အိပ္ခ်ိန္မွန္ရဲ႕သားနဲ႔ အိပ္ေရးမ၀သလို ခံစားေနရတဲ့ အေၾကာင္းရင္း

အိပ္ခ်ိန္မွန္ရဲ႕သားနဲ႔ အိပ္ေရးမ၀သလို ခံစားေနရတဲ့ အေၾကာင္းရင္း

အိပ္ခ်ိန္္ျပည့္၀မႈဆိုတာ လူေတြရဲ႕ က်န္းမာေရးအတြက္ အေရးၾကီးတဲ့ အခန္းက႑က ပါ၀င္ေနပါတယ္။ အသက္အရြယ္မေရြး တစ္ေန႔အိပ္ခ်ိန္ အနည္းဆံုး ၇နာရီ ရွိဖို႔ လိုအပ္ပါတယ္။ အိပ္ခ်ိန္ျပည့္၀မွ က်န္းမာမယ္။ တစ္ေန႔တာလံုး လန္းဆန္းတက္ၾကြျပီး ကိုယ့္ရဲ႕ ေန႔စဥ္လုပ္ငန္းေဆာင္တာေတြကို လုပ္ကိုင္ေနမယ္။ အားအင္ျပည့္၀ေနမွာပဲ ျဖစ္ပါ တယ္ …။

ဒါဆို တခ်ိဳ႕လူေတြက အိပ္ခ်ိန္မွန္ရဲ႕သားနဲ႔ ဘာလို႔ မနက္ႏိုးလာတဲ့အခ်ိန္္မွာ ပင္ပန္းျပီး အိပ္ေရးမ၀သလို၊ ေခါင္းမူးေနသလို၊ ေမာျပီး အားမရွိသလို လန္းလန္းဆန္းဆန္း မျဖစ္တာ ဘာေၾကာင့္လဲ ေတြးမိပါလား။ ဒီလို အိပ္ခ်ိန္မွန္ရဲ႕သားနဲ႔ အိပ္ေရးမ၀ ျဖစ္ေနတဲ့သူေတြအတြက္ ဗဟုသုတ ေ၀မွ်ေပးခ်င္ပါတယ္ ….။

Pacific Islander businesswoman yawning at desk

အိပ္ေရးမ၀သလို ခံစားေနရတဲ့ အေၾကာင္းရင္းေတြ ….

တစ္ေန႔ကို အိပ္ခ်ိန္ ၇-၈နာရီ ျပည့္ေအာင္လည္း အိပ္ထားတယ္။ မနက္အိပ္ရာႏိုးလို႔ မလန္းဆန္းဘူး၊ ေခါင္းမူးေနတယ္၊ အိပ္ေရးမ၀သလို ျဖစ္ေနတာဟာ ဒီအခ်က္ေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္ ေနာ္ ……..

၁။ အိပ္ခ်ိန္နဲ႔ ၆နာရီအတြင္းမွာ ကဖင္းဓာတ္ပါ၀င္တဲ့ ေကာ္ဖီ၊ လက္ဖက္ရည္ေတြ ေသာက္မိတဲ့အခါ ညအိပ္ေပ်ာ္သြားခဲ့ရင္ေတာင္ ဦးေႏွာက္က အလုပ္လုပ္ေနရတဲ့အတြက္ မနက္ခင္းမွာ ပင္ပန္းႏြမ္းနယ္ေနႏိုင္ပါတယ္ …။

၂။ ညအိပ္ခါနီး ၂နာရီအတြင္း သို႔မဟုတ္ ည ၈နာရီထက္ ေနာက္က်ျပီး အစာစားတဲ့သူေတြမွာလည္း အစာအိမ္က အစာေခ်ဖ်က္ေနရတဲ့အတြက္ ညအိပ္မေပ်ာ္တာ ျဖစ္ေစႏိုင္သလို အိပ္ေရး၀ေအာင္ အိပ္သည့္တိုင္ေအာင္ စိတ္မၾကည္မလင္၊ ကိုယ္လက္ မအီမသာ ျဖစ္ေနႏိုင္ပါတယ္ …။

