အသက္ ၂၀ မွာ တစ္ေယာက္တည္းေနသင့္သည့္ အေၾကာင္းရင္း ၈ ခ်က္…

အသက္ ၂၀ မွာ တစ္ေယာက္တည္းေနသင့္သည့္ အေၾကာင္းရင္း ၈ ခ်က္…

ကၽြန္မတို႔ဟာ လူသားေတြ ျဖစ္ေသာေၾကာင့္ ဘဝလက္တြဲေဖာ္ကို မက္ေမာေတာင့္တ ၾကပါတယ္။ အခ်ိန္ေတြကို အတူကုန္ဆုံးဖို႔ အေတြးအျမင္ေတြ ဖလွယ္ဖို႔ ႐ုပ္ရွင္ အတူၾကည့္ဖို႔ ဘဝကို အတူ စြန႔္စားဖို႔ တစ္စုံတစ္ေယာက္ ရွိေနေပးေစခ်င္ပါတယ္။ ၿပီးေတာ့ ထိုတစ္စုံတစ္ေယာက္ကေတာ့ ခ်စ္သူ ေကာင္ေလး သို႔ ခ်စ္သူေကာင္မေလးေပါ့ ။ ဒါေၾကာင့္ အေတာ္မ်ားမ်ားက Relationship တစ္ခုက္ို လ်င္လ်င္ျမန္ျမန္ တည္ေဆာက္ၾကတယ္။ ဒါေပမဲ့ ကၽြန္မ ဒီေနရာမွာ ေျပာခ်င္တာက ကိုယ့္ရဲ့ အသက္ ၂၀ ဝန္းက်င္ကာလမွာ single အျဖစ္ေနထိုင္ျခင္းဟာ ေရရွည္အတြက္ အေကာင္းဆုံးပါပဲ ။ ထို႔အတြက္ အေၾကာင္းရင္း ၈ ခ်က္ရွိပါတယ္ေနာ္ …. ။

၁။ ကိုယ့္ကိုကိုယ္ရွာေဖြပါ။

အသက္ ၂၀ ဝန္းက်င္ကာလမွာ ဘယ္သူကမွ ကိုယ့္ကိုကိုယ္ ေကာင္းေကာင္း မသိနိုင္ေသးပါဘူး။ အခုမွ လူတစ္ေယာက္အျဖစ္ စတင္႐ုံကာလပဲရွိပါေသးတယ္။ ဒါေၾကာင့္ ဒီကာလမွာ ကိုယ့္ကိုကိုယ္ ရွာေဖြဖို႔ အေကာင္းဆုံး အခ်ိန္ပါပဲ။ တျခားလူတေယာက္၏ လႊမ္းမိုးမႈ မပါပဲ ကိုယ္ ဘယ္အရာကိုႏွစ္သက္တတ္ၿပီး ဘယ္အရာကို အမွန္တကယ္ မုန္းတီးတတ္သလဲဆိုတာ ရွာေဖြပါ။ ဒီနည္းျဖင့္ ေနာက္ပိုင္း Relationship အတြက္ ပိုၿပီး အဆင္သင့္ျဖစ္လာနိုင္ၿပီး တျခားသူေတြဆီက ကိုယ္ ဘာကိုရွာေဖြေနသလဲဆိုတာ သိလာပါလိမ့္မယ္။ ဒါက မ်ားစြာေသာ ဆိုးရြားတဲ့ Relationship ေတြနဲ႔ အသည္းကြဲမႈေတြကို ေရွာင္ရွားနိုင္ရန္ ကူညီေပးပါလိမ့္မယ္ ….. ။

