ဆရာဝန္၊ ေမာ္ဒယ္ နန္းေမြစံ အေထြေထြ ေဆးကုသခြင့္လိုင္စင္ ပိတ္သိမ္းခံရ

ဆရာဝန္၊ ေမာ္ဒယ္ နန္းေမြစံ အေထြေထြ ေဆးကုသခြင့္လိုင္စင္ ပိတ္သိမ္းခံရ

ဆရာဝန္၊ ေမာ္ဒယ္ နန္းေမြစံအား ျမန္မာႏိုင္ငံ ေဆးေကာင္စီမွ အေထြေထြေဆးကုသခြင့္ လိုင္စင္ကို ဇြန္လ ၃ ရက္ေန႔က အမိန႔္ေၾကာ္ျငာစာ ထုတ္ျပန္ကာ ပိတ္ပင္လိုက္ေၾကာင္း သိရပါတယ္။ ေမာ္ဒယ္ နန္းေမြစံ အေနနဲ႔ သူကိုင္ေဆာင္ထားတဲ့ ေဆးကုသခြင့္ လိုင္စင္ကို တလအတြင္း သြားေရာက္ အပ္ႏွံရမွာ ျဖစ္ပါတယ္ …. ။

အမိန႔္ ထုတ္ျပန္ထားတဲ့ ေၾကာ္ျငာစာ အရ ေဒါက္တာ နန္းေမြစံဟာ ျမန္မာ့႐ိုးရာ ယဥ္ေက်းမႈႏွင့္ သင့္ေလ်ာ္မႈ မရွိေသာ ဝတ္စားဆင္ယင္မႈမ်ားျဖင့္ Facebook ေပၚတြင္ ဓာတ္ပုံတင္ျခင္း ကိစၥမ်ား ဆက္လက္ ေဆာင္႐ြက္ျခင္း မျပဳရန္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ ၁၄ ရက္ေန႔က ကတိကဝတ္ ျပဳခဲ့တယ္လို႔ သိရပါတယ္။ ကတိကဝတ္ ျပဳခဲ့ၿပီး ေနာက္ပိုင္း ၃ လေက်ာ္တိုင္ေအာင္ နန္းေမြစံဟာ Facebook ေပၚ ပုံတင္ျခင္းမ်ား၊ ဗီဒီယိုမ်ား တင္ျခင္း ကိစၥမ်ား ျပဳလုပ္လ်က္ရွိတာေၾကာင့္ ေမလ ၃၁ ရက္ေန႔မွာ က်င္းပတဲ့ ျမန္မာႏိုင္ငံ ေဆးေကာင္စီ အလုပ္မႈေဆာင္အဖြဲ႕ရဲ႕ အစည္းအေဝး ဆုံးျဖတ္ခ်က္အရ အခုလိုမ်ိဳး ေဆးကုသခြင့္ လိုင္စင္ ပိတ္သိမ္းေၾကာင္း အမိန႔္ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာပဲ ျဖစ္ပါတယ္။

ေမာ္ဒယ္ နန္းေမြစံကေတာ့ သူ႔ရဲ႕ Facebook လူမႈကြန္ရက္ စာမ်က္ႏွာမွာ “What is human right? Where is democracy”လို႔ ေမးခြန္းထုတ္ ေရးသား တင္ထားပါတယ္။

ဓာတ္ပံု – Nang Mwe San’s Facebook

နန္းေမြစံဆိုတဲ့ ေမာ္ဒယ္လွလွေလးကုိေတာ့ ပရိသတ္ေတြေတာ္ေတာ္မ်ားမ်ားသိၾကမွာပါ။ နန္းေမြစံဟာသူမရဲ႕ လွပတဲ့ခႏၶာကုိယ္ေကာက္္ေၾကာင္းေတြနဲ႔ ဆြဲေဆာင္မႈရွိတဲ့ဟန္ပန္ေတြေၾကာင့္ ပုရိသေတြအသည္းစြဲျဖစ္ေနရသလို ပရိသတ္အားေပးမႈကုိလည္းရရွိထားတဲ့ အနုပညာရွင္တစ္ဦးလည္းျဖစ္ပါတယ္။ ဒါ့အျပင္အနုပညာဘက္မွာထူးခြ်န္တဲ့ နန္းေမြစံက ပညာေရးပုိင္းမွာလည္းလစ္ဟင္းမႈမရွိပဲ ဆရာဝန္ဘဲြ႕ရထားသူလည္းျဖစ္ပါတယ္။ ဒါေပမယ့္္အခုမနက္မွာေတာ့ နန္းေမြစံရဲ႕ page ကေန စိတ္မေကာင္းစရာသတင္းတစ္ခုတက္လာခဲ့ပါတယ္။