၃။ ညအေမွာင္ထဲမွာ ဖုန္းအသံုးျပဳတာ၊ ကြန္ပ်ဴတာ၊ တီဗီနဲ႔ ရုပ္ရွင္ၾကည့္တဲ့အခါ ဖန္သားျပင္ေပၚက အလင္းတန္းေတြဟာ မ်က္လံုးထဲကို တိုက္ရိုက္၀င္ေရာက္လာျပီး မ်က္စိထိခိုက္ႏိုင္ပါတယ္။ ဒီလို ညအိပ္ခါနီးမွ ရုပ္ရွင္ၾကည့္တဲ့သူ အမ်ားစုဟာ အိပ္ခ်ိန္ ၇နာရီ ျပည့္၀ခဲ့ရင္ေတာင္ ႏိုးလာတဲ့အခါ အိပ္ေရးမ၀တဲ့ ခံစားခ်က္မ်ိဳး၊ မ်က္စိေညာင္းကိုက္ေနတာမ်ိဳး ျဖစ္တတ္ပါ တယ္ …။

၄။ ညအိပ္ခ်ိန္နဲ႔ နီးကပ္စြာ အရက္ေသာက္တဲ့အခါ အရက္ရွိန္ေၾကာင့္ အိပ္ေပ်ာ္သြားေပမယ့္ ေကာင္းစြာ ႏွစ္ႏွစ္ျခိဳက္ျခိဳက္ အိပ္ေပ်ာ္သြားတာမ်ိဳး မျဖစ္ေစလို႔ အျပည့္အ၀ အိပ္စက္မႈ ရရွိမွာ မဟုတ္ပါဘူး …။

၅။ ေရေသာက္တာဟာ မေကာင္းတ့ဲ အေလ့အက်င့္မ်ိိဳး မဟုတ္ေပမယ့္ ညအိပ္ခါနီးမွ အမ်ားၾကီး ေသာက္လိုက္မိရင္ေတာ့ ဆီးမၾကာမၾကာ ထသြားရတာေၾကာင့္ ကိုယ့္ရဲ႕ ေကာင္းစြာ အိပ္စက္မႈကို ထိခိုက္ေစႏိုင္တာပဲ ျဖစ္ပါ တယ္ …။

၆။ အလုပ္ခြင္က စိတ္ဖိစီးမႈေတြ၊ စိတ္ညစ္စရာ၊ စိတ္ပူပန္စရာေတြဟာ ေခါင္းထဲမွာ ျပည့္ေနရင္ ဘယ္လိုမွ ေကာင္းေကာင္းအိပ္ေပ်ာ္ႏိုင္မွာ မဟုတ္ပါဘူး။ အိပ္ေပ်ာ္သြားခဲ့ရင္ေတာင္ စိတ္က ပူေနရတဲ့အတြက္ မနက္ခင္းႏိုးလာရင္လည္း စိတ္ေရာ ခႏၶာပါ ပင္ပန္းႏြမ္းနယ္ေနမွာပါ …။

ေကာင္းစြာ အိပ္စက္အနားယူႏိုင္ေစဖို႔ ဘာေတြ လုပ္သင့္လဲ ?

၁။ အိပ္ခါနီး ရုပ္ရွင္ၾကည့္တာ၊ ဖုန္း၊ ကြန္ပ်ဴတာ အသံုးျပဳတာ ေရွာင္ေပးပါ…။

၂။ အိပ္ရမယ့္ အခန္းဟာ ေမွာင္ျပီး တိတ္ဆိတ္ေနပါေစ …။

၃။ ကဖင္းဓာတ္ပါတဲ့ ေကာ္ဖီ၊ လက္ဖက္ရည္၊ ေဖ်ာ္ရည္ေတြကို မနက္ပိုင္းမွာ ေသာက္ေပးပါ …။

၄။ အရက္ေသာက္ျပီး အိပ္တဲ့ အက်င့္ကို ေရွာင္ေပးပါ …။

၅။ အဆီမ်ားတဲ့ အစားအစာေတြ၊ ရင္ျပည့္ေစမယ့္ အစားအစာေတြကို ညအိပ္ခါနီး မစားသင့္ပါဘူး …။

၆။ က်န္းမာေရးနဲ႔ ညီညြတ္ျပီး အာဟာရမွ်တတဲ့ စားေသာက္ေနထိုင္မႈပံုစံကို က်င့္သံုးေပးပါ …။

၇။ ေလ့က်င့္ခန္း ပံုမွန္လုပ္ေပးပါ …။

၈။ သာယာျငိမ့္ေညာင္းဖြယ္ ေရစီးသံ၊ တီးလံုးသံေတြကို ဖြင့္ထားေပးပါ ….။

အိပ္ေရးမ၀တဲ့ ျပႆနာဟာ စိုးရိမ္ဖြယ္ရာ ရွိလား ?