၂။ ပညာေရးကို အာ႐ုံစိုက္ပါ။

အသက္၂၀ တာ ကာလဟာ ပညာေရးကို အာ႐ုံစိုက္ဖို႔ အေကာင္းဆုံးအခ်ိန္ပါ။ ဒီအခ်ိန္မွာဆိုရင္ အလုပ္ခြင္၊ မိသားစုနဲ႔ တျခားတာဝန္ယူစရာေတြ မပိေသးတဲ့ အခ်ိန္ျဖစ္တယ္။ ကိုယ္စိတ္ဝင္စားတဲ့ အရာမွာ ႏွစ္ျမႇပ္နိုင္ရန္ အခ်ိန္မ်ားစြာရွိေသးတယ္။ ဒါေၾကာင့္ အမ်ိိုးမ်ိဳးေသာအရာေတြစမ္းသပ္ၾကည့္ပါ။ ေနာက္ပိုင္း အလုပ္အကိုင္တစ္ခုကို စတဲ့ေနရာမွာ အကူအညီျဖစ္နိုင္တဲ့ တကယ့္လက္ေတြ႕ အေတြ႕အၾကဳံေတြေရာ သီအိုရွွီဗဟုသုတ ေရာ ရယူပါ။ ကိုယ္စိတ္ဝင္စားေသာ သင္တန္းေတြ အလုပ္သင္အလုပ္ေတြ မာစတာအတန္းေတြ တက္ပါ။ ေနာက္ပိုင္း ဘဝမွာ အခ်ိန္ရွိေတာ့မွာ မဟုတ္ပါဘူး ။ ဒီအခြင့္အေရးကို လက္လြတ္မခံပါနဲ႔ေနာ္ …. ။

၃။ အလုပ္အကိုင္တစ္ခု စတင္ပါ။

ကိုယ့္အလုပ္အကိုင္ကို အာ႐ုံစိုက္ရမယ့္ အခ်ိန္ေကာင္းလည္း ျဖစ္ပါတယ္။ ေနာက္ႏွစ္ေတြ အတြင္းမွာ ကိုယ့္ကိုကိုယ္ ဘယ္လိုပုံစံျမင္ခ်င္သလဲဆိုတာ အေျဖရွာၿပီး ပန္းတိုင္ကို ေရာက္ေအာင္သြားပါ။ ကုမၸဏီတစ္ခု၏ ေခါင္းေဆာင္ျဖစ္တဲ့အခါမွ ကိုယ့္ကိုကိုယ္ ေက်းဇူးတင္ေနပါလိမ့္မယ္ေနာ္ …. ။

၄။ကိုယ့္ကို ေထာက္ပံေပးနိုင္ေသာ သူမ်ားနဲ႔ မိတ္ဖြဲ႕ပါ။

ခ်စ္သူရည္းစားဆိုတာ ျပတ္သြားၿပီးရင္ သူစိမ္းေတြပါ။ ဒါေပမဲ့ သူငယ္ခ်င္းေတြကေတာ့ ဒီလိုမဟုတ္ပါဘူး ။ ဒါေၾကာင့္ ဒီအခ်ိန္မွာ ကိုယ္လိုတိုင္း အနားမွာ ရွိေနေပးတဲ့ ကိုယ့္ကို အေထာက္ပံ့ေကာင္းေတြေပးေနေသာ သူေတြနဲ႔ ေပါင္းပါ။ မိတ္ေဆြအေပါင္းအသင္းကြန္ရက္ဟာလည္း ယေန႔ေခတ္ရဲ့ ေသာ့ခ်က္ျဖစ္ပါတယ္။ ဒါေၾကာင့္ လူမ်ားနိုင္သေလာက္ မ်ားမ်ားနဲ႔ ေတြ႕ဆုံပါ။ သူတို႔က အခြင့္အေရးေကာင္းေတြ ယူေဆာင္ေပးပါလိမ့္မယ္ …. ။

