Credit-Myanamrlaod
……………………………
Unicode
လိုချင်ရင် အကုန် ယူသွား သွေးသား ရတနာလေးတော့ တို့ရင်ခွင် ထဲ ထားရစ်ခဲ့ပါ ဆိုတဲ့ ထက်ထက်မိုးဦး ….
ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါ မှာ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ အကယ်ဒမီ ထက်ထက်မိုးဦးကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာအပြည့်ယူ ထားနိုင်တဲ့ မင်းသမီးချော တစ်လက်ပဲဖြစ်ပါတယ် …။
အနုပညာကို ဝါသနာ ပါပြီး ရုးသွပ်တဲ့သူ တစ်ယောက်ဖြစ်လို့ အမြဲတမ်းကြိုးစားလုပ်ဆောင်နေပြီး ပရိသတ်တွေ ရဲ့ အချစ်များစွာ ကို ပိုင်ဆိုင် ထားတာပါနော် …။
ထက်ထက်မိုးဦး ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကို ဆိုရင် လည်း ပရိသတ်တွေက တစ်ခဲနက် ကို အားပေးကြပါတယ် …။
ထက်ထက်မိုးဦးက ယခုချိန် မှာတော့ သူမနဲ့ တူတဲ့ ချစ်စရာ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး အနုပညာ အလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲပဲ ဖြစ်ပါတယ် …။
အသက်အရွယ် တစ်ခုကို ရောက်ရှိလာပေမယ့် နုငယ်ပျိုမျစ်နေတဲ့ အလှ အပတွေက ငယ်တုန်းကလို အရမ်းလှနေဆဲပါနော်။ထက်ထက်ရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ စကားပြောဟန်လေးတွေက ပရိသတ်တွေ ကို ဘယ်တော့မှ မရိုးသွားစေ ပါဘူး …။
အခုဆိုရင်တော့ ထက်ထက်မိုးဦးက”အရာအားလုံး နဲ့လဲပါ့မယ် စိန်တွေ ရွှေတွေ ငွေတွေ တိုက်တွေ ကားတွေ မမက်ဘူး”တို့” ရဲ့ သိက္ခာ “တို့” ရဲ့ မာန “တို့” မှာ ရှိသမျှ ပစ္စည်းဥစ္စာတွေ အားလုံးပေးဖို့ “တို့” ဝန်မလေးဘူး “ယူ” လိုချင်ရာ
အကုန်ယူသွား သွေးသားရတနာလေးတော့ “တို့” ရင်ခွင်ထဲ ထားရစ်ခဲ့ပါ အရာအားလုံး နဲ့လဲပါ့မယ်”ဆိုပြီး သမီးလေးနဲ့ပက်သက် တဲ့ ရင်တွင်းခံစားချက်လေးတွေကို ရေးသားထားပါတယ်နော် ။ ။
Credit-Myanamrlaod
……………………………
Be the first to comment
Leave a Reply
Your email address will not be published.
*