Source- Nay Chi Oo
…………………………
Unicode
ရိုက်ကွင်းမှာ နေတိုးကိုယ်တိုင်ချီချီကိုမြင်းစီးသင်ပေးနေတဲ့ အမိုက်စား VIDEO လေး
မြန်မာနိုင်ငံရဲ့ ထိပ်တန်း Beauty Blogger တစ်ဦးဖြစ်တဲ့ နေခြည်ဦးကတော့ ယခုဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို လက်ခံရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာတော့ Beauty Blogger တစ်ယောက်အနေနဲ့သာမကပဲ ကြော်ငြာမော်ဒယ်တစ်ယောက်အနေနဲ့သာမကပဲ ရုပ်ရှင်လောကထဲသို့ ဝင်ရောက်လာပြီပဲ ဖြစ်ပါတယ်။ အမြဲတမ်းပွင့်ပွင့်လင်းလင်းနဲ့ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့အချက်လေးတွေကြောင့်လည်း ပရိတ်သတ်တွေကပိုပိုပြီး အချစ်ပိုနေကြတာလည်း ဖြစ်ပါတယ်။ သူမရဲ့ပရိတ်သတ်တွေအတွက်လည်း “ Your Social Media bff ” ဆိုတဲ့ Planner လေးလည်း ထွက်ရှိထားပါသေးတယ် …။
လတ်တလောမှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ “ ဧည့်သည် ” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးဟာ ပရိသတ်တွေကြားမှာအရမ်းကိုနာမည်ကြီးရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာလောကကိုအချိန်တိုအတွင်းမှာ ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် အောင်မှုများစွာရရှိနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိမှာလည်း သရုပ်ဆောင်နေတိုးနဲ့အတူ “ အခမ်းနားဆုံး မေတ္တာ ” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို တွဲဖက်ရိုက်ကူးနေတာပဲ ဖြစ်ပါ တယ် …။
သူမအကြိုက်ဆုံးသရုပ်ဆောင်နဲ့အတူတွဲဖက်သရုပ်ဆောင်ရတဲ့အတွက် ချီချီတစ်ယောက်အရမ်းကိုရင်ခုန်စိတ်လှုပ်ရှားနေတာပါ။ အခုတစ်ခေါက်မှာလည်း ရိုက်ကွင်းမှာ နေတိုးကိုယ်တိုင်ချီချီကိုမြင်းစီးနည်းကိုသင်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီရိုက်ကွင်းဗီဒီယိုလေးကိုတော့ ချီချီရဲ့ Instagram myday လေးမှာဝေမျှထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း သူတို့နှစ်ယောက်အတူတွဲဖက်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ဇာတ်ကားကြီးရုံတင်တဲ့အခါလည်း ဝန်းရံအားပေးကြပါဦးနော် …။ ။
Source- Nay Chi Oo
…………………………