၅။ စမ္းသပ္ပါ။

ကိုယ့္ရဲ့ အသြင္အျပင္ ဖက္ရွင္ ဝတ္စားဆင္ယင္ပုံ ဖိုမလကၡဏာတို႔ကို စမ္းသပ္ပါ။ Relationship မရွိတာနဲ႔့ပဲ သီလရွင္ျဖစ္လာမွာ မဟုတ္ပါဘူး။ ထိုအစား ကိုယ္တတ္နိုင္သေလာက္ ကိုယ္ရဲ့ ခႏၶာကိုယ္ ကိုယ့္အေၾကာင္းနဲ႔ ပတ္သက္ၿပီး ရွာေဖြ စမ္းသပ္ၾကည့္ပါ။ ကိုယ္ဘယ္အရာကိုႀကိဳက္ႏွစ္သက္သလဲဆိုတာ ရွာၾကည့္ပါ။ ဒါက Relationship တစ္ခုကို ဆုံးျဖတ္ရာမွာ အလြန္ကူညီပါလိမ့္မယ္။ အက်ိဳးျဖစ္ထြန္းမည့္ လက္တြဲေဖာ္ကို ရွာေဖြရာမွာလည္း ႀကီးစြာ အေထာက္အကူျဖစ္မွာပါ ….. ။

၆။ ပိုက္ဆံစုပါ။

Relationship ထားျခင္းက ေငြအကုန္အက်လည္း မ်ားပါတယ္။ ညဘက္ထြက္ျခင္းမ်ား ၊ ပီဇာ ၊ ဒိတ္၊ ေသာက္စရာ ေတြ အားလုံးဟာ ေငြ ကုန္ေစၿပိး လူပါ ဝလာေစပါတယ္။ ဘယ္သူကမွ ကိုယ့္ရဲ့ ၂၀ ဝန္းက်င္ကာလမွာ ေငြေတြအမ်ားႀကီး မျဖဳန္းခ်င္ပါဘူး။ ဒါဆို ဘာလို႔မ်ား ကိုယ့္အတြက္ ပိုက္ဆံမစုပဲ တျခားသူအတြက္ ကုန္က်ခံေနမွာလဲ။ ကိုယ့္မိသားစုဘဝ စတင္တဲ့အခါမွာ ကိုယ့္အတြက္ သုံးျဖဳန္းခဲ့တဲ့ ပိုက္ဆံက နည္းေနၿပီး တျခားတစ္ေယာက္အတြက္သာ ျဖစ္ေနပါလိမ့္မယ္။ ဒါေၾကာင့္ ကိုယ့္အတြက္ကိုယ္ ပိုက္ဆံစုပါ …. ။

၇။ ပင္ကိုယ္သဘာဝတိုင္းေနပါ။

တျခားသူေတြရဲ့ ကိုယ့္အေပၚအျမင္ေတြကို ထည့္သြင္း စဥ္းစားေနတဲ့အခါ ကိုယ့္ရဲ့ ပင္ကိုယ္သဘာဝတိုင္းေနဖို႔ဆိုတာ ခက္ခဲသြားပါလိမ့္မယ္။ single ျဖစ္ေနျခင္းက တျခားသူတစ္ေယာက္ ကိုယ့္ကို ဘယ္လိုေတြးေနသလဲဆိုတာ စဥ္းစားစရာမလိုပဲ ကိုယ္ျဖစ္ခ်င္သလို လုပ္ပိုင္ခြင့္ အျပည့္အဝ ရွိေနပါတယ္။ ကပြဲေတြသြားပါ။ ႐ုပ္ရွင္ၾကည့္ပါ။ ေနရာတစ္ေနရာကို ေျပာင္းေရႊ႕ပါ။ ဒါဟာ ကိုယ့္ဘဝပဲ။

၈။ ခရီးသြားပါ။

ခရီးသြားျခင္းဟာ မ်ားစြာေသာ စီစဥ္မႈေတြလိုအပ္ပါတယ္။ ၿပီးေတာ့ Relationship နဲ႔ဆိုရင္ ႏွစ္ေယာက္စလုံးရဲ့ လိုအပ္ခ်က္ေတြကို ၾကည့္ရတာေၾကာင့္ ဒါဟာ ႏွစ္ဆ ပိုခက္ခဲသြားပါတယ္။ ကိုယ္က single ဆိုရင္ေတာ့ ဘယ္သူကိုမွ စိတ္မပူပဲ ကမၻာ ရဲ့ ဘယ္ေထာင့္ မဆို ကိုယ္သြားခ်င္တဲ့ ေနရာကိုသြားနိုင္ပါတယ္။ ပဲရစ္ကို ေလယာဥ္ပ်ံနဲ႔ သြားမလား ။ စိတ္ေျပာင္းသြားလို႔ စပိန္ကိုသြားမလား ။ ဘယ္သူကမွ တားလို႔ မရပါဘူူး။ လမ္းမွာ မိတ္ေဆြအသစ္မ်ားစြာကိုလည္း ေတြ႕နိုင္ေသးတယ္ …. ။