သိပ္ျပီး စိုးရိမ္စရာ ကိစၥတစ္ခုေတာ့ မဟုတ္ေပမယ့္ အိပ္ေရးပ်က္တာ မ်ားလာမယ္။ ကိုယ့္ရဲ႕ အလုပ္ခြင္၊ တာ၀န္ေတြကို ထိခိုက္လာမယ္ဆိုရင္ေတာ့ ဆရာ၀န္နဲ႔ ေသခ်ာျပသၾကည့္သင့္ပါတယ္။ အိပ္မေပ်ာ္ျခင္းကို ျဖစ္ေစတဲ့ အေၾကာင္းရင္းေတြ၊ တျခား ငုပ္ေနတဲ့ ေရာဂါအခံေတြ ရွိ၊ မရွိ ေသခ်ာစစ္ေဆးၾကည့္မွ ကိုယ့္ရဲ႕ အိပ္ေရးမ၀သလို ခံစားေနရတဲ့ ျပႆနာကို အေျဖရွာႏိုင္မွာပဲ ျဖစ္ပါတယ္ေနာ္ …။ ။

Ref: Hellowsayarwon

……………………………….

Unicode

အိပ်ချိန်မှန်ရဲ့သားနဲ့ အိပ်ရေးမဝသလို ခံစားနေရတဲ့ အကြောင်းရင်း

အိပ်ချိန််ပြည့်ဝမှုဆိုတာ လူတွေရဲ့ ကျန်းမာရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ အသက်အရွယ်မရွေး တစ်နေ့အိပ်ချိန် အနည်းဆုံး ရနာရီ ရှိဖို့ လိုအပ်ပါတယ်။ အိပ်ချိန်ပြည့်ဝမှ ကျန်းမာမယ်။ တစ်နေ့တာလုံး လန်းဆန်းတက်ကြွပြီး ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်နေမယ်။ အားအင်ပြည့်ဝနေမှာပဲ ဖြစ်ပါ တယ် …။

ဒါဆို တချို့လူတွေက အိပ်ချိန်မှန်ရဲ့သားနဲ့ ဘာလို့ မနက်နိုးလာတဲ့အချိန််မှာ ပင်ပန်းပြီး အိပ်ရေးမဝသလို၊ ခေါင်းမူးနေသလို၊ မောပြီး အားမရှိသလို လန်းလန်းဆန်းဆန်း မဖြစ်တာ ဘာကြောင့်လဲ တွေးမိပါလား။ ဒီလို အိပ်ချိန်မှန်ရဲ့သားနဲ့ အိပ်ရေးမဝ ဖြစ်နေတဲ့သူတွေအတွက် ဗဟုသုတ ဝေမျှပေးချင်ပါတယ် ….။

အိပ်ရေးမဝသလို ခံစားနေရတဲ့ အကြောင်းရင်းတွေ ….

တစ်နေ့ကို အိပ်ချိန် ၇-၈နာရီ ပြည့်အောင်လည်း အိပ်ထားတယ်။ မနက်အိပ်ရာနိုးလို့ မလန်းဆန်းဘူး၊ ခေါင်းမူးနေတယ်၊ အိပ်ရေးမဝသလို ဖြစ်နေတာဟာ ဒီအချက်တွေကြောင့် ဖြစ်နိုင်ပါတယ် နော် ……..

၁။ အိပ်ချိန်နဲ့ ၆နာရီအတွင်းမှာ ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်တွေ သောက်မိတဲ့အခါ ညအိပ်ပျော်သွားခဲ့ရင်တောင် ဦးနှောက်က အလုပ်လုပ်နေရတဲ့အတွက် မနက်ခင်းမှာ ပင်ပန်းနွမ်းနယ်နေနိုင်ပါတယ် …။

၂။ ညအိပ်ခါနီး ၂နာရီအတွင်း သို့မဟုတ် ည ၈နာရီထက် နောက်ကျပြီး အစာစားတဲ့သူတွေမှာလည်း အစာအိမ်က အစာချေဖျက်နေရတဲ့အတွက် ညအိပ်မပျော်တာ ဖြစ်စေနိုင်သလို အိပ်ရေးဝအောင် အိပ်သည့်တိုင်အောင် စိတ်မကြည်မလင်၊ ကိုယ်လက် မအီမသာ ဖြစ်နေနိုင်ပါတယ် …။