အဲဒါကေတာ့ နန္းေမြစံတစ္ေယာက္ ေဆးကုသခြင့္လိုင္စင္ပိတ္သိမ္းခံလုိက္ရျပီဆိုတဲ့သတင္းပါပဲ။ နန္းေမြစံက အေထြေထြေဆးကုသခြင့္လို္င္စင္ကုိ ပိတ္သိမ္းလိုက္ေၾကာင္း အမိန္႔ေၾကာ္ျငာစာကုိ သူမရဲ႕ page မွာ “လူ႔အခြင့္အေရးဆိုတာဘာလဲ ဒီမိုကေရစီကေရာဘယ္မွာလဲ”လို႔ အဓိပၸါယ္ရတဲ့ စာသားနဲ႔အတူ တင္ထားခဲ့ပါတယ္။ ပရိသတ္ေတြကေတာ့ အဲဒီ ပို႔စ္ေအာက္မွာ နန္းေမြစံကုိအားေပးေနၾကျပီး စိတ္မေကာင္းျဖစ္ေနၾကတဲ့သူေတြ မေက်မခ်မ္းျဖစ္ေနၾကသူေတြလည္းရွိေနတာျမင္ရပါတယ္ …. ။

အမိန္႔စာထဲမွာပါဝင္တာကေတာ့ နန္းေမြစံဟာ ျမန္မာ့ယဥ္ေက်းမႈနဲ႔မသင့္ေလ်ာ္တဲ့ ဝတ္စားဆင္ယင္မႈေတြနဲ႔ facebook ေပၚမွာ ဓာတ္ပံုေတြတင္ထားတဲ့ နန္းေမြစံဟာ အဲဒီလိုလုပ္ရပ္ေတြမလုပ္ေတာ့ပါဘူးလို႔ တစ္လပုိင္း ဆယ့္ေလးရက္ကတည္းက ကတိကဝတ္ျပဳခဲ့ျပီးေနာက္မွာ ဆက္လက္လုပ္ေဆာင္ေနတာကုိေတြ႕ရတာေၾကာင့္ ၃၁.၅.၂၀၁၉ မွာက်င္းပတဲ့ ျမန္မာနုိင္ငံေဆးေကာင္စီအလုပ္အမႈေဆာင္အဖြဲ႕အစည္းအေဝးရဲ႕ဆံုးျဖတ္ခ်က္အရ နန္းေမြစံကုိ ေဆးကုသခြင့္လိုင္စင္ပိတ္သိမ္းလုိက္ေၾကာင္းပါရွိပါတယ္။

Unicode

ဆရာဝန်၊ မော်ဒယ် နန်းမွေစံ အထွေထွေ ဆေးကုသခွင့်လိုင်စင် ပိတ်သိမ်းခံရ

ဆရာဝန်၊ မော်ဒယ် နန်းမွေစံအား မြန်မာနိုင်ငံ ဆေးကောင်စီမှ အထွေထွေဆေးကုသခွင့် လိုင်စင်ကို ဇွန်လ ၃ ရက်နေ့က အမိန့်ကြော်ငြာစာ ထုတ်ပြန်ကာ ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။ မော်ဒယ် နန်းမွေစံ အနေနဲ့ သူကိုင်ဆောင်ထားတဲ့ ဆေးကုသခွင့် လိုင်စင်ကို တလအတွင်း သွားရောက် အပ်နှံရမှာ ဖြစ်ပါတယ် …. ။