Unicode

အသက် ၂၀ မှာ တစ်ယောက်တည်းနေသင့်သည့် အကြောင်းရင်း ၈ ချက်…

ကျွန်မတို့ဟာ လူသားတွေ ဖြစ်သောကြောင့် ဘဝလက်တွဲဖော်ကို မက်မောတောင့်တ ကြပါတယ်။ အချိန်တွေကို အတူကုန်ဆုံးဖို့ အတွေးအမြင်တွေ ဖလှယ်ဖို့ ရုပ်ရှင် အတူကြည့်ဖို့ ဘဝကို အတူ စွန့်စားဖို့ တစ်စုံတစ်ယောက် ရှိနေပေးစေချင်ပါတယ်။ ပြီးတော့ ထိုတစ်စုံတစ်ယောက်ကတော့ ချစ်သူ ကောင်လေး သို့ ချစ်သူကောင်မလေးပေါ့ ။ ဒါကြောင့် အတော်များများက Relationship တစ်ခုက်ို လျင်လျင်မြန်မြန် တည်ဆောက်ကြတယ်။ ဒါပေမဲ့ ကျွန်မ ဒီနေရာမှာ ပြောချင်တာက ကိုယ့်ရဲ့ အသက် ၂၀ ဝန်းကျင်ကာလမှာ single အဖြစ်နေထိုင်ခြင်းဟာ ရေရှည်အတွက် အကောင်းဆုံးပါပဲ ။ ထို့အတွက် အကြောင်းရင်း ၈ ချက်ရှိပါတယ်နော် …. ။

၁။ ကိုယ့်ကိုကိုယ်ရှာဖွေပါ။

အသက် ၂၀ ဝန်းကျင်ကာလမှာ ဘယ်သူကမှ ကိုယ့်ကိုကိုယ် ကောင်းကောင်း မသိနိုင်သေးပါဘူး။ အခုမှ လူတစ်ယောက်အဖြစ် စတင်ရုံကာလပဲရှိပါသေးတယ်။ ဒါကြောင့် ဒီကာလမှာ ကိုယ့်ကိုကိုယ် ရှာဖွေဖို့ အကောင်းဆုံး အချိန်ပါပဲ။ တခြားလူတယောက်၏ လွှမ်းမိုးမှု မပါပဲ ကိုယ် ဘယ်အရာကိုနှစ်သက်တတ်ပြီး ဘယ်အရာကို အမှန်တကယ် မုန်းတီးတတ်သလဲဆိုတာ ရှာဖွေပါ။ ဒီနည်းဖြင့် နောက်ပိုင်း Relationship အတွက် ပိုပြီး အဆင်သင့်ဖြစ်လာနိုင်ပြီး တခြားသူတွေဆီက ကိုယ် ဘာကိုရှာဖွေနေသလဲဆိုတာ သိလာပါလိမ့်မယ်။ ဒါက များစွာသော ဆိုးရွားတဲ့ Relationship တွေနဲ့ အသည်းကွဲမှုတွေကို ရှောင်ရှားနိုင်ရန် ကူညီပေးပါလိမ့်မယ် ….. ။

