


(၁) မြူးကြွတဲ့ သီချင်းသံတွေကို နားမထောင်နိုင်တော့တာမျိုး










Hannwe Soe

Unicode

သင်အသက်ကြီးနေပြီး ဖြစ်ကြောင်း သင်ကို အသိပေးနေတဲ့ အချက် (၅)ချက်

လူတွေက ကိုယ့်ကိုယ်ကို အသက်ကြီးလာမှန်းကို မေ့နေတတ်ကြပါတယ်။ အသက်ကြီးလာလေ ကိုယ့်အသက်ကို မှတ်ထားရမှာ ကြောက်လေပါ။ ဒါပေမယ့် သင်အသက်ကြီးနေပြီဆိုတာ သင့်ပတ်ဝန်းကျင်က အမြဲသတိပေးနေပါတယ်။ ဥပမာ သူငယ်ချင်းတွေ မင်္ဂဆောင် ၊ ကလေးမွေးသွားတာမျိုး ၊ ကလပ်တွေ သွားရတာ မကြိုက်တော့တာမျိုး တွေပါပဲ …. ။

(၁) မြူးကြွတဲ့ သီချင်းသံတွေကို နားမထောင်နိုင်တော့တာမျိူး

သင့်ကိုယ်သင် အသက်ကြီးနေပြီးလို့ အသိပေးနေတာကတော့ မြူးကြွတဲ့ သီချင်းသံတွေကို လုံးဝနားမထောင်နိုင်တော့တာပါပဲ။ ဒါက သင်အသက်ကြီးပြီးဆိုတာ ပြောပြနေတာဖြစ်ပါတယ်။ မြူးကြွတဲ့ သီချင်းသံတွေကြားရင် နားငြီးလာတာမျိုး ၊ မုန်းလာတာမျိုးဖြစ်တာက သင်ကို အသိပေးနေတာ ဖြစ်ပါတယ်နော် …. ။

(၂) အဟောင်းက အသစ်ထက်ပိုကောင်းတယ်လို့ တွေးမိနေတာမျိုး

ဇာတ်ကားဟောင်းတွေကမှ အသစ်တွေထက် ပိုကောင်းတယ်လို့ တွေးနေတာက အသက်ကြီးနေပြီးဆိုတာ အသိပေးနေပါတယ်။ အကြောင်းကတော့ အသစ်တွေ ဘယ်လောက်ကောင်းကောင်း အဟောင်းကို မမှီဘူးဆိုတာ ပိုသိလာတာက အသက်ကြီးပြီး ရင့်ကျက်လာတဲ့ သဘောမျိုးဖြစ်ပါတယ် …. ။

(၃) ပါတီ ၊ ကလပ် ၊ ဘားတွေကို မကြိုက်တော့တာမျိုး

ညသန်းခေါင်ထိ ပါတီတွေ ပေး ၊ ကလပ်သွား ၊ ဘားသွား တာတွေကို မကြိုက်တာဟာ သင်အသက်ကြီးနေပြီးဆိုတာကို အသိပေးနေတာဖြစ်ပါတယ်။ အသက်ရလာရင် ငယ်တုန်းကလုပ်ခဲ့တာတွေကို မကြိုက်တော့ဘဲ ပျင်းစရာကောင်းတယ်လို့ ထင်လာတတ်ကြပါတယ်။ စိတ်တည်ငြိမ်နေတဲ့ အရွယ်ကို ရောက်သွားလို့ဖြစ်ပါတယ် …. ။

(၄) ပိုက်ဆံအကြောင်းသိလာတာမျိုး

အသက်ကြီးလာတဲ့အခါမှာ ကိုယ့်ဝင်ငွေ ကိုယ်ရှာလာရတဲ့အတွက် ပိုက်ဆံအကြောင်းကို ပိုသိလာပါတယ်။ ပိုက်ဆံရှာရတာ ခက်ကြောင်းသိလာလေ သင့်က အသက်ကြီးလာသူဖြစ်လေပါ။ ဒီအချက်က သင်ကိုယ်သင် အသက်ကြီးနေပြီဆိုတာကို ပြချင်နေတဲ့အချက်ပါပဲ …. ။

(၅) သင့်သူငယ်ချင်းတွေ ကိုယ်ဝန်ဆောင်နေကြတာမျိုး

တစ်ခါတစ်လေ ကိုယ့်ဘာသာ အပျော်လွန်နေရင် ကိုယ့်အသက်ကြီးလာတာကို မေ့နေတတ်ကြပါတယ်။ ဘယ်လောက်ထိတောင် အသက်ကြီးလာမှန်း မေ့နေလဲဆိုရင် ဘေးပတ်ဝန်းကျင် သူငယ်ချင်းတွေတောင် ကိုယ်ဝန်ဆောင်တဲ့အထိ မေ့နေတတ်ကြပါတယ်။ ဘေးပတ်ဝန်းကျင်က သင်ဘယ်အသက်အရွယ်ရောက်နေပြီးဆိုတာကို အသိပေးနေတာဖြစ်ပါတယ် …. ။

Hannwe Soe

Be the first to comment

Leave a Reply

Your email address will not be published.


*