၃။ ညအမှောင်ထဲမှာ ဖုန်းအသုံးပြုတာ၊ ကွန်ပျူတာ၊ တီဗီနဲ့ ရုပ်ရှင်ကြည့်တဲ့အခါ ဖန်သားပြင်ပေါ်က အလင်းတန်းတွေဟာ မျက်လုံးထဲကို တိုက်ရိုက်ဝင်ရောက်လာပြီး မျက်စိထိခိုက်နိုင်ပါတယ်။ ဒီလို ညအိပ်ခါနီးမှ ရုပ်ရှင်ကြည့်တဲ့သူ အများစုဟာ အိပ်ချိန် ရနာရီ ပြည့်ဝခဲ့ရင်တောင် နိုးလာတဲ့အခါ အိပ်ရေးမဝတဲ့ ခံစားချက်မျိုး၊ မျက်စိညောင်းကိုက်နေတာမျိုး ဖြစ်တတ်ပါ တယ် …။

၄။ ညအိပ်ချိန်နဲ့ နီးကပ်စွာ အရက်သောက်တဲ့အခါ အရက်ရှိန်ကြောင့် အိပ်ပျော်သွားပေမယ့် ကောင်းစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာမျိုး မဖြစ်စေလို့ အပြည့်အဝ အိပ်စက်မှု ရရှိမှာ မဟုတ်ပါဘူး …။

၅။ ရေသောက်တာဟာ မကောင်းတဲ့ အလေ့အကျင့်မျိိုး မဟုတ်ပေမယ့် ညအိပ်ခါနီးမှ အများကြီး သောက်လိုက်မိရင်တော့ ဆီးမကြာမကြာ ထသွားရတာကြောင့် ကိုယ့်ရဲ့ ကောင်းစွာ အိပ်စက်မှုကို ထိခိုက်စေနိုင်တာပဲ ဖြစ်ပါ တယ် …။

၆။ အလုပ်ခွင်က စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာ၊ စိတ်ပူပန်စရာတွေဟာ ခေါင်းထဲမှာ ပြည့်နေရင် ဘယ်လိုမှ ကောင်းကောင်းအိပ်ပျော်နိုင်မှာ မဟုတ်ပါဘူး။ အိပ်ပျော်သွားခဲ့ရင်တောင် စိတ်က ပူနေရတဲ့အတွက် မနက်ခင်းနိုးလာရင်လည်း စိတ်ရော ခန္ဓာပါ ပင်ပန်းနွမ်းနယ်နေမှာပါ …။

ကောင်းစွာ အိပ်စက်အနားယူနိုင်စေဖို့ ဘာတွေ လုပ်သင့်လဲ ?

၁။ အိပ်ခါနီး ရုပ်ရှင်ကြည့်တာ၊ ဖုန်း၊ ကွန်ပျူတာ အသုံးပြုတာ ရှောင်ပေးပါ…။

၂။ အိပ်ရမယ့် အခန်းဟာ မှောင်ပြီး တိတ်ဆိတ်နေပါစေ …။

၃။ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ဖျော်ရည်တွေကို မနက်ပိုင်းမှာ သောက်ပေးပါ …။

၄။ အရက်သောက်ပြီး အိပ်တဲ့ အကျင့်ကို ရှောင်ပေးပါ …။

၅။ အဆီများတဲ့ အစားအစာတွေ၊ ရင်ပြည့်စေမယ့် အစားအစာတွေကို ညအိပ်ခါနီး မစားသင့်ပါဘူး …။

၆။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရမျှတတဲ့ စားသောက်နေထိုင်မှုပုံစံကို ကျင့်သုံးပေးပါ …။

၇။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ …။

၈။ သာယာငြိမ့်ညောင်းဖွယ် ရေစီးသံ၊ တီးလုံးသံတွေကို ဖွင့်ထားပေးပါ ….။

အိပ်ရေးမဝတဲ့ ပြဿနာဟာ စိုးရိမ်ဖွယ်ရာ ရှိလား ?

သိပ်ပြီး စိုးရိမ်စရာ ကိစ္စတစ်ခုတော့ မဟုတ်ပေမယ့် အိပ်ရေးပျက်တာ များလာမယ်။ ကိုယ့်ရဲ့ အလုပ်ခွင်၊ တာဝန်တွေကို ထိခိုက်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသကြည့်သင့်ပါတယ်။ အိပ်မပျော်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေ၊ တခြား ငုပ်နေတဲ့ ရောဂါအခံတွေ ရှိ၊ မရှိ သေချာစစ်ဆေးကြည့်မှ ကိုယ့်ရဲ့ အိပ်ရေးမဝသလို ခံစားနေရတဲ့ ပြဿနာကို အဖြေရှာနိုင်မှာပဲ ဖြစ်ပါတယ်နော် …။ ။

Ref: Hellowsayarwon

……………………………….