၂။ ပညာရေးကို အာရုံစိုက်ပါ။

အသက်၂၀ တာ ကာလဟာ ပညာရေးကို အာရုံစိုက်ဖို့ အကောင်းဆုံးအချိန်ပါ။ ဒီအချိန်မှာဆိုရင် အလုပ်ခွင်၊ မိသားစုနဲ့ တခြားတာဝန်ယူစရာတွေ မပိသေးတဲ့ အချိန်ဖြစ်တယ်။ ကိုယ်စိတ်ဝင်စားတဲ့ အရာမှာ နှစ်မြှပ်နိုင်ရန် အချိန်များစွာရှိသေးတယ်။ ဒါကြောင့် အမျိိုးမျိုးသောအရာတွေစမ်းသပ်ကြည့်ပါ။ နောက်ပိုင်း အလုပ်အကိုင်တစ်ခုကို စတဲ့နေရာမှာ အကူအညီဖြစ်နိုင်တဲ့ တကယ့်လက်တွေ့ အတွေ့အကြုံတွေရော သီအိုရှှီဗဟုသုတ ရော ရယူပါ။ ကိုယ်စိတ်ဝင်စားသော သင်တန်းတွေ အလုပ်သင်အလုပ်တွေ မာစတာအတန်းတွေ တက်ပါ။ နောက်ပိုင်း ဘဝမှာ အချိန်ရှိတော့မှာ မဟုတ်ပါဘူး ။ ဒီအခွင့်အရေးကို လက်လွတ်မခံပါနဲ့နော် …. ။

၃။ အလုပ်အကိုင်တစ်ခု စတင်ပါ။

ကိုယ့်အလုပ်အကိုင်ကို အာရုံစိုက်ရမယ့် အချိန်ကောင်းလည်း ဖြစ်ပါတယ်။ နောက်နှစ်တွေ အတွင်းမှာ ကိုယ့်ကိုကိုယ် ဘယ်လိုပုံစံမြင်ချင်သလဲဆိုတာ အဖြေရှာပြီး ပန်းတိုင်ကို ရောက်အောင်သွားပါ။ ကုမ္ပဏီတစ်ခု၏ ခေါင်းဆောင်ဖြစ်တဲ့အခါမှ ကိုယ့်ကိုကိုယ် ကျေးဇူးတင်နေပါလိမ့်မယ်နော် …. ။

၄။ကိုယ့်ကို ထောက်ပံပေးနိုင်သော သူများနဲ့ မိတ်ဖွဲ့ပါ။

ချစ်သူရည်းစားဆိုတာ ပြတ်သွားပြီးရင် သူစိမ်းတွေပါ။ ဒါပေမဲ့ သူငယ်ချင်းတွေကတော့ ဒီလိုမဟုတ်ပါဘူး ။ ဒါကြောင့် ဒီအချိန်မှာ ကိုယ်လိုတိုင်း အနားမှာ ရှိနေပေးတဲ့ ကိုယ့်ကို အထောက်ပံ့ကောင်းတွေပေးနေသော သူတွေနဲ့ ပေါင်းပါ။ မိတ်ဆွေအပေါင်းအသင်းကွန်ရက်ဟာလည်း ယနေ့ခေတ်ရဲ့ သော့ချက်ဖြစ်ပါတယ်။ ဒါကြောင့် လူများနိုင်သလောက် များများနဲ့ တွေ့ဆုံပါ။ သူတို့က အခွင့်အရေးကောင်းတွေ ယူဆောင်ပေးပါလိမ့်မယ် …. ။

၅။ စမ်းသပ်ပါ။

ကိုယ့်ရဲ့ အသွင်အပြင် ဖက်ရှင် ဝတ်စားဆင်ယင်ပုံ ဖိုမလက္ခဏာတို့ကို စမ်းသပ်ပါ။ Relationship မရှိတာနဲ့့ပဲ သီလရှင်ဖြစ်လာမှာ မဟုတ်ပါဘူး။ ထိုအစား ကိုယ်တတ်နိုင်သလောက် ကိုယ်ရဲ့ ခန္ဓာကိုယ် ကိုယ့်အကြောင်းနဲ့ ပတ်သက်ပြီး ရှာဖွေ စမ်းသပ်ကြည့်ပါ။ ကိုယ်ဘယ်အရာကိုကြိုက်နှစ်သက်သလဲဆိုတာ ရှာကြည့်ပါ။ ဒါက Relationship တစ်ခုကို ဆုံးဖြတ်ရာမှာ အလွန်ကူညီပါလိမ့်မယ်။ အကျိုးဖြစ်ထွန်းမည့် လက်တွဲဖော်ကို ရှာဖွေရာမှာလည်း ကြီးစွာ အထောက်အကူဖြစ်မှာပါ ….. ။

