာဏ်တွေ၊ ဘဝရည်မှန်းချက်တွေ၊ အနာဂတ်အစီအစဉ်ကောင်းတွေ ရှိနေတတ်ပါတယ်။ မလုပ်ရင်လည်း မလုပ်ဘူး၊ လုပ်ပြီဆိုရင်လည်း လူတိုင်းအံံ့သြသွားလောက်အောင် လုပ်နိုင်တဲ့သူတွေပဲ ဖြစ်ပါတယ် နော် …။ ။

Em Em

Be the first to comment

Leave a Reply

Your email address will not be published.


*