Unicode
အင်္ဂါသားသမီးနဲ့ ချစ်သူဖြစ်ရင် ဒီအချက်တွေ သိထားသင့်ပါတယ်နော်
သင်​ဟာ အင်္ဂါ သားသမီးနဲ့ ချစ်​သူဖြစ်​​နေပီဆိုရင်​ ဂုဏ်​ယူလိုက်​ပါ​တော့။ သူတို့ကို လက်​လွှတ်​ ဆုံးရှုံးမခံပါနဲ့။ အင်္ဂါသားသမီး​တွေဟာ များသောအားဖြင်​့ စိတ်​သ​ဘောထား ပြည်​့ဝကြတယ်​ စိတ်​ထား​ကောင်​းကြတယ်​ အင်္ဂါသားသမီး​တွေက သူ့တို့ရဲ့ချစ်​သူကို ပျော်​ရွှင်​​အောင်​ ထားကြတယ်​ သူ့ချစ်​သူကို စိတ်​ညစ်​​စေမယ်​့ အပြုအမူမျိုးကို လုပ်လေ့မရှိဘူး။
တကယ်​လို့ သူ့ချစ်​သူက အ​ကြောင်​း တစ်​ခုခု​ကြောင်​့ စိတ်​ညစ်​​နေရင်​လည်​း ပျော်​ရွှင်​လာ​အောင်​လုပ်​​ပေးတတ်​ကြတယ်​။ ဒါကလည်​း သူတို့ရဲ့ ဗီဇလို့​ ပြောရမှာ​ပေါ့။ အင်္ဂါသားသမီး​တွေက နည်​းနည်​း​တော့ စိတ်​ကြီးကြတယ်​။ သူတို့ကို မဟုတ်​တာ​​ပြောရင်​ မကြိုက်​ကြဘူး။ စတာပဲဖြစ်​ဖြစ်​ အတည်​​ပြောတာပဲ ြ​ဖစ်​ဖြစ်​ မကြိုက်​ကြဘူး။ ဒါမယ်​့ စိတ်​တိုတဲ့ အချိန်​ကလည်​း နာရီဝက်​​တောင်​ မကြာဘူး။
အင်္ဂါသားသမီး​တွေက အချစ်ကြီးကြတယ်​။ လူတစ်​​ယောက်​ကို ချစ်​ပီဆိုရင်​ သူ့ရဲ့ပစ္စုပ္ပန်​ကို မကြည်​့ဘူး။ ရူးရူးမူးမူး စွဲစွဲလန်​းလန်​း ချစ်​တတ်ကြတယ်​။ သူ့ချစ်​သူရဲ့ အတိတ်​က မ​ကောင်​းဘူး ဆိုရင်​​တောင်​ အနာဂတ်​မှာ သူ့ချစ်​သူကို သေချာတိုင်​ပင်​ပြီး ပြု ပြင်​​ပေးတတ်​ကြတယ်​။ အင်္ဂါသားသမီး အများစုက​တော့ ရုပ်​ရည်​အားဖြင်​့ ရုပ်​ဆိုးတဲ့သူ မရှိကြဘူး။ ရှိခဲ့ရင်​လည်​း နည်​းတယ်​။
ရုပ်​ရည်​အသင်​့အတင်​့ ရှိတဲ့သူကလည်​း သူ့ရဲ့ fashion နဲ့တင်​​ ကြွေ​လောက်​တယ်​။ ရုပ်​​ချောပီဆိုရင်​​တော့ ဘယ်​သူမှ လိုက်​မမှီဘူး။ အင်္ဂါသားသမီး​တွေက အရပ်​အားဖြင်​့ အရမ်​းလညး်​မရှည်​ဘူး။ အရမ်​းလည်​း မပုကြဘူး အ​နေ​တော်​​လေးနဲ့ ချစ်​စရာ အရမ်​း​ကောင်​းကြတယ်​။ စကား​ပြောတဲ့အချိန်​တို့ ရယ်​လိုက်​တဲ့ အချိန်​​တွေက​တော့ အင်္ဂါသားသမီး​တွေရဲ့ အလှပဆုံးနဲ့ ချစ်​စရာ အ​ကောင်​းဆုံး အချိန်​​တွေပါပဲ။