၆။ ပိုက်ဆံစုပါ။

Relationship ထားခြင်းက ငွေအကုန်အကျလည်း များပါတယ်။ ညဘက်ထွက်ခြင်းများ ၊ ပီဇာ ၊ ဒိတ်၊ သောက်စရာ တွေ အားလုံးဟာ ငွေ ကုန်စေပြိး လူပါ ဝလာစေပါတယ်။ ဘယ်သူကမှ ကိုယ့်ရဲ့ ၂၀ ဝန်းကျင်ကာလမှာ ငွေတွေအများကြီး မဖြုန်းချင်ပါဘူး။ ဒါဆို ဘာလို့များ ကိုယ့်အတွက် ပိုက်ဆံမစုပဲ တခြားသူအတွက် ကုန်ကျခံနေမှာလဲ။ ကိုယ့်မိသားစုဘဝ စတင်တဲ့အခါမှာ ကိုယ့်အတွက် သုံးဖြုန်းခဲ့တဲ့ ပိုက်ဆံက နည်းနေပြီး တခြားတစ်ယောက်အတွက်သာ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်အတွက်ကိုယ် ပိုက်ဆံစုပါ …. ။

၇။ ပင်ကိုယ်သဘာဝတိုင်းနေပါ။

တခြားသူတွေရဲ့ ကိုယ့်အပေါ်အမြင်တွေကို ထည့်သွင်း စဉ်းစားနေတဲ့အခါ ကိုယ့်ရဲ့ ပင်ကိုယ်သဘာဝတိုင်းနေဖို့ဆိုတာ ခက်ခဲသွားပါလိမ့်မယ်။ single ဖြစ်နေခြင်းက တခြားသူတစ်ယောက် ကိုယ့်ကို ဘယ်လိုတွေးနေသလဲဆိုတာ စဉ်းစားစရာမလိုပဲ ကိုယ်ဖြစ်ချင်သလို လုပ်ပိုင်ခွင့် အပြည့်အဝ ရှိနေပါတယ်။ ကပွဲတွေသွားပါ။ ရုပ်ရှင်ကြည့်ပါ။ နေရာတစ်နေရာကို ပြောင်းရွှေ့ပါ။ ဒါဟာ ကိုယ့်ဘဝပဲ။

၈။ ခရီးသွားပါ။

ခရီးသွားခြင်းဟာ များစွာသော စီစဉ်မှုတွေလိုအပ်ပါတယ်။ ပြီးတော့ Relationship နဲ့ဆိုရင် နှစ်ယောက်စလုံးရဲ့ လိုအပ်ချက်တွေကို ကြည့်ရတာကြောင့် ဒါဟာ နှစ်ဆ ပိုခက်ခဲသွားပါတယ်။ ကိုယ်က single ဆိုရင်တော့ ဘယ်သူကိုမှ စိတ်မပူပဲ ကမ္ဘာ ရဲ့ ဘယ်ထောင့် မဆို ကိုယ်သွားချင်တဲ့ နေရာကိုသွားနိုင်ပါတယ်။ ပဲရစ်ကို လေယာဉ်ပျံနဲ့ သွားမလား ။ စိတ်ပြောင်းသွားလို့ စပိန်ကိုသွားမလား ။ ဘယ်သူကမှ တားလို့ မရပါဘူူး။ လမ်းမှာ မိတ်ဆွေအသစ်များစွာကိုလည်း တွေ့နိုင်သေးတယ် …. ။

Be the first to comment

Leave a Reply

Your email address will not be published.


*