အမိန့် ထုတ်ပြန်ထားတဲ့ ကြော်ငြာစာ အရ ဒေါက်တာ နန်းမွေစံဟာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် သင့်လျော်မှု မရှိသော ဝတ်စားဆင်ယင်မှုများဖြင့် Facebook ပေါ်တွင် ဓာတ်ပုံတင်ခြင်း ကိစ္စများ ဆက်လက် ဆောင်ရွက်ခြင်း မပြုရန် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့က ကတိကဝတ် ပြုခဲ့တယ်လို့ သိရပါတယ်။ ကတိကဝတ် ပြုခဲ့ပြီး နောက်ပိုင်း ၃ လကျော်တိုင်အောင် နန်းမွေစံဟာ Facebook ပေါ် ပုံတင်ခြင်းများ၊ ဗီဒီယိုများ တင်ခြင်း ကိစ္စများ ပြုလုပ်လျက်ရှိတာကြောင့် မေလ ၃၁ ရက်နေ့မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ ဆေးကောင်စီ အလုပ်မှုဆောင်အဖွဲ့ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ အခုလိုမျိုး ဆေးကုသခွင့် လိုင်စင် ပိတ်သိမ်းကြောင်း အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။

မော်ဒယ် နန်းမွေစံကတော့ သူ့ရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာ “What is human right? Where is democracy”လို့ မေးခွန်းထုတ် ရေးသား တင်ထားပါတယ်။

ဓာတ်ပုံ – Nang Mwe San’s Facebook

နန်းမွေစံဆိုတဲ့ မော်ဒယ်လှလှလေးကိုတော့ ပရိသတ်တွေတော်တော်များများသိကြမှာပါ။ နန်းမွေစံဟာသူမရဲ့ လှပတဲ့ခန္ဓာကိုယ်ကောက််ကြောင်းတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ဟန်ပန်တွေကြောင့် ပုရိသတွေအသည်းစွဲဖြစ်နေရသလို ပရိသတ်အားပေးမှုကိုလည်းရရှိထားတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင်အနုပညာဘက်မှာထူးချွန်တဲ့ နန်းမွေစံက ပညာရေးပိုင်းမှာလည်းလစ်ဟင်းမှုမရှိပဲ ဆရာဝန်ဘွဲ့ရထားသူလည်းဖြစ်ပါတယ်။ ဒါပေမယ့််အခုမနက်မှာတော့ နန်းမွေစံရဲ့ page ကနေ စိတ်မကောင်းစရာသတင်းတစ်ခုတက်လာခဲ့ပါတယ်။

အဲဒါကတော့ နန်းမွေစံတစ်ယောက် ဆေးကုသခွင့်လိုင်စင်ပိတ်သိမ်းခံလိုက်ရပြီဆိုတဲ့သတင်းပါပဲ။ နန်းမွေစံက အထွေထွေဆေးကုသခွင့်လို်င်စင်ကို ပိတ်သိမ်းလိုက်ကြောင်း အမိန့်ကြော်ငြာစာကို သူမရဲ့ page မှာ “လူ့အခွင့်အရေးဆိုတာဘာလဲ ဒီမိုကရေစီကရောဘယ်မှာလဲ”လို့ အဓိပ္ပါယ်ရတဲ့ စာသားနဲ့အတူ တင်ထားခဲ့ပါတယ်။ ပရိသတ်တွေကတော့ အဲဒီ ပို့စ်အောက်မှာ နန်းမွေစံကိုအားပေးနေကြပြီး စိတ်မကောင်းဖြစ်နေကြတဲ့သူတွေ မကျေမချမ်းဖြစ်နေကြသူတွေလည်းရှိနေတာမြင်ရပါတယ်

အမိန့်စာထဲမှာပါဝင်တာကတော့ နန်းမွေစံဟာ မြန်မာ့ယဉ်ကျေးမှုနဲ့မသင့်လျော်တဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့ facebook ပေါ်မှာ ဓာတ်ပုံတွေတင်ထားတဲ့ နန်းမွေစံဟာ အဲဒီလိုလုပ်ရပ်တွေမလုပ်တော့ပါဘူးလို့ တစ်လပိုင်း ဆယ့်လေးရက်ကတည်းက ကတိကဝတ်ပြုခဲ့ပြီးနောက်မှာ ဆက်လက်လုပ်ဆောင်နေတာကိုတွေ့ရတာကြောင့် ၃၁.၅.၂၀၁၉ မှာကျင်းပတဲ့ မြန်မာနိုင်ငံဆေးကောင်စီအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရ နန်းမွေစံကို ဆေးကုသခွင့်လိုင်စင်ပိတ်သိမ်းလိုက်ကြောင်းပါရှိပါတယ်။